76 - 80

190 10 0
                                    

အပိုင်း - ၇၆ ("လုကျိုး လမင်း")
ကံမကောင်းစွာဖြင့် ဤခေတ်တွင် တရုတ်ဟန်ပန်ဖြင့် သီချင်းဆိုကောင်းသူ အရမ်းရှားပါသည်။
ကျန်းစစ်မင် ၏ သီချင်းများကသာ ထိုအရာကို သတိရ တမ်းတလွမ်းဆွတ်ဖွယ် ခံစားရစေပေသည်။
ပထမအနေဖြင့် အင်တာနက်သီချင်းနှစ်ပုဒ်ကိုသီဆိုခဲ့ပြီး ဤတစ်ခုမှာ အရင်သီချင်းများထက်ကွဲပြားပေသည်။
ကျန်းစစ်မင် ကတော့ သီချင်းထဲပင်စိတ်နှစ်ထား၍ ဤသည်တို့ကို သိမည်မဟုတ်ပေ။
"ဒီတလျှောက်လုံးမှာ အချိန်တွေကုန်ဆုံးလာတယ်..
လွင့်မြောနေတဲ့ ကန်လန့်ကာကနေ မွေးရပ်မြေကို လှမ်းမြင်ခဲ့တယ်...
မင်းလုယန်မှာ ရှိနေသေးလား ငါမသိပေမယ့်ပေါ့...
တစ်သက်တာအတွက် အစိမ်းရောင် ပိုးသားရတနာတွေ...
တံတားပေါ်က ချစ်သူများလည်း ဆပွားတိုးများပါစေ ဆုတောင်းရင်း...
တံတာဘေးက ညတာက ရှည်လွန်းနေတယ်...
လမင်းလေးလည်း အရောင်တွေဆမ်းရင်း ထွက်လာတော့မယ်...
ဝူပန်ကနေ သီချင်းတစ်ပုဒ် တော့ ထွက်ပေါ်လာလေတယ်..."
ပထမပိုဒ်ကိုမမှတ်မိလျှင်ပင် ယခုအပိုဒ်နားထောင်ပြီးသည်နှင့် ပရိသတ်များ၏ နှလုံးသားကိုဖမ်းစားနိုင်ပေသည်။
နှစ်ပေါင်းထောင်ချီရေခဲနေသော ခေါင်းတလားတစ်ခု နေပူကျဲကျဲတောက်နေဖြင့်ထိတွေ့ပြီး အရည်ပျော်သွားသကဲ့သိုပင်ဖြစ်လေသည်။
ဟုတ်ပေသည်။ ဤသည်မှာ ရှည်ကြာစွာပျောက်ဆုံးနေသော တရုတ်ဟန်ပန်ပဝေသဏီဖြစ်ပေသည်။
လူများမှာ ကျန်းစစ်မင် သီဆိုနေသည်ကိုလည်းမနှောင့်ယှက်ပဲ သူတို့၏နှလုံးသားတွင် ကျယ်လောင်စွာအော်ဟစ်အားပေးနေကြလေသည်။
" 2007 မှာထွက်တဲ့ "I'm Busy"၊ 2006 က အယ်လ်ဘမ် တွေကိုငါနားထောင်ဖူးတယ်"
"အခုသီချင်းက တကယ့်တရုတ်အစစ်မို့ ရင်းနှီးသလိုရှိနေတာ"
"‌ဂျေခြူး အပြင်နောက်ထပ် တရုတ်ဟန်ပန်သီဆိုနိုင်သူမရှိတော့ဘူးထင်ခဲ့တာ... ခုတော့ အဲ့လိုမဟုတ်တော့ဘူး"
"အခြားအဆိုတော်တွေက ဂိမ်းတင်ဆက်သူလောက်တောင် အဆိုမကောင်းကြဘူး"
"မျိုးဂျင် ရေ မင်းသီချင်းဆိုတာ ကြားလိုက်ရတာနဲ့ မင်းက အရမ်းကို မိုက်တယ်ဆိုတာသိပြီးသားပဲ"
"မင်းအသံကြားရုံနဲ့တင် ငါ့မှာယစ်မူးနေပြီ"
....
[Travel Frog] အင်ပါယာတံဆိပ် ဖွင့်လိုက်သည်။
[Shark, Xuan] အင်ပါယာတံဆိပ် ဖွင့်လိုက်သည်။
[Malaysia Monkey Ha Fan Ye] အင်ပါယာတံဆိပ် ဖွင့်လိုက်သည်။
[Adventure Dream] အင်ပါယာတံဆိပ် ဖွင့်လိုက်သည်။
[Dragon Knight, Dragon Roar World] အင်ပါယာတံဆိပ် ဖွင့်လိုက်သည်။
အင်ပါယာတံဆိပ်များ တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် ဖွင့်လာကြသည်။
ရုတ်တရတ်ပင် ကျန်းစစ်မင် ၏ တိုက်ရိုက်ထုတ်လွှင့်ခန်း တွင် အင်ပါယာ အယောက် 100 ပင်ရှိနေပြီး တစ်ယောက်မှ လက်ဆောင်မပေးကြသေးပေ။
သူ့တို့မပေးချင်ကြ၍မဟုတ်ပေ။ အကယ်၍သူတို့ပေးလိုက်ပါက ကျန်းစစ်မင် မှာရပ်၍ သူတို့ကိုကျေးဇူးတင်နေမှာစိုး၍ပင်ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့ရောက်လာသည်နှင့် သံပြိုင် အပိုင်းကိုမှီလိုက်လေသည်။
"လုကျိုးလမင်းလေးက နှလုံးသားထဲမှာ မှိတ်တုတ်မှိတ်တုတ် လက်နေတယ်..
လရောင်အောက်မှာ မင်းက အရင်နဲ့ မတူတော့ဘူး...
နာကျင်ခံစားရမှုများစွာ.. ထုတ်ပြဖို့ ခက်နေတယ်..
ဟူးးး.. အရာရာ ပုံမှန်ပဲလို့ ပြောပါရစေကွာ..."
ပြောမပြတတ်သော ခံစားချက်များ ကြည့်ရှုသူတို့၏ရင်ထဲတွင်ပြည့်နက်သွား‌ကြသည်။
သီချင်းစာသားအတိုလေးပင်ဖြစ်ပေါ်လည်း နားထောင်သူများအဖို့ ချစ်ရသူနှစ်ယောက်နောင်တများ နာကျင်မှုများဖြင့်လမ်းခွဲလိုက်ရသည့် ပုံကိုထင်ထင်ရှားရှားမြင်ရသကဲ့ပင်ဖြစ်ကုန်သည်။
ဤသီချင်းမှာ ‌ဂျေခြူး ၏ "Blue and White" သီချင်းကိုမရှုံးနိမ့်နိုင်ပေ။
ထိုသီချင်းထွက်ခဲ့စဉ်က ပရိတ်သတ်များအားပေးခဲ့သလိုပင် ယခု ကျန်းစစ်မင် ၏ သီချင်းမှာလည်းအလာတူ ခံစားချက်မျိုးဖြစ်ပေသည်။
ငယ်စဉ်သီချင်းကို ယခုအရွယ်တွင်လည်း ပြန်၍နားထောင်ရသည့် ခံစားချက်မျိုးပင်ဖြစ်သည်။
"လုကျိုးလမင်း" မှာ ပရိတ်သတ်ကို ခြားနားသော ဘဝတခုကို ပုံဖော်ပြသလိုက်သလိုပင်ဖြစ်သည်။
"လုကျိုးလမင်းရေ.. ပန်းလေးတွေ မိုးစက်များအောက်မှာ ပွင့်လန်းနေဆဲ...
မင်းက အခု ငါ့အတွက် ဘယ်သူလဲ...?
မွေးရပ်မြေက လရောင်လေးက ငါ့နှလုံးသားထဲမှာ စွဲထင်သွားပြီ...
ဒါပေမယ့် မျက်ရည်တွေက ဘာလို့ ထိန်းမရတာလဲကွယ်...
..."
သီချင်းဆုံးသွားသော် စန္ဒရားသံသည်လည်း ရပ်တန့်သွားသည်။
သို့သော်ငြား ပရိတ်သတ်၏ ခံစားချက်များမှာ မီးတောင်ပေါက်ကွဲသည့်ပမာ မြေငလျင်တုန်လှုပ်သည့်ပမာ ဗလောင်ဆူ၍ တပြိုင်တည်းထွက်လာကြပေသည်?
"ငါဒါမျိုး တရုတ်သီချင်း‌ကောင်းကို ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း မကြားဖူးခဲ့ဘူး... သေပျော်ပါပြီ"
"မျိုးဂျင် မင်းငါတို့ကို သတ်လိုက်တာပဲ... နောက်ဆို မင်းသီချင်းဆိုတာမကြားရရင် ငါတို့ဘယ်လိုဆက်ရှင်သန်ရတော့မလဲ"
"သီချင်းတစ်ပုဒ်ကို ချစ်မိသွားတာမခံစားရတာကြာခဲ့ပြီ.. မင်းဆိုတဲ့ ပထမနှစ်ပုဒ်ကတော့ သာမန်ဆိုပေမယ့် ဒီတခုကတော့ တကယ့်ကိုအနှစ်ပဲကွာ"
"ဒါမျိုးသီချင်းကို ဉာဏ်ကြီးရှင်တွေပဲရေးစပ်သီဆိုနိုင်လိမ့်မယ်"
....
မုန်တိုင်းသဖွယ် မိန်းကလေးများစွာရောက် လာကြသည်။
[Shark, Xuan] ဧကရာဇ်သည် [Ming] ကို 100×အာကာသယာဉ်ဆု ပေးခဲ့သည်။
[Traveling Frong Baby] ဧကရာဇ်သည် [Ming] ကို 100×အာကာသယာဉ်ဆုပေးခဲ့သည်။
[Malaysia Monkey Hafan Yee] ဧကရာဇ်သည် [Ming] ကို 50×စူပါဒုံးကျည် ပေးခဲ့သည်။
....
လက်ဆောင်များမှာ ပရိတ်သတ်များမှ ကျန်းစစ်မင် အတွက်နှစ်သက်မှုများကိုပြသခြင်းပင်ဖြစ်သည်။
95...96...97...98
ဆက်တိုက်လက်ဆောင်များသည် တိုက်ရိုက်ထုတ်လွှင့်ခန်း အဆင့်ကို သုံးဆင့်အထက်တိုးမြင့်သွားစေပြီး လက်ဆောင်များမှာလည်း ငွေမကုန်သည့်ဟန် ပေးနေသလိုပင် သန်းချီဖြစ်ကုန်သည်။
ကျန်းစစ်မင် ယခုကဲ့သို့ အတော်ဆုံးတင်ဆက်သူမဖြစ်ခင်က အဆင့် တက်လျှင်နှစ်ဆင့်မျှသာတက်ခဲ့ပြီး ဆက်တက်ရန်မလွယ်ခဲ့ပေ။
ထို့ပြင် သာမန် ကြည့်ရှုသူများသည်လည်း ငွေအင်အားနဲသော်လည်း ကျန်းစစ်မင် အတွက် လက်ဆောင်များပေးလိုကြပေသည်။
အားပေးသူ ဖန်ကတ်အရေတွက်မှာ ရုတ်တရတ် 350,000 အထိ‌ရောက်သွားသည်။
ဤသည်ကိုကြည့်ခြင်းဖြင့် အခြား လယ် ဗယ် 100တင်ဆက်သူများမှာ အတုများဖြစ်သည်မှာထင်ရှားပေတော့သည်။
ကျန်းစစ်မင် တွင် ပရိတ်သတ် 350,000 ရှိရာ အကုန်လုံးမှာ လယ်ဗယ် အပြည့်မဟုတ်ပေ။
Shark မှတာဝန်ရှိသူများပါ လာရောက်ကြည့်ရှုသည်အထိ တိုက်ရိုက်ထုတ်လွှင့်ခန်း မှာ ပြည့်နက်နေခဲ့သည်။
[Traveling frog baby brother] ဧကရာဇ် : "ငါ့သူငယ်ချင်း JJ ကိုလည်းလာနားထောင်ဖို့ခေါ်လိုက်တယ်.. မင်းရဲ့သီချင်းဆိုပါရမီကအရမ်းထက်တယ်၊ သူကမင်းနဲ့စကားပြောချင်နေတယ် မင်းလက်ခံနိုင်လား...”
ထိုစကားကြောင့် ကြည့်ရှုသူများစိတ်လှုပ်ရှားသွားကြသည်။
JJ ကဘယ်သူလဲ.. အဲ့တာ‌ ဂျေဂျေလင်း ပဲ..
“ဂျေဂျေလင်း က ဂိမ်းတင်ဆက်သူနဲ့ ချိန်းပြီးစကားပြောချင်တယ်ဟုတ်လား... တကယ်ပဲဟ...”
[Shark, Xuan] ဧကရာဇ် : "ငါတို့ရဲ့စင်မြင့်ကတော့ ဂိမ်းတင်မဟုတ်ပဲ သီချင်းတွေပါ ပါလာပြီဟေ့"
....
ဤသည်တို့မှာချဲ့ကားပြောဆိုခြင်း မဟုတ်ပဲ အမှန်ပင်ဖြစ်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကိုနားလိုက်ချင်ပေမယ့် ကြည့်ရှုသူ 10 သန်းမှာထွက်သွားချင်စိတ်မရှိသေးသောကြောင့် ကျန်းစစ်မင် မှာဆက်လက်သီဆိုရန်ဖြစ်လာတော့သည်။
ကျန်းစစ်မင် ဆက်မဆိုလျှင် သေတဲ့အထိမထွက်ပဲစောင့်သွားမည်ဟု ပြောသော ဧကရာဇ်များ ဒါဇင်နှင့်ချီ၍ရှိပေသည်။
ပရိတ်သတ်များကျေနပ်သွားရန် ကျန်းစစ်မင် လည်း သီဆိုရန်ပြင်လိုက်သည်။
ဆက်လက်၍ပင် လက်ဆောင်မုန်တိုင်းကြီးကျရောက်လာပြီး လယ်ဗယ် 99 ရောက်ရန် အမှတ်အနည်းငယ်ပင်လိုပေတော့သည်။
ကျန်းစစ်မင် ၏ ထူးခြားသောကျွမ်းကျင်မှုမှာ အလင်းအလျင်ကဲ့သို့ပင် တဟုန်ထိုး အဆင့်တွေတက်ပြီးရင်းတက် ဖြစ်နေစေတော့သည်။
::::::::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now