16 - 20

277 14 0
                                    

အပိုင်း - ၁၆ (ခန္ဓာကိုယ်ပစ်ခတ်သူဖောက်သည်လေး)
မကြာမီတွင် တုတ်ခိုင်သန်မာသူတစ်ယောက်၏အသွင်နှင့် ကစားသမားတစ်ယောက်သည် ရှာဖွေပြီးနောက်တွင် အပြီးမသတ်ရသည့် အဆောက်အဦးမှ ပြေးထွက်လာခဲ့လေသည်။
သူ့ပါတနာကို ပြေးဖို့ အော်လိုက်ချင်သည်နှင့် တစ်ပြိုင်နက် ဘေးတိုက်အပစ်ခံလိုက်ရလေတော့သည်။
ရုတ်တရတ်ကြီး!
M416၏ အသံမှာ တစ်ဖက်လူကို တုန်လှုပ်သွားစေသည်။
ငမန်းအဖွဲ့၏ ပထမလေယာဉ်မယ်လေးနှင့် လေထီးခုန်မင်းသမီးလေး၏ နာမည်ပြောင်က ဟောင်နေခြင်းမဟုတ်သည်ကတော့ သနားစရာပင်။
ကတ်အမှတ်တွေက ကျွမ်းကျင်အဆင့်မှာဖြစ်သော်လည်း အပစ်အခတ်ကျွမ်းကျင်ကတော့ တွမ်တွမ်၏ အတက်အကျနှင့်ဆိုင်နေသည်လေ။
ပြိုင်ဘက်က သိသိသာသာပင် ဆရာကြီးတစ်ယောက်ဖြစ်သည်။ တကယ်တမ်းကျ အမှတ် နှစ်ထောင်တန်ကစားပွဲဖြစ်သည်လေ။
အတိုက်ခိုက်ခံရပြီးနောက်တွင် သူက အထိတ်တလန့်မဖြစ်သွားပဲ ချက်ချင်းပင် တွမ်တွမ်နောက်သို့ လိုက်လေတော့သည်။
“အား! သမီးကို မသတ်ပါနဲ့၊ အစ်ကိုကြီး!!!”
သူမ၏ ရင်းနှီးနေသည့် ဝက်အော်သံမှာ နေ့စဉ် မြည်ဟည်းနေလေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းကို ရယ်သံနေတွေနှင့်ပြည့်နေစေတော့သည်။
“ဟားဟားဟားဟားဟား၊ အပစ်အခတ်ကျွမ်းကျင်မှုကတော့ ထိတယ်ကွာ။ ခန္ဓာကိုယ်ရိုက်ချက်တွေပေါ့!”
“ဘာမှမဟုတ်ပဲ လေထီးဘုရင်လို့ ခေါ်မနေဘူး။ လေယာဉ်စောင့်တွေက နောက်ထပ်ပျံသန်းမှုပေါ်မှာပဲ။”
“ဒီလိုအပစ်ကျွမ်းမှုက ကြောက်ဖို့ကောင်းလွန်းလိုက်တာ။ ရန်သူကို ကြောက်လန့်ပြီး သေသွားစေနိုင်တယ်။”
“အဲ့တစ်ယောက်တော့ တွေးကို တွေးနေမိမှာ : ငါ့ကိုလာနောက်နေတာလား၊ လို့လေ။”
……
ကျန်းစစ်မင်သည် ဝက်အော်သံကို မကြားခဲ့ပါချေ။
သူ့ဖောက်သည်လေး မြေကြီးပေါ်ပြုတ်ကျသွားတာကို မြင်သောအခါ သူက ဘယ်ဘက်အခြမ်းကနေ ချက်ချင်းပြေးထွက်လာကာ ဘေးတိုက်လှည့်၊ မှန်ပြောင်းဖွင့်ပြီး သူ့ခေါင်းကို ချိန်လိုက်သည်။
ချောက်!
နှစ်ချက်သာပစ်လိုက်ပြီး အတွဲလိုက်မြေကြီးပေါ်သို့ ပြုတ်ကျလာတော့သည်။
ကံကောင်းထောက်မ၍ တွမ်တွမ်မှာ ထိုသူနှင့်အစားထိုး မခံလိုက်ရပေ။
“ကောင်းလိုက်တာ! ရှောင်ကောကော၊ ဖြောင်းဖြောင်းဖြောင်း! တို့ကိုကယ်ပါဦး….”
တွမ်တွမ်တစ်ယောက် ကျေနပ်ပီတိများနှင့် အံ့အားသင့်သွားရသည်။
သို့သော် သည်ရှောင်ကောကောက နည်းနည်းကစားတတ်လိမ့်ဦးမည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် သူက သေနတ်လဲဖို့ အချိန်ကိုက်ရောက်လာခဲ့လေသည်။
သူမသည် ကျန်းစစ်မင်က နှစ်ချက်သာပစ်လိုက်ပြီး နှစ်ချက်လုံးကလည်း head shotများဖြစ်သည်ကို သတိမပြုမိပေ။
သူမက အရင်ဆုံး အသက်သာရှင်ချင်နေတာကြောင့် အသက်ရှင်ချင်သည့်ဆန္ဒမှာ အတော့်ကို သန်မာနေသည်ဟု ဆိုနိုင်လေသည်။
“စောင့်ဦး၊ တစ်ဖက်လူက ဒီကိုရောက်နေပြီ။”
ကျန်းစစ်မင်က သူမကို ဦးစားမပေးပဲ လှည့်လိုက်ကာ အခန်းထဲပြေးဝင်သွားလေသည်။
သူက အခုလေးတင် [တုန့်ပြန်မှုအမြန်နှုန်းစွမ်းရည်] ကို ရထားသည်လေ။
သူ့ထက်ပိုမြန်မြန်တုန့်ပြန်နိုင်သည့်သူ မရှိသည်ကြောင့် သောင်တင်နေမည်ကို သူမကြောက်ပေ!
ကျန်းစစ်မင် ပြေးလွှားလာနေသည်ကို မြင်သောအခါ ကျန်နေသေးသည်တစ်ယောက်မှာ နှာမှုတ်လိုက်၏။
ဒါက FPPပုံစံငယ်မဟုတ်ဘူး။ သူကပ်နေသ၍ ကျန်းစစ်မင်သေရလိမ့်မယ်လို့ သူယုံတယ်!
ကျန်းစစ်မင်က အမြန်နီးကပ်လာသည်ကို မြင်သောအခါ ထိုလူမှာ ကျန်းစစ်မင်ကို ကွပ်မျက်ဖို့ ပြင်ဆင်ရင်း ကပ်နေသည့် သေတ္တာဘေးမှ ကျွမ်းကျင်မှုအပြည့်နှင့်ထရပ်လိုက်သည်။
သို့သော် ကျန်းစစ်မင်က သူထက်အများကြီး ပိုမြန်မြန်တုန့်ပြန်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဖူးပေ!
“အိုး၊ ရှင်ဘာလို့ အထဲကို ပြေးဝင်သွားရတာလဲ။ အဲ့တာအဆင်ပြေသေးတယ်။ တကယ်လို့ ရှင်သာအထဲမှာ ပိတ်မိသွားရင် သူက ကျိန်းသေ……….”
သူမစကားပြောလို့မဆုံးခင်မှာပဲ တွမ်တွမ်သည် ညာဘက်အပေါ်ထောင့်နားတွင်ထပ်ပေါ်လာသည့် kill message ကို တွေ့လိုက်ရသည်။
“ကစားသူ[mengmengda]မှ M16ကို အသုံးပြု၍ ကစားသူ[kkkkk] ကို headshot ပစ်သတ်လိုက်သည်။”
အခုလေးတစ်ယောက်ကိုပါထည့်ပေါင်းလျှင် ကျန်းစစ်မင်သည် အတွဲလိုက်ကို အောင်အောင်မြင်မြင်ရှင်းထုတ်နိုင်ခဲ့ပြီဖြစ်သည်။
ဒီတစ်ခေါက်တော့ တွမ်တွမ်မှာ တစ်ခုခုလွဲနေပြီဖြစ်ကြောင်းခံစားလိုက်ရသည်။
ကြည့်ရတာ တစ်ဖက်လူက တကယ်ကြီး နည်းပညာပိုင်းမှာ တော်နေပုံပင်။
ပြိုင်ဘက်နှင့် မျက်နှာချင်းဆိုင်ပြီး ပုန်းနေတဲ့ ရန်သူကို ဆိုးရွားတဲ့M16သေနတ်နဲ့ သတ်လိုက်ကာ သူက သွေးပင်မလျော့သေးပေ။
အဲ့ဒီလူကအရမ်းလှော်နေခဲ့တာမဟုတ်လျှင် ကျန်းစစ်မင်က အလွန်သန်မာလှသည်ပင်!
ဒုတိယလူကို ဖြေရှင်းပြီးနောက်တွင် ကျန်းစစ်မင်မှာ အပျော်လွန်နေတော့သည်။
အဖြူရောင်အလင်းတန်းက တစ်ဖက်လူရဲ့ ကျောပိုးအိတ်ထဲမှ ခုန်ထွက်လာခဲ့သည်လေ။
အပိုင်းအစကို မကောက်လိုက်ပဲ ကျန်းစစ်မင်သည် သူ့အသင်းဖော်ကို အရင်ကူညီဖို့ ရွေးချယ်လိုက်သည်။
မင်းသာတစ်ယောက်ယောက်ကို မင်းဘာသာသတ်လိုက်ပြီး မင်းရဲ့ အသင်းဖော်ကိုအရင်ကူညီပေးမယ့်အစား ကောင်းကင်ဘုံ အိတ်ကို ရွေးလိုက်မယ်ဆိုလျှင် ဖောက်သည်လေး မပျော်မရွှင်ဖြစ်သွားမည်မှာ သေချာပေါက်ပင်။
သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးလေးကို ထိန်းသိမ်းရန်အလို့ငှာ ကျန်းစစ်မင်သည် အလွန် စမတ်ကျလေသည်။
ဒါပေါ့၊ ကျန်းစစ်မင်ရဲ့ တွမ်တွမ်ကိုအရင်ကယ်ဖို့ လှုပ်ရှားမှုက တွမ်တွမ်ကို ပိုလို့ပင် ကျေနပ်စေသည်။
သူမက  ရတနာလေးတစ်ခုကို ရှာတွေ့လိုက်သည့်အတိုင်း အရမ်းကို ပျော်နေခဲ့လေသည်။
လူကို ဖေးမပေးပြီးတော့ ကျန်းစစ်မင်သည် ချက်ချင်း ပြန်သွားပြီး အပိုင်းအစကို အရင်ကောက်လိုက်သည်။
“[mini 14 အထူးကျွမ်းကျင်မှု] အပိုင်းအစတစ်ခုကို ကောက်ယူလိုက်ပါသည်။ (1/1)၊ အပိုင်းအစအရေအတွက် ပြည့်သွားပါပြီ။ ၎င်းကို တိုက်ရိုက်အသုံးပြုနိုင်သည်။”
ဟုတ်ပြီ၊ နောက်ထပ်စနိုက်ပါရိုင်ဖယ်တစ်လက် ထပ်ပွင့်ပြီ။
Kar98, win94, sks, mini 14 ၊ ထိုစနိုက်ပါရိုင်ဖယ်လေးလက်လုံးကို ကျန်းစစ်မင်က အထူးကျွမ်းကျင်သွားပြီဖြစ်သည်။
ရိုင်ဖယ်အထူးကျွမ်းကျင်မှုလောက်တော့ အဆင်မပြေသော်လည်းပဲ အပိုင်းအစတစ်ခုကို ပြေလည်စေလိမ့်မည်ပင်။
သို့သော် စနိုက်ပါရိုင်ဖယ်တွေက ကိုင်ရတာ ပိုခက်တာကြောင့်လည်းဖြစ်ကောင်းဖြစ်လိမ့်မည်။
ထို့ကြောင့် သူတို့ကို တစ်ခုချင်းစီဖွင့်ရန်လိုအပ်လေသည်။
တစ်ဖက်တွင်၊ ပြန်လည်ရှင်သန်လာသော တွမ်တွမ်သည် ကျန်းစစ်မင်နှင့်အတူ အိတ်သယ်ဖို့ မသွားခင် သွေးဖြည့်လိုက်လေသည်။
“ရှောင်ကောကောလေး၊ တို့တော့ စာရင်းမှာပြထားတဲ့အတိုင်း ရှင့်မှာ အမှတ် 1500လောက်ပဲရှိမှာမဟုတ်လောက်ဘူးလို့ ခံစားနေရတယ်။ ရှင်က ဝက်ကိုကစားပြီး ကျားကိုစားနေတာများလားနော်။”
“အဲ့တာက တကယ်ပဲ ကျွန်တော့်ရဲ့ အမှတ်အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်က သိပ်မကစားဖြစ်လို့၊ အဲ့ကြောင့် ကျွန်တော့်မှာ အမှတ်1500ပဲရှိတာ။”
“အဲ့တော့ ရှင်က ကျွမ်းကျင်ကစားသမားလား။”
“အဲ့လိုပြောလို့ရပါတယ်။”
“puff… ရှင်ကတကယ်ပဲ လုံးဝကို နိမ့်ချမနေဘူးပဲ။”
“ကျွန်တော်နိမ့်ချလာတဲ့အခါကျ လူတိုင်းက ကျွန်တော်ဟန်ဆောင်နေတာလို့ပြောလိမ့်မယ်။ အလိုလေး၊ လူသားတစ်ယောက်ဖြစ်ရတာ ခက်လိုက်တာနော်။”
ခစ်ခစ်ခစ်……..
တွမ်တွမ်က ဝက်ရယ်သံတစ်ခုကို ပြုလုပ်နေတော့သည်။
သူမမှာ ဆိုးရွားသည့် စိတ်အခြေအနေရှိနေခဲ့တာကြောင့် နေမထိထိုင်မသာ ခံစားနေခဲ့ရသည်။
သို့သော် မမျှော်လင့်ထားပါပဲ သည်ကစားဖော်လေးနှင့် စကားပြောတာ ဆယ့်နှစ်ခွန်းပင်မပြည့်ခင် သူမ၏ စိတ်အခြေအနေမှာ ရုတ်တရတ် ရှင်းလင်းသွားရသည်။
အဖွဲ့ရဲ့သေတ္တာတွေက ရှင်းလင်းခံလိုက်ရပြီး shotgunနှစ်လက် အလဲခံလိုက်ရလေသည်။
တွမ်တွမ်သည် M416ကို kar98နှင့် လဲလိုက်သည်။
ကျန်းစစ်မင်က sks တစ်လက်အပြင် short gun headနှင့် ကျည်တစ်ဝက်ပါသည့် AKတစ်လက်၊ level 2 ကျည်ကာတစ်ထည်၊ level 2 အိတ်တစ်အိတ်၊ ဆေးအိတ်လေးတစ်အိတ်နှင့် မီးခိုးဗုံးနှစ်ခုသုံးခုလောက်ရလိုက်သည်။
ရန်သူ၏ level 2 ဦးထုပ်က ကျန်းစစ်မင်၏ ဖျက်ဆီးခြင်းခံလိုက်ရသည်ကတော့ နှမြောစရာပင်။
ကျန်းစစ်မင်မှာ တိုက်ခိုက်နေစဉ်က ဤသည်ကို မေ့သွားခဲ့သည်။ ထို့ကြောင့် သူ့ခေါင်းမှာ ဗလာကျင်းနေဆဲ။
“ကောကော၊ ကောကို ဦးထုပ်ပေးမယ်။ ကောက တို့ကိုကယ်ခဲ့တယ်လေ။ ဒါက ဆုပဲ။”
ကျန်းစစ်မင်က ငြင်းဆန်ချင်နေသေးသော်လည်း တစ်ဖက်လူက ချွတ်လိုက်ပြီးဖြစ်ကြောင်းကို မြင်သောအခါ သူက ချောင်ချောင်ချိချိပဲ ယူကာ ဆောင်းလိုက်လေသည်။ ဒီလိုလုပ်ရိုးလုပ်စဉ်မျိုးကို ငြင်းဆန်ဖို့ စကားမှားမှာကို သူမလိုချင်ပေ။ တစ်ဖက်လူက ဆန္ဒရှိနေမှတော့ သူလက်ခံလိုက်တော့သည်။
တွမ်တွမ်သည်လည်း အလွန်ပျော်ရွှင်နေခဲ့သည်။
သူမသည် ကျန်းစစ်မင်၏ပုံစံကို တကယ်သဘောကျသည်။
သို့သော် သူမက အလွန်ယဉ်ကျေးမနေပဲ သူ့မကိုယ်သူမ လေးစားသည်လေ။
ဒါက ချန်းစစ်ကုန်းထက်အများကြီးကောင်း၏။
တစ်ယောက်က နားလည်တတ်ပြီး သူ့ကိုယ်သူလေးစားမှုရှိသည်။
သူ့ရဲ့ အကွာအဝေးချိန်ညှိတာကလည်း သင့်တင့်လှသည်။
တစ်ခြားတစ်ယောက်မှာတော့ အဓိကအချက်မရှိပဲ ချဉ်းကပ်ပြီး သူမဘယ်လိုခံစားရမလဲ စိတ်မပူပဲ အလိုလိုက်အကြိုက်ဆောင်မြှောက်ပင့်ခြင်းမှာ အရသာခံဖို့ နည်းလမ်းအားလုံးကို ကြိုးစားနေသည်လေ။
သူတို့နှစ်ယောက်ကြားမှာ ကွာခြားမှုရှိနေပြီး တစ်ယောက်ချင်းစီက မှန်ကန်သည့်ရွေးချယ်မှုကို ပြုလုပ်ကြလိမ့်မည်ပင်။
ဦးထုပ်ဆောင်းပြီးသောအခါ ကျန်းစစ်မင်သည်လည်း ဒီနေရာတွင် ပါကင်ထိုးထားသည့် sport carတစ်စီးကို ရလိုက်၏။
နှစ်ယောက်သားက ကားထဲဝင်လိုက်ကြပြီး ပင်ပန်းစွာမောင်းသွားလိုက်ကြသည်။
စိတ်သဘောထားမှာတော့ လမ်းတစ်လျှောက်လုံး စိတ်သောကရောက်နေခဲ့၏!
သူမက ပရိတ်သတ်များကို သီချင်းပင်ဆိုပြခဲ့သော်လည်း ကျန်းစစ်မင်ကတော့ မကြားနိုင်ခဲ့ပေ။
ကျန်းစစ်မင်က ဒရိုက်ဘာတစ်ယောက်လို ပြုမူနေခဲ့သည်။ ဤသည်က တွမ်တွမ်ကိုယ်တိုင်တောင်းဆိုထားခြင်းဖြစ်သည်။
သူမ၏ ကားမောင်းစကေးက လမ်းမကြီးပေါ်ကလူသတ်သမားဖြစ်နေမှန်း သူမသိသည်လေ။
ကျန်းစစ်မင်သည် လီဗာကိုနင်းလိုက်ပြီး ကားမှာ အလျင်အမြန်မောင်းထွက်သွားတော့သည်။
သူတို့မောင်းနှင်သွားသည့် နေရာမှာ လေယာဉ်ပျက်ကြီးဖြစ်သည်။
ဤသည်က သဲကန္တာရမြေပုံဖြစ်ပြီး တောင်စောင်းတွင် ကျင်းများချိုင့်များနှင့် ပြည့်နေသည်။
တွမ်တွမ်မှာ ကျောက်တုံးကြီးအနည်းငယ်နှင့် အတိုက်ခံရဖို့ အဆင်သင့်ဖြစ်နေလေပြီ။
တကယ်တမ်းကျ ဒီလိုနေရာမျိုးမှာ မောင်းနှင်ဖို့က ခက်သည်လေ။ ပြီးတော့ ၎င်းက အောက်ခြေနိမ့်သည့် sport carတစ်စီးဖြစ်နေလေသည်။
သို့သော် ကျန်းစစ်မင်၏လက်ထဲတွင် ဒီ အောက်ခြေအလွန်နိမ့်သည့် သို့မဟုတ် တောင်တက်ဖို့ မဖြစ်နိုင်သည်ထက်ပင်ပိုသည့် ဖာရာရီ(ferrari)ကားသည် ဒီမက်စောက်ပြီး မညီညာသည့် သဲခုံသဲသောင်ဝင်းထဲတွင် အေးအေးလူလူလမ်းလျှောက်ထွက်သလိုဖြစ်နေလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။
သွေးလျော့တာကို ထည့်မပြောနဲ့ဦး။ ကားတောင်မမှောက်သွားဘူး။
အရှိန်က တစ်ချိန်လုံး 110ယာဒ့်အထက်မှာရှိနေခဲ့တာ။
ပြီးတော့ တွမ်တွမ်တောင်မှ ဒီမောင်းနှင်နေစဉ်အတွင်းမှာ pain killerတစ်ဘူးသောက်လိုက်သေးတယ်……….
“ယာဉ်မောင်းအိုကြီး!”
“ငါသွားမယ်! ကားကမကောင်းဘူး! ဒါက အနည်းဆုံး ကားမောင်းအတွေ့အကြုံ ဆယ်နှစ်ပဲ။ ဟုတ်တယ်မလား။”
“ဒီမြင်ကွင်းကိုကြည့်ပြီး ငါ့ကို ကြက်သားစားဖို့ခေါ်ခေါ်သွားပြီး တစ်ခါတလေ သေခြင်းတရားဆီ မောင်းမောင်းသွားတတ်တဲ့ ငါ့ကောင်လေးကို ပါးရိုက်ပစ်လိုက်တယ်!’
“ဒီကားမောင်းစကေးက မိန်းကလေးရဲ့ ‘ရည်းစားကောင်လေး’ရဲ့ ဟာနဲ့ ယှဉ်လို့ရတယ်။”
“အသံကလည်း တူနေတယ်။ ကားကအရမ်းမိုက်တယ်။ တကယ်ကြီး သူမဟုတ်ဘူးလား။”
……
ဟင်းလင်းပြင်တစ်ခုကို ဖြတ်သန်းပြီးသောအခါ ကားကရုတ်တရတ်နှေးသွားသည်။
“ဘာဖြစ်လို့လဲ။”
ကြက်ခြေထောက်ဝါးနေသည့် တစ်ယောက်က ရှုပ်ထွေးစွာမေးလာသည်။
“တစ်ယောက်ယောက် airdropကောက်နေတယ်။ မင်း သူတို့ကို ရိုက်ချင်လား။”
ကျန်းစစ်မင်က မေး၏။
နောက်ဆုံးကျ သွားမသွားကို ဆုံးဖြတ်ဖို့ ဖောက်သည်လေးကို ဦးစားပေးရမည်ပင်။
“Airdrop! ဒါက အံ့ဖွယ်ပဲလေ။ ဘယ်လိုလုပ် သွားပြီး လျှောက်ပတ်မကြည့်နိုင်မှာလဲ!”
Airdropတစ်ခုဖြစ်သည်နှင့်တစ်ပြိုင်နက် ကြက်ခြေထောက်များကို လွှတ်ချလိုက်ကာ လက်ပေါ်မှဆီများကို ဖြစ်သလိုသုတ်လိုက်သည်။
ကျန်းစစ်မင်က အမိန့်ရလိုက်ပြီး ကားကို သိပ်မဝေးသည့်အကွာအဝေးရှိ အမှတ်လေးသို့ တိုက်ရိုက်မောင်းသွားတော့သည်။
သို့သော် သူက ဆန့်ကျင်ဘက်နှင့် 300မီတာအကွာတွင် ရပ်လိုက်၏။
“အဝေးကြီးမှာရပ်တယ်? တို့ မတိုက်နိုင်ဘူးလေ။ အဲ့တာကြောင့် နည်းနည်းလောက်ပိုနီးပေးစေချင်တယ်။”
တွမ်တွမ်က ခါးသီးစွာပြောလိုက်သည်။
မီတာတစ်ရာကျော်မှာ သူမရဲ့ စနိုက်ပါက မီးတုတ်လေးတစ်ခုပဲ။ မီတာသုံးရာအကွာအဝေးဆိုရင်တော့ ထားလိုက်ပါတော့။
::::::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now