အပိုင်း - ၂၆၁ (ဒါမှ နတ်ဘုရားကွ~)
ကျန်းစစ်မင်၏ ရွှေရောင်အပိုင်းအစများမှ ဆင်းသက်လာသည့် မည်သည့် လုပ်ငန်းမဆို အပိုင်းအစတွေမှာ အသင့်လျော်ဆုံး အသေးစိတ်ကျသည့် အစီအစဉ်များ ပေးအပ်ခြင်းခံရမည်ပင်။
ဟွာရီရှယ်ရာတွေကို မဆိုနှင့် ကျန်းစစ်မင်တစ်ယောက် PetroChina နဲ့ Sinopec ရဲ့ ရှယ်ယာတွေကို ရုတ်တရတ် ရရှိလိုက်ပြီး အစအနတွေက သူတို့ကို ရှင်းရှင်းလင်းလင်းစီစဉ်လိမ့်မည်သာ။
ဒီလိုပုံစံအတိုင်း ဒီအရာတွေထွက်လာပြီး ပစ္စည်းဥစ္စာတွေရဲ့ အဝင်အထွက်က ကမ္ဘာကြီးကို စည်းမျဉ်းတွေပြောင်းလဲဖို့ ဖိအားပေးလိမ့်မည်ဖြစ်သည်။
သို့မှသာ ကျန်းစစ်မင်၏ အစအနတွေက ဆင်းသက်လာတဲ့ လုပ်ငန်းက အဖြူရောင်စက္ကူပိုင်းတစ်ခုလို သန့်ရှင်းနေလိမ့်မည်ဖြစ်ကာ မည်သည်ကမှ စစ်ဆေးနိုင်လိမ့်မည်မဟုတ်ပေ။
ဝမ်ဇောင်လဲ့နှင့် ဝမ်ဇောင်ဂျန်တို့ ညီအစ်ကိုနှစ်ယောက်မှာ ဒီကမ္ဘာထဲတွင် ဤကဲ့သို့သော် မှော်ဆန်သည့် အရာမျိုးရှိနေကြောင်း မသိပေ။
“ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ။”
ဝမ်ဇောင်ဂျန်က စိုးရိမ်ပူပန်စွာပြောလိုက်လေသည်။
“ငါတို့တခြားဘာလုပ်နိုင်ဦးမှာလဲ။ သူ့ကို ကုမ္ပဏီကို ခြယ်လှယ်ခွင့်ပေးလိုက်ရုံပဲရှိတော့တယ်။ ကံကောင်းလို့၊ ငါ ဒီလူကို သိတယ်။ ငါတို့ကုမ္ပဏီကို တမင်သက်သက်ဖျက်ဆီးချင်နေတဲ့ လူမျိုးတော့ မဟုတ်လောက်ဘူး။ သူ့အရံလုပ်ငန်းက ဂိမ်းထုတ်လွှင့်သူ တစ်ယောက်ဖြစ်နေတုန်းပဲလေ။”
ဝမ်ဇောင်လဲ့မှာ သူ့မျက်နှာတစ်ခုလုံး ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နှက်ကာ ပြောလာလေသည်။
“ဂိမ်းထုတ်လွှင့်သူလား။ ဂိမ်းထုတ်လွှင့်သူတစ်ယောက်က ကျွန်တော်တို့ ဟွာရီကို ဝယ်ဖို့ ပိုက်ဆံရှိနိုင်တယ်ပေါ့။”
ဝမ်ဇောင်ဂျန်မှာ ၎င်းကို မယုံပေ။
ဝမ်ဇောင်လဲ့က ကျွဲမြှီးတိုစွာပြောလေ၏။
“ငါ အရံလုပ်ငန်းအကြောင်းပြောပြီးပြီလေ။ အဲ့အပြင် မင်း မနေ့ညကသတင်းမကြည့်လိုက်ဘူးလား။ ဒီလူက တစ်နေ့ကို လက်ဆောင် တစ်ဘီလီယံကျော်လောက် ရနေတာ။ သူက ပိုက်ဆံမရှိတဲ့လူနဲ့တူနေလို့လား။ ပြီးတော့ သူက ဝမ်မိသားစုနဲ့ လီမိသားစုတို့နဲ့လည်း အဆက်အသွယ်ရှိတယ်။ အရမ်းရင်းနှီးကြတာနော်။ သာမန်လူတော့မဖြစ်နိုင်ဘူး။”
“လီမိသားစုက မိန်းကလေးလား။ မင်းပြောချင်တာက......… ဟောင်ကောင်က လီမိသား စုကိုလား။”
“မဟုတ်ရင်ရော၊ ဘယ်လီမိသားစုရှိသေးလို့လဲ။”
“အဲ့တော့ ဒီကောင်စုတ်လေးက ဝက်တစ်ကောင်လိုဟန်ဆောင်ပြီး ကျားတစ်ကောင်လိုစားနေတာလား။”
ဝမ်ဇောင်ဂျန်က သူ့မေးစေ့နှင့်မုဆိတ်ကို ထိမိလိုက်သည်။
“သူက ဝက်လိုရော ကျားလိုရောဟန်ဆောင်မနေဘူး။ သူ့ရဲ့ပင်ကိုယ်ဝါသနာကိုက ဂိမ်းကစားတာဖြစ်နေရုံပဲ။ အိုကေ၊ ကုမ္ပဏီက ပုံမှန်အတိုင်း လည်ပတ်လိမ့်မယ်။ ငါ အခွင့်ပေးဖို့ အချိန်နည်းနည်းရတဲ့အခါ သူကိုသွားတွေ့ဦးမယ်။”
ဝမ်ဇောင်လဲ့က မီးခိုကွင်းတစ်ခုကိုမှုတ်ထုတ်လိုက်လေသည်။
“မင်းသူ့ကို လူကိုယ်တိုင်သွားတွေ့မလို့လား။ သူ့အတွက် အရမ်းများလွန်းနေပြီလေကွာ။”
“သူက အခု ကုမ္ပဏီမှာ အကြီးဆုံး ရှယ်ယာကိုင်ဆောင်သူလေ။ ငါတို့ မျက်နှာတွေကို အဖက်ဆယ်နေစရာလိုသေးလို့လား။ ငါတို့အခု သူ ကုမ္ပဏီကို ရှုပ်ထွေးအောင်မလုပ်ဖို့ မျှော်လင့်နေရတာလေ။”
ဝမ်ဇောင်လဲ့က လက်ခုပ်တီးလိုက်ပြီး ကွက်ကွက်ကွင်းကွင်း ပြောလိုက်လေသည်။
ညီအစ်ကို နှစ်ယောက်လုံး ကံဆိုးမိုးမှောင် ကျစွာ သက်ပြင်းချလိုက်ပြီး တနည်းနည်းနှင့် သူတို့သည် ကုမ္ပဏီပိုင်ရှင်ဘဝမှ တခြားသူအတွက် အလုပ်လုပ်ပေးရသည့်အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
ဟွာရီကို လူသိရှင်ကြားဖွင့်လှစ်ပြီးနောက် သူတို့မှာ ရင်းနှီးမြှုပ်နှံမှုများစွာရှိခဲ့သော်လည်း သူတို့ရဲ့ အနေအထားမှာ တရုတ်တွင် နံပါတ်တစ် ဖျော်ဖြေရေးကုမ္ပဏီဖြစ်လာခဲ့ဖူးသည်။
သို့သော် ကုမ္ပဏီ၏ ရှယ်ယာဈေးများက ဒီလောက်အများကြီး လျှော့ချခံလိုက်ရသည်ဖြစ်ရာ ဒါရိုက်တာ အစည်းအဝေးမတိုင်မီ သူတို့ ညီအစ်ကိုခမျာ ဆုံးဖြတ်ချက်တွေ အများကြီး ချခဲ့ရလေသည်။
အခုတော့ တစ်ယောက်ထက်ပိုသည့် အဓိကရှယ်ယာကိုင်ဆောင်သူများ ထွက်လာကြလေပြီး သူတို့နှစ်ယောက်လုံး တစ်ခုတည်းပေါင်းလိုက်လျှင်တောင် သူတို့ ကျန်းစစ်မင်နှင့် ရင်ဆိုင်ရန်အတွက် တခြားသော ရှယ်ယာကိုင်ဆောင်သူများကို မဆက်သွယ်ပါက အလုပ်ဖြစ်လိမ့်မည်မဟုတ်ပေ။
ယခုမူ ညီအစ်ကိုနှစ်ယောက်မှာ ကျန်းစစ်မင်တစ်ယောက် ဤအကြောင်းကို ဂရုမစိုက်ပါပဲ ကုမ္ပဏီကို မရှုပ်ထွေးစေပါသည့် ဥက္ကဌတစ်ယောက်ဖြစ်ဖို့သာ ဆုတောင်းနိုင်ကြတော့သည်။
ဒါက သူ့ကို မြှောက်ပင့်ရုံပဲ ဆိုရင်တောင်မှပေါ့။
..........
ဤအပိုင်းအစနှစ်ခုကို ယူချလိုက်ပြီး ပွဲက ဆက်သွားနေတုန်းပင်။
အဖွဲ့နှစ်ဖွဲ့ကို သတ်ပြီးနောက် 4amသည် ဘုရင်တစ်ပါးအနေနှင့် နယ်မြေကို သိမ်းပိုက်ဖို့ ရွေးချယ်လိုက်ကာ ပရမ်းပတာထပ်မဖြစ်တော့ပေ။
တစ်ချိန်တည်းမှာပဲ ဇုန်၏ ဆဌမလှိုင်းက ကျုံ့နေပြီးဖြစ်ကာ နောက်ဆုံးလှိုင်း၏ တည်နေရာက ဒီနေရာမှာဖြစ်သည်။
ထို့ကြောင့် လူလေးယောက်က ရွှေ့ဖို့ မစီစဉ်ထားပဲ ဒီအတိုင်း နေရာယူပြီး ပစ်လိုက်ကြရုံသာ။
4am၏ မိနစ်နှစ်ဆယ်ပြီးနောက်တွင် သူ့လက်နှင့် ခြေထောက်များကို အလုံးစုံလွှတ်ပေးလိုက်တော့သည်။
သူတို့ အတော်ဝေးဝေးက ရန်သူကို မြင်လျှင်တောင် သူတို့ မထိနိုင်ဘူးဆိုလျှင်တောင်မှ သူတို့အားလုံး နှစ်ချက်လောက်ပစ်လိုက်ချင်ကြသည်။
ကျန်းစစ်မင်က ဝေးကွာသည့် အကွာအဝေးများကို တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။
အကြောင်းမှာ သူရှုံးနိမ့်သွားလျှင်တောင်မှ အပိုင်းအစတွေ မပေါက်ကွဲတာက အဆင်ပြေသောကြောင့်ပင်။
အပိုင်းအစများပေါက်ကွဲသွားပါက သူ သူတို့ကို နောက်မှ သို့မဟုတ် ချက်ချင်းကောက်မိလိမ့်မည်ပင်။
သူသာ ကောက်လိုက်ပါက ဇုန်ထိလိမ့်မည်ဖြစ်ပြီး မည်သူကမှ ဒီဇုန်အပြင်ဘက်မှာ အသက်မရှင်နိုင်ပေ။
တစ်ယောက်ယောက်ကသာ သူ့ကို ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပါက အသက်ရှင်သန်နိုင်ခြေမှာ အလွန်အမင်းသေးငယ်လှသည်ပင်။
သူတို့အားလုံး အနီးကပ်ဆွဲပြီးကစားတာက ပိုကောင်းလှသည်။
ထို့ကြောင့် ယခု ကစားသမားလေးယောက်၏ ကစားဟန်က ပြောင်းလဲသွားခဲ့ဟန်ပင်။
ဝေ့ရှန်းနှင့် တခြားသူများက အလုပ်ကြိုးစားနေကြသော်လည်း ကျန်းစစ်မင်ကတော့ ခုခံနေသည်လေ။
လူတိုင်းမှာ အနည်းငယ်အံအားသင့်သွားကြသည်။
နတ်ဘုရားက လိင်ကို ပြောင်းလိုက်တာလား။ ဒီစတိုင်က မမှန်ဘူးနော်။
ဤအကြောင်းကို တွေးမိနေရုံရှိသေးသည်၊ ကူးပြောင်းခံလိုက်ရသည့် အဖွဲ့တစ်ဖွဲ့က 4am တို့နေရာမှ မီတာတစ်ရာ ကွာဝေးသည့် နေရာသို့ ကားမောင်းလာကြလေသည်။
သူတို့သည့် 4am၏ နေရာကို သိမ်းပိုက်ဖို့ မစီစဉ်ထားပဲ ဖြတ်သွားကြရုံသာဖြစ်သည်။
သို့သော် ကျန်းစစ်မင်က သူ့လက်ထဲက M416ကို ကောက်ကိုင်လိုက်ပြီး သူတို့အားလုံးကို ရှင်းပစ်လိုက်သည်။
ပရိတ်သတ်များမှာ စိတ်သက်သာရာရသွားတော့၏။
ဒါမှ နတ်ဘုရားကွ~
ကောင်ကင်တစ်ခုလုံးပေါ်မှ ပျံသန်းလာသော 5.56ကျည်များသည့် သနားစရာကောင်းလှသည့် ဂျစ်ကားလေးအား ထိမှန်သွားတော့၏။
ဂျစ်ကားလေးကိုယ်တိုင်ကိုက ကျန်းမာမနေပေ။ အဖွဲ့မှာ သူတို့ ပြေးလွှားရောက်မလာခင်က တခြားတစ်ဖွဲ့၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသေးသည်။
ထပ်ပေါင်းအနေနှင့် ကျန်းစစ်မင်၏ အတောင့်လေးဆယ်ဝန်းကျင်လောက်ရှိပါသည့် ကျည်များ ကျဆင်းလာခဲ့ပြီး အားလုံးက ကား၏ အရှေ့ပိုင်းနှင့် တာယာမျာကို ထိမှန်သွားလေသည်။
‘ဗန်း’ကနဲ့မြည်ကာ ကားက ဟောလိဝုဒ်ဇာတ်ကားတစ်ကားကဲ့သို့ သံတိုသံစများအဖြစ်သို့ ရုတ်တရတ်ပေါက်ကွဲသွားတော့၏။
နောက် ကားထဲမှ လူနှစ်ယောက်မှာ ကြီးမားတဲ့ ပေါက်ကွဲမှု လှိုင်းလုံးများကြောင့်ကောင်းကင်ပေါ်သို့ လွင့်ထွက်သွားကြကာ သူတို့ပြုတ်ကျမလာခင်၌ လျှပ်စီးအပြည့်နှင့် ပတ်ချာလည်မှုများ ပြုလုပ်ခဲ့လေသည်။
ကားပေါက်ကွဲသွားချိန်တွင် ပရိတ်သတ်များမှာ မနေနိုင်ပဲ အော်ဟစ်လိုက်မိကြသည်။
ကျန်းစစ်မင် ဂိမ်းတွေကစားတာကို စောင့်ကြည့်နေရင်း ဒီလို ပြင်းထန်တဲ့ အနုပညာရသမျိုးက ဟောလိဝုဒ်ဝက်ဝက်ကွဲလူကြိုက်များတဲ့ ရုပ်ရှင်တွေနဲ့ယှဉ်နိုင်လောက်သည်ပင်။
အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာမှ။
“ငါ အိတ်သွားကောက်လိုက်ဦးမယ်။”
ကျန်းစစ်မင်က ကားထဲဝင်မောင်းသွားကပြီး လျှောစောက်မှ တစ်ယောက်က သူ့အား သတ်ဖြတ်လာတော့၏။ တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်နေလျှင်တောင်မှ သူကတော့ အိတ်ဆီပြတ်ပြတ်သားသားမောင်းချသွားဆဲပင်။
“[ဓာတ်ပုံရိုက်ကျွမ်းကျင်မှု] အနီရောင်အပိုင်းအစတစ်ခုကို ကောက်လိုက်ပါသည်။ (1/3)၊ အပိုင်းအစအရေအတွက် မပြည့်သေးပါ။ ယာယီအသုံးပြု၍ မရနိုင်ပါ။”
ဟုတ်ပြီ၊ အပိုင်းအစတွေကို စုဆောင်းရမယ့် နောက်ထပ်စကေးတစ်ခု။
ကြည့်ရတာ အနီရောင်အပိုင်းအစတွေကို အတူတူစုဖို့စိတ်ကူးယဉ်နေမိပုံပဲ။
ကျန်းစစ်မင်က ကားထဲဝင်လိုက်ပြီး သူ့ရဲ့ [အန္တရာယ်သိမြင်နိင်စွမ်း]စကေးကို ချက်ချင်းခြေရာခံလိုက်သည်!
ထိုအကြောင်း တွေးတောင် မတွေးကြည့်လိုက်ပါပဲ ကျန်းစစ်မင်သည် မသိစိတ်ရဲ့ စေ့ဆော်မှုအရ ထိုင်ခုံပြောင်းလိုက်မိ၏!
ဘန်း!
အဓိက ကားမောင်းသူနေရာမှာ AWM ကျည်တစ်တောင့်ဖြင့် ထိုးဖောက်ခံလိုက်ရလေသည်!
ကျန်းစစ်မင်သည် အန္တရာယ်ရှိပြီးရင်း ရှိနေသည့် ထိုကျည်ကို ရှောင်ရှားလိုက်၏။
သူသာ အစိမ်းရောင် တုန့်ပြန်မှုနှုန်းစွမ်းရည်ကို ယခင်က မရရှိခဲ့ဖူးပါက သူ ဒီကျည်ဆန်ကို ရှောင်နိုင်လိမ့်မည်မဟုတ်ပေ။
အကြောင်းမှာ ပြိုင်ဘက်က သူ့ကို ချိန်ရွယ်လိုက်သည့် အချိန်က အလွန်တိုလွန်းလှသည်မှာ 0.5စက္ကန့်ထက်တောင် နည်းနေသောကြောင့်ပင်။
ထို့ကြောင့် [အန္တရာယ် သိမြင်နိုင်စွမ်း]က ခြေရာခံမိလိုက်ချိန်တွင် ရန်သူက မောင်းကို ဆွဲနှင့်နေပြီးဖြစ်နေလေသည်။
ကျန်းစစ်မင်က ထိုင်ခုံအမြန်ပြောင်းဖို့အတွက် သူ့တုန့်ပြန်မှုအပေါ် မှီခိုရင်း ဤကြောက်မက်ဖွယ်ကောင်းသော ကျည်ဆန်ကို ရှောင်ရှားခဲ့ရသည်။
“အင်း၊ ဒီအပစ်အခတ်စွမ်းရည်မျိုးပဲ။”
ကျန်းစစ်မင်မှာ မနေနိုင်ပဲ ချီးမွမ်းမိသွားသည်။
ချိန်ရွယ်သည့် အရှိန်နှင့် ပစ်ခတ်ခြင်း၏ တိကျပြတ်သားမှုက ကျန်းစစ်မင်ကို ရန်ဘက်အား လေးစားမှုနှင့် ကြည့်မိစေလေသည်။
သို့သော် သူ ဒီလူက ဘယ်သူမှန်း မသိပေ။ သူက တစ်ဖက်လူမှာ ပစ္စည်းနှစ်ခု ရှိတယ်လို့သာ တွေးလိုက်၏။
၄၀၀မီတာအကွာလောက် OMGအဖွဲ့မှာ ကျန်းစစ်မင်ထက်ပင် ပိုလို့ ထိတ်လန့်သွားရင်း ပြုံးလိုက်လေသည်။
“ဒီလူက ဘယ်လိုလုပ်ပြီး ငါ့ကျည်ကို ရှောင်နိုင်သွားတာလဲ။”
ပစ်လိုက်သည့်သူက အခြားသူမဟုတ်၊ မနှစ်က PCI ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ့ကို OMG အသင်းအား အပြုံးလေးတစ်ပွင့်နှင့် အောင်မြင်စေခဲ့သည့် OMG အဖွဲ့၏ ခေါင်းဆောင်ဟောင်းပင်ဖြစ်၏။
များစွာသောလူများမျာ OMG၏ ကမ္ဘာချန်ပီယံ Little lion က အကောင်းဆုံး MVPဟု ထင်ကြပေမယ့် တကယ်တမ်းတော့ ကြည့်ရှုသူများစွာ၏ နှလုံးသားထဲတွင် အပြုံးလေးတစ်ပွင့်ကသာ အကောင်းဆုံး ယှဉ်ပြိုင်သူဖြစ်နေလေသည်။
ပြုံးခြင်းက အမိန့်ပေးနေသည့် ကပ္ပတိန်နှင့် အချိန်ပိုင်းအလုပ်တင်ပြချက်ပင်။ ထို့ကြောင့် သူ၏ အပစ်အခတ်စွမ်းရည်နှင့် ကိုယ်ပိုင်ခွန်အားတို့မှာ လျစ်လျူရှုခံလိုက်ကြရတော့၏။
သို့သော် တကယ်တော့၊ အပြုံးလေး၏ ကိုယ်ပိုင်ခွန်အားမှာ little lionထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသလို သူ့အမိန့်ပေးနိုင်စွမ်းကလည်း လက်ဖျားခါလောက်သည်ပင်။
သို့ဖြစ်၍ သူသည် ခေါင်းဆောင်အဖြစ် နည်းပြ၏ ခန့်အပ်ပေးခြင်းကို ခံခဲ့ရလေ၏။
အပြုံးလေးက ဒီနှစ်မှာပြန်လာခဲ့ပြီး OMGအဖွဲ့မှာ ချက်ချင်း အမြင်သစ်တစ်ခုရသွားကာ ရလဒ်များမှာ ခုန်ပျံကျော်လွှား တိုးတက်သွားပြီးအုပ်စုအဆင့်တွင် လက်ရှိ ဒုတိယဖြစ်နေတော့သည်။
ဤOMGက တည်တည်ငြိမ်ငြိမ် ကစားနေကြဆဲဖြစ်ပြီး 10မှတ်ရရှိထားကာ ၎င်းသည် 4amမှလွဲ၍ အမှတ်အမြင့်ဆုံးအဖွဲ့ဖြစ်သည်။
အပြုံးလေးက ကျန်းစစ်မင်ကားကို ရှင်းပစ်လိုက်သည်ကို အခုလေးတင်မြင်လိုက်ရတာကြောင့် ကားမောင်းသူက ထိုသူဖြစ်မယ်မှန်းသူသိနေသည်။
ကျန်းစစ်မင်အတွက်မူ၊ သူကအနည်းငယ်ထူးဆန်းနေဆဲဖြစ်ပြီး သူ့ကို ဆန့်ကျင်ပြီး ဘယ်တုန်းကမှ မကစားဖူးခဲ့ပေ။
:::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။