အပိုင်း - ၁၃၁ (ကုန်းကုန်းလေးက မင်းသားလေးတဲ့)
အဖွဲ့သည် စစ်အခြေစိုက်စခန်းသို့ မောင်းသွားကာ ဟိုတစ်စုဒီတစ်စု ပစ္စည်းများ ရှာကြတော့၏။
စစ်အခြေစိုက်စခန်းက သဲကန္တာရမြေပုံရှိ အရင်းအမြစ်များတွင် အတော်လေးကြွယ်ဝလှသည့်နေရာဖြစ်ပြီး ရှာရသည်မှာလွယ်လှပါသော်လည်း အိမ်တွေကတော့ အနည်းငယ်ဝေးလေသည်။
လူသစ်အများစုက ခြေလျင်ရှာရတာကို သဘောကျကြသည်။
တကယ်တမ်းကျ ကားနှင့်ရှာဖွေသည်က ပိုမြင်သည်ပင်။
နှစ်မိနှစ်အတွင်း စစ်အခြေစိုက်စခန်းက 4am၏ ခြစ်ထုတ်ရှင်းလင်းခြင်းခံလိုက်ရ၏။
“လောင်ကျန်း လောင်ကျန်း၊ စနိုက်ပါ!”
စနိုက်ပါသေနတ်ကြီးကို ကောက်လိုက်သည့်ဝေ့ရှန်းက ကလေးကြီးတစ်ယောက်ကို ကောက်လိုက်မိပုံနှင့် ကျန်းစစ်မင်ဆီဆက်သရန် စိတ်လှုပ်ရှားစွာ အပြေးလေးရောက်လာတော့၏။
“ကောင်းလေစွ၊ ငါကိုယ်တော်စိတ်ဝင်စားတယ်၊ ကုန်းကုန်းလေး။ ဆုတ်ခွာတော်မူကြစို့။”
ကျန်းစစ်မင်က ဧကရာဇ်တစ်ပါးလို ဟန်ဆောင်လိုက်၏။
အသံသရုပ်ဆောင်စကေးက ပညာရှင်ဧကရာဇ်ဖြစ်သည့် ကျန်းတျဲလင်၏ အသံကို အတုခိုးလိုက်လေသည်။
“ကျွန်တော့်ရဲ့အရှင်လေး၊ ကျွန်တော်က အရှင့်ရဲ့ဒုတိယဦးရီးတော်လေ။ ဘယ်လိုလုပ် ကုန်းကုန်းဖြစ်နိုင်မှာလဲ!”
ဝေ့က တက်တက်ကြွကြွပြောလာလေသည်။
“ဒါဆို မောင်မင်းက ဘာများလဲ။”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းသားတစ်ပါးပဲလေ.....မဟုတ်သေးဘူး… အမတ်ချုပ်လည်း ဟုတ်သေးတယ်။”
“ဟားဟားဟားဟား.. ငါကိုယ်တော် သဘောတူတယ်။ မောင်မင်းက မင်းသားတစ်ပါးပါပဲ။ ဟားဟားဟားဟား.....”
ကျန်းစစ်မင်က လက်နှစ်လုံး ကီးဘုတ်မှဖယ်လိုက်ပြီး ဗိုက်နှိပ်ပြီးရယ်လေတော့သည်။
ရှောင်ကျစ်မုနှင့် ဝမ်ဒိုယုတို့ နှစ်ယောက်လုံး အူလှိုက်သဲလှိုက်ရယ်ကြကာ ဝေ့ရှန်းကိုယ်တိုင်လည်း ရှက်ရယ်ရယ်နေတော့၏။
သူ့ခုံနောက်ရှိ ဒိုင်လူကြီးမှာ ကြက်သေသေသွားပုံပင်။
ဒီအဖွဲက ဘာဖြစ်သွားတာလဲ။ ဆိတ်တွေ ရူးကုန်တာလား။
ဒါရိုက်တာရဲ့ရိုက်ချက်က 4amဆီရောက်သွားပြီး ပရိတ်သတ်များမှာ ဒိုင်လူကြီးလိုပင် ကြက်သေသေသွားတော့သည်။
သူတို့လေးယောက်ဘာဖြစ်သွားတာလဲ။ အဲ့လောက်ပျော်ပျော်ကြီး ရယ်နေကြတယ်?
“ကြည့်ရတာ 4amရဲ့ လေထုက အတော်လေး ကောင်းမွန်နေပုံပဲရှင်။ အချင်းချင်းစကားပြောနေကြတာနေမယ်။ ကြည့်ပါဦး နတ်ဘုရားရဲ့ အပြုံးတွေက တောက်ပနေလိုက်တာ။”
Hundred billion ရဲ့ မျက်လုံးတွေက စခရင်ပေါ်ရှိ ကျန်းစစ်မင်၏မျက်နှာပေါ်တွင် တဖန်နစ်မြုပ်သွားပြန်ပြီး သူမသည် ဤသည်ကိုကြည့်နေရခြင်း၌ ပင်ပန်းသွားချင်းလည်း မရှိ။
ဒါသာ ပြည့်လျှုံကျလာရင် ငါဘယ်လိုလုပ်ရမလဲ~~
“အသင်းလေထုကောင်းနေတာက ကောင်းတဲ့ကိစ္စပဲ။ အဲ့တော့မှ ကစားသမားတွေက စိတ်မရှုပ်ထွေးပဲနဲ့ အကောင်းဆုံးလုပ် ဆောင်နိုင်ကြမှာလေ။”
ချန်းဟွီရဲ့ စကားလုံးများက အဆိပ်သင့်နေတဲ့ နွားနို့လှိုင်းလိုပင်။
ရယ်မောနေဆဲဖြစ်သည့် ကျန်းစစ်မင်တစ်ယောက် ရုတ်တရတ် ပစ်ချက်ခံလိုက်ရတော့၏!
နေရာတိုင်းမှာ အာမေဍိတ်သင်္ကေတတွေရှိနေလေသည်။
ဒါက! ချုံခိုတိုက်ခိုက်တာဟ!
ပွဲရှုထောင့်ကို ပြန်ကြည့်သောအခါ ကိုရီးယားအသင်း၏ VSG၏ ခုန်သည့်နေရာက Tမြို့ဖြစ်ကာ စစ်အခြေစိုက်စခန်းနှင့် သိပ်မဝေးလှပေ။
ပစ္စည်းများရှာဖွေပြီးနောက် သူတို့သည် စစ်အခြေစိုက်စခန်းအပြင်ဘက်၌ ချက်ချင်းပင် အခွင့်ကောင်းယူကာ ချုံခိုတိုက်ခိုက်တော့ ၏။
ကျန်းစစ်မင်နှင့် တခြားသူများက အတော့်ကို ပျော်ပျော်ရွှင်ရွှင် ရယ်မောနေခဲ့ကြသောကြောင့် သူတို့ ဘာမှ မပြင်ဆင်လိုက်ရပေ။
ကျန်းစစ်မင်က ကားထဲမှာ ထိုင်နေခဲ့ပြီး သူ၏ တည်နေရာကို ဖော်ပြနေခဲ့လေသည်။
VSG က စက္ကန့်ပိုင်းအတွင်း Kar 98နှင့် ပစ်လိုက်တော့၏!
ကိုရီးယားပရိတ်သတ်များမှာ ပျော်လွန်းလို့ ထခုန်မိလုမတတ်ပင်။
“ကောင်းကောင်းသေလိုက်! မင်းကို ရယ်အောင်လုပ်ပေးမယ်!”
“အဲ့ခွေးကောင်သတ်ပစ်!”
“ရယ်ရလား။ ပျော်ဖို့ကောင်းလား။ နင့်ကိုယ်နင် ဘုရားသခင်လို့များ ထင်နေတာလား။”
“VSG ကောင်းကောင်းလုပ်ခဲ့တယ်! ပြီးကာနီးနေပြီဗျို့!”
“မင် မပါရင် 4am က သွားမပါတဲ့ကျားတစ်ကောင်ပဲ။ ငါတို့ ဒီအချီကို နိုင်မှာကွ!”
…..
ကိုရီးယားကစားကစားသမားတွေ ကျန်းစစ်မင်ကို ဘယ်လောက်တောင် မုန်းနေသည်ကို မြင်နိုင်လေသည်။
“သူပဲ! အဲ့ဒါ အဲ့ကောင်! မြန်မြန်!”
VSGသည် ကျပန်းလူသတ်သမားက သူတို့ အမုန်းဆုံး ကျန်းစစ်မင်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါပဲ တခြားသူတွေအတွက် ပြင်ဆင်ပေးဖို့ ချက်ချင်းပင် ပစ်ချင်နေခဲ့ကြသည်။
သို့သော် ကျန်းစစ်မင်သည် နောက်တခဏမှာပဲ ကားအနောက်ခြမ်းကို ကူးသွားပြီး သူတို့ တစ်ချက်ပစ်လိုက်ပြီးနောက် ထပ်မထိနိုင်တော့ပါချေ။
ဝေ့ရှန်းနှင့် တခြားသူများသည်လည်း တိုက်ပွဲထဲသို့ ချက်ချင်းပြေးဝင်လာကြပြီး စီးကရက်ကို မီးသတ်၊ လူတွေကို ဆွဲခေါ်ပြီး သေနတ်များကို တစ်ချက်တည်းနဲ့ တပ်ဆင်လိုက်တော့သည်။
“လောင်ကျန်းကို အခွင့်ကောင်းယူဖို့ မင်းကိုပြောနေတာလေ၊ မင်းနဲ့ ထိုက်တန်တယ်။”
ဝေ့ရှန်းက အပြုံးလေးနှင့်ပြောလိုက်ပြီး တစ်ဖက်လူအပြေးရောက်ချလာမည်ကို စိတ်ပူမနေပေ။
VSGအဖွဲ့ဝင်များက သူတို့နှင့် ဝေးသည့် လမ်းပေါ်တွင်ဖြစ်သည်လေ။
“ထိုက်တန်တဲ့ အရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ တစ်ဖက်ကို မင်းဆုတောင်းပေးသင့်တယ်။ သူတို့ကို အပြီးသတ်ပေးလိုက်တော့။”
ကျန်းစစ်မင်က ပြုံးလိုက်၏။
ငါ့ကို ခိုးလုပ်ရဲတယ်ပေါ့။ ဒါဆိုလည်း မင်းရဲ့ လည်ပင်းကိုဆေးပြီး သေဖို့သာ စောင့်နေလိုက်တော့။
မြေကြီးပေါ်မှ ထလာသည့် ကျန်းစစ်မင်သည် ကုန်းကုန်းလေးထံမှ ရရှိသည့် red dot လေးနှင့် Kar 98ကို ကိုင်လိုက်လေသည်။
ရှောင်ကျစ်မုတွင် ရှစ်ဆ မှန်ပြောင်းရှိပါသော်လည်း ပေးရန် အချိန်မရှိပေ။
ကျန်းစစ်မင်က စိတ်မရှိချေ။
red dot တပ်ဆင်ထားသည့် kar 98က သူတို့နှစ်ယောက်လုံး အရင်းနှီးဆုံးအရာဖြစ်သည်။
အစမှာ ကျန်းစစ်မင်က red dot တပ်ဆင်ထားသည့် kar 98လေးတစ်လက်အားကိုးနှင့် သူတို့တစ်သင်းလုံးကို သတ်ဖြတ်ခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ အသင်းဖော်ဖြစ်လာမည်ဟုတော့သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
VSG ၏ အဖွဲ့ဝင်များမှာ ကျန်းစစ်မင်ကို ကလဲ့စားချေဖို့ ကြိုးစားနေကြ၏။
ကျန်းစစ်မင်သည် လက်ထဲတွင် စနိုက်ပါရိုင်ဖယ်ကိုကိုင်ထားကာ၊ သူ့ပုခုံးများကို ဆန်လျက် မီးခိုးဗုံးများ ထွက်လာပြီး red dot မှန်ဘီလူးကို ဖွင့်လိုက်လေသည်။
စက်ရှုထောင့်မှ မခွဲခြားနိုင်ပုံရသည့် ဤမှန်ဘီလူးမှာ ကျန်းစစ်မင်၏ လက်များထဲရှိ ချဲ့အားမြင့်သည့် မှန်ဘီလူးများမှ မခွဲခြားနိုင်ပေ။
မတူညီသည့် အဆတွေမှာ ချိန်ရွယ်မှု နှစ်ခုသာဖြစ်လေသည်။
မှန်ဘီလူးထဲရှိ အနီရောင်ဖြတ်မျဉ်းလေးက သူ့ကို ခုနက Kar 98နှင့် ပစ်လိုက်သည့် VSGအဖွဲ့ဝင်အား အလွယ်တကူဖမ်းမိသွားသည်။
“မင်းက သေနေတဲ့ကောင်လေးပဲလေ။ ကြက်ဥကို ချိန်နေတုန်းပဲလား။”
ကျန်းစစ်မင်ပြောလိုက်ပြီးနဲ့ လူက လဲကျသွားတော့၏။
တခြားလူတွေပြန်ဆုတ်တာကို ကာကွယ်ဖို့အတွက် တစ်ခုခုလုပ်ရမယ်။
ကျန်းစစ်မင်က ချက်ချင်း kar98ကို နောက်တွင်လွယ်လိုက်ပြီး သေနတ်ပြောင်းလိုက်၏။ သူ့လက်ထဲတွင့် မာန်ပါသည့် M762တစ်လက် ရှိနေတော့သည်။
ဤသေနတ်က အခုလေးတွင် ပေါ်လာတာဖြစ်ပြီး ၎င်းကလည်း 7.62ကျည်ကို သုံးလေသည်။
သို့သော် ပစ်ခတ်နှုန်းကတော့ AKထက်မြန်ပြီး ချက်ချင်းကွဲထွက်လာသည့် ထိခိုက်နှုန်းကလည်း အလွန်းမြင့်လှ၏။
ဤသေနတ်က ဖိနှိပ်ဖို့ ခက်ခဲနေရုံသာဖြစ်သည်။
ပြည့်ပြည့်စုံစုံတပ်ဆင်ပြီးသွားလျှင်တောင်မှ လူများစွာက ၎င်းကို ကောင်းကင်ထဲ ဖိနှိပ်ထားမိကြတုန်းပင်။
(tn/ရှုပ်သွားမှာစိုးလို့ သေနတ်က ခါလွန်းလို့ အကုန်တပ်ပြီးရင်တောင် ပစ်ရင် မိုးပေါ်ထောင်ထောင်သွားတုန်းပဲလို့ပြောတာ။)
ဤသေနတ်က ကျန်းစစ်မင်၏ လက်ထဲမှာတော့ ‘အတော်လေးကောင်းကောင်းပြုမူ’နေပြီး ကျည်များထွက်ခြင်းကလည်း အတော်လေး ‘နာခံမှု’ ရှိလှကာ တစ်နေရာတည်းသို့ တစ်စုတစ်စည်းတည်း သွားလေသည်။
အကုန်လုံး VSG အဖွဲ့ဝင်၏ ခေါင်းတွင်သာ သောင်တင်သွားကြတော့၏။
“တကယ်ကြီး နာခံတာပဲ။ ငါတော့ ဒီသေနတ်ကို ကြိုက်သွားပြီ။”
ကျန်းစစ်မင်က အလွန်အမင်း အရေထူလာပြန်ပြီး သူက သေနတ်ကိုတောင် စကား ပြောနေလိုက်သေးတယ်။
ကြောက်ဖို့ကောင်းလိုက်တာနော်~~
နှစ်ယောက်သတ်ပြီးနောက် ကျန်းစစ်မင် သည် အလျင်မလိုပါပဲ သွေးဖြည့်လိုက်၏။
ဝေ့ရှန်းနှင့် တခြားသူများမှာ ကျန်းစစ်မင်တစ်ယောက် နှစ်ယောက်လုံးကို ချက်ချင်း ရိုက်ချပစ်လိုက်သည်ကို မြင်ချိန်တွင် ရှော့မရသွားကြပေ။
အကြောင်းမှာ သူတို့ နေသားကျသွားသောကြောင့်သာဖြစ်သည်။
အရေမရအဖက်မရ စကားအနည်းငယ်ပြောပြီးနောက် သုံးယောက်သားမှာ VSG အဖွဲ့ဝင်တွေကို ဝိုင်းဖို့ ပြင်ဆင်ရင်း လူစုခွဲလိုက်ကြတော့သည်။
“မလှုပ်နဲ့၊ ငါ့ကိုကလဲ့စားချေခွင့်ပေး။ ငါကြိုးကြိုးစားစားကောက်ထားရတဲ့ level 2 ဦးထုပ်လေး ပါသွားပြီ။ ငါသည်းမခံနိုင်တော့ဘူး။”
ကျန်းစစ်မင်က ထိုလူတွေကို သွားခွင့်ပြုဖို့ မရည်ရွယ်ထားပါ။ သူ နာလန်ပြန်ထလာသည့်အခိုက် ကားဆီချက်ချင်းပြန်သွားကာ စစ်အခြေစိုက်စခန်းအပြင်ဘက်ရှိ ပစ်ကပ်ထရပ်ကားဆီမောင်းသွားပြီး VSGအဖွဲ့ဆီသို့ တည့်တည့်ဝင်တိုးတော့သည်။
ထိုအချိန်တွင် တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးနေကြသည့် VSG အဖွဲ့ဝင်များမှာ ကားလာနေသည့်အသံကိုကြားလိုက်ရသော်လည်း အရှုံးပေးဖို့ မကြိုးစားပါပဲ သူတို့တွေက စကားမပြောခင် သူတို့အသင်းဖော်တွေကို ပြန်ကယ်ဆယ်နေချင်ကြလေသည်။
ကျဆုံးသွားသည့် အသင်းဖော်နှစ်ယောက် ထနိုင်ကာနီးလေးမှာပဲ ပစ်ကပ်ထရပ်ကားတစ်စီက တောင်စောင်းရှေ့မှ တစ်သင်းလုံးပေါ် ပျံသန်းရောက်ရှိလာတော့၏။
အီးနားရှားသဘောတရားအောက်ရှိ တိကျသောအမြင့်တစ်ခုမှာ ပျံသန်းလိုက်ပြီးနောက် ယာဉ်အရှေ့ဘက်ခြမ်းက ဒေါက်လိုက်ဆင်းသက်လာလေပြီး မြေပြင်ပေါ်ထိသွားတော့သည်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှာ VSGကစားသမား လေးယောက်၏ ဘေးနားလေးတင်ဖြစ်သည်။
VSGလေးယောက်မှာ အပျော်လွန်နေကြသည်။
သည်လူက သူတို့မျက်နှာရှေ့ကို တစ်ယောက်တည်း ပြေးလာပြီး အသင်းဝင်တွေကို တစ်စက္ကန့်အတွင်း ကူညီပေးနိုင်မှာဖြစ်ကာ ထိုသူကတော့ တမုဟုတ်ချင်း သေရတော့မည်ဖြစ်သည်!
ဤကဲ့သို့ တွေ့မိရင်း ပစ်ကပ်ထရပ်ကားရှေ့ပိုင်းသည် မြေပြင်ကို ထိခတ်သွားလေတော့သည်။
သို့သော်လည်း မြေဆွဲအားကြောင့် ကိုယ် ထည်မှာ လည်သွားတော့၏!
၎င်း၏ ဦးတည်ချက်မှာ VSGအဖွဲ့သားလေးယောက်၏ ဦးခေါင်းများဆီသို့သာ ဖြစ်သွားလေသည်။
“ငါ့နေ့ရက်လေး၊ မင်းအဖေပဲ!”
VSG၏ ကပ္ပတိန်က နောက်ဆုံးတော့ ဤသို့သော တရုတ်စကားမျိုးကို ထုတ်ပြောလာတော့၏။
ပြောပြီးနောက် ကားက ဝင်တိုက်လိုက်ကာ ရှောင်တိမ်းရန် အချိန်မရှိသော လူလေးယောက်လုံး အသားတုံးများအဖြစ် ကားကျိတ်ခံလိုက်ရတော့သည်!
“four kills!”
ကျန်းစစ်မင်မှာ ကြက်သေသေသွားရသည်။
ဝေ့ရှန်းလည်း ကြက်သေသေသွားသလို ထုတ်လွှင့်အစီရင်ခံသူများလည်း ကြက်သေသေသွားကာ ပရိတ်သတ်များဆို ပိုလို့တောင် ကြက်သေသေသွားလေ၏။
ဘာအခြေအနေလဲ။
ကားမှောက်သွားတယ်၊ အဲ့တာကြောင့် လေးယောက်လုံးကို သတ်လိုက်သလို ဖြစ်သွားတာလား။
ကံတရားလား၊ စကေးလား..
ဖွီ!
အခင်းနေရာမှာ မည်သူက ဖြစ်စေခဲ့သည်တော့မသိပေမယ့် ရုတ်တရတ် ပရိတ်သတ်များအားလုံး ရယ်မောသံတွေ ပေါက်ကွဲကူးစက်သွားတော့လေသည်။
ဒါက လက်ဖက်စိမ်းဆန်လွန်းတယ်နော်။
ကားမှောက်ပြီး တစ်ဖွဲလုံးကိုသတ်ပစ်လိုက်တယ်ပေါ့။
ဘယ်လိုလုပ် ဒီလို ရယ်စရာဇာတ်ဝင်ခန်းမျိုးက ကမ္ဘာ့ဗိုလ်လုပွဲမှာ ပေါ်လာရတာလဲ.......
“ဟားဟားဟား.......ဒါကလေ VSGအတွက်တော့ တကယ့်ကို ဝမ်းနည်းစရာဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေမယ့် ငါရယ်ချင်နေတုန်းပဲ။”
“ငါ့ရဲ့ အရည်အချင်းက ငါ့ကို ဒီလိုဟာမျိုး မင်းမလုပ်နိုင်ရင် ရယ်လို့မရဘူးလို့ပြောနေတယ်၊ 23333………”
(tn/ 23333 = lol, 😃 ကိုပြောတာပါ။ ရယ်တာပါ။)
“အခု မင်က လူတွေကို ဒီလောက်တောင် သမန်ကာလျှံကာ သတ်နေတာလား။”
“ဒီကား : ဒီလုပ်ဆောင်ချက်လှိုင်းမှာ ငါက မရှုံးနိမ့်နိုင်ဘူးကွ!”
“စိတ်ပျက်စရာကောင်းလိုက်တဲ့ VSG။ ပြောနေစရာတောင်မလိုတော့ဘူး။ နောက်ခံဘုတ်ပြားထပ်ဖြစ်လာဦးမှာပဲ။ ဒီတစ်ခေါက်တော့ ရယ်စရာအကောင်းဆုံး နောက်ခံဘုတ်ပြားဖြစ်နေဦးမှာ။”
::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။