101 - 105

182 7 0
                                    

အပိုင်း - ၁၀၁လန်ဒန်သို့ရောက်ရှိ
လေယာဉ်ကလန်ဒန်သို့ လုံးဝဆိုက်ရောက်ပြီးချိန်တွင် great god နှင့်အခြားသူများနိုးလာပြီး လေယာဉ်ပေါ်မှဆင်းလာကြသည်။
ဝမ်ဒိုယု လည်း သူသဘောကျသော ရွှေရောင်ဆံပင်နှင့်မိန်းကလေးကို နှုတ်ဆက်စကားပြောရန် လေယာဉ်တံခါးကိုဆီသို့ ဝန်လေးစွာလျှောက်လာသည်။
ဒါပေမဲ့ တစ်ဘက်မိန်းကလေးက သူ့ကိုမသိကျိုးကျွံပြု၍ ကျန်းစစ်မင်ကိုသာ မျက်စိတစ်ဘက်မှိတ်ပြသည်။
အောက်မဆင်းခင် တွယ်တာမှုနှင့် မတွေ့ရတော့မည်ကို ဝန်လေးခြင်းတို့ကြောင့် ဝမ်ဒိုယုသည် လေထိုးလေအောင့်ဖြစ်ချင်နေတာကို သတိထားမိလိုက်၏။
“သွားရအောင် ဘရို ရေ။ ကျန်းစစ်မင်ပြောတာမှန်တယ်။ နောက်နောင်ကျေးဇူးပြုပြီး  ဖွန်ကြောင်ချင်ရင်သူ့ကိုမရှာနဲ့တဲ့”
great god ကဝမ်ဒိုယု ရဲ့ပျော့ပျောင်းနေသောပုခုံးကို လေးနက်စွာပုတ်လိုက်သည်။
“ကောင်းပြီ။ ငါသူ့ကိုထပ်မရှာတော့ဘူး”
ဝမ်ဒိုယု လေးလေးနက်နက် သဘောတူလိုက်သည်။
သူတို့အုပ်စု လေယာဉ်ပေါ်ကဆင်းကြသောအခါ ကျန်းစစ်မင်လည်း ရွှေရောင်ဆံပင်ကောင်မလေးကို ထားခဲ့လိုက်သည်။
ယခုခရီးစဉ်သည် မူလအလုပ်ကိစ္စအတွက်သာဖြစ်သည်။
သူ့နှလုံးသားသည် လုံးဝလှုပ်ရှားမှုမရှိပေ။
လေယာဉ်ပေါ်မှဆင်းပြီးနောက် လန်ဒန်တွင်စီစဉ်နေကျ အသင်းဝင်တစ်ဦးက ဘတ်စ်ကားကြီးကိုသုံးပြီး အသင်းကိုဟိုတယ်သို့လိုက်ပို့သည်။
လန်ဒန်ရဲ့ညမြင်ကွင်းက အင်မတန်လှပသည်။
အားလုံးကလေယာဉ်ပေါ်တွင် လုံလောက်စွာအိပ်စက်ခဲ့ကြသောကြောင့် ကားနားမှာတဝဲလည်လည်လုပ်နေကြသည်။
ကျန်းစစ်မင်သာလျှင် ထပ်အိပ်ပျော်သွားပြန်သည်။
“လောင်ကျန်း၊ နေလို့ရောကောင်းရဲ့လား။ ဘာလို့တောက်လျှောက်အိပ်နေတာလဲ”
great god ကကျန်းစစ်မင် လွန်ခဲ့တဲ့နာရီအနည်းငယ်က လေယာဉ်ပေါ်တွင် ဘာလုပ်ခဲ့မှန်းမသိပေ။
“ဪ၊ နည်းနည်းပါ။ ခဏလောက်ပဲအိပ်မှာပါ”
ကျန်းစစ်မင် ဝေ့လည်ကြောင်ပတ် ပြန်ဖြေသည်။
တစ်ချိန်ထဲမှာပင်  တောင်ကိုရီးယား၏ ဆိုးလ်လေဆိပ်တွင် အရိပ်နှစ်ခုက  သူတို့ရဲ့လက်ဆွဲသေတ္တာငယ်လေးတွေကိုသယ်ပြီး လေ ယာဉ်ပေါ်တက်ရန် ပြင်ဆင်နေသည်။
နှစ်ယောက်လုံး လျှာထိုးဦးထုပ်ဆောင်းကာ maskနှင့်နေကာမျက်မှန်လည်းတပ်ထားပြီး သူတို့ကိုမှတ်မိသွားမှာစိုးရိမ်နေကြသည်။
“အစ်မဂျီယို, အူဟွီ က တကယ်မသွားဘူးလား?”
လင်းယိုနာ ကမေးလိုက်သည်။
“ဟုတ်တယ်။ သူ့ကုမ္ပဏီက ပြဇာတ်တစ်ခုအတွက် လက်ခံလိုက်ပြီး အစည်းအဝေးလုပ်ဖို့ရှိတယ်တဲ့။ တကယ်အချိန်မရှိလို့ပါတဲ့”
ဆွန်းဂျီယို ကပြန်ဖြေသည်။
“ဟုတ်ပါပြီ။ ဒါဆိုညီမတို့ပဲ သွားရတော့မှာပေါ့”
လန်ဒန်ကိုသွားရတော့မည်ဆိုသောအခါ လင်းယိုနာအလွန်ပျော်ရွှင်သွားခဲ့သည်။
ခရီးသွားပြီးအနားယူနိုင်ရုံသာမကဘဲ  သူမကိုတစ်ခါတုန်းက ဂိမ်းကစားရန်ခေါ်သွားခဲ့သည့်  ကောင်းကင်မှမိုးနတ်သားလေးထံလည်း အလည်သွားနိုင်သောကြောင့်ဖြစ်သည်။
နောက်နှစ်ရက်နေလျှင် သူ့ကိုတွေ့ရတော့မည်ဆိုသော အတွေးကြောင့် လင်းယိုနာ အနည်းငယ်စိတ်လှုပ်ရှားနေသည်။
သူမကလူသိများသော ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်သည်။
သူမသည်မရေမတွက်နိုင်လောက်အောင်ပရိသတ်များနှင့်  အဖြစ်အပျက်များကိုကြုံဖူးသော်လည်း ထိုကဲ့သို့စိတ်ထက်သန်မှု ပေါ်လာသည်မှာ  ပထမဆုံးအကြိမ်ဖြစ်သည်။
ပြီးတော့ netizen တစ်ယောက်နှင့် ဆုံဖူး သည်မှာလည်း ပထမဆုံးဖြစ်သည်။
မိုးနတ်သား အိုပါးက ဘယ်လိုပုံစံရှိမလဲမသိဘူး…..
လေယာဉ်ပေါ်တက်ခါနီးတွင် ဆွန်းဂျီယို ဖုန်းရုတ်တရက်မြည်လာသည်။
“ဟယ်လို။ ဘာ? အခု! ဟုတ်ပြီ ဟုတ်ပြီ။ လာခဲ့မယ်”
ဆွန်းဂျီယို ဖုန်းချလိုက်သည်။
လင်းယိုနာ ကစိတ်ထင့်ပြီး မှင်သက်မိနေသည်။
“အစ်မ ဂျီယို ဘာဖြစ်လို့လဲဟင်?”
ဆွန်းဂျီယို ကအားတုံ့အားနာဖြင့်ပြောသည်:
“အခုပဲခေါင်းဆောင်  လျူဇိုင်ရှိ ဖုန်းဆက်တာ။ အစီအစဉ်ကပြောင်းသွားပြီး Running Man  နောက်ဆုံးအပိုင်းထုတ်လွှင့်ဖို့ ကြိုတင်ရိုက်ကူးရမယ်တဲ့။  ပြန်သွားမှဖြစ်မယ်”
“ဟင်? ဒါဆို…ညီမကဘယ်လိုလုပ်ရမလဲ…”
လင်းယိုနာ ထိတ်လန့်ဒေါသထွက်ပြီး အခက်ကြုံနေရသည်။
သေချာပေါက် အတူတူသွားဖို့ သဘောတူထားပြီးမှ ဘာကတိမှ မတည်နိုင်ဖြစ်ရလေပြီ။
“အစ်မလည်း  မတတ်နိုင်လို့ပါ။ တကယ်တောင်းပန်ပါတယ် ယိုနာရယ်။ ဒါမှမဟုတ်ရင်လည်း  အခုမသွားနဲ့တော့။လန်ဒန်ကို တစ်ယောက်တည်းလွှတ်ရမှာလည်း စိတ်မချဘူး။  လက်မှတ်ကိုငွေပြန်အမ်းခိုင်းပြီး အတူတူပြန်သွားရင်ရော?”
ဆွန်းဂျီယို ကပြောသည်။
လင်းယိုနာ ကသဘောတူချင်ပေမဲ့ ဘာကြောင့်မှန်းမသိ ခေါင်းခါလိုက်မိပြီးပြော သည်။
“မဟုတ်ဘူး။ ညီမက ခွင့်ရက်ယူခဲတယ်။ လန်ဒန်ကို ရက်နည်းနည်းလောက်သွားပြီး ပြန်လာခဲ့မယ်”
“ဖြစ်ပါ့မလား?”
ဆွန်းဂျီယို အနည်းငယ်စိတ်ပူမိသည်။
“စိတ်မပူပါနဲ့။ လန်ဒန်ကို အခေါက်ပေါင်းများစွာ ရောက်ဖူးနေတာပဲ။ ပြီးတော့အင်္ဂလိပ်လိုလည်း ပြောနိုင်တယ်လေ။ ဘာကိုစိတ်ပူနေမှာလဲ”
လင်းယိုနာ စိတ်ချမ်းသာအောင် ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆိုလေယာဉ်ထိလိုက်ပို့မယ်။ လန်ဒန်ရောက်ရင် ဖုန်းဆက်ဖို့သတိရဦးနော်”
အဆုံးတွင် လန်ဒန်သွားမည့်လေယာဉ်ပေါ်သို့ လင်းယိုနာ တစ်ယောက်တည်း ခြေချခဲ့သည်။
………..
ဟိုတယ်တွင်နားနေပြီးနောက် 4amတစ်ဖွဲ့လုံး ဟိုတယ် ဒုတိယထပ်တွင်ရှိသော စားသောက်ဆိုင်တွင် အစားအစာများ စားသုံးကြသည်။
အသင်းဝင်များက  သူတို့ရဲ့ဖုန်းများဖြင့် အပြင်ဘက်နေရာများကို သူတို့အားစောင့်မျှော်နေသော  ပြည်တွင်းရှိပရိသတ်များထံ တိုက်ရိုက်ထုတ်လွှင့်ပေးသည်။
Great god၏ တိုက်ရိုက်ထုတ်လွှင့်ခန်းကို အသုံးပြုကြတာတော့ သေချာပေါက်ပင်ဖြစ်သည်။
4amသည်ဟူရာနှင့် သဘောတူစာချုပ်ရှိ၍ ကျန်းစစ်မင်က ကောင်းမွန်စွာနားလည်ပေးပါသည်။
တိုက်ရိုက်ထုတ်လွှင့်မှု စဖွင့်လိုက်သည်နှင့် ပရိသတ်များ အလျင်အမြန်ရောက်လာကြပြီး သူတို့အကြိုက်ဆုံး idolကိုလိုက်ရှာကြသည်။
“အဲ့ဒါ UKမှာလား?”
“ဒီဟာလန်ဒန်မှာ။ ငါတစ်ခါမှ မရောက်ဖူးဘူး”
“ဝေဂျန်ရေ၊ ဒီနေ့ဝက်ခေါင်းသား 1 catty ကိုဘယ်စျေးလဲ?”
[catty - တရုတ်ရိုးရာ ချင်တွယ်သည့်ယူနစ် (1 catty = 0.6 kg)]
“အခုမျိုဂျင်အတွက် အသင့်ရှိနေမယ်!”
“မျိုဂျင်အတွက် လာခဲ့တာပါ!”
“မျိုဂျင်ဘက်ကို ကင်မရာလှည့်ပေးပါဦး။ ငါ့ယောကျ်ားကို တွေ့ချင်တယ်!”
“Great  god က ဝနေတုန်းပဲ။ ပြီးတော့ မျိုဂျင်ကလည်း မိမိုက်ပြီး ဖြောင့်နေတုန်းပဲ!  မျှော်လင့်ထားတဲ့အတိုင်းသူက4amမှာ လုံးဝအချောဆုံးသူပဲ!”
………..
အသင်းဝင်များက သူတို့ရဲ့ဖုန်းများဖြင့် 4amအဖွဲ့သား ၄ယောက်၏ မျက်နှာများကို ခေါက်တုံ့ခေါက်ပြန် ရိုက်ပြနေရသည်။
နောက်ဆုံးတွင် ကွန်းမန့်များက ပြောကြလွန်းသောကြောင့် ကင်မရာက great god နှင့် ကျန်းစစ်မင်တို့ရဲ့စားပွဲကို ချိန်ပေးထားလိုက်ရသည်။
ထိုနှစ်ယောက်က လုံးဝရေပန်းစားနေတဲ့ ကစားသမားနှစ်ယောက်ဖြစ်တာကြောင့် ပရိသတ်များက သူတို့ကိုကြည့်ရတာ ပျော်ရွှင်နေကြသည်။
ကျန်းစစ်မင်နှင့် great godတို့ အတူတူထိုင်နေသောကြောင့် ရိုက်ပေးနေသောသူ ကံကောင်းသွားသည်။
မဟုတ်လျှင် ဘယ်သူ့ကိုရွေးရမလဲဆိုတာ အခက်ကြုံနေမှာဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်နေခြင်းကိုကြားပြီး ကျန်းစစ်မင်ကားထဲကနေနိုးသွားသည်။
အိပ်ချင်မူးတူးမျက်လုံးများနှင့် သန်းဝေပြီးဆံပင်တွေကလည်း ရှုပ်ပွနေသည်။
ပြီးတော့သူက ဖုန်းကင်မရာရှေ့တွင်မှီနေခြင်းဖြစ်သည်။
ကျန်းစစ်မင်က အပြင်ဘက်တွင် ဖုန်းနှင့်တိုက်ရိုက်ထုတ်လွှင့်ခြင်း တစ်ခါမှမလုပ်ဖူးပေ။
ထို့ကြောင့်သူက ကွန်ပြူတာတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် အတူတူပဲဟုထင်ပြီး သူ့မျက်နှာက ကင်မရာမှန်တွင် ပြည့်လုလုဖြစ်နေသည်။
ကျန်းစစ်မင်ကအိပ်ငိုက်နေပေမဲ့ တကယ့်ပကတိမျက်နှာလေးက ပရိသတ်များအားလုံးရှေ့တွင် ပေါ်လာသည်။
ပရိသတ်များက မကြိုက်တာမျိုး မဖြစ်ရုံသာမက အကုန်လုံးအော်ဟစ်မိလိုက်ကြသည်။
“မျိုဂျင်ရဲ့မျက်နှာကို ဒီလောက်နီးနီးကပ်ကပ်မြင်ဖူးတာ ဒါပထမဆုံးပဲ။ ငါပြောချင်တာတစ်ခုကတော့ သူအရမ်းချောတယ်ဆိုတာပဲ!”
“ဘာလို့မျိုဂျင်က အရမ်းအိပ်ငိုက်နေတာလဲ။ ဟားဟားဟားဟား၊ သည်းခံနိုင်လောက်အောင် အရမ်းချစ်စရာကောင်းတယ်~”
“ငါ့ယောက်ျားက ဘာမှမပြင်မဆင်ဘဲနဲ့တောင် အရမ်းကြည့်ကောင်းတယ်။ အဲ့တော့ လာယှဉ်ဖို့ စိတ်ကူးတောင်မယဉ်နဲ့!”
“ငါ့ယောက်ျားက ငါ့အပိုင်ပဲ!”
“Ma Ye, မျိုဂျင်ရဲ့ ရုပ်ရည်လေးကိုကြည့်ပါဦး။ ပြီးတော့Great godကိုကြည့်ကြည့်။ ထားလိုက်ပါတော့။ဝက်ခေါင်းကို ရိုက်မိမှာစိုးတယ်”
………..
ကောမန့်များတွင်ရေးနေကြသည်များကို ချောင်းကြည့်နေသော great godသည် ရေးထားတာကိုမြင်သွားပြီး အလွန်ဒေါသထွက်သွားသည်။
ကျန်းစစ်မင်အတွက်သာ မဟုတ်ခဲ့လျှင် ရှောင်ရှင်းမူ, ဝမ်ဒိုယု နှင့် အခြားသူများဖြင့်သာ ထိုင်လိုက်မိမည်ဖြစ်သည်။
ထိုအချိန်တွင် ဟိုတယ်စားပွဲထိုးရောက်လာပြီး သူတို့လေးယောက်အား ဘာစားစရာများမှာမလဲဟုမေးကာ မီနူးကိုကမ်းပေး သည်။
မီနူးက  အကုန်လုံးအင်္ဂလိပ်လို ရေးထားသောကြောင့် သူတို့နားမလည်ဘဲ Great god  နှင့်ကျန်သုံးယောက်က ချက်ချင်းရှက်ကိုးရှက်ကန်းဖြစ်သွားကြသည်။
ထို့ကြောင့်သူတို့က  အော်ဒါမှာရန် မီနူးအားဂရုတစိုက်ကြည့်ဟန်ဆောင်ကာ ခေါင်းများကိုငုံ့နေပြီး  မမော့ကြတော့ဘဲမီနူးစာရွက်များကြားမှ ပေါက်ဖတ်ကောင်များ  ပျံထွက်လာတော့မလိုစာရွက်တွေကိုသာ ဆက် တိုက်လှန်နေကြသည်။
ကျန်းစစ်မင်က အလွန်ပေါ့ပေါ့ပါးပါးပင် မီနူးကိုကြည့်၍ စားပွဲထိုးအားပြောလိုက်သည်။
“ဘယ်ရီပန်ကိတ်တစ်ခုရယ်၊ Eggs Benedict တစ်ပွဲရယ်၊ ဘဲသား ပန်ကတ်တစ်ပွဲရယ်၊ ပျားရည်နည်းနည်းနဲ့ ကော်ဖီတစ်ခွက်ပေးပါ”
ပြီးပြည်စုံတဲ့ လန်ဒန်လေယူလေသိမ်းက စားပွဲထိုးများကို အံ့ဩသွားစေသည်။
Great godနှင့် အခြားသူများ အော်ဒါမှာရန်အလှည့်ဖြစ်ပြီး သုံးယောက်လုံးမဲ့ရွဲ့ကာ ဘာပြောရမှန်းမသိဖြစ်နေကြသည်။
ပရိသတ်များ ဝါးလုံးကွဲရယ်မောလိုက်ကြသည်။
“ဟားဟားဟား၊ ငယ်ငယ်တုန်းက စာဘယ်လိုကြိုးစားရမှန်း မသိခဲ့ဘူးပဲ”
“သုံးယောက်လုံး စာမတတ်ပေမတတ်တွေပဲ။ ဘယ်သူကဘယ်သူထက်ပိုပြီး ရှက်နေမလဲ!”
“တော်တော်ရယ်ရတယ်။ ယှဉ်ပြောတာတော့ မဟုတ်ပေမဲ့ မျိုဂျင်စကားပြောလိုက်တော့ သူတို့နေစရာတောင် မရှိတော့ဘူး။ ဟားဟား”
“Great god : ကျွန်တော့်ကို ဝက်ခေါင်းသား 2 catties ပေးပါ!”
“Great god ကခေါင်းမာနေတာပါ။ စာပိုလုပ်ရတော့မယ်ဆိုတာတော့ သူသိပါတယ်”
………..
ကျန်းစစ်မင်က သူတို့အင်္ဂလိပ်လို မတတ်ကြတာသိသောကြောင့် တစ်ယောက်ချင်းစီအတွက် မျှတစွာ မှာပေးလိုက်သည်။
“တစ်ယောက်ချင်းအတွက် အဆင်ပြေလောက်မယ့်ဟာကို မှာလိုက်တယ်။ အရသာမကောင်းရင်တော့ အပစ်မတင်ပါနဲ့နော်”
ကျန်းစစ်မင်ပြုံး၍ပြောသည်။
“မဟုတ်တာ၊ရပါတယ်”
Great godတို့သုံးယောက်က အမြန်လက်ကာပြပြီးပြောသည်။
အခက်ခဲကို ဖြေရှင်းပေးလိုက်တဲ့အတွက် ကျန်းစစ်မင်ကို ကျေးဇူးမတင်မိပါ။
မျက်နှာမဖော်ဘဲစားတာက ပိုကောင်းနေမည်လား?
::::::::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now