26 - 30

231 17 0
                                    

အပိုင်း - ၂၆ (အလျော့ပေး ချုပ်ဆိုမှု။)
ကျောင်းရွမ်က နားလည်သွားတဲ့တစ်ခဏ သက်ပြင်းချပြီးနောက် ကျန်းစစ်မင်ကို ဆက်ရှင်းပြသည်။
“စာချုပ်သက်တမ်းက ရှည်လျားတယ်ဆိုပေမယ့်လည်း ဒါက ရှင့်ရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှု ဆိုတာကို သိရမယ်လေ.. ကျွန်မတို့ ရှင့်ကို S အဆင့် စာချုပ်တစ်ခုပေးနိုင်တာကတော်တော်လေး စွန့်စားထားတာပဲ... စိတ်သက်သာရာရသင့်ပြီ ဟုတ်တယ်မလား”
ကျန်းစစ်မင်က သူမရဲ့ ဓလေ့ထုံးစံအတိုင်း လိုက်မလုပ်ခဲ့ပေ။
သူက ခပ်အအ အဖွဲ့ထဲက လူမျိုးလည်း မဟုတ်ပေ။
အတွေ့အကြုံကြွယ်ဝမှုအရဆိုလျှင် ရေထဲမှာ နေနေကြ ငါးကဲ့သို့ပင် ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲနိုင်နေပြီ ဖြစ်သည်။
“ငါ့ရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုဆိုတာ သိပါတယ်.. ငါ့မှာ အတွေ့အကြုံမရှိလို့ဆိုပြီး ပြောပေမယ့် ငါ ကျောင်းလူကြီးမင်းအတွက် စျေးညှိစရာအနေနဲ့ မလုပ်နိုင်ဘူး.. အဲ့လိုမဟုတ်ရင် မင်းက ငါနဲ့ S အဆင့် စာချုပ်မချုပ်ဆိုနိုင်ဘူးပေါ့ ဟုတ်တယ်မလား”
“မင်းတို့အတွက် ပေးထားတဲ့ ငါ့အရည်အချင်းကို သေချာကြည့်ပြီးတော့ ဆုံးဖြတ်သင့်တယ်.. အဲ့တာက တိုက်ရိုက်ထုတ်လွှင့်မှု အတွေ့အကြုံမရှိသေးတဲ့ အားနည်းချက်ထက်စာရင် အများကြီးကောင်းနေတယ်မဟုတ်ဘူးလား... ငါပြောတာမဟုတ်ဘူးလား”
ကျောင်းရွှမ်က ခဏတိတ်ဆိတ်သွားပြောနောက် သဘောတူကြောင်း ခေါင်းညိမ့်ပြလိုက်မိလေသည်။
ထို့နောက် ကျန်းစစ်မင်က ပြုံးပြီးတော့ ပြောလေသည်။
“အတားအဆီးမရှိမှတော့ ကျောင်းလူကြီးမင်းပြောသလို စွန့်စားရာမရောက်ပါဘူး.. ဆယ်နှစ်အတွင်း အလယ်မှာ ဘာတွေဖြစ်သွားမလဲဆိုတာ ဘယ်သူကမှ အာမခံနိုင်တာမှ မဟုတ်တာ.. အဲ့ဒီဆယ်နှစ်အတွက် အရာအားလုံးနဲ့ လောင်းကြေးထပ်ထားရမှာ... အသက်မွေးဝမ်းကြောင်း၊ ငယ်ရွယ်မှု အဲ့လို ပုံအောရမှာ ရက်စက်ရာရောက်တယ်လို့ပဲ ငါတော့ထင်တယ်”
“ငါ အဖိုးတန်လား မတန်လား မင်းတို့ ပလက်ဖောင်းဘက်က သတ်မှတ်ပေမယ့် ကောင်းလာမလား ဆိုးလာမလား သေချာသိနိုင်တာမျိုး မဟုတ်ဘူး... အဲ့တာမလို့ စာချုပ်ကို တစ်နှစ်ပြီးမှ တစ်နှစ်ချုပ်ရအောင် S အဆင့်ကနေ A အဆင့်ကို ပြောင်းလိုက်ပါ”
ကျောင်းရွှမ်က အံ့အားသင့်သွားလေသည်။
သူမပေးထားတဲ့ စာချုပ်ဖြင့် ဆက်ဆံမှုကို ပေးထားသည့် အဆင့်ထက် လျော့ချပြီး ချုပ်ဆိုခိုင်းတာ ဒါပထမဆုံး ဖြစ်လေသည်။
“မင်းတို့ရဲ့ ကုမ္ပဏီက ငါ့ကို ကြင်ကြင်နာနာဆက်ဆံပါတယ်.. ငါက ကောင်းမလား ဆိုးမလား သေချာမသိနိုင်တဲ့လူလေ.. ငါ လူကောင်းတစ်ယောက်လို့တော့ မပြောနိုင်ပေမယ့် ဆယ်နှစ် စာစာချုပ်ကိုတော့ သဘောမတူနိုင်ဘူး... ပုံမှန်ဆို တခုခုကိုရွေးချယ်လိုက်သင့်တာ... ဒါပေမယ့် ငါ့ကိုယ်ငါ အရာအားလုံးပေါ်မှာ အမြတ်မထုတ်စေချင်ဘူး”
ကျန်းစစ်မင် ရဲ့ ဖျော့တော့တော့ အပြုံးဟာ ကျောင်းရွှမ်အတွက်တော့ သူမရဲ့ ကျန်းစစ်မင်အပေါ် သဘောကျမှုတွေ မထိန်းမသိမ်းနိုင်လောက်အောင်ကို တိုးလာစေလေသည်။
တစ်ဖက်လူက သူမတွေးထားသလို လူမျိုးမဟုတ်သည့်အပြင် စာချုပ်ချုပ်ဆိုမှုကိုပါ အဆင့်လျော့ချပေးဖို့ စလိုက်သည့်အတွက် သူမအတွက်လည်း လွတ်လပ်မှုရစေသည်။
သူက ပွင့်လင်းပြီး ညဏ်ပညာရှိရုံတင် မကဘူး သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းလည်း ရှိပြီး တချိန်တည်းမှာပင် သူ့ရဲ့ အနာဂတ်အတွက် သူ့ကိုယ်သူ ယုံကြည်မှုလည်း မြင့်မားသည်။
အကယ်၍ မင်းသာ မင်းကိုယ်မင်း ယုံကြည်မှု မရှိဘူးဆိုလျှင် ဆယ်နှစ်စာချုပ်ဆိုမှုကို ဘယ်လိုငြင်းပယ်နိုင်မှာလဲ။
ဆယ်နှစ်စာချုပ်ဆိုမှုကို ချုပ်ဆိုလိုက်ပြီးတာနှင့် အနာဂတ်မှာ ကျန်းစစ်မင်က သူတို့ မျှော်မှန်းချက်နှင့် မကိုက်ညီတာပဲဖြစ်ဖြစ် လူနှစ်သက်မှု လျော့သွားတာပဲဖြစ်ဖြစ် ဖြစ်နေရင်တောင်မှ ပလက်ဖောင်းက သူ့ကို တစ်နှစ်ကို အနည်းဆုံး 10 မီလီယံပေးနေရမည်သာ ဖြစ်သည်။
ဆယ်နှစ်ဆိုတော့ 100မီလီယံနှင့် ညီမျှလေသည်။
ဒါပေမယ့် ကျန်းစစ်မင်က သူမ မျှော်လင့်ထားသလိုမဟုတ်ဘဲ ငြင်းဆိုခဲ့သည်။
“ကောင်းပြီ သဘောတူတယ်”
ကျောင်းရွှမ်က ခေါင်းညိမ့်ပြီး သဘောတူလိုက်သည်။
“ဒါပေမယ့် စာချုပ်သက်တမ်း ပြီးဆုံးတဲ့ထိစည်းမျဉ်းစည်းကမ်းတွေရှိတယ်... ကျွန်တို့ ပလက်ဖောင်းက ရှင့်ကို ဆိုးဆိုးဝါးဝါးဆက်ဆံတဲ့ အကြောင်းပြချက် မရှိဘူးဆိုရင် ရှင်နဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ ကျွန်မတို့မှာ အခွင့်အရေးရှိတယ်”
ကျန်းစစ်မင်က သဘောတူဖို့ ဆုံးဖြတ်လိုက်သည်။
“ငါက စိတ်လှုပ်ရှားလွယ်တဲ့ လူမျိုးပါ... မင်းတို့ ပလက်ဖောင်းက ဆိုးဆိုးဝါးဝါး မဆက်ဆံဘူးဆို မင်းတို့ဆီမှာပဲ တသက်လုံးနေဖို့ စိတ်ကူးရှိပါတယ်”
“ကောင်းတာပေါ့ရှင် ပျော်ရွှင်စရာ ပူးပေါင်းမှုပါ”
ကျန်းစစ်မင်က ပြုံးပြီး ကျောင်းရွှမ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
နောက်ဆုံးတော့ အပြန်အလှန် နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးပြီးနောက် စာချုပ်ချုပ်ဆိုတာ ပြီးဆုံးသွားလေသည်။
ဒီနေ့မှစပြီး ကျန်းစစ်မင်ဟာ Glorious Diရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပြီ။
“A အဆင့် စာချုပ်ချုပ်ဆိုကြေးက ငါးမီလီယံဖြစ်ပြီး သုံးရစ်ခွဲပေးမှာပါ... ပထမဆုံး နှစ်မီလီယံကို မနက်ဖြန်နောက်ဆုံးထားပြီး လွှဲလိုက်ပါမယ်”
“တရားဝင်တိုက်ရိုက် ထုတ်လွှင့်မှုကို သဘက်ခါ စရင်ရော ဘယ်လိုလဲ... ပလက်ဖောင်းက ဒီနှစ်ရက်အတွင်း ရှင့်ကို ကျော်ကြားအောင် လုပ်ပေးမှာပါ”
ကျန်းစစ်မင်က ငြင်းဆိုစရာ မရှိသည့်အတွက် သဘောတူလိုက်သည်။
ထိုအချိန် စားပွဲထိုးမှ စားသောက်စရာများ လာချပေးပြီဖြစ်သည့်အတွက် နှစ်ယောက်သား အလုပ်ကိစ္စအကြောင်း ဆွေးနွေးရင်း ပျော်ရွှင်စရာ စားသောက်ရင်း ကုန်ဆုံးခဲ့လေသည်။
ဂျပန်အစားအစာကို ကျန်းစစ်မင်က အကြိမ်အနည်းငယ်စားဖူးလေသည်။
သို့သော် ဖက်ထုတ်ကဲ့သို့သော အစားအစာနှင့်ပတ်သတ်ပြီး ဟာသမလုပ်ခဲ့လိုက်ပေ။
စားသောက်ပြီးနောက် နှစ်ယောက်သား ပျော်ရွှင်စွာ ထွက်ခွါခဲ့လေသည်။
မထွက်ခွါခင်တွင်လည်း We Chat အ   ကောင့် အပြန်အလှန် လဲခဲ့သည်။
ကျန်းစစ်မင်က ကျောင်းရွှမ် မောင်းထွက်သွားတဲ့ Mercedes-Benz Big Gကိုကြည့်ပြီးနောက် ဖုန်းစခရင်မှ ကျောင်းရွှမ်ရဲ့ ဓာတ်ပုံအား ကြည့်လိုက်လေသည်။
အမေနှင့် သမီး အတူရိုက်ထားသည့် ပုံနှင့်တူလေသည်။
ဓာတ်ပုံထဲမှ ကောင်မလေးက အသက် ၁၁ ဒါမှမဟုတ် ၁၂လောက်သာ ရှိဦးမည်။
သူမဘေးက ရပ်နေသည့် မိခင်ဖြစ်သူကတော့ ကျောင်းရွှမ်ပဲဖြစ်သည်။
ဒီကလေးမလေးနှင့် သူမရဲ့ နေ့စဉ်ဘဝလှုပ်ရှားမှု အကြောင်းတွေက ပြည့်နှက်နေလေပြီး တင်ထားသည့်စာများကလည်း သမီးလေး ဒီနေ့ဘာလုပ်နေပါတယ် … ပျော်ရွှင်စရာမွေးနေ့ပါ.. ထိုကဲ့သို့သော စာသားများ ဖြစ်သည်။
တကယ့် မေမေနှင့် သမီးလေးပဲ။
ကျောင်းရွမ်က မိခင်တစ်ယောက်ဖြစ်နေ့  သည့်အပြင် ဒီအသက်အရွယ်လောက်ရှိမည့် သမီးလေးပါရှိနေသည့်အတွက် ကျန်းစစ်မင် အံ့ဩမိသည်။
ကျောင်းရွှမ်ရဲ့ပုံစံကို ကြည့်ရသည်မှာ အသက်၃၀အစောပိုင်းလောက်သာ ရှိဦးမည်။
သူမမှာ ဘယ်လိုလုပ် ဒီလောက်ကြီးသည့် ကလေးရှိနေတာလဲ။ စောစောလက်ထပ်ခဲ့တာများလား။
ပြီးတော့ သမီးလေးကလည်း ကျောင်းရွှမ်  နှင့် သိပ်မတူပေ။
ကျန်းစစ်မင်က သူ့ခေါင်းကို ကုတ်ရင်း ဆက်မတွေးဖို့ ဆုံးဖြတ်လိုက်သည်။ သူများ မိသားစုရေးကိစ္စတွေ စိတ်ဝင်စားမိနေသည်ကို သူ့ကိုယ်သူ အံ့ဩမိသည်။
ထို့နောက် ကွန်ပျူတာတစ်လုံးဝယ်ရန်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွက် လိုအပ်သည့် ပစ္စည်းများဝယ်ရန် ရှုကျဟွိုင် ဆီ ရှားရှားပါးပါး သွားလိုက်သည်။
မနေ့က သိုက်ရှောင်မိန်က တိုက်ရိုက်ထုတ်လွှင့်ဖို့ လိုအပ်သည့် ပစ္စည်းများအကြောင်းကို ပြောခဲ့ပြီး ယခု သူတို့စကားပြောနေဆဲဖြစ်သည်။
“မင်ကော အခု ရှုကျဟွိုင် မှာလား”
ညီမလေး သိုက်မှာ ကျန်းစစ်မင် စာချုပ်အကြောင်း ပြောဆိုနေခဲ့သည်ကို မသိပေ။
တစ်ယောက်က ရှန်ဟိုင်းမှာနေပြီး တစ်ယောက်က ဟွန်ကျိုး မှာနေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် အနေဝေးလေသည်။
“ရှုကျဟွိုင်ကို သွားပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်မလို့ မင်းရော ရှုကျဟွိုင်မှာလား”
“မဟုတ်ဘူး အခုအိမ်မှာ… ရှုကျဟွိုင်နဲ့ နည်းနည်းဝေးတယ်”
ဖုန်းရဲ့တစ်ဖက်မှာတော့ မိန်းမငယ်လေးဟာ ရှုကျဟွိုင်ရှိ အဝတ်ဆိုင်မှ အဝတ်များကို ဝတ်ကြည့်ရင်း အနည်းငယ် ကြောက်ရွံ့နေမိသည်။
ကျန်းစစ်မင်က သူမကို တွေ့ရန် ခေါ်မှာ ကြောက်နေလေသည်။ သူမဘာမှ မပြင်ဆင်ရသေးပေ။
သူမ ဒီနေ့ မိတ်ကပ်လည်း သိပ်မပြင်ခဲ့ရပေ။
Two Thousandက အရေးထဲ အဝတ်လဲနေသေးသည်။
သူမ မင်ကောနှင့် တွေ့ရမည်ဆိုလျှင်လည်း အလှဆုံးဘက်ခြမ်းကိုသာ ပြချင်မိသည်။
အပြစ်ရှိသလို ခံစားနေရသည့် မိန်းမငယ်လေးဟာ ဘေးဘီကို တချက်ကြည့်လိုက်ပြီး ကျန်းစစ်မင် အနီးနားမှာ ရှိနေမှာ စိုးရိမ်မိသည်။
သူမ ကျန်းစစ်မင်ကို မတွေ့ဖူးတာကို သတိရသွားသည်။ အနီးအနားမှာ သူရှိနေမည်ဆိုရင်တောင်မှ မှတ်မိမည် မဟုတ်ပေ။
“အရင်သွားဝယ်လိုက်ဦးမယ် ပြီးမှ ဖုန်းပြောတာပေါ့”
ကျန်းစစ်မင်က ပြောပြီးနောက် Computer Cityသို့ ဝင်သွားလေသည်။
ရှုကျဟွိုင် တွင် လျှပ်စစ်ပစ္စည်းများနှင့် ပတ်သတ်သည့် အလွှာအတွင် အရည်အသွေး  မြင့် လျှပ်စစ်ပစ္စည်းများ ရောင်းချလေသည်။
ကျန်းစစ်မင်က အရမ်းကောင်းတာကြီးတော့ မဝယ်လောက်ပါဘူးဟု သိုက်ရှောင်မိန် တွေးလိုက်မိသည်။
တိုက်ရိုက်ထုတ်လွှင့်မှုနှင့် ဂိမ်းက ချိတ်ဆက်ထားသည့်အလျောက် ကွန်ပြူတာစက်ကို လေးစေလေသည်။
အရည်အသွေးနိမ့်ကွန်ပျူတာကို အသုံးပြု၍ အဆက်မပြေသည့်အပြင် တိုက်ရိုက်ထုတ်လွှင့်မှုနှုန်းလည်း လျေ့ာကျစေနိုင်သည်။
အဲ့လိုဆိုလျှင် တိုက်ရိုက်ထုတ်လွှင့်သည့် မျက်နှာပြင်က ဝါးပြီး အခြားပြဿနာတွေလည်း တက်နိုင်လေသည်။
ရွေးချယ်စရာမရှိဘူးလေ...
ကျန်းစစ်မင်လည်း အရည်အသွေးမြင့် ကွန်ပျူတာကိုပဲ ဝယ်ဖြစ်ခဲ့သည်။
စာချုပ်ကြေးက ပေးတော့မည်ဖြစ်သည့်အတွက် ကျန်းစစ်မင်က ပိုက်ဆံအနည်းငယ်လောက် အသုံးမပြုနိုင်စရာ မရှိပေ။
ဘယ်ဆိုင်မှာ ဝယ်ရမလဲ တုံ့ဆိုင်းနေတုန်း WeChat အသံ မြည်လာလေသည်။
“မင်ကော ဒီ Shopping Mallမှာ Quickလို့ခေါ်တဲ့ဆိုင်ရှိတယ်.. ပစ္စည်းအရည်အသွေးလည်း ကောင်းတယ်... ဆိုင်ရှင်ကလည်း သဘောကောင်းတယ်... နည်းနည်းစျေးကြီးရုံပဲ... ဘယ်မှာ သွားဝယ်ရမလဲသိရင် အဲ့ကိုသွားဝယ်လိုက်... ညီမတုန်းကလည်း အဲ့မှာ ဝယ်ခဲ့တာ”
“အင်း အဲ့ကိုသွားကြည့်လိုက်မယ်”
ကျန်းစစ်မင်က သဘောတူလိုက်သည်။
တဖက်မှ အဝတ်ဆိုင်တွင်တော့ မိန်းမငယ်လေးဟာ အဝတ်လဲခန်းထဲတွင် စိတ်လှုပ်ရှားနေလေသည်။
“Two Thousandရေ အဝတ်မြန်မြန်လဲ! မြန်မြန်! မြန်မြန်! အရေးကြီးတယ်”
“မင်ကောက ရှုကျဟွိုင်မှာ ကွန်ပျူတာဝယ်မှာပဲ... သူ့ကိုသွားတွေ့ရမယ်”
ထို့သို့စဉ်းစားလိုက်တာနှင့် မိန်းမငယ်လေးသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။
“ဘာသွားလုပ်မလို့လဲ”
မိန်းမငယ်လေးသိုက်ကို Two Thousand က မေးလိုက်သည်။
“ဘာတွေစဉ်းစားနေမိတာလဲ... ကောင်းကောင်းလည်း မဝတ်ထားမိဘဲ မင်ကောကို သွားတွေ့မလို့လား”
“ဒါပေမယ့် သွားသင့်တာပဲလေ”
“သူ့ကို တိတ်တိတ်လေးသွားကြည့်လိုက်မယ် သူမသိအောင်”
“သေချာလို့လား သူက ရုပ်ဆိုးနေရင်ရော အသံ နားထောင်လို့ကောင်းတဲ့ ယောကျ်ားတွေရဲ့ ရုပ်ရည်က သာမန်ပဲလို့ ကြားဖူးတယ် ဘီယာဗိုက်နဲ့ သက်လတ်ပိုင်းလောက် လူကြီးဆိုရင်ရော”
Two Thousand က သူမကို သတိထပ်ပေးလိုက်သည်။
“မသိတော့ဘူး”
:::::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now