191 - 195

138 6 0
                                    

အပိုင်း - ၁၉၁ (လူကြုံထပ်လိုက်လာခြင်း)
ဤဗီဒီယိုကိုသာ ထုတ်လွှင့်လိုက်လျှင် ဂိမ်းပရိသတ်ပေါင်းများစွာကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့်ကျန်းစစ်မင် လည်း ရှောင်ရှန်း ကို နောင်တွင် ထိုကဲ့သို့သော ဗီဒီယိုများ ထပ်မံဖန်တီးခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။
ယခင်ကသူကိုယ်တိုင်  ဝဘ်ဆိုက်များတွင် တင်ခဲ့သည်။ သူတင်လိုက်သည့် အခါတိုင်း UP  ပိုင်ရှင်များရောက်လာသည်။ UP ပိုင်ရှင်များက ကျန်းစစ်မင် အတွက်  ဗီဒီယိုများကို အခမဲ့ ပြုလုပ်ပေးသော်လည်း ၎င်းတို့လည်း အမြတ်ရကြပေသည်။
ဤသည်မှာ ကျန်းစစ်မင် ၏ကျော်ကြားမှုကြောင့်ပင်ဖြစ်သည်။
အချို့ကား သူ၏ဗီဒီယိုများကိုအသုံးပြု၍ ငွေရှာရန်ပင် ကြိုးစားလာကြတော့သည်။
ဤအခြင်းအရာကတော့ ကျန်းစစ်မင် အတွက် နည်းနည်းတော့ အဆင်မပြေချေ။
သူ့အတွက်သူရိုက်ခဲ့သည်များက တခြားသူများအတွက် ဘာကြောင့်ငွေရှာတဲ့ကိရိယာဖြစ်ရမည်နည်း။
သူ့အနေဖြင့် ရှောင်ရှန်း ပြုလုပ်သောဗီဒီယိုများသည် UP ပိုင်ရှင်များရောနှောအသုံးပြု၍ ရမည်မဟုတ်ဟု ယုံကြည်ထားသည်။
ဗီဒီယိုထုတ်လုပ်ခြင်း၌လည်း အလွန်ကွာခြားလှသည်။
"ကောင်းကောင်းလုပ်ခဲ့တယ် ရှောင်ရှန်း"
ကျန်းစစ်မင် က ရှောင်ရှန်း ကို ပြောလိုက်သည် ။
"ဟီးဟီး ရှောင်ရှန်း အရမ်းပျော်နေတယ်~"
ရှောင်ရှန်း လည်း ချစ်စရာ ရုပ်သေးရုပ်တရုပ်အဖြစ်ပြန်လည်ပြောင်းလဲသွားပြီး ကျန်းစစ်မင်ပေါ်ထိုင်ကာ ပျော်ရွှင်စွာ ကန်ကျောက်နေခဲ့သည်။
ကျန်းစစ်မင် ဤအသိဉာဏ်ရှိသောစက်ရုပ်ကို နှစ်သက်သည်။
ရှောင်ရှန်း ၏ IQ သည် ရှောင်အိုင် နှင့် Siri တို့ထက် များစွာသာလွန်သည်ဟု သူခံစားရသည်။
ထိုအရာကား အမှန်တကယ်ပင် ကွဲပြားခြားနားသည့် နည်းပညာမြင့် ပစ္စည်းတစ်ခုပင် ဖြစ်သည်။
ကျန်းစစ်မင် နောက်တပွဲဆက်၍ ကစားတော့မည်ဖြစ်သည်။
[ခရီးသွားနေသည့် ဖားပေါက်ကလေး] ကား ၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ထပ်မံရောက်ရှိလာသည်။
သူဝင်လာသည်နှင့် လက်ဆောင်ပစ္စည်းများအမြန်ဝယ်လိုက်သည်။
"ဧကရာဇ် [ဖားကလေး] သည် [မင်] ၏ထုတ်လွှင့်ခန်းအတွက် အာကာသယာဉ် အခု၅၀ ကို ဆုချသည်။"
"ဧကရာဇ် [ခရီးသွားနေသည့် ဖားပေါက်ကလေး]: ချန်ပီယံကြီး၊ ငါအချိန်ရရင် အတူဆော့လို့ရမလား။ ကြက်သားမစားရတာ နှစ်ရက်ရှိနေပြီ။"
ပရိသတ်များက တချက်ကြည့်လိုက်မိသည်နှင့် ရယ်မောနေရသည်။
"ဥက္ကဌက ဒီမှာ လမ်းကြုံကားစီးမလို့တဲ့။"
"အာကာသယာဉ် အစီး ၅၀၊ နောက်ဆုံးကားအတွက်ပဲ ယွမ်နှစ်သိန်းခွဲဖိုးလောက် ဖြစ်နေပြီ။"
"ဥက္ကဌ ဒါကတော့ အရမ်းများတယ်၊ အဲ့ဒါ တမင်တကာ စျေးတင်နေတာမဟုတ်ဘူးလား။"
"ဟုတ်တယ်၊ အစကတော့ လက်ဆောင်လေးဝယ်ပေးပြီး မင်ရှန်းဆီက တစ်ခုပြန်တောင်းမလို့ကို၊ အခုတော့ ပြောရမှာတောင် ရှက်သွားပြီ။"
"သူ့လက်ထဲမှာ  IG တဖွဲ့လုံးရှိနေပြီပဲကို။ ပရော်ဖက်ရှင်နယ်ကစားသမား တွေကိုတော့  မလိုတာအမှန်ပဲ။ (ပြုံးလျက်) ဥက္ကဌကြီးက နတ်ဘုရား ကို ကြိုက်နေတဲ့ပုံပဲ။"
···
ဤကဲ့သို့ အားထုတ်မှုကပင် ကျန်းစစ်မင် ကိုမြင်သွားစေသည်။
ထို့ကြောင့်ပင် ငြင်းဆိုခြင်းမပြုတော့ဘဲ ဥက္ကဌဝမ် ကို အသင်းထဲသို့ခေါ်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ဥက္ကဌဝမ်သည် ချန်ဟဲ နှင့် လင်ရှင်းရှင်း ကို မခေါ်လာခဲ့ပေ။ သူတို့နှစ်ယောက်ကား ရုပ်ရှင်ရိုက်သွားနေကြသည်။
ဂိမ်းခန်းထဲရောက်ချိန်တွင် ဥက္ကဌဝမ် က ကျန်းစစ်မင် ရဲ့ မျက်နှာလို့ ယူဆရသည့် ချန်ပီယံဝတ်စုံကို ၀တ်ဆင်ထားသည်။
"ငါ့ကိုယ်ပိုင်အမြင်အရတော့  ဒီဝတ်စုံကို မကြိုက်ဘူးလို့ တွေးမိတယ်။ ဒါပေမဲ့ မင်း skin ထွက်လာရင်တော့  အခု 500 လောက်သေချာပေါက် လက်ဆောင်ဝယ်သွားမယ်။"
ဥက္ကဌဝမ် က ပိုက်ဆံရှိသူပီပီ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ နောက်နေ့ကျရင် ညစာစားကြတာပေါ့"
ကျန်းစစ်မင် ကယဥ်ယဉ်ကျေးကျေးသာ ပြန်ပြောခဲ့သည်။
ဥက္ကဌဝမ် အနေဖြင့် အလွန်ရက်ရောမည်ဟု သူမမျှော်လင့်ခဲ့ပေ။
"ကောင်းပြီ။  ဒီညသွားစားကြမယ်လေ။ မင်းတိုက်ရိုက်လွှင့်ပြီးရင် ငါ့ဆီ မင်းလိပ်စာ  ပို့ပေးလိုက်။ မင်းကို ငါကားနဲ့ လာခေါ်မယ်။ အစားအသောက်ဆိုင်ကို  အတူသွားကြတာပေါ့။"
ကျန်းစစ်မင် ထိုစကားကိုကြားပြီးနောက် မလိမ်ညာဘဲဆက်ပြောလိုက်သည်။
"ကောင်းပြီ။ ဒါပေမဲ့ ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက နောက်ကျလောက်မှာ။"
ကျန်းစစ်မင် လည်း အနည်းငယ်မျှ ဗိုက်ဆာလာသည်။
"ရတယ်၊  ကျွန်တော်လည်း နေ့တိုင်း ဇီးကွက်လိုနေနေရတာ။ ရှန်ဟိုင်းမှာ ဒီရက်ပိုင်း  အတော်ပျင်းနေတာ။ ကျွန်တော့်ကို နည်းနည်းစိတ်ဝင်စားအောင် လုပ်နိုင်တဲ့  အင်တာနက်နာမည်ကြီးတွေကလွဲရင်၊ ကျွန်တော့်ဘဝက တကယ်ကိုပျက်နေပြီ။"
ဥက္ကဌဝမ် က သက်ပြင်းချရင်း ပြောလိုက်သည်။
"ကြည့်အုံး၊ အဲ့တာလူတဲ့လား"
ကျန်းစစ်မင် က ပရိသတ်ကို ပြုံးလျက်ပြောလိုက်သည်။
ပရိသတ်များကလည်း ဤသည်ကားလူပြောတာမဟုတ်၊ အလွန်လည်းမုန်းစရာကောင်းသည်ဟု ပြန်ပြောခဲ့ကြသည်။
ဥက္ကဌဝမ် က စိတ်မဆိုးဘဲ ပြုံးလျက်
"အဲ့လိုမပြောပါနဲ့။  မင်းကိုကြိုက်တဲ့ အင်တာနက် နာမည်ကြီး တော်တော်များများကို ငါသိတယ်။  ရုပ်ချောရင် မင်းကိုမိတ်ဆက်ပေးရမလား။  အစပျိုးဖို့တော့ မလိုပါဘူး၊  သူတို့ကိုယ်တိုင် လုပ်ကြလိမ့်မယ်။"
"မလိုဘူး၊ ရပြီ။"
ကျန်းစစ်မင် ကား တချက်ပင်မစဥ်းစားဘဲ ငြင်းလိုက်သည်။
အင်တာနက်နာမည်ကြီးသူများမှလွဲ၍ တခြားဘယ်မိန်းကလေးမဆို တွဲ၍ရပေသည်။
ထိုနာမည်ကြီးတို့ကား သူဌေးဝမ် ကစားပြီးနောက်လွှင့်ပစ်ထားသူများ ဖြစ်နေနိုင်သည်လေ။
"လူကောင်းတွေအကြောင်း မသိဘဲနဲ့ အထင်မသေးပါနဲ့"
ဥက္ကဌဝမ် ကကြင်နာစွာကြည့်လျက် ကူညီရန် ငြင်းဆိုခဲ့သည်။
ကျန်းစစ်မင် က သူ့ကိုနှစ်သိမ့်ရန် ရည်ရွယ်ချက်မရှိချေ။
သူက ဂိမ်းစနေပြီဟုသာပြော၍ လေထီးခုန်သွားတော့သည်။
ဥက္ကဌဝမ် လည်း ကမန်းကတန်း လိုက်လာခဲ့သည်။
ကျန်းစစ်မင် နဲ့ ယှဉ်ရင် တခြားမည်သူမှ သူ့ကိုဤကဲ့သို့မဆက်ဆံရဲချေ။
ယခင် ဒိုယု ၏ပထမဆုံးညီအစ်ကို PDD ပင် သူ့ကို အဖိုး၏အမွေဆက်ခံသူအဖြစ် သတ်မှတ်ထားသည်။
သူပြောတိုင်းဖြစ်ပေသည်။
လူနှစ်ထောင်ငါးသောင်းရှစ်သောင်းနှင့်တူသော ဒိုယု ၏လက်ရှိအကိုကတော့ သူ့ကို ဂရုပင်မစိုက်ချေ။
ဤကဲ့သို့လူနှင့် ဥက္ကဌဝမ်အနေဖြင့် တွဲဖက်ကစားရန် မဖြစ်နိုင်ချေ။
သို့သော်လည်း  ထူးထူးဆန်းဆန်းပင် ဥက္ကဌဝမ်အနေဖြင့် ကျန်းစစ်မင်  နှင့်ကစားရန်ဆန္ဒရှိရုံသာမက အတူကစားရန်လည်း အမြဲတောင်းဆိုနေခဲ့ခြင်းပင်  ဖြစ်သည်။
ဥက္ကဌဝမ် သည် ကျန်းစစ်မင် ၏ အေးတိအေးစက်ပုံစံကိုဒေါသဖြစ်သည့်အစား သက်တောင့်သက်သာပင်ရှိနေသည်။
အခုတော့ ဥက္ကဌဝမ်လည်း သူ၏ သဘောထားကို သံသယဖြစ်နေမိသည်။
သူ၏ နှလုံးသားထဲတွင် လျှို့ဝှက်ထားသော တုန်လှုပ်ခြောက်ခြားဖွယ်အရာတခုကိုများ တွေ့ရှိခဲ့လေသလား...
နှစ်ယောက်စလုံး Sano မြေပုံပေါ်ရှိ ယန်တျန်း တွင် ဆင်းသက်ခဲ့ကြသည်။
ဥက္ကဌ ဝမ် ၏အားကုန်တောင်းဆိုမှုကြောင့် Autism City သို့ မဆင်းခဲ့ချေ။
ထိုနေရာရောက်သွားလျှင် ကျန်းစစ်မင် အရှင်းခံရပြီး တစ်ပွဲလုံးရှုံးသွားမည်ကို စိုးရိမ်နေမိသည်။
ဆားကွင်းသည်  ပင်လယ်နှင့်နီးသော Sano ၏ ညာဘက်အပေါ်ထောင့်တွင်ရှိပြီး  ထိုနေရာရှိရွာသားများသည်လည်း ပင်လယ် ဆားချက်လုပ်ခြင်းဖြင့် အသက်မွေးဝမ်း  ကျောင်းပြုကြသည်။
ပင်လယ်ပြာကြီးကို နောက်ခံထားသောရှုခင်းကတော့ ထူးခြားလှသည်။
ဤသည်ကား PUBG ၏ နောက်ထပ်ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။
အိမ်ပြင်မထွက်ဘဲ  ဂိမ်းဆော့နေရင်း မတူညီသော ဓလေ့ထုံးစံများကို တွေ့ကြုံခံစားနိုင်စေရန်  နိုင်ငံအသီးသီးမှ ရှုခင်းနေရာများ   ထည့်သွင်းပေးထားသည်။
လန်ဒေါင် က သူ၏တောင်းဆိုချက်အတိုင်း တရုတ်ပြည်မြေပုံတစ်ခု ထည့်သွင်းရန်သဘောတူခဲ့ကြောင်း ကျန်းစစ်မင် သတိရလိုက်သည်။
မည်သည့်မြေပုံကို ရွေးမည်လဲကတော့ တကယ်ပင်စိတ်လှုပ်ရှားစရာကောင်းသည်။
ယန်တျန်း အထက်တွင် ရွာသားများ ဆောက်လုပ်ထားသော တံတားငယ်တစ်ခုရှိပြီး ထိုတံတားပေါ်တွင် သေနတ်နှင့် ပစ္စည်းကိရိယာများစွာ ရှိသည်။
Sano မြေပုံသည် မြေပုံအားလုံးတွင် ပစ္စည်းအများဆုံးဖြစ်ပြီး မည်သည့်နေရာတွင်မဆို အလွယ်တကူ ရွေးချယ်ကောက်ယူနိုင်သည်။
သို့သော်  ဤနေရာသို့ ရောက်ခါနီးအချိန်တွင် ကျန်းစစ်မင် နှင့် ဥက္ကဌဝမ် နှစ်ဦးစလုံး  သူတို့နှင့်နေရာတူဆင်းလာသော အခြားအသင်းတစ်သင်းကို တွေ့လိုက်ရသည်။
အစကတော့ ကျန်းစစ်မင် က သာမန်ကစားသမားများဟုသာ ထင်ခဲ့သည်။
သို့ရာတွင် ရေကာတာရှိရာသို့ ကြည့်လိုက်ပြီးနောက် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို တွေ့လိုက်ရတော့သည်။
"အဲ့တာ XDD နဲ့ ရှန် XX တို့အဖွဲ့ပဲ!"
"သူတို့အားလုံးက ဒိုယု ကဆရာကြီးတွေ၊ တိုက်ဆိုင်လိုက်တာ!"
"ဟာဟား၊ သူတို့လည်း နတ်ဘုရား နဲ့တွေ့မှာမှန်း သိသွားပြီ။ အန်ကယ်ရှန်းက ကြောက်လွန်းလို့ ထွက်ပြေးချင်နေတာ။"
"XDD ကအသက်နဲ့ မလိုက်အောင်၊ ကျန်းစစ်မင် နဲ့ ပြိုင်ချင်တယ်တဲ့။"
"ကျွန်တော် ကမ္ဘာ့ပြိုင်ပွဲကို မရောက်ဖူးတော့ နတ်ဘုရား ဘယ်လောက်ကြောက်စရာကောင်းလဲ မသိဘူးရယ်။"
"နတ်ဘုရား က သတ်မှာ။ ဘာပဲဖြစ်ဖြစ် ဒီနေရာက အရမ်းကျဉ်းတယ်၊ သူတို့ ဆင်းတာနဲ့ သေမှာပဲ"
...
သက်တူရွယ်တူနာမည်ကြီးဖြစ်ကြောင်း  သိလိုက်ရပြီးနောက် ကျန်းစစ်မင် က သူတို့ဆင်းနေခြင်းကို  အခွင့်မကောင်းယူတော့ဘဲ သူတို့နှင့် တချိန်တည်း ဆင်းသက်ရန် ရွေးချယ်ခဲ့သည်။
XDD အနေဖြင့် ပြိုင်ဆိုင်စိတ်များသည်ဟု မပြောလိုချေ။
ကျန်းစစ်မင် သည် ကလေးများ၏ အလားအလာကို တန်ဖိုးထားသူပင် ဖြစ်သည်။
သူ့တို့ဆီမှ သင်ယူရသည်မှာလည်း ပိုကောင်းသလို ပညာရှင်များနှင့် ယှဉ်ပြိုင်ရသည်မှာလည်း အနည်းငယ်တော့ စိတ်ဝင်စားဖို့ကောင်းပေသည်။
XDD အနေဖြင့် ကျန်းစစ်မင် ခါတိုင်းထက် လေထီးခုန်နှေးရသည့် အကြောင်းအရင်းကိုမသိချေ။
သို့သော်လည်း သူ့အနေဖြင့် ကျန်းစစ်မင် ကို မျှမျှတတ ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ထားသည်။
ဆင်းသက်ရာခြေရင်း၌လည်း M416 တလက်ကလည်း အသင့်ရှိနေခဲ့သည်။
XDD အလွန်ပျော်သွားကာ သေနတ်ကို ကောက်ယူပြီးနောက် တစ်ဖက်မှ ကျန်းစစ်မင် ကို စတင်ပစ်ခတ်ခဲ့သည်။
ဒိုင်း ဒိုင်း ဒိုင်း...
ထိုသို့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သော်လည်း သူ့၏ကျည်ဆန်များက ကျန်းစစ်မင် ကိုမထိမှန်ခဲ့ချေ။
ကျန်းစစ်မင် လက်ထဲတွင် QBU စနိုက်ပါရိုင်ဖယ်တစ်လက်ရှိသော်လည်း ယခုအချိန်အထိ ပြန်လည်မပစ်ခတ်သေးချေ။
သူအနေဖြင့်  ပြိုင်ပွဲကို စောစောစီးစီးအပြီးမသတ်လိုချေ။ တဖက်လူကစိန်ခေါ်ရဲလျှင်  သူ့အနေဖြင့် ပြိုင်ဖက်၏ မာနနှင့် ဒေါသကို ဖျက်ဆီးပစ်ရပေမည်။
:::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now