အပိုင်း ၂၉၁: အိုး ဘုရားရေ!
ပွဲကြည့်သူများနှင့် ထောက်ပြဝေဖန်သူများ ထိုအချိန် ကြက်သေသေသွားကြသည်။
မျိုဂျင် … ဒါ အတော် မမေ့ရက်နိုင်စရာ ဖြစ်သည်။
17 အသင်း ပရိသတ်များ သိပ်ပျော်ကြသည်။
“ငါတို့ 17 ကို ဖျက်ဆီးခွင့် ပေးထားတာ။ အခုတော့ ပြစ်ဒဏ်ကျလာပြီ မဟုတ်လား? ကောင်းကင်ဘုံက တရားမျှတမှု ကျလာပြီ!!”
“ဟားဟား လူတွေအများကြီး သတ်ထားတော့ အပြစ်ကြီးကျပြီး ကောင်းကင်ဘုံရဲ့ စီရင်ချက်ချတာ ခံရပြီလေ”
“ဒီမြင်ကွင်းလေး မြင်ပြီးတော့ အရမ်းကို ရင်ထဲရှင်းသွားသလို ခံစားလိုက်ရတယ်”
“ဘုရားသာ မျိုဂျင် ကို လက်ခံနိုင်တာ။ ကြည့်ရတာ ဘုရားကလည်း တခြားအသင်းတွေအပေါ် သဘောကောင်းသေးတာပဲ”
“နောက်ဆုံး လူသတ်ချင်စိတ်အရှိဆုံးလူ ဒီတစ်ခေါက် အေးအေးလူလူ အနားယူသွားပြီ။ ငါတို့ကိုပါ ရင်အေးသွားစေတယ် အိုးခိုင်မော့ ဟားဟား”
…
မြေပေါ်လဲကျသွားတဲ့ ကျန်းစစ် မျက်ရည်မကျဘဲ ငိုချင်နေမိသည်။
သူသည် အမိုးပေါ်လှဲနေရင်း သေဖို့စောင့်နေသည်။
သူဘာပြောနိုင်မှာလဲ။ ကံ မကောင်းလွန်းသော သူ့ကိုယ်သူသာ အပြစ်တင်လိုက်ပြီး ပြောင်းပြန်ခေါင်းငြိမ်နေမိသည်။
“အစ်ကိုကျန်း ကျွန်တော်လာပြီ! မကြောက်နဲ့!”
ရှောင်ကျစ်မု သည် P City နှင့် သိပ်မဝေး။ ဆိုင်ကယ်လည်းပါသည်။
ကျန်းစစ်မင် ဒီအချင်းအရာမြင်တော့ စိတ်ဓာတ်မကျတော့ဘဲ ရယ်လိုက်သည်။
မြန်မြန်လေး အမိုးပေါ်မှတွယ်ဆင်းလိုက်ပြီး ဗုံးခွဲခံရမှာ ကြောက်သဖြင့် အမိုးရေတံလျောက်စွန်းအောက်တွင် အကာအကွယ်ယူလိုက်သည်။
ကျစ်မု တစ်ယောက် P City ထဲ ဆိုင်ကယ်အပြေးနှင်လာသည်။
17 အသင်းနှင့် တခြားအသင်းများ၏ ပရိသတ်အားလုံး ဒီမျက်စိနောက်စရာ ကောင်လေးကို မတော်တဆတခုခုဖြစ်ပါစေဟူ၍ “ဝိုင်းဆဲကြ”သည်။
သေချာပေါက် ဂိမ်းထဲမှကားမတော်ဆမှုကို ရည်ညွန်းတာ ဖြစ်ပြီး သူ့အသင်း ပရိသတ်များလည်း ဒီဆိုင်ကယ် မြန်မြန် မတော်တဆဖြစ် မှောက် သွားပါစေဟု စိတ်အားထက်သန်စွာ ကျိန်ဆဲနေကြသည်။
မဟုတ်ရင်လည်း အရောက်နောက်ကျပြီး ကျန်းစစ်မင် သွေးကုန် သေသွားပါစေ ကျိန်ဆဲဆုတောင်းနေကြမှာ။
ဒါပေမယ့် သူတို့ “အငြိုး” က အရာမဝင်ပုံပါပဲ။
ဒီမျက်စိစူးစရာ ဆိုင်ကယ်လေး P City ထဲ တန်းတန်းမတ်မတ် မောင်းဝင်သွားသည်။
ကျန်းစစ်မင် အနားရောက်ချိန် ကျန်းစစ်မင်တွင် သွေးတစ်ဝက်သာ ကျန်တော့သည်။
အိုး ဘုရားရေ!
ဒီလူတွေ ကိုယ့်နဖူး ကိုယ်ပြန်စမ်းရင်း မျှော်လင့်ချက်မဲ့သွားကြသည်။
ဘုရားတောင် ကျန်းစစ်မင်အသက်ကို မနှုတ်နိုင်ရင် သူ့မှာ ပြိုင်ဖက်ရန်သူ ရှိ သေးရဲ့လား …
မြေပေါ်က ဆွဲထူခံလိုက်ရသော ကျန်းစစ်မင် ရယ်သွေးလွှမ်းလိုက်သည်!
“အေး မင်းတို့ အချိန်ကိုက်ရောက်လာတာပဲ။ ဒီနေ့ည ညစာမှာ ကြက်ခြေထောက်ပါ ထည့်လိုက်မယ်”
ဟု ကျန်းစစ်မင် အတော်ကျေနပ်စွာ ပြော လိုက်ပေမယ့် သူ့ခန္ဓာကိုယ်သည် 17shou အခန်းသို့ အပိုင်းအစ အရင်ကောက်ရန် အပေါ်ထပ်သို့ ပြေးတက်သွားသည်။
“ကောက်ယူမည်လား (ပါရမီ အမျိုးအစားစုံ) အနီရောင်အပိုင်းအစ * ၁ (၁/၃)။ အပိုင်းအစ အရေအတွက် မပြည့်သေးသဖြင့် လက်ရှိတွင် သုံး၍ မ ရနိုင်ပါ။
ပါရမီ အမျိုးအစားစုံ?
ကြည့်ရတာ မကြာခင် ကြက်ရင်အုပ် ပွဲမှာ ပါရတော့မယ်ထင်တယ်။ ငါ့ကို အခုလိုအချိန်ကိုက် skill ချပေးလိုက်တယ်ဆိုတော့ သိပ်ကောင်းတယ်။
ကျန်းစစ်မင်သည် show တွင် အရူးဖြစ်သွားတာမျိုး အရှက်ကွဲသွားတာမျိုးကို အသားမကျမှာစိုးသည်။
ပါဝင်ဖို့ ရွေးချယ်ပြီးပြီဆိုတော့လည်း variety show ပင် ဖြစ်စေဦးတော့ ကျန်းစစ်မင် ကောင်းကောင်းလုပ်ပြချင်သည်။
အပိုင်းအစ စုဆောင်းပြီးသည့်နောက် ကျန်းစစ်မင်နှင့် ရှောင်ကျစ်မု အိတ်တွေအကုန် လိုက်ရှာပြီး လက်နက်၊ ပစ္စည်းကို အဆင့်တင်လိုက်ကြ သည်။
ကျန်းစစ်မင် အခြေအနေ သိပ်ဆိုးနေသည်။ ပထမအဆင့် ခေါင်း ကွဲသွားသည်။ ပထမအဆင့် သံချပ်ကာ ပျက်စီးသွားပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိခဲ့ သော ပတ်တီးငါးခုမှာ နှစ်ခုပဲ ကျန်သည်။
သေနတ်မှာ ချိန်ခွက်မလိုသည့် bison submachine သေနတ်ဖြစ်ဦးတော့။ ကျည် ခုနစ်တောင့်သာ ကျန်သည်။
စုစုပေါင်း အချီခြောက်ဆယ် ရထားပေမယ့်။ ၅၃ ချီက လက်နက်ခဲယမ်း အလွတ်ဖြစ်နေသည်။
အခုလည်း တကယ့်ကို ၇ ချီပစ်စာသာ ကျန်သည်။ ဒီ အခြေအနေကြီးက တကယ့်ကိုသနားစရာကောင်းလွန်းသည်။
တော်သေးလို့ 17 အသင်းသားများ၏ အလောင်းပုံးများက အတော် ကြွယ်ဝကြသည်။
ကျန်းစစ်မင် ဒုတိယအဆင့် ချပ်ဝတ် ကိုပြောင်းလိုက်သည်။ ခေါင်းဆောင်းများကတော့ မရှိတော့ပေ။ အကြောင်းမှာ သူကိုယ်တိုင် ခေါင်းတွေချည်း ပစ်မိသောကြောင့် ပျက်စီးသွားရခြင်း ဖြစ်သည်လေ။
ကျန်းစစ်မင်သည် P City ထဲ နောက်တခြားခန်းကနေ အသစ်စက်စက် ပထမတန်းစား ဦးထုပ်ကို တွေ့လိုက်ရ၏။
ရိုင်ဖယ်ကိုတော့ ကျန်းစစ်မင် မကောက်ခဲ့ပေ။ ဒီ PP – 19 Bison submachine သေနတ်ကို သူကြိုက်သည်။
အသုံးပြုရလွယ်သည်။ အဓိကအား ဖြင့် ကျည်အများကြီး ထည့်လို့ရပြီး ပစ်လို့ကောင်းသည်။
ဒီ bison ကို ဆက်သိမ်းထားပြီး ၄ဆ မှန်ဘီလူးဖြင့် ၉ ချီစာကျည်တွေနှင့် အချက်ပေါင်း ၃၀၀ ကျော် ပစ်နိုင်သေးသည်.. ကွက်တိပေါ့!
စနိုက်ပါရိုင်ဖယ်အနေနဲ့ နောက်ဆုံး VSS တစ်လက်ကို ရှာတွေ့ခဲ့သည်။
ဒီစနိုက်ပါရိုင်ဖယ်သည် စနိုက်ပါအားလုံးထဲ အားအနည်းဆုံး စနိုက်ပါ အဖြစ် သတ်မှတ်လို့ရသည်။ ဒါ့အပြင် တာတိုသာ ပစ်လို့ရပြီး တာဝေးအတွက် သုံးစားလို့မရပေ။
သို့သော် တစ်ခုတည်းသော အားသာချက်သည် ပစ်လိုက်လျှင် အသံတိတ်၊ အသံမထွက်ခြင်းဖြစ်သည်။ဆယ်မီတာ မကျော်မချင်း သေနတ်ဘယ်ကပစ်လိုက်သလဲ မကြား နိုင်ပေ။
ကျန်းစစ်မင် ဒီ 9mm ကျည်ဆန်သုံး သေနတ်နှစ်လက်ကို သယ်ပြီး P City က ထွက်လာသည်။ ရှောင်ကျစ်မု သည် ကျန်းစစ်မင်ကို ကယ်ပြီးနောက် တခြားနေရာသို့ ထွက်သွားလေသည်။
လေးယောက်လုံး တစ်ကိုယ်ချင်းသာ လှုပ်ရှားကြမည်ဟု ကြံစည်ထားကြသည်လေ။
သူ လည်း နေ့တိုင်း ကျန်းစစ်မင်ကို ဖက်တွယ်မထားချင်။ ကိုယ့်ကိုကိုယ် သက်သေပြချင်သည်။
ဒါ့အပြင် ဒီတစ်ကြိမ် ကျန်းစစ်မင်ကို ကယ်ခဲ့သည်။ ဒီအတွက် ပရိသတ်တွေက အလွန်ကျေနပ်နေမှာ ပဲမလား..
မျက်စိစူးစရာ ကောင်လေးဖြစ်နေလို့ပါပဲ။ မဟုတ်လျှင် ဂိမ်းပွဲမှာ အလွန်ကြည့်လို့ကောင်းသည့် ကျန်းစစ်မင်၏ ရှုထောင့်ကို ဒီတစ်ယောက် မြင်နိုင် မည် မဟုတ်။
ကျစ်မု နှင့် ဆန့်ကျင်ဘက်လားရာကို သူထွက်သွားသည်။ ကျန်းစစ်မင် ကျောင်းနှင့် R City ကို ပြေးသွားချိန် သူက လေဆိပ်ဆီ ဦးတည်သွား သည်။
P City ထဲ သူသိပ်ကြာသွားသည်။
အဆိပ်စက်ဝိုင်း တတိယလှိုင်းကို ရောက်နေပြီဖြစ်သည်။ ကျန်းစစ်မင် ကျောင်းနှင့် R City တစ်ဝန်း ရန်သူများရှိလိုရှိငြား လိုက်ရှာသည်။ မည် သူတစ်ဦးတစ်ယောက်မျှ ရှာမတွေ့ခဲ့ချေ။
ပစ်မှတ်ပွိုင့်များ ပြောင်းလဲပစ်မှဖြစ်မယ်။ လေဆိပ်ဆီ ခေါင်းလှည့်ကြည့်လိုက်ရုံနဲ့တင် ကျန်းစစ်မင် တစ်ယောက် သူ့လားရာတွင် ထိုင်လျက်အနေအထား ဖြင့် အနီရောင် အပူခံဆင်ဆာပုံရိပ် တစ်ခု မြင်လိုက်ရသည်။
ပြီးတော့ တစ်ဦး မဟုတ်ဘဲ လေးဦးဖြစ်သည်!
ဟုတ်ပါသည်။ လေးဦး ဖြစ်နေသည်။
အနီရောင်အရိပ် လေးခုဟာ ထိုင်လျက်အနေအထားဖြင့် အကုန်လုံး ရန်သူတွေကို စောင့်နေကြပုံရသည်။ ဘေးချင်းယှဉ်နေကြ သဖြင့် လေးဦးလုံး ကားထဲရှိနေပုံရသည်။
လေးဦးလုံးတွင် အဆင့်မြှင့်အထောက်အပံ့များ (advanced supply) များရှိနေသည်!
သုံးဦး။ ပထမတန်းစား ခေါင်းနှစ်ခေါင်း၊ တတိယအဆင့် ချပ်ဝတ် နှစ်ခု နှင့် ကိုယ်ပေါ်တွင် ၈ဆ မှန်ဘီလူးတစ်ခု။ ထို့အပြင် နှစ်ယောက်တွင် နာနတ် သီးအကြီးတစ်လုံးနှင့် ထပ်တန်း ရိုင်ဖယ် Groza တစ်လက် ရှိနေသည်။
ကြည့်လိုက်ရုံနဲ့တင် ဒီအသင်း airdrop နှစ်ခု ကောက်ရထားမှန်းသိသာလှသည်။
ကံလည်း အတော်ကောင်းပုံပဲ။
အားလုံးဟာ ဖြူကောင်ကဲ့သို့ ဝတုတ်နေကြသည်။
“ဓားပြသမား” ကျန်းစစ်မင် ဒါကိုမြင်ပြီးနောက် သွားရည်ကျလုနီးနီး ဖြစ်သွားသည်။
သူတို့ မဖြစ်မနေ ဖြတ်သွားရမည့်နေရာသို့ သူ့တောင်တက်ဘီးလေး မြန်မြန်မောင်းသွားရင်း အဝေးပြေးလမ်းမ၏ နေရာကျဉ်းကျဉ်းလေးတစ် ခုတွင် တိုးတိုးတိတ်တိတ် စောင့်နေသည်။
သို့သော် ကံဆိုးစွာ သူ့ဘက်ရောက်တော့မည့်အချိန်တွင် လမ်းဘေး တစ်နေရာမှ ကောက်လာဟန်ရသောသော ကားတစ်စီးကြောင့် ကားနှစ်စီး မှ ကားသုံးစီး ဖြစ်သွားသည်။
ဒါ့အပြင် လမ်းကြောင်းသုံးရပ်ကနေ စက်ဝိုင်းတွင်း ဝင်လာသဖြင့် အဖွဲ့သုံးဖွဲ့ခွဲပြီး ကျန်းစစ်မင်ဘက် လာနေသည်။
ကျန်းစစ်မင် စိတ်ဓာတ်ကျ ကြေကွဲသွားသည်။
အသင်းတွေက အခု ဒီလိုမျိုး လုပ်လေ့ရှိလာပြီလား? ဖြိုခွင်းခံရမှာကြောက်လို့ စက်ဝိုင်းထဲတောင် အတူတူ မဝင်လာကြတော့ပေ။
သို့သော် သူတို့တွင် အဆင့်မြင့် အထောက်အပံ့ပစ္စည်းတွေ ရှိနေသရွေ့ ကျန်းစစ်မင် ဘယ်အချိန်မဆို သူတို့ကို ရှာတွေ့နိုင်သည်။ တခြားအသင်း များ လက်ထဲ မပါသွားဖို့သာ သူ ဆုတောင်းလို့ရမည်။
မဟုတ်လျှင် သူဝမ်းနည်းလို့ ဆုံးမှာမဟုတ်တော့။
၈ ဆ မှန်ဘီလူးနှင့် အသင်းသားတစ်ဦးတည်း ကျန်းစစ်မင် ရှိရာအရပ်ဆီ ရောက် လာသည်။
ကျန်းစစ်မင် သူ့ကိုသတ်ရန် bison ကို သုံးချင်ခဲ့သည်။
အစက လေးယောက်လုံးကို သတ်ရန် ကြံရွယ်ထားခဲ့ပေမယ့် အခု တစ်ယောက် တည်းသာ ရှိနေသည်။
ကျန်းစစ်မင် ချိန်ထားပြီးသား သေနတ်ကို ပြန်ပြောင်း၍ အသံတိတ်သေနတ်ကို ကိုင်လိုက်သည်။
VSS ဖွင့်ပြီး ကားဆရာထိုင်ခုံမှ လူဆီ ချိန်ထားလိုက်သည်။
ချွတ်!
တိုးတိတ်သောကျည်အနည်းအကျဉ်း ရန်သူကားမှန်ကို ဖောက်ထွက်သွားသည်။
ပြီးတော့ ဒီကျည်အားလုံး အောင်အောင်မြင်မြင် ရန်သူ၏ဦးထုပ်ကို ထိသွားသည်။
ကားမောင်းနေတဲ့သူ သိသွားတော့ စတီယာရင်ကိုကြောက်လန့်တကြားလှည့်ကာ ပုန်းဖို့ကြိုးစားသော်လည်း ကျန်းစစ်မင်၏ VSS သည် အလို အလျောက်ပစ် စက်သေနတ်နီးပါးလိုပင်။
တစ်စက္ကန့်မရှိသေးခင်အတွင်း ကျည် ခုနစ်တောင့်၊ ရှစ်တောင့်ကို ဆင့်ပစ်သွင်းလိုက်သည်။
ထိုလူ၏ဦးထုပ် ကွဲသွားပြီး ကားပေါ်မှ လိမ့်ကျသွားသည်။
ကျန်းစစ်မင် ရန်သူအသင်း icon ကိုကြည့်လိုက်ချိန် LGD မှ ဖြစ်နေသည်။
ဒါ ဝေ့ရှန်း ၏ အသင်းဟောင်း ဖြစ်သည်--
:::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။