အပိုင်း - ၅၆ (မင်းမသတ်နိုင်ရင် မင်းကိုသတ်တာခံရမယ်!)
“ခုနကပစ်လိုက်တာ ငရှုပ်မျိုဂျင်မဟုတ်လား။ နှစ်ကြိမ်ရှိပြီ။ သေနတ်ရပြီးရင်တော့ မင်းနဲ့ငါတွေ့ကြပြီပေါ့။ မင်းကိုသာသတ်နိုင်ရင် ငါ့ရဲ့ကျော်ကြားမှုက အများကြီး တိုးတက်လာမှာပဲ”
မျက်မှန်နှင့်ခပ်ချောချော လူငယ်ကောင်လေးက ကီးဘုတ်နှင့်မောက်စ်ကို ကျွမ်း ကျင်စွာကိုင်တွယ်ရင်း တစ်ကိုယ်တည်းပြောနေသည်။
တစ်ဘက်လူက နာမည်ကြီးဖြစ်သော်လည်း သူကလုံးဝကြောက်ပုံမပေါ်ပေ။
သူက တိုက်Cနှင့် အလွန်နီးကပ်သည့် တိုက်Kတွင်ဖြစ်သည်။
ကျန်းစစ်မင် ရန်သူတစ်ယောက်ကိုသတ်ပြီးနောက် တခြားလူများအားလုံး မြန်မြန်ဆင်းသက်ပြီးသည်ကို တွေ့လိုက်ရပြီး ငှက်များကိုပစ်သစ်မည်ဟူသည့် သူ့အကြံသည် ယာယီမဖြစ်လာတော့ပေ။
သို့သော်လည်း ဒုန်ရှောင်စ ထံမှ အဖြူရောင်အပိုင်းအစကိုရလိုက်၍ ကျန်းစစ်မင်အလွန်အမင်း ပျော်ရွှင်နေသည်။
“ကောက်ယူမည် [လေးမြှားကျွမ်းကျင်မှု] အပိုင်းအစ*1 (1/1) ပစ္စည်းအရေအတွက် ပြည့်စုံသည်။ တိုက်ရိုက်အသုံးပြုနိုင်ပါပြီ”
ဒူးလေးမြှားကျွမ်းကျင်မှု? ဘာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။ ဘာမှဆုံးရှုံးသွားတာမရှိလို့ အစကောင်းပါတယ်။
ကျွမ်းကျင်မှုရရှိပြီးနောက် ကျန်းစစ်မင်က ပစ္စည်းရှာရန် အောက်သို့ဆင်းသွားလိုက်ပြီး တိုက်Cတစ်ခုလုံးတွင် ရှာဖွေလိုက်သည်။
ကျန်းစစ်မင်၏ ပစ္စည်းကိရိယာများသည် သိပ်မကောင်းသေးပေ။
Level 1 ခေါင်းဆောင်း၊ level 2 ကျည်ကာအင်္ကျီ၊ M16 ရိုင်ဖယ်နှင့် Win94 တစ်လက်တို့သာရှိသေးသည်။
တိုက်Cတွင် ပစ္စည်းအနည်းဆုံးလို့ပင် ပြောလို့ရပြီး ကျန်းစစ်မင်ပစ္စည်းရှာတိုင်း အခြားသူတွေလိုကံမကောင်းဘဲ အမြဲဆိုးနေ၍ ညည်းတွားချင်နေမိသည်။
ထွက်ခွါရန်လုပ်နေစဉ် ခိုးကြောင်ခိုးဝှက်ပုံရိပ်တစ်ခုသည် နောက်ဆုံးတိုက်၏ ဒုတိယထပ်ပြတင်းပေါက်မှနေ၍ သူရှိရာလမ်း ကြောင်းဆီလို့ ပြေးလာတာကို ကျန်းစစ်မင်မြင်လိုက်ရ၏။
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။