31 - 35

248 15 0
                                    

အပိုင်း - ၃၁ (ချန်ပီယံတွေနှင့် ရင်ဆိုင်မယ်!)
ဇုန်ဟာ ပိုပြီးတော့ မြန်မြန်ကျဉ်းလာတာနှင့်အမျှ တောထဲမှ ပုံရိပ်များက အုပ်စုလိုက် အလယ်တည့်တည့်သို့ ပြေးလာလေသည်။
အမြင့်ဆုံးအမှတ်မှာ ရပ်တည်နေရင်း ကျန်းစစ်မင်ဟာ မျက်စိထောက်ကြည့်နိုင်သော ရှင်းလင်းသည့်အမြင်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။
စခရင်ပေါ်တွင် ပေါ်ထွက်လာသော လူအားလုံး ကျန်းစစ်မင်ရဲ့ လက်ထဲမှ လွတ်သွား  သည့်လူဆို၍ တစ်ယောက်မှ မရှိပေ။
“120 အရှေ့တောင် ဦးတည်အရပ် ၊ တစ်ယောက်၊ ပထမဆုံးတိုက်ခိုက်မယ်”
ကျန်းစစ်မင်က ကြည့်ရှုသူတွေကို ပြောကြားလိုက်ပြီး မှန်ပြောင်းကိုဖွင့်လိုက်သည်။
Mouseရွေ့လျားသွားတာနှင့်အတူ တောဝန်းကျင်တွင် ပြေးနေသာ ကစားသမားရဲ့ မြင်ကွင်းကို ချက်ချင်း ဖမ်းမိလေသည်။
ပြိုင်ဖက်ကစားသမားက ပုံစံကျကျ ရွေ့လျားသွားသော်လည်း သူသည် ကျန်းစစ်မင်ရဲ့ ပစ်ချက်ကိုတော့ လွတ်အောင် မရှောင်နိုင်ခဲ့ပေ။
98k ကျည်ဆံကို တွက်ချက်ပြီးပစ်ပြီးနောက် ထိုလူရဲ့ ဦးခေါင်းကို မှန်ပြီး သွေးထွက်သွားကာ ထိုလူက အသက်မရှိဘဲ မြေပြင်ပေါ်ကို လဲကျသွားသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများက စောဒကတက်ပြီး အံ့ဩဖို့ အချိန်တောင် မရလိုက်ချေ။
“105 ဦးတည်အရပ် နောက်တယောက်... ဒီတစ်ယောက်က နည်းနည်းဝေးတယ်... ကံကောင်းမကောင်း စနိုက်ပါအပေါ်မှာ မူတည်နေပြီ”
ကျန်းစစ်မင်က စကားပြောပြီးနောက် Scopeက ရွေ့လျားသွားပြီး ပြေးနေသည့် ပုံရိပ်တခုပေါ်လာလေသည်။
ပစ်ရမည့်ပစ်မှတ်က အလွန်ဝေးသည်။
ကြည့်ရှုသူတွေက တောထဲမှ မီတာ ၅၀၀လောက်အထိ မြင်နိုင်သော ကျန်းစစ်မင်ရဲ့ အားကောင်းလှသော အမြင်စွမ်းအားကို အံ့ဩသွားလေသည်။
စခရင်ကို ရိုက်နေတဲ့ ကင်မရာမန်းတစ်ယောက်သာမရှိဘူးဆိုလျှင် လူတိုင်းက ကျန်းစစ်မင် မျက်စိတဆုံးမြင်နေရသည်ဟု ထင်မှတ်မိလိမ့်ပေသည်။
ကျောက်တောင်ပေါ်ကို ရွေ့၊ နေရာယူ၊ ပစ်!
ဤလောက် အကွာအဝေး အဝေးကြီးဖြစ်သည့်အတွက် ကျန်းစစ်မင် မှန်အောင် ပစ်နိုင်လိမ့်မည်ဟု မည်သူကမှ မထင်ပေ။
ဒါပေမယ့် တကယ့်လက်တွေ့မှာတော့
“ကစားသူ [Ming]က ကစား သမား[yuanlaishini]ကို 98k အသုံးပြုပြီး ခေါင်းပစ်သတ်လိုက်ပါသည်”
ငါရဲ့နေ့ပဲ!
တကယ်လား ခေါင်းကို ပစ်လိုက်တာလား
“ဟေး ငါကံကောင်းသွားတာပါ ငါက ခန္တာကိုယ်ကိုပဲ မှန်မယ်လို့ထင်ထားတာ”
ကျန်းစစ်မင်က ပြီးပြည့်စုံသော တိုက်ခိုက်မှုအသေးလေးများ ပြုလုပ်လိုက်ရပြီလို့ ခံစားရင်း တခဏ ပျော်ရွှင်နေလေသည်။
ကြည့်ရှုသူတွေက ပြောစရာမရှိလောက်အောင် အံ့ဩသွားရသည်။
ဒီလောက်အဝေးကြီးကနေ မှန်တာကို ကံကောင်းတယ်လို့ပြောခဲ့တယ်နော်။
မင်းခေါင်းကိုပစ်နိုင်ခဲ့တာ ခန္တာကိုယ်ကိုပဲ မှန်မယ်ဆိုရင်တောင် မတော်တာမှ မဟုတ်တာ။
တော်လိုက်တဲ့ကောင်လေး... တကယ့်မွန်းစတားပဲ... မွန်းစတားတစ်ကောင်မှသာ ဒီလိုလုပ်နိုင်မှာ။
နောက်တစ်ချက် အမြင့်ဆုံးအမှတ်အနေအထားဖြင့်ပင် ကျန်းစစ်မင်က အန္တရာယ်ရှိသော ရန်သူခုနှစ်ယောက်ကို ပစ်သတ်ခဲ့သည်။
အမှတ်မြင့်တင်ရန်အတွက် သတ်ခြင်းဖြစ်ပြီး ဘယ်သူမှ မလာတော့သောကြောင့် လိုက်သတ်နေရလေပြီ။
ကြည့်ရှူသူတွေက ပွဲစတည်းကနေ ယခုအချိန်ထိ အကြိမ်အနည်းငယ်လောက်ပဲ ဆူညံခဲ့ကြပြီးနောက် ဘာဆက်ပြောရမလဲကို မသိတော့ချေ။
ဒီတစ်နှစ်လုံးအတွက် ဒူးတွေ မင်ကောအတွက် ထောက်ထားပါတယ်!
မကြာခင် အန္တရာယ်ကင်းသော ဇုန်က တဖြည်းဖြည်းကျဉ်းကျဉ်းလာပြီး လူအရေအတွက်လည်း လျော့ကျသွားသည်။
ကျန်းစစ်မင်က သူလူတွေကို သတ်တာအပြင် တခြားလူတွေရဲ့ ဘယ်သူ့ကို ဘယ်သူက သတ်လိုက်သည်ဆိုပြီး စာတန်းများ ညာဘက်ဒေါင့်စွန်းမှာ အကြိမ်ပေါင်းများစွာ ပေါ်လာတာကို တွေ့နေရလေသည်။
“ကစားသူ [OmG_ရှောင်ဟိုင်555]က M416အသုံးပြုပြီး ကစားသမား [zhenbangbang111] ကို သတ်လိုက်ပါသည်”
ထိုစာကြောင်း တက်လာသောအခါ ကြည့်ရှုသူတွေက ထို IDရဲ့ ပုံမှန်မဟုတ်တာကို ရှာဖွေတွေ့ရှိလေသည်။
“ဟမ် ဒါ ရှောင်ဟိုင်လား”
“သူပဲ တကယ်ပဲ သူတိုက်ရိုက်ထုတ်လွှင့်တာကိုလည်း ငါကြည့်နေတာ ဆယ်ယောက်လောက် သတ်ပြီးသွားပြီ”
“ဝေါင်း မျိုးဂျင်ရေ... မင်းတော့ တကယ်တော်တဲ့ကစားသမားနဲ့ ဆုံတာပဲဟေ့”
“အိုးမိုင်ဂေါ့... ဒါ လွန်ခဲ့တဲ့နှစ်က PUBG က မ္ဘာ့ဖလားပြိုင်ပွဲချန်ပီအသင်းပါ... ရှောင်ဟိုင်က အရမ်းသန်မာတာ... ခြင်္သေ့တွေထက်တောင် ပိုသန်မာသေးတယ်”
“အဲ့တာတွေကို သိတယ်... ဒီပြိုင်ပွဲက အထူးကစားသမားနှစ်ယောက်ကြားက ပြိုင်ပွဲများလား”
“မျိုးဂျင်ရေ … ရှောင်ဟိုင်ကိုသတ်လိုက် အထူးဒုံးကျည် ပေးမယ်!”
………..
ကျန်းစစ်မင်က ပရော်ဖက်ရှင်နယ်ကစား သမားတစ်ယောက်နှင့် ဆုံရမည်ဟု မမျှော်လင့်ထားချေ။
သူ လူသိများအောင် မလုပ်ပေမယ့် လူသိများတဲ့ဆီ ရောက်နေပုံပေါ်ပြီ။
ဒီပရော်ဖက်ရှင်နယ် ကစားသမား မသေသွားဖို့ မျှော်လင့်နေမိသည်။
သူ သတ်ဖို့ လက်တွေယားနေပြီ။
ကျန်းစစ်မင်က ရှောင်ဟိုင်ကို ရှာတွေ့ခဲ့ပြီး ရှောင်ဟိုင်ကလည်း ကျန်းစစ်မင်ကို စောစောရှာတွေ့ခဲ့လေသည်။
ညာဘက်ဒေါင့်အပေါ်မှ ပေါ်လာသော နိုတီမှ သတင်းအချက်အလက်ပြ IDတစ်ခုက ရှောင်ဟိုင်အတွက် တွေ့ဖို့မခက်ချေ။
“သွားမယ်... ဒီကောင် အယောက် ၂၀ လောက် အနည်းဆုံး သတ်ပြီးသွားပြီထင်တယ်”
တိုက်ရိုက်ထုတ်လွှင့်ခန်း ထဲမှ ရှောင်ဟိုင် ကို တစ်ယောက်ကရှင်းပြသည်။
သူ့နောက်တွင် လူတစ်ယောက်ထိုင်နေတာ ဖြစ်လေသည်။
“ငါသူ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကိုသွား    ကြည့်ခဲ့တယ်... ၁၆ယောက် သတ်ပြီးသွားပြီ”
“ကြောက်စရာပါ့လား...”
ရှောင်ဟိုင်က ဒါကို ကြားပြီး ပြောစရာစကားမဲ့သွားလေသည်။
“သူ့စနိုက်ပါစွမ်းရည်က အရမ်းတော်တယ်... မြင်နိုင်စွမ်းလည်း ကောင်းတယ်... နေရာယူတာလည်း မိုက်တယ်... တော်တယ်ဆိုတဲ့လူတွေ သူ့လက်ထဲမှာ သေတယ်ဆိုတာ အံ့ဩစရာမဟုတ်ဘူးပဲ”
သူ့နောက်မှ ထိုင်နေသောလူက ထိုကဲ့သို့ပြောလိုက်သောအခါ တိုက်ခိုက်ချင်စိတ်ကို ပိုပြင်းထန်လာပြီး  Mingနှင့် ပြိုင်တိုက်ချင်လာလေသည်။
“ငါ သူ့ကို တိုက်ခိုက်ဖို့ မကြိုးစားပါဘူး... တကယ်လို့ ဆုံလာမယ်ဆိုလည်း ဘာပဲဖြစ်ဖြစ် ငါနိုင်မယ်လို့ မျှော်လင့်တယ်”
ပရော်ဖက်ရှင်နယ်ကစားသမား တစ်ယောက်ဖြစ်တဲ့ ရှောင်ဟိုင်က သူ့အကြံပေးစကားအတိုင်းပင် တိုက်ခိုက်ဖို့လည်း မလုပ်ပေမယ့် အရှုံးပေးဖို့လည်း စိတ်ကူးမရှိပေ။
“ငါ အဖွဲ့ကို ဆက်သွယ်ပြီး ငါတို့အသင်း အင်အားကောင်းအောင် ပိုကျင့်ဖို့ ပြောပြီးပြီ…. ဒီပွဲမှာမင်းရဲ့ သန်မာတဲ့စွမ်းအားကို ပြလိုက်... ပြီးတော့ သူ့မှာ ကန့်သတ်ချက်ရှိတယ်ဆိုတာ ပြလိုက်”
ထိုစကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်က ခေါင်းငြိမ့်လိုက်ပြီး ပိုပြီးတော့ တိုက်ပွဲကို စူးစမ်းချင်လာလေသည်။
ဘယ်သူမှ မပစ်ရသေးပေ။ သူက ကျန်းစစ်မင်နှင့် မတိုက်ခိုက်ရသေးခင် လျိုယင်ဘီရဲ့လက်ထဲမှာ အရင် မတော်တဆသေသွားမှာကို စိုးရိမ်မိလေသည်။
တစ်ဖက်မှာလည်း ကျန်းစစ်မင်က သေသေချာချာ အာရုံစိုက်နေသည်။
ဘယ်နားမှာ လူတွေရှိတယ်ဆိုတာကို ခန့်မှန်းရင်း ပစ်ဖို့အတွက် စူးစိုက်နေလိုက်သည်။
စက်ဝိုင်းက တဖြည်းဖြည်း ကျဉ်းသထက်ကျဉ်းလာပြီး ကစားပွဲထဲတွင် လူသုံးယောက်သာ အသက်ရှင်တော့သည်။
ရှောင်ဟိုင်ရယ်... ကျန်းစစ်မင်ရယ်... နောက်ထပ် ကစားသမားတစ်‌ယောက်ရယ်!
ကျန်းစစ်မင်က တောင်ကုန်းပေါ်မှ သစ်ပင်တစ်ပင်ရဲ့နောက်မှာ ပေါ်ထွက်လာသည်။
သူ့ရဲ့ ညာဘယ်အပေါ်ထောင့်မှာ သူသတ်ခဲ့သော အရေအတွက်က ကြောက်စရာကောင်းလောက် ပေါ်နေသည်။
[33 Kills]
နောက်ထပ်နှစ်ယောက်ကို သတ်ပြီးလျှင် သူကြက်သားစားရပြီ။
သူ့မှာ 98k သုံးခါပစ်စာကျန်နေပြီး ရိုင်ဖယ်သေနတ်ကလည်း ပစ်စရာ တချက်ပဲကျန်တော့သည်။
ကျည်ဆန်အပိုလည်း မရှိပေ။
ကြည့်ရှုသူအများစုက ကျန်းစစ်မင် ကျည်ဆံမကောက်သည့်အတွက် ဝေဖန်နေကြလေသည်။
သို့သော် ကျန်းစစ်မင်တွင် တိုက်ခိုက်ဖို့အတွက် ကြောက်လန့်နေတာမျိုးမရှိချေ။
ယခုကျန်းစစ်မင်နေရာယူထားသော အနေအထားက သိပ်မကောင်းပေ။
သူက စက်ဝိုင်း အပြင်ဘက်မှာဖြစ်ပြီး အဆိပ်မမိသေဖို့အတွက် တောင်အောက်ကိုပြေးဆင်းဖို့ လိုလေသည်။
တောင်ရဲ့ ညာဘက်အခြမ်းမှာတော့ တစ်ယောက်ရှိသည်။
ထိုလူက ကျန်းစစ်မင်ရဲ့ နေရာကိုသိနေပြီး ကျန်းစစ်မင်ကို စက်ဝိုင်းအတွင်းဝင်သည့်အချိန်တွင် အသက်ရှင်ခွင့်မပြုတော့ရန် ဆုံးဖြတ်ထားသည်။
ကျန်းစစ်မင်က သူ့ရိုင်ဖယ်သေနတ်ကို ပစ်ခတ်လိုက်ပြီး ပြိုင်ဖက်ကို ရှေ့သို့ထွက်လာစေရန် ဆွဲဆောင်လိုက်လေသည်။
သို့သော် ထိုလူက လိပ်ကဲ့သို့ အခွံတွင်းဝင်၍ ပုံးနေသာ ပုံစံမျိုးဖြစ်ပြီး ထွက်ပေါ်မလာ  သည့်အတွက် ကျန်းစစ်မင် အကျပ်ရိုက်နေသည်။
သူထွက်မလာတော့ တိုက်လို့မရချေ။
“အဲ့လိုလား... မင်းကို မိုးကြိုးမုန်တိုင်းရဲ့ အရသာကို မြည်းစမ်းခိုင်းရမလိုပဲ”
ကျန်းစစ်မင်က ဒီလူက OMGရဲ့ ရှောင်ဟိုင်မဟုတ်ဘူးဆိုတာကို သိလေသည်။
ပရော်ဖက်ရှင်နယ် ကစားသမားကတော့ ဒီလောက် သွေးကြောင်နေမှာ မဟုတ်ဘူးလေ။
ဖြတ်သွားဖြတ်လာ ကစားသမားတစ်ယောက်ဖြစ်သည့်အတွက် ကျန်းစစ်မင် တုံ့ဆိုင်းမနေတော့ပဲ ဂန္တဝင် ပရော်ဖက်ရှင်နယ်ကစားသမားကဲ့သို့ မြန်နိုင်သလောက်မြန်အောင် ပစ်ရန် စဉ်းစားလိုက်သည်။
လက်ပစ်ဗုံးလောင်စာကို ပစ်လိုက်ပြီး Boltကို ဆွဲလိုက်သည်။
လက်ပစ်ဗုံးက ကောင်ကာ ငင်ကာကို စပေါက်ကွဲသွားလေသည်။
နှစ်စက္ကန့်လောက်စောင့်ပြီးသောအခါ ကျန်းစစ်မင်က ခုန်ထွက်လိုက်သည်။
နည်းနည်းတော့လှမ်းလေသည်။
ကျန်းစစ်မင်ရဲ့ ကျောပိုးအိတ်ထဲတွင် ဗုံးတစ်ဒါဇင်စာလောက်ပါပြီး သူသတ်ခဲ့သော ကစားသမားများဆီမှ ကောက်ယူထားတာဖြစ်သည်။
ကျန်းစစ်မင်က ညဏ်ကောင်းစွာပင် ပိုက်ဆံမလိုချင်သကဲ့သို့ ဗုံးများကို တစ်ခုပြီး တစ်ခု ပစ်လေသည်။
လက်ပစ်ဗုံးများက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီး ဗုံးကြဲချသော ဇုန်ကဲ့သို့ ဖြစ်နေလေသည်။
ဖြတ်သွားဖြတ်လာကစားသမားဟာ ကောင်းကင်မှ ပေါ်ထွက်လာသော အသံများကိုကြားရပြီး သူ့နောက်မှ မြေကြီးသည်လည်း တုန်ခါသွားလေသည်။
သူ့ဘိုးဘေးတွေကို တိုင်တည်မတတ်ပင် ဖြစ်သွားသည်။
သို့သော် အမေတစ်ယောက်က ဆူပူကြိမ်းမောင်းသကဲ့သို့ပင် နောက်ဆုံးလက်ပစ်ဗုံးက သူ့မျက်နှာကို လာမှန်လေသည်။
“ကစားသူ[Ming]က ကစားသမား [doushizhazha]ကို လက်ပစ်ဗုံးကို အသုံးပြုပြီး သတ်လိုက်ပါသည်”
ကြည့်ရှူသူတွေက ဤကစားသမားအား သနားတောင် သနားမိသွားလေသည်။
“လက်ပစ်ဗုံးတွေအများကြီးနဲ့ပစ်တာပဲ ရက်စက်လိုက်တာ”
“ကောင်းကင်တစ်ခုလုံးက လက်ပစ်ဗုံးကြောင့် အရောင်ပြောင်းသလိုကိုဖြစ်နေတယ်... တကယ်ကိုပဲ”
“မျိုးဂျင်က စဉ်းစဉ်းစားစားလုပ်လိုက်တယ်လို့ ခံစားရတယ်... သူနောက်ဆုံးတစ်ယောက်ကို သတ်နိုင်မယ်လို့ ငါတော့ထင်တယ်”
“လာကြ... တကယ့်ဆရာကြီးနှစ်ယောက်ရဲ့ ပွဲပဲ”
ချန်ပီယံကစားသမားရဲ့ဘေးမှ တစ်ယောက်က Videoကို ဖွင့်လိုက်ပြီး ပြဖို့ ကြိုးစားလိုက်သည်။
ကျန်းစစ်မင်က ဖြတ်သွားဖြတ်လာကစားသမားကိုသတ်ပြီးနောက် အဆိပ်ဇုန်ထဲမှ ပြေးထွက်သွားလေသည်။
တကယ်တော့ ရှောင်ဟိုင်တွင် ကျန်းစစ်မင်ရဲ့ တည်နေရာကို ဘေးမှတစ်ယောက်ကနေတဆင့် သိအောင်လုပ်လို့ရလေသည်။
သို့သော် ကျန်းစစ်မင်ပြေးသွားသည့်တစ်လျှောက် မပစ်ခဲ့ပေ။
သူက ကျန်းစစ်မင်နှင့် တရားမျှတသည့် ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ချင်တာဖြစ်လေသည်။
ကျန်းစစ်မင်ကလည်း တစ်ဖက် ပြိုင်ဘက်ကို လေးစားရမည်ဆိုတာကိုသိပြီး သူ့ရဲ့သွေးကို အမြင့်ဆုံး အခြေအနေရောက်အောင် မြှင့်တင်ပြီး စောင့်နေလေတော့သည်။
::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now