241 - 245

141 6 0
                                    

အပိုင်း - ၂၄၁ (လက်ဆောင်)

ကျန်းစစ်မင်သည်  ယခင်က ကမ်းခြေပါတီတစ်ခုတွင် သီချင်းဆိုခဲ့ဖူးသော်လည်း ၎င်းတို့အားလုံးသည်  တန်းတူရည်တူပါတီများဖြစ်ကြပြီး၊ ကျန်းလန်မှာ သိပ်ပြီး ဘာမှ မသိလှပေ။
ဒီနေ့ မွေးနေ့ပွဲကို ကျောင်းက သူငယ်ချင်းကောင်းများကို ဖိတ်ကြားထားသည်။
ကျန်းစစ်မင်၏ သီချင်းသံကို သူတို့အနည်းစုသာကြားဖူးကြပြီး၊ ကာလရှည်ကြာ လှပြီဖြစ်ရာ သူ့အသံကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေပြီဖြစ်သည်။
" အစ်ကိုကျန်းက သီချင်းဆို အရမ်းကောင်းတယ်!"
"အစ်ကိုကျန်းရဲ့အသံက ငါနဲ့ သိပ်မစိမ်းသလိုပဲ၊ ဒါပေမယ့် ငါ မမှတ်မိဘူး"
"သီချင်းဆိုတဲ့အသံက အဆန်ချန်ထက် ပိုကောင်းမယ်ထင်တယ်။"
"အသံက အတူတူပါပဲ၊ အရမ်းကောင်းတာပဲ"
...။
ကျန်းလန်ပင် အနည်းငယ် အံ့အားသင့်သွားပြီး သူမ အပိုင်းရောက်သည်အထိ သီချင်းမဆိုနိုင်ခဲ့ပေ။
နှစ်ယောက်အတူ သီချင်းဆိုပြီးနောက် ကျန်းစစ်မင်က လူတိုင်းကို ကိတ်မုန့်ခွဲ မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
ကိတ်မုန့်ကို  နေရာချထားပြီးနောက် လူအားလုံး ဝိုင်းရံနေသော ကျန်းလန်သည်  သူမ၏လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ မျက်လုံးများကိုမှိတ်ကာ ယုံယုံကြည်ကြည် ဖြင့်  ဆုတောင်းနေပါသည်။
ဆန္ဒပြုဆုတောင်း ပြီးသည့်အခါ ဖယောင်း တိုင်ကို မှုတ်လိုက်သည်။
အားလုံးက ပြင်ဆင်လာသည့် မွေးနေ့လက်ဆောင်များကို ထုတ်ယူပြီး ကျန်းလန်ကို ပေးကြလေသည်။
လူတိုင်းက  သူမအတွက် ဝယ်ယူပေးလာကြသည့် ရာထောင်ချီနေသော လက်ဆောင်များအတွက် ကျန်းလန်သည်  တစ်ယောက်ချင်းစီကို ကျေးဇူးတင် စကားပြောကြားပြီး ကျေနပ်စွာ လက်ခံခဲ့သည်။
တခြားသူများ  ပေးပြီးနောက် အားလုံးက ကျန်းစစ်မင်သည် မွေးနေ့ရှင်အား ဘယ်လိုမျိုး  မွေးနေ့လက်ဆောင်ပေးမည်ဆိုသည်ကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြလေသည်။
ကျန်းစစ်မင်သည် ဖုံးကွယ်ခြင်းအလျဉ်းမရှိဘဲ သူယူလာသည့်အိတ်ကို ကျန်းလန်အား ပေးလိုက်သည်။
"ရှောင်ကျန်း ကြည့်စမ်း၊ ကြည့်ရအောင်။"
ကျန်းစစ်မင် ပေးမည့်လက်ဆောင်များကို လူတိုင်းက မြင်ချင်ကြလေသည်။
"ကျွန်မ ဖွင့်ကြည့်လို့ရမလား?"
ကျန်းလန်သည် ဒီလိုအသေးအမွှားကိစ္စလေးကိုလုပ်ဖို့ရာ ကျန်းစစ်မင်၏ သဘော တူညီချက်ကို မေးနေသေးသည်။
"ဖွင့်ပါ အားလုံး စောင့်နေကြပြီ"
ကျန်းစစ်မင်သည် သခွားမွှေးသီးတစ်စိတ်ကို ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ကျန်းလန်က သူပြောသည်ကို နားထောင်ပြီးနောက် အိတ်ကိုဖွင့်လိုက်သည်။
အထဲတွင် လှပသည့် သေတ္တာလေးတစ်လုံး ပါရှိလေသည်။
၎င်းမှာ  ခရမ်းရောင်အဝိုင်းပုံ သလင်းကျောက်လည်ဆွဲ ဖြစ်ပြီး ၄င်းတွင် ဆွဲထားသော  စတုရန်းပုံ စံချိန်မီ ငွေရောင်ဆွဲသီးလေးမှာ သန့်စင်သောအလင်း၊  ကြည်လင်ပြတ်သားသောခရမ်းရောင် တို့ဖြင့် အလင်းရောင်အောက်တွင် တဖျတ်ဖျတ်  တောက်ပလျက်ရှိသည်။
ဝိုး! ! !
"ဒီလည်ဆွဲကို ငါသိတယ်။ ကာတီးယား လည်ဆွဲပဲ၊ အနည်းဆုံး တစ်သိန်း၊ အလယ်က ဒီကျောက်က အရမ်းကြီးတယ်၊ အဲဒါက နှစ်သိန်းထက်တော့ မလျော့ဘူး!"
"အရမ်းလှတာပဲ၊ ငါသာ ဒီလိုဆွဲကြိုးလေးရရင် ဒီနှစ်တော့ နေ့တိုင်း ပါးစပ်ပိတ် နေရလိမ့်မယ်။"
"အစ်မကျန်း၊ အစ်ကိုကျန်း က မင်းကို အရမ်းကြင်နာတာပဲ!"
"ဒီလည်ဆွဲက ကျန်းရဲ့ စိတ်နေစိတ်ထား အသွင်အပြင်တို့နဲ့ လိုက်ဖက်တယ်!"
...
လူတိုင်းမှာ ပြောစရာတစ်ခုခုတော့ ရှိကြလေသည်။
မြှောက်ပင့်ပြောဆိုမှု အနည်းငယ်ရှိသော်လည်း၊ သူတို့သည် အမှန်တကယ် ရိုးသားကြသည်။
ကျန်းလန်သည် ဤလည်ဆွဲကြောင့် အံ့အားသင့်သွားပြီး တစ်ချက်မြင်ရုံမျှနှင့် သဘောကျသွားလေသည်။
သူမသည် ဟန်ပင်မဆောင်နိုင်တော့ဘဲ လည်ဆွဲကို ကောက်ကိုင်လိုက်ပြီး လည်ပင်းတွင် ကပ်ကြည့်လိုက်သည်။
လည်ဆွဲကြောင့် ကျန်းလန်သည် ပို၍ပင် စွဲမက်ဖွယ်ကောင်းပြီး ကျန်းစစ်မင်ပင် မျက်လုံးမခွာနိုင်ပေ။
"ကြည့်ကောင်းရဲ့လား..."
ကျန်းလန်က ကျန်းစစ်မင်ကို ရှက်ရွံ့စွာ မေးလိုက်သည်။
"အရမ်းလိုက်တယ်။"
ကျန်းစစ်မင်က  သဘောကျစွာ ခေါင်းညိတ်လိုက်သည်၊ ကျန်းလန်သည် အမြတ်တနိုး မျက်နှာသာပေးမှုကို  လက်ခံရရှိသည့် အတွက် အလွန် ပျော်ရွှင်နေခဲ့သည်။
ခဏအကြာ ဝတ်ကြည့်ပြီးနောက် သေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။
"ဘာလို့ ချွတ်ပစ် လိုက်တာလဲ"
ကျန်းစစ်မင်က သင်္ကာမကင်း မေးလေသည်။
"ကျိုးသွားမှာကြောက်လို့ သိမ်းထားမလို့~"
ကျန်းလန်က ပြုံး၍ ပြန်ဖြေသည်။
ကျန်းစစ်မင်က ပြုံး၍ ခေါင်းယမ်းလိုက်ပြီး
"ဒါက ပထမဆုံး လက်ဆောင်ပဲ၊ အောက်ထပ်မှာ နောက်ထပ် လက်ဆောင်တစ်ခု မင်းကို စောင့်နေသေးတယ်"
ပြီးတော့!
ဖရဲသီးစားနေကြသည့် လူများမှ သူတို့နားကိုသူတို့မယုံနိုင် ဖြစ်နေကြသည်။
ရာထောင်ချီသော လက်ဆောင်များ ရပြီးသည့်နောက် ဒုတိယ လက်ဆောင် ရှိသေးသတဲ့လား။
"မလိုတော့ပါဘူး၊ ဒါတောင် အရမ်းဈေးကြီးလှပြီ"
ကျန်းလန်အနေဖြင့်  ဤပျော်ရွှင်မှု၏ သက်ရောက်မှုမှာ ပြင်းထန်လွန်းသည်ဟု ခံစားခဲ့ရပြီး သူမသည်  ပထမလက်ဆောင်မှာပင် မတည်မငြိမ်ဖြစ်နေပြီဖြစ်သည်။
"အဲ့ဒါကို မင်းအတွက် သိမ်းထားလိုက်၊ ပြောစရာတွေ အများကြီးပဲ"
ကျန်းစစ်မင်က ပိုင်စိုးပိုင်နင်း ပြန် ပြောသည်။
"အိုး~"
ကျန်းလန်က ခေါင်းညိတ်လိုက်ပြီး လျှာတစ်လစ် ထုတ်ပြလိုက်သည်။
"အစ်ကိုကျန်း၊ ဒုတိယလက်ဆောင်က ဘာလဲ၊ ငါတို့သိချင်နေပြီ။"
"ဟုတ်တယ် ငါလဲ တကယ်သိချင်တယ်"
လူတိုင်းက အရမ်းသိချင်နေကြလေသည်။
ကျန်းစစ်မင်သည် ပြုံးပြုံးလေးခေါင်းညိတ်ရင်း
"အောက်ဆင်းပြီးမင်းပါမင်း တစ်ယောက် တည်း သွားကြည့်ချေ၊ စားသောက်ဆိုင်ရဲ့ ကားပါကင် မှာ ရှိတယ်။ သော့က ဒီမှာ"
ကျန်းစစ်မင်က ကားသော့ကို ထုတ်ယူလိုက်သောအခါ ဒုတိယလက်ဆောင်မှာ ကားဖြစ်သည်ကို လူတိုင်းသိလိုက်ကြသည်။
ပြီးတော့ တံဆိပ်ကိုကြည့်လိုက်ရာ ရှင်းရှင်းလင်းလင်းပင်... BMW။
"ဘယ်စီးရီးထဲကလဲဆိုတာ ကျွန်တော် တကယ်သိချင်နေပြီ၊ သွားလိုက်ကြည့် လို့ ရမလား။"
"ကျွန်တော်လည်း သွားချင်ပါတယ်။"
"သွား ကြည့်လာခဲ့ကြ"
...
အားလုံးက ကျန်းလန်ကို အောက်ထပ်သို့ ဆွဲခေါ်သွားကြသည်။
ကျန်းလန်သည်  ကျန်းစစ်မင်နှင့် ခဏတာ နှစ်ယောက်တည်း နေချင်သော်လည်း အခန်းဖော် အချို့၏  ကြိုးစားအားထုတ်မှုကို မထိန်းထားနိုင်သောကြောင့် သူတို့နောက်သို့  လိုက်ပါသွားရသည်။
ကံကောင်းထောက်မစွာ၊  ဤ KTV သည် စားသောက်ဆိုင်မှ ခြေလှမ်း အနည်းငယ်သာဝေးပြီး လူတစ်စုသည်  ခြေလှမ်း နှစ်လှမ်းလောက် လှမ်းရုံဖြင့်  ရောက်လာသည်။
"ဘယ်ကားပါလိမ့်၊ BMW တွေက များသား။"
လူတိုင်း အံ့ဩကြသည်။
ကျန်းလန်လည်း  အရမ်းသိချင်နေခဲ့သည်။ သူ့လက်ထဲက ကားသော့ကို ကောက်ကိုင်လိုက်ပြီး  တစ်ချက်နှိပ်လိုက်သည်နှင့် လှပသော ကြက်သွေးရောင် ကားကိုယ်ထည်၏ မီးရောင်များ  ပွင့်သွားသည်။
ဆရာကြီး!
လူတိုင်းရဲ့အသံက ဆူညံနေသည်။
"ဒါလား... ဒါက X6 လား?"
"X6 တစ်သန်းကျော်၊ အဲ့ဒါကို တကယ်ကြီး လက်ဆောင်ပေးတယ်!"
"မကြာသေးမီက  ကျန်းဝေသည် သူ့မိသားစုရဲ့ ပိုက်ဆံနဲ့ Cadillac 500,000 တန်  တစ်စီးဝယ်ခဲ့ပြီး ကျန်းလန်က သူ့ကို မရွေးချယ်ခဲ့တာ မှားသည်ဆိုသည့်  သဘောမျိုးဖြင့် ထိုကားဖြင့်ဟန်ရေးတပြပြ လုပ်နေခဲ့သည်။"
"ကျန်းလန်သာ X6 ကို မွေးနေ့လက်ဆောင်အဖြစ် လက်ခံရရှိကြောင်း ကျန်းဝေ သာ သိပါက ဘယ်လိုထင်မည်မသိ။"
"အီးတောင် မပေါက်ရဲလောက်ဘူးလို့ ငါတော့ထင်တာပဲ..."
...
ဤအနီရောင် BMW X6 သည် ကျန်းလန်ကို ပျော်ရွှင်ထိတ်လန့်စေခဲ့သည်။
ကျန်းစစ်မင်၏ လက်ဆောင်ပေးမှုကို မငြင်းပယ်ရဲဘဲ တဖြည်းဖြည်းနှင့် သူမသည်လည်း ပစ္စည်းတစ်ခုလို ဖြစ်လာမည်ကို ကြောက်ရွံ့နေခဲ့သည်။
အားလုံးက ကားကိုကြည့်နေကြပေမယ့် ကျန်းလန်က ပြန်လှည့်ပြီး KTV ကို ပြန်ပြေးသွားခဲ့သည်။
သူမ ပြန်ရောက်တော့ ကျန်းစစ်မင်က ဖုန်းကြည့်ရင်း ပတ်ဝန်းကျင်ကို မေ့နေလေသည်။
ကျန်းလန်က သူ့ဘေးမှာထိုင်ပြီး
"ဒီလက်ဆောင်က အရမ်းဈေးကြီးတယ်၊ ရှင်…"ဟု တိုးတိုးလေးပြောလေသည်။
"အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့လား။"
ကျန်းစစ်မင်က မော့မကြည့်။
"ဒါပေမယ့်..."
ကျန်းလန်က တစ်ခုခုပြောချင်သော်လည်း ရပ်လိုက်သည်။
စကားအနည်းငယ်ထပ်ပြောချင်သော်လည်း  ကျန်းစစ်မင် စိတ်မချမ်းသာမှာကို ကြောက်သောကြောင့်  ကျန်းစစ်မင်၏လက်မောင်းကိုသာ အယောင်ယောင် အမှားမှားဖြင့် ဖက်ထားခဲ့လေသည်။
"အစ်ကို ကျန်း ၊ ကျမ ရှင့်ကို ပိုပိုပြီး အကြွေးတင်နေပြီထင်တယ်..."
"ဒါဆို သူတို့ကို အနာဂတ်မှာ အလုပ်သွားလုပ်ချင်တဲ့ မျှော်မှန်းလစာအနေနဲ့ တွက်ပြီး ငါ့ အတွင်းရေးမှူး လုပ်ပေးပါ။"
ကျန်းစစ်မင်က ပြန်ဖြေသည်။
"မျှော်မှန်းလစာက 20,000 ပဲဆိုတော့ အသက်ကြီးတဲ့အထိ ဆပ်လို့ပြီးပါ့ မလား..."
"အငယ်ဆုံး ပြန်မဖြစ်ချင်ဘူးလား"
ကျန်းစစ်မင်သည် မျက်လုံးကိုလှန်၍ သူမကို ပြင်းစွာ စိုက်ကြည့်နေသည်။
ကျန်းလန်က ချက်ခြင်းနားလည်သွားပြီး ဝမ်းသာအားရ ခေါင်းညိတ်လိုက် သည်။
"ငါထင်ပါတယ်!"
"ဒါဆို မိုက်မဲတဲ့ စကားတွေ မပြောပါနဲ့၊ မင်း သူငယ်ချင်းတွေကို အမြန်ပြန်ခေါ်၊ ပါတီပွဲတက်ပြီးတာနဲ့ ငါနဲ့ ဟိုတယ်ကို လိုက်ခဲ့ပေးပါ"
ကျန်းစစ်မင်သည်  KTV က ဆူညံလွန်းသည်ဖြစ်ရာ စောင့်ရတာ ငြီးငွေ့လာပြီဖြစ်သည်။
ကျန်းလန်က ကျန်းစစ်မင် ဒီစကားပြောခြင်းသည် ဘာကိုဆိုလိုမှန်းသိသည် ဖြစ်ရာ ရှက်သွေးဖြာသွားသည်~
"သူတို့ကားကိုကြည့်နေတုန်း၊ ခဏနေရင် ပြန်လာကြလိမ့်မယ်၊ ရှင်စားဖို့ စပျစ်သီးတစ်လုံးကို ကျမ အခွံခွာပေးမယ်။"
ကျန်းလန်က ပြောသည်။
"ကောင်းပြီ ဒါပေမယ့် မင်းပါးစပ်နဲ့ ငါ့ကို ကျွေးရမယ်နော်"
ကျန်းစစ်မင်က ဆိုးသွမ်းစွာပြောသည်။
ကျန်းလန်သည် ကျန်းစစ်မင်ကို စိုက်ကြည့်လိုက်ပြီး တံခါးဘက်ဆီသို့ ဘယ်သူမှ ပြန်မလာကြောင်း သေချာအောင် ကြည့်လေသည်။
ပြီးမှ  သူမသည် စပျစ်သီးကို အခွံခွာ၍ သူမပါးစပ်ထဲသို့ထည့်ပြီးနောက် သွားဖြင့်  ညင်သာစွာ ကိုက်လိုက်ပြီး နီစွေးနေသော နှုတ်ခမ်းများကို ဖွင့်ဟကာ  ကျန်းစစ်မင်ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ဒါသည် ကျန်းစစ်မင် ဖတ်ရှုရင်း မြင်ယောင်ခဲ့ရသည့် ရှေးဧကရာဇ်မင်းမြတ်၏ ဝတ္ထုများထဲမှ ပုံစံမျိုးပင်ဖြစ်သည်။
အရင်ခေတ်က မောင်းမမိဿံများ ဧကရာဇ်မင်းကို ကျွေးမွေးကြတာမျိုးပင်.. ပျော်ကြတာပေါ့။
နှုတ်ခမ်းနှစ်စုံ  ထိလိုက်သည်နှင့် ကျန်းစစ်မင်သည် လွှတ်ပေးရန်မရည်ရွယ်ဘဲ ကျန်းလန်ကို  ပွေ့ဖက်လိုက်ပြီး လက်နှစ်ဖက်မှာ အပေါ်အောက်လှုပ်ရှား၍ လက် သရမ်းချင်တိုင်း  သရမ်းနေတော့သည်။
တံခါးအပြင်ဘက်မှ ထွက်လာသော ခြေသံများကို ကြားနေရသည်အထိ ကျန်းစစ်မင်သည် လက်လွှတ်ပေးဖို့ မစဉ်းစားခဲ့ပေ။
ကျန်းလန်သည်  ချက်ချင်းထ၍ ထိုင်လိုက်ပြီး ရှက်ရွံ့သောအမူအယာဖြင့် အဝတ် အစားများကို  သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ အသက်မှန်မှန်ရှူရန် အကောင်းဆုံးကြိုးစားခဲ့သည်။
"ညီမကျန်း မင်း ပြန်ရောက်နေတာပဲ၊ ငါတို့က မင်းကို ရှာနေကြတာ။"
အတန်းဖော်များက မူမမှန်တာကို သတိမထားမိကြပေ။
ဆယ်နာရီထိုးခါနီးအထိ လူတိုင်းက ဘောက်စ်ထဲမှာ သီချင်းတွေဆိုနေခဲ့ကြသည်။
:::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now