166 - 170

152 4 0
                                    

အပိုင်း - ၁၆၆ (မင်းနှင့် တရွတ်တိုက်ဆွဲခြင်း ကြား ကွာဟချက် ဘာလဲသိလား?)
ကီ ၏ အာရုံပိုတက်ကြွလာပြီးမျိုဂျင် ကို သူတစ်ခါမှမမြင်ဖူးခဲ့။
လက်တွေ့ဘဝနှင့် ကင်မရာပေါ်က မျိုဂျင် ဘယ်လိုကွာခြားသလဲ?
အများကြီးပြောင်းလဲသွားမည်လား?
မျက်နှာလှစေဖို့ အလှထည့် ကင်မရာတွေသုံးကြသည့် အမျိုးသမီးကြေညာသူများကဲ့သို့ပင် ဖြစ်နေမလား…
မီးကျည်သေနတ်သံကြောင့် ကီ ၏ တစ်ပိုင်းတစအတွေး ပျက်သွားသည်။
လူလေးယောက် ရှာနေသည်နှင့် မလှမ်းမကမ်းတွင် စူပါ airdrop ခေါ်သော အသင်းတစ်သင်းရှိသည်။
ကျန်းစစ်မင် ရုတ်တရက်ကြီးရှာတာရပ်လိုက်သည်။
မိန်းကလေးသုံးယောက်ကို ခေါ်ဖို့  ကားကိုမောင်းထွက်လိုက်ပြီးသည့်နောက် စူပါ airdrop ရှိရာသို့သွားသည်။
‘သူများ airdrop ကိုသွားလုတော့မလို့လား? ဘယ်တုန်းကမှ ဒီလောက်ရူးမိုက်တာလုပ်ဖို့ စိတ်မကူးဖူးဘူး’
ကီ က ကတုန်ကရင် ပြောလိုက်သည်။
သူမကအသက်မြတ်နိုးသည့် player မို့ ဒီအတိုင်း ပစ္စည်းပဲကောက်သည်၊ရန်မဖြစ် လူမြင်သည် နှင့် ပြေးပုန်းသည်၊အဆင့်ယူသည်။
သူမက ဒါမျိုးပဲ အမြဲတမ်းလုပ်ရင်း နောက်ဆုံးအချိန်ထိရှင်သန်ရန် ကြိုးစားလေ့ရှိသည်။
‘မမ ကီ ရပါတယ်.. OB နားမှာပဲကပ်နေ အစ်ကို ရှောင်မင် တစ်ယောက်တည်းနဲ့တင်ရတယ်’
‘ဟုတ်တယ် ငါတို့ကဒီအတိုင်း နောက်ခံအသင်းဖြစ်ပေးရုံပဲ.. အတော်လေးကြာမှ ဆီဖြည့်မယ်.. ဒီနောက်တော့ ကြက်ကလေးတွေစားရလိမ့်မယ်’
မိန်းကလေးငယ်နှင့် တွမ်တွမ်တို့မှာ အတွေ့အကြုံအများကြီး ရှိပြီးသားကြောင့် သီအိုရီအကြောင်းသာ ပြောပြနေကြသည်။
Airdrop ခေါ်လိုက်သည့် အသင်းမှာလည်း airdrop ရှာတွေ့ရုံ ကံကောင်းသည့် ကောင်လေးများအဖွဲ့ဖြစ်သည်။
ဗျူဟာအဆင့်တွင်  မသာချေ။ကျန်းစစ်မင်သည် အလွန်ကြမ်းတမ်းစွာဖြင့် တဲ့တိုးရင်ဆိုင်လိုက်ပြီး  ကားပေါ်ကဆင်းလာသည်နှင့် သေနတ်နှင့်ပစ်လိုက်သည်။
ဒီအသင်းဟာ ဗျုဟာ မသာပေမယ့်လို့ ကျန်းစစ်မင်ကလည်း အလွယ်လေး အားထုတ်နေခြင်းသာဖြစ်သည်။
တစ်ဖွဲ့လုံး သေသွားချိန်  အားကီ ကားထဲက ထွက်လာရုံရှိသေးသည်။
စူပါ airdrop ကျလာချိန် ထိုထဲ အရောင်လက်နေသည့် အပိုင်းအစ နောက်တစ်ခုကို တွေ့လိုက်ရတော့ ကျန်းစစ်မင် အံ့အားသင့်သွားပြီ!
ဒီတစ်ခေါက်က အနီရောင် အပိုင်းအစ..
“ကောက်ယူပါ  (ရှေ့ပြေးဘတ်စ်ကတ်ဘောစွမ်းရည်များ) အနီရောင်အပိုင်းအစ*၁ (၁/၅)။  အပိုင်းအစအရေအတွက် မပြည့်သေးသဖြင့် ယာယီ အသုံးပြုမရနိုင်ပါ’
ကျန်းစစ်မင် အရင်ကလည်း ဘတ်စ်ကတ်ဘောစွမ်းရည်ကို ရခဲ့ပေမယ့် ကနဦးအဆင့်သာဖြစ်သည်။
ဒီတစ်ခေါက်က ရှေ့ပြေးအဆင့်။
ကျန်းစစ်မင် သိသည်မှာ မူလအနီရောင်အပိုင်းအစတွေထဲ ပေါ်လာသော စွမ်းရည်တွေသည် ကနဦးအဆင့်နှင့် ရှေ့ပြေးအဆင့်ဟုသာ ပိုင်းခြား ထားသည်။
အစကတော့ အစဉ်အဆက်ဆေးလို လေးဆင့်၊ငါးဆင့် ပိုင်းခြားထားမည်မှတ်သည်။
ရှေ့ပြေးဘတ်စ်ကတ်ဘောစွမ်းရည် ဆိုသည်မှာ ဘတ်စ်ကတ်ဘောလောကတွင် ထိပ်တန်းနည်းပညာဖြစ်သည်။
ကျန်းစစ်မင်ကို NBA တွင် မည်သူမျှ လာမယှဉ်နိုင်သည်အထိ ဖြစ်သွားနိုင်သည်။
သူ့အနေတော်ကိုယ်ဟန်ဖွဲ့စည်းမှုပါ  ထပ်ပေါင်းလိုက်လျှင် ‌ဂျော်ဒါပင် သူအစွမ်းကုန်ထုတ်သုံးနေချိန် သူ့ကို  မတိုက်ခိုက်နိုင်ဟု မှန်းဆရသည်။
ဘတ်စ်ကတ်ဘောနည်းလမ်းဆိုတာလည်း အခုထိ သာမန်အသေးအမွှားပါ။
အရေးအကြီးဆုံးက ကျန်းစစ်မင်၏ခန့်မှန်းချက် စူပါ airdrop တိုင်း အပိုင်းအစ တွေရှိမည်လား?
တစ်ချီမှာ airdrop အနည်းဆုံးသုံးကြိမ်ချပေးတာမို့ အနည်းဆုံး အပိုင်းအစ သုံးခု ကောက်နိုင်သည်။
ဒါကျန်းစစ်မင်အဖို့ သိပ်လှလွန်းသည့် အကွက် ဖြစ်သွားပြီ!
ဒီမှန်းဆချက် အလုပ်ဖြစ်စေဖို့ ကျန်းစစ်မင် ပြေးသည့်နေရာတိုင်း မိန်းမသုံးယောက်ကို ခေါ်သွားသည်။
တစ်ယောက်ယောက် airdrop ကို ခေါ်ရဲသရွေ့ ဘယ်လောက်ဝေးဝေး သူကလည်းရအောင်သွားမည်သာ။
ကျန်းစစ်မင်  အထင်လွဲနေသည်မှာ ၁၀၀ % မဟုတ် ၇၀ %  ကျော်နေရုံသာဖြစ်သည်။အလွန်တရာမြင့်မားသော ဖြစ်နိုင်ချေ % ဖြစ်သည်ကို  အချက်အလက် တွေက သက်သေပြနေသည်!
သုံးခုတွင် အနည်းဆုံးတစ်ခု၌ အပိုင်းအစ ရှိရမည်။
ဒီလိုဆိုလည်း ကျန်းစစ်မင် အလွန်ကျေနပ်သည်။
ခြင်ဘယ်လောက် အကောင်ငယ်ပါစေ အသားကအသားပင်။
‘အခြေခံလစာ’ ပင်ဖြစ်ပါစေ ‘အလုပ်’ အပေါ် သူကြောက်ရွံ့တုန်လှုပ်နေမည်မဟုတ်။
ငါးပွဲကစားသည်။ ကြက်လေးကောင်စားသည်။
တစ်ကောင်က အားကီ စိတ်နည်းနည်းဗျာများပြီး ကျန်းစစ်မင်ကို မတော်တဆ တိုက်မိသွားရာက မတော်တဆ သေနတ်ပစ်လိုက်မိခြင်းကြောင့် ဖြစ်သည်။
နောက်ပိုင်း တစ်ဖက်အဖွဲ့က ကျန်းစစ်မင် ကုန်းနေတုန်း ကျန်သုံးယောက်ကို လက်စဖြောက်လိုက်တော့ အဲ့ဒီပွဲ ကြက်သားနှင့် လွဲချော်သွားခဲ့သည်။
အားကီ လည်းဒီအတွက် အတော်ကြာကြာ တောင်းပန်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုပြီးသည်အထိ ဆက်တောင်းပန်နေတုန်း ဖြစ်သည်။
ကျန်းစစ်မင် စိတ်ထဲမထားပေမယ့်လို့ ဒီမိန်းမက အပြစ်ရှိတယ် ခံစားနေရတော့လည်း သူ မတတ်နိုင်ဘူးပေါ့။
ကြက်လေးကောင် အပါ တတိယနေရာတစ်ခု၊ညလုံးပေါက်နီးပါး ကစားခဲ့သည်။
ပုံမှန်ဆို ကြက်အနည်းအကျဉ်းစားရဖို့ မိနစ် ၄၀ ကျော်ကြာသည်။
ဘယ်လိုဖြစ်ဖြစ် အဆိပ်စက်ကွင်းထဲ နောက်ဆုံးအထိ မဖြစ်မနေ အသက်ရှင် နေရမည်သာဖြစ်သည်။
အားကီ ကို တစ်ယောက်တည်းကစားခွင့်ပေးလိုက်မယ်ဆို ဒီည သူ ရာကျော်ကို ကစားနိုင်မှာ။ ဒါဆို အပြောသက်သက် မဖြစ်တော့ဘူး။
ဒီဟာတွေကြားထဲ ကျန်းစစ်မင် အပိုင်းအစ ခြောက်ခု ရခဲ့သည်။
လေးခုက ရွှေရောင်၊ နှစ်ခုက အနီရောင် ပြီးတော့ အနီရောင်အပိုင်းအစတွေက အကုန်လုံး ရှေ့ပြေး ဘတ်စ်ကတ်ဘောစွမ်းရည်တွေချည်း။
ရွှေများသည် ယခုတော့ ကျန်းစစ်မင်အတွက် မထူးဆန်းတော့သည့် ဒေါ်လာမီလီယံနှင့်ချီ တန်သော ဇိမ်ခံအကောင်းစားပစ္စည်းများ ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်ပွဲပြီးတော့ အားလုံးကိုနှုတ်ဆက်သီချင်းဆိုပြသသည်။
ဒီနောက် ယနေ့တိုက်ရိုက်ထုတ်လွှင့်ပွဲ ပြီးဆုံးကြောင်း ကြေညာသည်။
ကျန်းစစ်မင် ကွန်ပျူတာပိတ်တော့မည့်ဆဲဆဲ လူတစ်ယောက် သူ့ ဒိုယု အကောင့်လာအပ်ထားသည်ကို တွေ့လိုက်သည်။
ID က နည်းနည်း လေးရင်းနှီးနေသည်။
တစ်ဖက်အဖွဲ့ကလည်း ဒီလမ်းကြောင်းကပဲမို့ fri အပ်တုန်းက ဘာမှသိပ်မစဉ်းစားဘဲ လက်ခံလိုက်သည်။
လက်ခံပြီးပြီးချင်း စာဝင်လာသည်။

‘မျိုဂျင်  နာမည်ကို အကြာကြီး သဘောကျလာတာ။ ငါက မင်း ဒိုယု လုပ်ဖော်ကိုင်ဘက် ပြီးတော့  ကြေညာသူတစ်ယောက်။ နာမည်က ချင်ရှောင်ဂျ.. ငါ့ကိုမသိဘူးလား?’
ကြားလိုက်ရတော့ ကျန်းစစ်မင် စိတ်တိုသွားသည်။
‘ငါကဘာလို့သိနေရမှာလဲ?’
ကျန်းစစ်မင် မျက်နှာမပြဘဲ ပြန်ဖြေလိုက်သည်။
ကျန်းစစ်မင်က  ဟန်တွေဘာတွေ သိပ်ဆောင်ချင်ပေ။ အကြောကြီးနှင့် လာပြောလျှက် သူကလည်း ဘုကလန့်  လိုက်ရမှ ဖြစ်မည်။ သူစိတ်ဆိုးနေလျှင် လိုက်စိတ်ဆိုးမည်မှာ  ကျန်းစစ်မင်၏စရိုက်ဖြစ်သည်။
တစ်ဖက်လူကလည်း ကျန်းစစ်မင်ဒီလောက် မျက်နှာပြောင်မည် မထင်ထားဘူး။
ဒါပေမယ့်လည်းပြုံးမိသွားသည်။
‘မျိုဂျင် အထင်လွဲနေပြီ။ မင်းကိုနှောင့်ယှက်ဖို့လာတာ မဟုတ်ပါဘူး။ ပူးပေါင်းဖို့လာတာ’
ကျန်းစစ်မင် စိတ်အနှောင့်အယှက်ဖြစ်ခံ စာပြန်မနေတော့။
ဝမ်ရှင်းရီ  သူ့အတွက် ရေဆေးပေးထားသော စပျစ်သီး အခွံခွာပြီး ပါးစပ်ထဲ  ပစ်ထည့်၊သူ့အားလပ်ချိန်လေးမှာယနေ့သတင်းဖြစ်စေ တစ်ခုခုကို ကြည့်ရန် website  ထဲ ဝင်လိုက်သည်။
အတော်လေးကြာပြီးသည့်နောက် တစ်ဖက်လူ စကားလာပြောပြန်သည်။
‘ဒါပဲပေါ့  မျိုဂျင်.. မင်းအခုတအားနာမည်ကြီးနေတယ်.. ဒါပေမယ့် မင်းနာမည်ကြီးတာကို  ထိန်းထားချင်တယ်ဆို ရှယ်ယာပွဲစား ကုမ္ပဏီရဲ့ ပံ့ပိုးမှု ကြေညာသူမှာ  မဖြစ်မနေ ရှိထားရမယ်.. မဟုတ်ရင် မင်းပွဲကို လူတွေမကြည့်ချင်လာတဲ့အခါ  မင်းနာမည်ကြီးတာလည်း ပြီးဆုံးသွားပြီ’
‘ဒါကြောင့်  ငါတို့ waffle ရှယ်ယာပွဲစားကုမ္ပဏီက မင်းနဲ့လက်မှတ်ထိုးပြီး မင်းကို  အကောင်းဆုံး ပံ့ပိုးမှုပေးချင်နေတယ်။ သေချာပေါက် မင်းအနေ နဲ့  ကုမ္ပဏီစီစဉ်တာကိုလက်ခံပြီး ကုမ္ပဏီက တခြားကြေညာသူတွေ နာမည်တက်ရေးကိုလည်း  မင်းနာမည်ကြီးတဲ့အချက်ကို အသုံးချရမယ်’
ဒါကိုမြင်တော့ ကျန်းစစ်မင် လှောင်ပြုံး ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
‘ငါကတွေ့ကရာ ပွဲစားကုမ္ပဏီသုံးတယ် ထင်နေသလား? ချမ်းသာလာဖို့ ကြေညာသူအားလုံး ပွဲစားကုမ္ပဏီပေါ် မှီကိုမှီခိုရမယ် ထင်နေတာလား?’
‘ပျင်းစရာကောင်းလိုက်တာ  ဒိုယု ရဲ့နာမည်ကြီးကြေညာသူအဖြစ် မင်းကို လေးစားပေမယ့်  ငါ့ကိုအနိုင်ကျင့်သလိုလာမလုပ်နဲ့။ ငါ မင်းကိုသိတယ်.. မင်းဟာလည်း Ascendas  ကို နိုင်ခဲ့ဖူးပေမယ့် ငါတို့ waffle ဟာ Ascendas ထက် ပိုမကောင်းဘူး။  ဟုတ်တယ် ငါတို့ကုမ္ပဏီဟာ ဒိုယု ရဲ့ အကြီးမားဆုံး ပွဲစားကုမ္ပဏီ.. ပြီးတော့  အသန်မာဆုံးပဲ။ ငါတို့မှာရှိတဲ့ သတင်းရင်းမြစ် ပံ့ပိုးပေးနိုင်မှုဟာ  မင်းတို့စိတ်ကူးထားတာကို အသာလေး ပယ်ချပစ်နိုင်တာထက်ကို ပိုတယ်’
‘မင်းနဲ့တရွတ်တိုက်ဆွဲခြင်းကြား ကွာဟချက် ဘာလဲသိလား?’
ကျန်းစစ်မင် ဒီသောက်ပေါကောင်ကို စကားဆက်မပြောချင်တော့။
စာကြောင်းတစ်ကြောင်း ပို့ပြီးသည့်နောက် တစ်ဖက်လူကို offline ပြသွားသည်။
တစ်ဖက်က ချန်ရှောင်ဂျကဒါဘာပြောတာလဲဟုတွေးရင်းရုတ်တရက် ကြောင်သွားသည်။
ဘိုင်ဒူမှာရှာပြီးသည့်နောက်တော့ ရုတ်တရက် အကြီးအကျယ် စိတ်ဆိုးသွားလေသည်။
::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now