အပိုင်း - ၆၆ (နတ်မိမယ်စစ်ဆင်ရေး)
“ငါးမျှားနေတဲ့တစ်ယောက်က Douyin liveက ဂျင်နီ။ သူမရဲ့ ဗျုဟာက နတ်ဘုရားကို လှည့်ဖျားနိုင်ပါ့မလားတော့မသိဘူး။ နတ်ဘုရာကတော့ ဘာမှမသိတဲ့ ပုံပဲ။ သူ ဆေးအိတ်ကို ကောက်လိုက်ပြီ။ နီနီက သူ့မျက်နှာကို ထုတ်ပြလာတယ်! သူမ ပစ်လိုက်တယ်! အိုး! မိုင်ဂေါ့........ မျှော်လင့်ထားခဲ့သလို သူမ သေသွားရတာပဲ........”
ရှဲ့ယန်ရဲ့ ဖြီးဖြန်းရှင်းပြချက်က ပရိတ်သတ်များကို ဆိုးဆိုးရွားရွားရယ်မောစေလေသည်။
ဒီလူက ကျန်းစစ်မင်က ရှာတွေ့မယ်ဆိုတာ သိနေပေမယ့် သူက ‘သရုပ်ဆောင်’ချင်နေရုံပဲ။
ကျန်းစစ်မင် ဆေးအိတ်ကို ကောက်လိုက်ချိန်တွင် ဂျင်နီက သူမအခန်းရဲ့ လသာဆောင်ကနေထွက်လာပြီး သူ့ကို တိုက်ခိုက်ချင်နေခဲ့တာဖြစ်သည်။
သေနတ်မပစ်လိုက်ရသေးခင်မှာပဲ သူမက ကျန်းစစ်မင်ရဲ့ နှလုံးပြူးသေနတ်နဲ့ ရက်ရက်စက်စက် ရိတ်သိမ်းခြင်းခံလိုက်တော့၏။
“ဟားဟားဟားဟား၊ ငါးဖမ်းဥပဒေကို လိုက်နာစေချင်နေသေးတာလား။”
“တုန်ယင်နေတဲ့ ထုတ်လွှင့်သူတွေက တအားရယ်ရတာပဲလား။”
“ငါလေး မဟားတရားကို ရယ်နေရပါပြီ။ နတ်ဘုရားကို သတ်ဖို့ ဒီနည်းလမ်းကို သုံးတယ်တဲ့လား။ ငါ့ဦးနှောက်လေးတော့ အဆင်ပြေရဲ့လား။”
“နတ်ဘုရားဆီကနေ အမှတ်သုံးဆယ် ငါ့ကိုပေးလို့ ကျေးဇူးတင်ပါတယ် တုန်ယင်နေတဲ့ ထုတ်လွှင့်သူလေးရေ!”
“ထုတ်လွှင့်သူထက်ကို တုံးအလိုက်တာ၊ အမှတ်တွေ အွန်လိုင်းပေါ်ပို့လိုက်။”
.............
ဒီငါးဖမ်းနည်းလမ်းကို ကျန်းစစ်မင်တစ်ယောက် ပီကာဒိုထဲက တစ်ပွဲတည်းမှာကို သုံးကာလောက်ကြုံခဲ့ရတာကိုတော့ မပြောတော့ပါဘူးလေ။
သူတို့အားလုံး ဘာတွေတွေးနေကြမှန်း နားကိုမလည်နိုင်ဘူး။
အကြိမ်တိုင်း ပစ္စည်းကောင်းတွေအများကြီး အခန်းထဲပစ်ထားပြီး ချောင်းမြောင်းတိုက်ခိုက်ဖို့ အခန်းထောင့်မှာ ပုန်းနေကြတယ်။
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။