အပိုင်း– ၃၀၁ (တက်ကြွနေတဲ့ကစားသမားတွေရဲ့ ရန်စမှုများလား။)
"ကောင်လေး၊ မင်းအရမ်း ယုံကြည်မှုပြည့်နေတယ်လို့ ငါကြားတယ်။ မင်းက ငါတို့ CBA အကြိုပြင်ဆင်ထားတဲ့ လူငယ်အားကစားသမားတွေကို အနိုင်ယူပြီးတော့ သူ့ကို လူလယ်ခေါင်မှာ ကိုယ်လုံးတီးနဲ့ လျှောက်ပြေးခိုင်းတယ်ပေါ့၊ စိတ်ပျက်စရာမဖြစ်နေဘူးလား။"
ကျန့်ဝမ်တန်က ဤတစ်ခေါက်တွင် ကျန်းစစ်မင်ထံ လျှောက်လှမ်းလာပြီးဖြစ်ကာ သူ့ခေါင်းကို အနည်းငယ်ငုံ့ပြီး ကျန်းစစ်မင်ကို အပေါ်စီးမှ ကြည့်လိုက်လေသည်။
၁၉၅မီတာရှိသည့်အရပ်နှင့် ကျန်းစစ်မင်ကို အမှန်စင်စစ်အပေါ်စီးမှ ငုံ့ကြည့်နိုင်လေသည်။
သို့သော် သူ ဘယ်လောက်ပဲ ကြီးကြီး ၊ ဘယ်လောက်ပဲ ရှည်ရှည်၊ အရှိန်အဟုတ်အရဆိုလျှင်တော့ ကျန်းစစ်မင်ကို သူ အခွင့်ကောင်းမယူနိုင်ပေ။
ကျန်းစစ်မင်က သူ့လက်ထဲက ဘတ်စကတ်ဘောကို ပုတ်လိုက်ပြီး သမန်ကာလျှံကာ မေးလိုက်လေသည်။
"ကြည့်ရတာ မင်းက သူ့အတွက် ရပ်တည်ပေးချင်နေတာလား။ CBAက လက်ရှိကစားသမားလား။"
"ဟီးဟီး၊ မင်းသိသားပဲ။ ငါ မင်းကို အနိုင်မကျင့်ချင်ပါဘူး၊ ဒါပေမယ့် အားဟောင်က ငါ့အကြိုက်ဆုံး လူငယ်အားကစားသမားလေ၊ သူက ငါတို့CBAက လူအဖြစ် သတ်မှတ်ခံထားရပြီးသား။ မင်း သူ့ကို စော်ကားတာက ငါတို့CBAကို စော်ကားတာနဲ့ ညီမျှတယ်။"
ကျန့်ဝမ်တန်က စကားကို အပြီးသတ်လိုက်ပြီး သူ့နောက်ရှိဟောင်ယုဟိုကို ညွှန်ပြလိုက်ကာ ကျန်းစစ်မင်ကို ပြောလိုက်လေသည်။
“ငါ မင်းလို အငယ်တန်းလေးကို ခက်ခဲအောင်မလုပ်ပါဘူး။ သူ့လိုပဲ၊ မင်းသာ မင်းအဝတ်တွေကို ချွတ်ပြီး အပတ်နှစ်ဆယ်ပြေးပြမယ်ဆို ဒီကိစ္စကို ကျေပြီလို့ သတ်မှတ်လိုက်မယ်။”
“ဘာလို့လဲ၊ ခင်များရဲ့ အကြီးငါးခု နဲ့ အကြမ်းစားသုံးခု စတိုင်တွေပေါ် မှီခိုလိုက်ရုံပဲလေ။ CBA ကစားသမားတစ်ယောက်လား၊ ဆောရီး ကျွန်တော် အတည်မယူမိခဲ့ဘူးဗျာ။”
ကျန်းစစ်မင်က ပြန်လည်တိုင်စစ်ဆင်လိုက်၏။
ဂီတဖန်လုံအိမ်က ကျောင်းသားတွေကို ကျန်းစစ်မင်အား လေးစားစေသည့် အရာမှာ five-body ဆောင်ပုဒ်ပင်ဖြစ်သည်။
အကိုကြီး၊ အကိုကြီးက ကျွန်တော်တို့အကိုကြီးပဲ။ အဲ့တာကြောင့် သူက မင်းတို့ကို ဒီလိုပြောရဲရင်၊ သူ့မှာ ယုံကြည်ချက်ရှိနေလို့ပဲ။
မင်းတို့နာခံရမယ်!
ကျန့်ဝမ်တန်က ကျယ်သထက်ကျယ်အောင် ရယ်မောလာလေသည်။
“မင်းက ဒီလိုပြောမှတော့ ငါက ဘာများလုပ်နိုင်ဦးမှာလဲ။ မင်းရဲ့ အဆင့်ကို ကြည့်ကြတာပေါ့။ လောင်းကြေးကတော့ အားဟောင်နဲ့ အတူတူပဲ။ လာရဲရဲ့လား၊ ဆရာကြီးရဲ့။”
ကျန့်ဝမ်တန်က ကျန်းစစ်မင်ကို စိန်ခေါ်လိုက်သည်။
သိက္ခာရှိသည့် CBA လက်ရှိကစားသမားအနေနှင့် ဤတစ်ယောက်က တရုတ်၏ ထိပ်တန်းဘတ်စကတ်ဘောကစားသမားများထဲမှ တစ်ယောက်ဖြစ်ပြီး ယခုမူ သူက သာမန်လူတစ်ယောက်နှင့် တိုက်ခိုက်ဖို့ လက်ဦးမှုယူလိုက်လေသည်။
ကျန်းစစ်မင်က PUBGမှာ ပွိုင့်နှစ်ထောင်အောက်နည်းသည့် ဖြတ်သွားဖြတ်လာကစားသမားတစ်ယောက်ကို PKဖို့ ရှာလိုက်သလိုပင်၊ အနိုင်ကျင့်မှုတစ်ခုသဖွယ်ဖြစ်နေသည်။
လူတိုင်းမှာ ရလဒ်ကို ခန့်မှန်းစရာပင်မလိုပေ။
“ငါတော့ ဒါကို လက်တွေ့ကျကျ အမှီပြုကြည့်မယ်ဆို၊ အရှက်မဲ့တာပဲကွ!”
“သိက္ခာရှိတဲ့ ဘတ်စကတ်ဘောကစားသမားတစ်ယောက်က ဘယ်လိုလုပ် သူ့စကေးတွေကို ဂိမ်းထုတ်လွှင့်သူတစ်ယောက်နဲ့ ယှဉ်နေနိုင်ရတာလဲ။”
“မင်းမှာသာ NBAက တစ်ယောက်ယောက်နဲ့ယှဉ်နိုင်မယ့် အစွမ်းအစရှိရင် ဒီမှာ ဘာကိစ္စလာအော်ဟစ်နေရတာလဲ! ဘယ်လိုတောင် အမြှီးကြီးဝံပုလွေ*လဲ!”
(tn/ အမြှီးကြီးဝံပုလွေ = လေလုံးထွားတဲ့သူကို ပြောတာပါ။)
“CBAဘတ်စကတ်ဘောအသင်းပဲ ဖြစ်နေပြီ၊ ကျန့်ဝမ်တန်ရဲ့ အရှက်မဲ့မှုကို သူ့တို့ မြင်ပလေ့စေ။”
“ငါ၊ CBA ဖန်တစ်ယောက်အနေနဲ့ သူ့အတွက် အရှက်ရမိတယ်။”
..................
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိပရိသတ်များမှာ မခံမရပ်နိုင်ဖြစ်မှုများနှင့် ပြည့်နေကာ ကျန်းစစ်မင်အတွက် တိုက်ခိုက်ပေးနေကြတော့သည်။
တစ်ချိန်တည်းမှာပဲ လူတိုင်းသည် ကျန်းစစ်မင်က သဘောမတူနိုင်လောက်ဟု ခံစားနေရလေသည်။
သဘောတူလိုက်တဲ့ ဘယ်သူမဆို အရူးတစ်ယောက်ပဲ ဖြစ်လိမ့်မယ်။
“အိုကေ၊ ဒါဆိုလည်း CBA ရဲ့ စကေးက ဘယ်လောက်ကောင်းလဲဆိုတာ ငါ့ကို ပြပါဦး။ ယောင်မင်နဲ့ ရိကျန်းလျန်အပြင် ကောင်းကောင်းကစားနိုင်တဲ့ တခြားကစားသမားတွေရှိတယ်။”
ကျန်းစစ်မင်၏ စကားများက သာမန်အမြင်အရတော့ ကတ်များကို မကစားခဲ့ပေ။
( tn/လှည့်ကွက်မပါ)
ကျန့်ဝမ်တန်က ဒါက အရူးတစ်ယောက်၊ စိတ်ကြီးဝင်နေသည့် အရူးတစ်ယောက်ပဲဖြစ်ပြီး သူ ဒီစိတ်ကြီးဝင်နေတဲ့ ကောင်စုတ်လေးကို အများကြီး သင်ပေးရမည်ဟု ဆုံးဖြတ်လိုက်တော့သည်!
နှစ်ယောက်သားမှာ ကွင်းထဲသို့ ပြန်သွားလိုက်ကြသည်။
“ပင်နယ်တီကို မေ့လိုက်တော့၊ ငါ မင်းကို ပထမဆုံးဘောလုံးပေးမယ်။”
ကျန့်ဝမ်တန်က ချက်ချင်းပဲ ကျန်းစစ်မင်နှင့် တစ်ပုံစံတည်းပြောလိုက်လေသည်။
“ငါစကားတွေကို ယူမသုံးနဲ့၊ မင်း ငါအကျောပေးတာကို လက်မခံနိုင်ရင် ပင်နယ်တီတစ်ပွဲပဲလုပ်လိုက်။”
ကျန်းစစ်မင်က ပုခုံးတွန့်ပြလေသည်။
ကျန့်ဝမ်တန်က ပြုံးပြီး ပြောလေသည်။
“ကောင်းပြီလေ၊ ဒါဆို ပင်နယ်တီကန်ကြတာပေါ့၊ သုံးမှတ်ဆိုရင်ရော။”
သုံးမှတ်စည်းမှ ပင်နယ်တီများက နှစ်မှတ်စည်းမှ ထက် အများကြီး ပိုခက်လေသည်။
“ကိစ္စမရှိဘူး။”
ကျန်းစစ်မင်က တွေးပင်မတွေးပဲ ပြန်ဖြေလိုက်သည်။
နှစ်ယောက်သားမှာ တူညီသည့် သုံးမှတ်စည်းအပြင်ဘက်တွင် ဘယ်တစ်ဖက် ညာတစ်ဖက်ရပ်လိုက်ကြလေသည်။
ကျန့်ဝမ်တန်က ဦးဆောင်မှုပြုကာ နှစ်ချက်လောက်ပုတ်လိုက်ပြီး ပုတ်ရသည့်ခံစားချက်နှင့် ပိုရင်းနှီးလာလေကာ ထို့နောက်တော့ ဘတ်စကတ်ဘောအား ပြတ်ပြတ်သားသားပင် ပစ်လွှတ်လိုက်တော့၏။
ဟာ့!
ဘောလုံးက ခြင်းထဲသို့ တိတိကျကျ!
ပတ်ပတ်လည်မှ ကျောင်းသားများမှာ အားပေးကြွေးကြော်နေကြလေ၏။
ဟောင်ယုဟိုနှင့် ကျန်းဝေ့တို့မှာ ကောင်းကောင်းမွန်မွန်အော်ဟစ်နေကြပြီး ခြင်းအောက်တွင် ဘောကောက်များအဖြစ်ဆောင်ရွက်နေကြကာ အနောက်ဘုတ်ပြားအောက်တွင် ကျထားသည့် ဘောလုံးများကို ကောက်ရင်း ကျန်းစစ်မင်ဆီ ပစ်လိုက်ကြလေသည်။
ခွန်အားက ကောင်းလှပြီး ကျန်းစစ်မင်အား ထိချက်နည်းနည်းလောက် ခံစားရစေဖို့ အခွင့်အရေးတစ်ခု ရှာချင်ကြရုံသာ။
ကျန်းစစ်မင်က ဘောလုံးကို အလွယ်လေးဖမ်းလိုက်ပြီး သူ့ကို မကြည့်ပင်မကြည့်ပဲ သို့မဟုတ် အထိအတွေ့ကို ရင်းနှီးအောင် ပုတ်ပင်မပုတ်လိုက်ပဲ ပစ်လွှတ်လိုက်တော့သည်။
ဘောလုံးမှာ မျဉ်းကွေးတစ်ခု ရေးဆွဲသွားပြီး ခြင်းထဲသို့ ကွက်တိဝင်သွားလေကာ ကျောင်းသားများမှာ ပိုကျယ်ကျယ်လောင်လောင်ပင် အားပေးလာကြတော့သည်။
နှစ်ဖက်လုံးက ပစ်ချက်တစ်ချက်ဆီ ပြုလုပ်ပြီး ဖြစ်ပါလျှင် သူတို့သည် သူတို့ထဲမှ တစ်ယောက်က လွဲချော်သွားသည်အထိ ဆက်လက်ပစ်ရမည်ဖြစ်သည်။
ကျန့်ဝမ်တန်မှာ ဘောလုံးကို ထပ်ယူ၊ ထပ်ပစ်လိုက်ပြီး ထပ်ဝင်ပြန်သည်!
ကျန်းစစ်မင်အလှည့်တဖန်ပြန်ရောက်လာက ထပ်ပစ်၊ ထပ်တင်ပြန်သည်!
.............
နှစ်ယောက်သားမှာ သုံးမှတ်ဘောလုံးကို ခြောက်ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ပြီး အကုန်လုံးဝင်ခဲ့လေသည်။
သို့သော် အကြိမ်တိုင်း ခြင်းကို ထိပင်မထိပဲ ဘောလုံးပစ်ခဲ့သည့် ကျန်းစစ်မင်နှင့်ယှဉ်လျှင် ကျန့်ဝမ်တန်က သူတို့ထဲက အများစုကို ဘုတ်ကို ထိပြီးနောက် သို့မဟုတ် ခြင်းကို ထိမိပြီးနောက်မှသာလျှင် ပစ်သွင်းနိုင်ခဲ့သည်သာ။
ဘတ်စကတ်ဘောအကြောင်း အများကြီး မသိပါသည့် ကျောင်းသားများစွာပင်လျှင် သူတို့ကြားရှိကွာဟချက်ကို မြင်နိုင်လေသည်။
ထို့ကြောင့် ကျန့်ဝမ်တန် တစ်ဂိုးရချိန်တိုင်း လက်ခုပ်ဩဘာသံများ လျော့နည်းသွားခဲ့လေသည်။
ဆန့်ကျင်ဘက်အနေနှင့် ကျန်းစစ်မင် တစ်ဂိုးရပြီးနောက်မှာတော့ အားကစားရုံတစ်ခုလုံး ထစ်ချုန်းညံနေတော့သည်။
ကျန့်ဝမ်တန်သည် သဘာတကျကျပင် ၎င်းကို သတိပြုမိသွားပြီး မျက်နှာ အဖက်ဆယ်ရန်အလို့ငှာ သူသည်လည်း အတင်းအကျပ်သူ၏ ရှုထောင့်ကိုပြောင်းလိုက်ပြီး ကျန်းစစ်မင်ကဲ့သို့ ပိုက်ထဲ ဝင်အောင်ကြိုးစားလိုက်သည်။
သို့သော် ဘောလုံးက ခြင်းမှ ကန်ထွက်သွားပြီး အမှတ်မရလိုက်ပေ။
ကျန်းစစ်မင်သာလျှင် ကျန်ရှိတော့ပြီး မျက်လုံးအစုံပေါင်း ရာချီမှာ စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြတော့သည်။
ကျန်းစစ်မင်က စိတ်မလှုပ်ရှားပဲ ဘောလုံးကိုယူက ပစ်ထုတ်လိုက်လေသည်။ ဘောလုံးက ကောင်းကင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားပြီး နောက်ဆုံးတွင်တော့...............တစ်ဂိုးပါပင်!
အိုး!
ဖြစ်အင်နေရာတွင် အားပေးကြွေးကြော်သံများမှာ ညကောင်းကင်အား ပြောင်းပြန်လှန်ပစ်လိုက်လု နီးပါးဖြစ်ကာ မှောင်ကျနေသည့်တိမ်းများပင်လျှင် ကြောက်လန့်ထွက်ပြေးသွားကြပုံပင်။
“ဘယ်လိုစိတ်လှုပ်ရှားမှုကြီးလဲ၊ ဒါက ပင်နယ်တီကန်တာကို နိုင်သွားရုံလေးပဲ မဟုတ်ဘူးလား။”
ကျန့်ဝမ်တန်က ထူးဆန်းစွာပြောပြီး အတွင်းသို့ လျှောက်ဝင်သွားလိုက်သည်။
သူပြောသွားသည်ကို ဂရုမစိုက်ပါပဲ ကျန်းစစ်မင်က သုံးမှတ်စည်းအပြင်ကို ဖြည်းညှင်းစွာ လျှောက်သွားလေသည်။
ကျန့်ဝမ်တန်၏ မျက်လုံးများထဲတွင်တော့ ကျန်းစစ်မင်က တမင်သက်သက်လုပ်နေသည်ပင်။
သူက ဘောလုံးအားကျန်းစစ်မင်ထံသို့ အမြင်ဆိုးများနှင့် ပစ်လိုက်ပြီး သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
ကျန်းစစ်မင်က သူနှင် အလွန်ပူးပေါင်းမှုရှိသည်ပင်။ ဘောလုံးကို ပုတ်ကာ အမြန်ရွေ့လျားနေရင်း အတွင်းဘက်သို့ ရွေ့လျားသွားလိုက်၏။
သူ့လက်ထဲက လှုပ်ရှားမှုမှာ မြန်သထက်မြန်လာပြီး ကျန်းစစ်မင်၏ စကေးအပြည့် တင်ပါးအောက် ဘောလုံးပုတ်ခြင်းမှာ ထမင်းစားရေသောက်ကဲ့သို့ပင်။
ကျန့်ဝမ်တန်က ကျန်းစစ်မင်၏ လှုပ်ရှားမှုကို အလေးအနက်စိုက်ကြည့်ရင်း သူ့ကိုယ်ကို နှိမ့်ချကာ လက်များကို ဖြန့်ကားထားပြီး စံခုခံသည့်ကိုယ်နေဟန်ထားကို ပုံဖော်နေလေတော့သည်။
ကျန်းစစ်မင်အား အကြိုခြေလှမ်းအနည်းငယ်လောက်ကို ကြိုတင်ဆုံးဖြတ်ထားပြီးဖြစ်ကာ သူ အတွင်းကို ပြေးမဝင်နိုင်လောက်ပေ။
ကျန့်ဝမ်တန်ကိုယ်တိုင် သူ ကျန်းစစ်မင်ကို အတွင်းမျဉ်း၏ အပြင်တွင် ပိတ်ထားမည်ဟု တွေးထားပါသော်လည်း မျက်တောင်တစ်ခတ်အတွင်း၌ပင် ကျန်းစစ်မင်၏ ကိုယ်က အရှေ့သို့ ရုတ်တရတ်အမြန်ပြေးထွက်သွားတော့သည်။
ကျန့်ဝမ်တန်မှာ ချက်ချင်းပင် ကြားဖြတ်တိုက်ဖို့ ကိုင်းညွတ်ချလိုက်ပါသော်လည်း ကျန်းစစ်မင်သည် မူလက ရှေ့သို့ ပစ်တော့မည်ဖြစ်သည့် ဘောလုံးအား တာတိုအတွင်း လက်တစ်ဖက်နှင့် ချိတ်ဆွဲပစ်လိုက်တော့သည်!
သူ ဘောလုံးကို ထိလိုက်သည့် အခိုက်မှာပဲ စက်ဝိုင်းပုံ လှည့်ပစ်လိုက်ပြီး သူ့sneakerက ကြမ်းပြင်ပေါ်တွင် ကောင်းမွန်သည့် ပွတ်တိုက်သံတစ်ခုကို ဖြစ်စေလိုက်တော့သည်။
လှည့်နေစဉ်တွင် ကျန်းစစ်မင်၏ လက်ထဲမှ ဘတ်စကတ်ဘောက ထပ်မံ၍ မြေပေါ်ဆင်းသက်သွားပါသော်လည်း ဦးတည်ချက်မှာ အပြည့်အဝပြောင်းသွားလေသည်။
ကျန့်ဝမ်တန်မှာ ကြောက်မက်ဖွယ်ကောင်းသည့် အော်ဟစ်မှုကို တိတ်တဆိတ်ဆိုလိုက်ပြီး ၎င်းကို ကုစားဖို့ ပြန်လှည့်ချင်နေခဲ့သည်။
သူက ကြီးမားသည့်ကိုယ်ထည်အား တခြားတစ်ဖက်သို့ ‘တွန်းထုတ်’ဖို့ အကောင်းဆုံး ကြိုးစားလိုက်သည်။
သို့သော် ကျန်းစစ်မင်က သူနှင့် ဟာသလုပ်နေပုံရသည်။ သူက ထပ်လှည့်လိုက်ပြီး သူ့ယခင်ဦးတည်ချက်ကို ထိုးဖော်ကျော်လွှားလိုက်တော့သည်။
ကျန်းစစ်မင်က ၎င်းကို ဆက်လက်ကုစားချင်နေတုန်းဖြစ်သော်လည်း သူ့ကိုယ်၏ အီနားရှားမှာ ခုနတုန်းက တစ်ကြိမ် အတင်းအကြပ် ဦးတည်ချက်အပြောင်းခံရပြီးသားဖြစ်ပြီး စွမ်းအင်မှာ မလျော့ကျသွားခဲ့ပေ။
ယခုမူ သူက ဦးတည်ချက်ကို ထပ်မံ၍ အတင်းအကြပ်လိမ်ဖယ်လိုက်ပြန်ပြီး ကျန့်ဝမ်တန်၏ ခြေထောက်များမှာ နှစ်ကြိမ်လှုပ်ခတ်သွားပြီး နောက်ဆုံးတွင် မြေပေါ်သို့ လဲကျသွားတော့သည်။
ပရိတ်သတ်များ အားလုံးနှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိတ်သတ်များမှာ အလွန်ထိတ်လန့်သွားကြလွန်းလို့ သူတို့မေးရိုးများပင် ပြုတ်ကျသွားကြသည်။ ကျန်းစစ်မင်က CBAကစားသမားကို တိုက်ချလိုက်တယ်လား။
ဟာသပဲ!
သို့သော် အချက်အလက်များက သူတို့ရှေ့မှာတင်ဖြစ်သည်။
ကျန့်ဝမ်တန်မှာ ကျန်းစစ်မင်၏ များစွာသော လုပ်ဆောင်ချက်အတုများဖြင့် လိမ်လည်လှည့်စားခံလိုက်ရပြီး နောက်ဆုံးမှာ မြေပေါ်သို့ လဲကျသွားခဲ့ရသည်သာ။
သို့သော် ကျန်းစစ်မင်ကတော့ အထတစ်ခုကို အလွယ်တကူပြုလုပ်လိုက်ပြီး နောက်ဆုံးတွင် ခုန်လိုက်ကာ ပထမဆုံးရမှတ်ကို ရရှိဖို့ နောက်ထပ် အလွတ်ခုန်သွင်းခြင်းတစ်ချက်ကို ပြုလုပ်လိုက်လေသည်။
ကွင်းပေါ်တွင် ပိတ်ဆို့ခြင်းနှင့် လှုပ်ခါခြင်းက သဘာဝတူညီပြီး သူတို့က အလွန်ကသိကအောက်ဖြစ်စေသည်။
ကျန့်ဝမ်တန်မျာ ဤသို့သော ရှုံးနိမ့်မှုကြီး တစ်ခုကို ခံစားလိုက်ရပြီး မချင့်မရဲဖြစ်သွားသော်လည်း သူ့ဒေါသကို ပြန်ထိန်းလိုက်ပြီး ထကာ သုံးမှတ်စည်း၏ အပြင်ဘက်သို့ ထွက်သွားလိုက်သည်။
ဘောလုံးကို ရပြီးနောက် ကျန့်ဝမ်တန်က ကျန်းစစ်မင်ကို အပြေးဖြတ်ကျော်လေသည်။
သူက ကျန်းစစ်မင်ကို ခံစားရစေချင်ရုံပင်။
အမြင့်၁၉၅မီတာနှင့် အလေးချိန် ၁၉၀ ကီလိုဂရမ်နှင့်ဆိုလျှင် သူသည် လူသားတင့်ကားတစ်စီးသဖွယ်ပါပင်။
ကွင်းလယ်ကစားသမားတစ်ဦးအနေနှင့် သူ တိုးတိုက်သည့်အခါတွင် အလွန်ပင် ကြမ်းတမ်းလှပါ၏။
များစွာသောလူများမှာ ကျန်းစစ်မင်ကို စတင်စိုးရိမ်လာကြသည်။
ဒါသာထိမိပါက ကျန်းစစ်မင်တစ်ယောက်တော့ သေချာပေါက် ပျံထွက်သွားလိမ့်မည်သာ။
ကျန်းစစ်မင်၏ ဒီတစ်ကျော့ကတော့ ပုန်းနေသင့်သည်ပင်။
လူတိုင်း ထိုသို့တွေးမိလိုက်ကြ၏။
:::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။