21 - 25

280 15 0
                                    

အပိုင်း - ၂၁ (မိန်းမသားနှစ်ယောက်၏ ရန်ပွဲ)
“ဝိုး၊ မင်ကော၊ ကောဘာလို့ အချိန်တိုင်း ဒီလောက်မြန်မြန်လေထီးခုန်နိုင်တာလဲ။ တို့ကို သင်ပေးပါ၊ နော်လို့…….”
သူမ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိတ်သတ်များသာ သင်ယူချင်နေသည်မဟုတ်၊ သိုက်ရှောင်မိန်သည်လည်း ကျန်းစစ်မင်၏ လေထီးခုန်နည်းစနစ်ကို လေးစားနေမိသည်။
“မင်ကောရေ၊ ငါတို့ကို သင်ပေးပါတော့!! အဖွားကြီးကို ကောဆီ လုံးဝပို့ပေးပြီးပြီလေ…..”
“ဟုတ်တယ်၊ နတ်ဘုရာလေးရယ်၊ အကြံနည်းနည်းလောက်ပေးလေနော်။ ဒီလေထီးခုန်နည်းအသစ်ကို ဘယ်လိုသုံးရမလဲဆိုတာ ကျွန်တော် တကယ်မသိဘူးလို့။”
“ဒီနေ့ updateလုပ်လိုက်တော့ ငါဂုဏ်ယူနေခဲ့တဲ့လေထီးခုန်နည်းတွေအကုန် သုံးစားမရတော့ဘူး။ ငိုရလွန်းလို့သေတော့မယ်!!”
“အဖွားကြီးရေ၊ မြန်မြန်လေး မင်းရဲ့လူကို သင်ပေးဖို့ တောင်းဆိုပေးပါဦး။ ငါတို့စောင့်နေတယ်နော်။”
“Ace စုံတွဲရေ၊ မင်းယောက်ျားက အရမ်းသန်မာတာပဲ၊ သူ့ကို လှည့်ကွက်လေးနှစ်ကွက်လောက် သင်ခိုင်းပေးပါ!!”
(Aတစ်စုံ = Ace စုံတွဲ/ ace = ဂိမ်းတစ်ခုမှာ မြင်းနက်ပေါ့၊ အတော်ဆုံးသူ။)
……..
‘မင်းရဲ့လူ’၊ ‘မင်းယောက်ျား’ တွေနှင့် ပြည့်နေသည့် ကောမန့်အတန်းလိုက်ကြီးကို ကြည့်ရင်း မိန်းမငယ်လေး၏ ပါးမို့မို့လေးမှာ သွေးရောင်ဖြန်းသွားသော်လည်း သူမက အလွန်အသုံးဝင်လေ၏…….
“မင်ကောကော၊ တို့ရဲ့ ဖန်လေးတွေက ကော သူတို့ကို သင်ပေးဖို့ တောင်းဆိုနေကြတယ်ရယ်။ အဲ့တာကြောင့် ကော တို့ကို လှည့်ကွက်လေးနှစ်ခုလောက်ပဲ သင်ပေးလေနော်…….”
ထိုစကားအလွန်များလှသည့် ဖန်နှစ်ယောက်ကို ကြည့်ရုံကြည့်လိုက်ပြီး မမလေးတာ့လိုင်က သူတို့အတွက် သစ္စာရှိရှိပြောပေးလိုက်၏!!
၎င်းကို ကြားသောအခါ ကျန်းစစ်မင်သည် သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဖုံးကွယ်မနေတော့ပဲ သူတို့အား လေထီးခုန်နည်းများကို ရက်ရက်ရောရော သင်ကြားပေးလိုက်သည်။
သူသည် အခိုးခံရမှာမျိုးကို မကြောက်ပါချေ။
အဘယ်ကြောင့်ဆိုသော် ဤသည်က သင်ကြားပေးခြင်းအားဖြင့် လေ့လာနိုင်သောအရာမျိုးမဟုတ်ပေ။
ဂိမ်း၏ မြေဆွဲအား၊ ဆင်းသက်သည့် အရှိန်၊ လေထီးအထိန်းအကွပ် နှင့် အစရှိသည်တို့ကဲ့သို့သော အခြေခံအကြောင်းအရာမျိုးစုံရှိလေသည်။
၎င်းတို့ကို လုံးဝနှောင်းနှေးမိလို့မပေ။
ဤခက်ခဲမှုမှာ PhDအဆင့် သင်္ချာပုစ္ဆာများထက် နည်းနည်းမှမလျော့ပေ။
သာမန်လူတစ်ယောက်က တစ်စက္ကန့်အတွင်း မြန်နိုင်သမျှမြန်မြန် သင်ယူနိုင်ပြီး ထိပ်တန်းဆရာကြီးသည်လည်း နှစ်စက္ကန့်လောက်မြန်မြန်သေဆုံးနိုင်လေသည်။
သို့သော် လူတိုင်းမှာ ၎င်း၏ခက်ခဲမှုကို မသိကြပါပဲ ကျန်းစစ်မင်၏ လမ်းညွှန်ချက်များကို လက်ဆင့်ကမ်းနားထောင်ခဲ့ကြသည်။
ပရိတ်သတ်များသည် ကျန်းစစ်မင်အား သူ၏ ရက်ရောမှုအတွက် ကျေးဇူးတင်နေမိပြီး ချရေးထားရန် မှတ်စုစာအုပ်အသေးလေးများကို အမြန်ကောက်ယူလိုက်ကြသည်။
“မြို့စားကြီး [Angel’s wings]မှ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် မိန်းမငယ်လေးကို စူပါဒုံးပျံတစ်ခု ဆုချီးမြင့်လိုက်သည်!”
[Angle’s wings] : ဒီဒုံးပျံက မင်းအတွက်မဟုတ်၊ လူဆိုးလေး မင်အတွက်!
“Earl [brook] မှ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် မိန်းမငယ်လေးကို ဒုံးပျံ နှစ် ခု ဆုချီးမြှင့်လိုက်ပါသည်!”
[Brook] : ရောင်ရင်း မူးမတ်ကြီး +1…. ကြီးမြတ်လှတဲ့ နတ်ဘုရားမင်ကို သူ့ရဲ့ရက်ရက်ရောရော သင်ကြားပေးမှုအတွက် ကျေးဇူးတင်ဖို့ သက်သက်ပဲ!!
………
တစ်ဆက်တည်း၊ စူပါမီးများ၊ ဒုံးကျည်များ၊ လေယာဉ်များ ဒါမှမဟုတ် ကတ်များ အပါအဝင် လက်ဆောင်များကို ခါချနေကြသည့် တိုက်ရိုက်ထုတ်လွှင့်ခန်းမိတ်ဆွေများ ဒါဇင်ထက်မက ရှိနေလေသည်။
စုစုပေါင်းတန်ဖိုးမှာ ငွေသားနှင့် ခုနှစ်ထောင် ရှစ်ထောင်မျှရှိ၏။
ဒယ်ဒီ မမလေးသည် ချက်ချင်းပင် ပြုံးလိုက်ပြီး ကျန်းစစ်မင်ကို တင်ပြလေတော့သည်။
“မင်ကောကောရေ၊ ကောက သင်ပေးတဲ့နေရာမှာ တကယ်ရက်ရောတာပဲ။ လူတွေအများကြီးက ကောကို လက်ဆောင်တွေ ပေးထားတယ်။ အဲ့တာတွေက ကောအတွက်ပဲ။ ပြီးရင် တို့ အဲ့လက်ဆောင်ပိုက်ဆံတွေကို ကောဆီလွှဲပေးလိုက်မယ်။”
ထိုစကားများကို ကြားသောအခါ ကျန်းစစ်မင်မှာ အနည်းငယ် အံ့အားသင့်သွားမိသည်။
သို့သော် သူက ပြုံးပြုံးလေးနှင့် ငြင်းလိုက်လေသည်။
“မလိုပါဘူးဗျာ။ ကျွန်တော် တစ်နေ့နေ့ တိုက်ရိုက်ထုတ်လွှင့်ခဲ့ရင် မင်းလာပြီး စကားနည်းနည်းလောက်လာပြောပေါ့။”
“ဟုတ်သားပဲ….မင်ကော၊ ကော တိုက်ရိုက်ထုတ်လွှင့်တာကို စလုပ်တော့မှာလား။”
မမလေးမှာ အံ့ဩမိသွားသည်။
ဒါဆို သူမနဲ့ ကျန်းစစ်မင်တို့က တစ်ဖက်တည်းဖြစ်လာပြီး ခေါင်းစဉ်တွေပိုများလာတော့မှာပေါ့။
“အကြံရှိရုံလေးပါဗျာ။ မဆုံးဖြတ်ရသေးပါဘူး။”
ကျန်းစစ်မင်က ပြန်ပြောလိုက်သည်။
ကြည့်၊ တစ်ခဏလောက်စကားပြောပြီးတာနဲ့ မိန်းမငယ်လေးက လက်ဆောင် ထောင်ပေါင်းများစွာရနေပြီ။
ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုအမြတ်ကလည်း သိသာတယ်။
ကျန်းစစ်မင်က သဘာဝကျကျပင် ထိုလုပ်ငန်းကို လုပ်ချင်နေလေသည်။
“ကောင်းပြီလေ၊ ကော စပြီးတိုက်ရိုက်ထုတ်လွှင့်တဲ့အခါကျ တို့ရဲ့ ဖန်တွေအကုန်လုံးကို ဝင်အားပေးဖို့ ကျိန်းသေပေါက် ခေါ်လာခဲ့မယ်။”
မိန်းမငယ်လေးက ကတိပေးလိုက်၏။
“ဟီးဟီး၊ ငါတို့အားလုံး ကြီးမြတ်တဲ့ နတ်ဘုရားမင်ဆီကို ခြံခုန်သွားမှာ မင်းမစိုးရိမ်ဘူးလား။”
“အဲ့အခါ မင်အကြီးအကဲ တိုက်ရိုက်ထုတ်လွှင့်နေရင် ငါသူ့ဆီကို သွားမှာနော်……..”
“လူဆိုးကြီးမင်ရဲ့ လက်ရှိကျော်ကြားမှုနဲ့ဆို Sharkမှာ တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သ၍ ကျိန်းသေပေါက် ကျော်ကြားလာမှာပဲ!!”
(Shark က တိုက်ရိုက်ထုတ်လွှင့်မှု အဖွဲ့အစည်းတစ်ခုရဲ့ အမည်မို့ မြန်မာလို ငမန်းလို့ ဘာသာမပြန်တော့ဘူးနော်..)
“အဆင့်မြင့်ဒုံးကျည်တစ်ခု ကြိုမှာထားလိုက်ပြီဗျို့!!!”
…….
မမလေးမှာ ငေးမောရင်း၊ ပြုံးရင်း၊ ဂုဏ်ယူရင်းနှင့် ပြောလိုက်လေသည်။
“ဒီအဖွားကြီး ဂရုမစိုက်ပါဘူး။ မင်းတို့ မင်ကောကောကို ပံ့ပိုးပေးကြရင်၊ တို့လည်း တအား တအားကို ပျော်တယ်။”
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည့် အကောင်းဆုံးသူငယ်ချင်းလေး ‘two thousand’ မှာ သူမနဖူးကိုသာ ရိုက်လိုက်မိသည်။
(two thousand မှာလည်း သိုက်မမလေးရဲ့ မိန်းကလေးသူငယ်ချင်း အွန်လိုင်း အမည်ပြောင်မို့ မြန်မာမှု မပြုတော့ဘူးနော်..)
ဒီငတုံးမကြီးကတော့ ဒီလောက်မြန်မြန်ကြီး ကိုယ့်ကိုယ်ကိုယ်ရောင်းစားပစ်လိုက်တယ်။ တအားမြန်လွန်းတယ်လို့။
ပြောလိုက်ရယ်လိုက်နှင့် ကျန်းစစ်မင်သည် ရွက်လှေတစ်စင်းဆီပြေးသွားပြီး ပဲ့၏ ထောင့်ချို့နားတွင်ကွယ်နေသည့် အနီရောင်အပိုင်းအစလေးများကို ရှာတွေ့သွားလေသည်။
“[သီချင်းဆို စွမ်းရည်] တစ်ခုကို ကောက်ယူသည်။ 1 x ခု (2/5)၊ အပိုင်းအစအရေအတွက်မပြည့်သေးပါ။ ယာယီအသုံးပြု၍ မရနိုင်ပါ။”
နောက်ထပ် ‘အဆိုစွမ်းရည်’ အပိုင်းအစတစ်ခုပင်၊ အသုံးမဝင်ပေမယ့်လည်းပေါ့။
ဘာမှမရှိတာထက်တော့ ကောင်းပါတယ်။ ပြီးတော့ တစ်နေ့နေ့မှာ အသုံးဝင်ချင် ဝင်လာနိုင်တာပဲလေ။
အပိုင်းအစများကို ကောက်ယူလိုက်ပြီး ကျန်းစစ်မင် ကိရိယာများကို စတင်ရှာဖွေတော့သည်။
သူ့တွင် [မြေပုံအထူးတတ်ကျွမ်းမှု] ရှိသည်။ နှင်းမြေပုံအသစ်ဖြစ်လျှင်တောင်မှ သူ့မှာ ပထဝီဝင်တည်နေရာ၏ ရှင်းလင်းသောပုံတစ်ပုံနှင့် အတွင်းရှိ ကိရိယားများ ဖြန်ဖြူးထားပုံတို့ ရှိလေသည်။
များမကြာမီပင် သူသည် အပိုင်းသေးလေးများကို တွေ့ပြီး ကိရိယာကောင်းတစ်ခု၏ ကိုယ်ထည်တစ်ထုလုံးကို ရှာဖွေတော့သည်။
နှင်းမြေပုံတွင်လည်း ဦးထုပ်များရှိပြီး၊ တခြားသောမြေပုံများနှင့်မတူသည်မှာ ဦးထုပ်သည် airdropပေါ်တွင်သာ ရှိလေသည်။
(airdrop ဆိုသည်မှာ PUGB ဂိမ်းထဲတွင် လေယာဉ်ပေါ်မှ ပစ်ချပေးသော အထူးသေနတ်ချပ်ဝတ်ကရိယာများပါသည့် ပုံးတစ်ခုဖြစ်သည်။)
ကျန်းစစ်မင်နှင့် သိုက်ရှောင်မင်တို့ တစ်ယောက်စီတွင် ဦးထုပ်ကိုယ်စီရှိကြလေသည်။
သူတို့နှစ်ယောက်လုံးတွင် အသံတိတ် kar98နှင့် m4 များရှိကြပြီး ကောင်းကောင်းတပ်ဆင်ထားကြလေသည်။
သာမန်အချိန်များတွင် ဤသို့သော ကိရိယာမျိုးများကို ကောက်ယူဖို့ရန် မိန်မငယ်လေးသည် ကောင်ကင်အပြင်ဘက်ထိသွားမှသာရလိမ့်မည်ပင်။
သူမ၏ကိရိယာမှာ အလုခံလိုက်ရမှာစိုးသည့် အကြောက်တရား၏ သေလုမျှောပါးရိုက်ခတ်မှုကြောင့် လေက တအုန်းအုန်းတဒိုင်းဒိုင်းနှင့် မြက်ပင်ကြီးများက သူမကို သေလောက်အောင် ခြောက်လှန့်နေတော့၏။
သို့သော် ကျန်းစစ်မင်တစ်ယောက် ဘေးမှာပါနေလျှင်တော့ မိန်းမငယ်လေးမှာ အတော့်ကို လွတ်လွတ်လပ်လပ် ကစားနိုင်လေသည်။
တခြားကစားသမားရန်သူတွေကို အမှုမထားပါဘဲ သူမက သူမသေနတ်ကို သိမ်း၊ ကျန်းစစ်မင်ဘေးကို ပြေးသွားရင်း၊ ပတ်ပတ်လည်မှာ ခုန်ပေါက်ကာနှင့် သူတို့၏ ဖိနပ်ဆိုဒ်ကို ‘စိစစ်’ဖို့အတွက် နှင်းတောထဲမှ သူတို့၏ ခြေရာအရွယ်အစားများကို လေ့လာဖို့ အချိန်ရှိဦးမည်ပင်။
ပရိတ်သတ်များကတော့ ကျန်းစစ်မင်တစ်ယောက် ဂိမ်းကစားဖို့ အရူးတစ်ယောက်ခေါ်လာခဲ့သည်ဟူ၍ ဟာသလုပ်နေကြတော့သည်။
ထိုအခိုက်၊ လူတိုင်းရင်းနှီးကျွမ်းဝင်နေသည့် Shark IDတစ်ခုမှာ သိုက်ရှောင်မိန်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ဝင်လာခဲ့လေသည်။
“ချီးပဲ!! တွမ်တွမ်က ဒီမှာဟ!”
“တကယ်ကြီးပဲ!! တွမ်တွမ် က ငါတို့ မမလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ရောက်နေတယ်ဗျို့!”
“ကောင်းကောင်းမထုတ်လွှင့်နေပဲ၊ ဘာလို့ သူများရဲ့ ထုတ်လွှင့်ခန်းထဲ ပြေးချလာတာလဲ။”
“ပြီးသွားပြီ။ တွမ်တွမ် က ဒီကို ဖောက်ပြန်တာကို လာဖမ်းတာမဟုတ်လား။”
“ဒီနှစ်ရဲ့ အကြမ်းဖက်ဆုတ်ဖြဲတဲ့ ရန်ပွဲအခြေအနေရောက်တော့မယ်။ Shark ညီအစ်မနှစ်ယောက်က သူတို့ရဲ့ ချစ်သူအတွက် တစ်ယောက်ကိုတစ်ယောက် ဆုတ်ဖြဲကြတော့မယ်!!”
တွမ်တွမ် ၏ ဝင်ရောက်လာမှုမှာ ကောမန့်တန်၏ စည်းချက်ကို လမ်းချော်သွားစေတော့သည်။
ပရိတ်သတ်များ မျှော်လင့်စောင့်စားနေကြသည့် မျက်ရည်များနှင့် အကြမ်းဖက်တိုက်ပွဲ ဖြစ်မလာသည်လာတော့ နှမြောစရာပင်။
တွမ်တွမ်က ‘ရန်မစ’ရုံသာမကပဲ ထိုအစား ကောမန့်တန်းထဲရှိ လူတိုင်းကို အပြုံးလေးတစ်ပွင့်နှင့် နှုတ်ဆက်လာလေသည်။
ထို့နောက် သူမသည် သိုက်ရှောင်မိန်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ထိပ်တန်းအကြီးစား ဒုံးပျံဆယ်ခု ပို့ပေးလိုက်၏။
ထိုဖြစ်အင်မှာ သဘာဝကျကျပင် မမလေး၏ အမြင်ခံလိုက်ရပြီး သူမက မတတ်နိုင်စွာပဲ အနည်းငယ် စိတ်ရှုပ်သွားလေတော့သည်။
သူမက ပြုံးမြဲတိုင်းပြုံးရင်း တွမ်တွမ် ကို ကျေးဇူးတင်လိုက်သည်။
“ထိပ်တန်း ဒုံးပျံဆယ်ခုအတွက် ကျေးဇူးပဲနော် တွမ်တွမ် ။ ဒီဒုံးပျံတွေက မင်ကောအတွက်လား။ မစိုးရိမ်ပါနဲ့။ တို့ အခုပဲ မင်းရဲ့လက်ဆောင်ကို မင်ကောဆီ WeChat accountကနေ ပို့ပေးလိုက်မယ်။”
သိုက်ရှောင်မိန်၏စကားများမှာ အာဏာပိုင်မှုကို အတိအလင်းဖော်ပြနေလေပြီး သူမတွင် ကျန်းစစ်မင်၏ WeChat account ရှိကြောင်းကို တစ်ဖက်လှည့်နှင့် တွမ်တွမ်အား ကြွားပြနေတော့သည်။
ပရိတ်သတ်များခမျာ ထိုမြင်ကွင်းကို မြင်ရဖို့ စိတ်လှုပ်ရှားနေကြသည်မှာ အမျိုးသမီးနှစ်ဦး ကြိတ်ပြီး တိုက်ခိုက်နေကြသည့် နန်းတွင်းဇာတ်လမ်းကြည့်နေရသကဲ့သို့ပင်။
ကြည့်ရှုသူအမြောက်အများမှာ ရင်းရင်းနှီးနှီး ဆက်သွယ်မှုတစ်ခုနှင့်အတူ ထို TVဇာတ်လမ်းတွဲကို ကြည့်ရန်စီစဉ်ရင်း ခုံးတန်းရှည်ဆီ ရွှေ့ရန် ဖရဲစေ့များပင် ရှာထားပြီးကြလေပြီ…….
သို့သော် တွမ်တွမ် သည် ပြန်မတုန့်ပြန်ပါပဲ ပြောလိုက်လေသည်။
“မဟုတ်တာ၊ တို့မှာလည်း ရှောင်မင်ရဲ့ WeChat account ရှိပါတယ်။ တို့က သူ့ကို လျော်ကြေးအနေနဲ့ ပိုက်ဆံလွှဲပေးချင်ပေမယ့် ရှောင်မင်က မလိုချင်ဘူးလေ။ အဲ့တာကြောင့် မင်းအတွက် ဒုံးပျံသုံးလိုက်တာ။”
ဝိုး ဝိုး ဝိုး!!
ပိုပြီးတောင် စိတ်လှုပ်ရှားလာပြီ!!
တွမ်တွမ်၏ ပြန်စာမှာ အလွန် အဓိပ္ပာယ်ပြည့်ဝနေလေသည်။
ငါ့မှာလည်း ရှောင်မင်ရဲ့ WeChat acc ရှိတယ်။ နင်ကြွားနေစရာမလိုဘူး။ ဒီလက်ဆောင်က နင့်အတွက်ပဲ။ ပြုံးနေတဲ့လူကို လက်နဲ့ရိုက်လိုက်မရဘူးတဲ့။ နင်ငါ့ကို ဘာမှလုပ်လို့မရဘူး။
“ကျေးဇူးအများကြီးတင်တယ်နော်။ တို့အဆင်ပြေတဲ့အခါ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လာကြည့်ပါ့မယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းမှာနော်။ တို့တွေအချိန်ရတဲ့အခါ နှစ်ယောက်တွဲဆော့ကြမလား။”
သိုက်ရှောင်မင်က ပြန်လည်တိုက်ခိုက်ပြီး သူမကို တိုက်ခိုက်မှုကို အချိန်တိုင်းခုခံလေ့ရှိသည်။
သို့သော် တွမ်တွမ် က ပိုလို့ပင် တက်ကြွနေလေသည်။
“ကောင်းပြီ၊ တို့အခုအားတယ်!! အဲ့ပွဲ ပြီးရင် တို့ကို ခေါ်လိုက်မလား။ တို့လည်း ရှောင်မင်နဲ့ ကစားချင်တယ်။”
ဒါက…….
သိုက်ရှောင်မိန်မှာ ရှော့ရသွားလေသည်။
‘အချစ်ပြိုင်ဘက်’ရဲ့ ထိုးစစ်က ဒီလောက်ပြင်းထန်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
ပရိတ်သတ်များမှာ သဘောကျနေပြီး ရယ်မောနေကြသည်။
“အရမ်းမိုက်တယ်၊ ဟားဟားဟား။ အဲ့ဒီနန်းတွင်းဒရမ်မာတွေထက် အဆတစ်ရာပိုသာတယ်!!”
“အဲ့တာကိုတွေ့တော့ ငါရယ်နေတာမရပ်နိုင်တော့ဘူး။ အဓိကထုတ်လွှင့်သူနှစ်ယောက်ကြားက ပြိုင်ပွဲက သေလောက်တယ်…..”
“အဖွားကြီးရေ သူ့ကို ကတိမပေးလိုက်နဲ့နော်!! သူက မင်းရဲ့လူကို လုဖို့ ဒီရောက်နေတာ!!”
“တွမ်တွမ် နဲ့ သိုက်ရှောင်မိန်တို့ ဖြဲနေကြပြီ။ တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်!!”
“မင်ကောကောတော့ ကံခေပြီ။ ထုတ်လွှင့်သူနှစ်ယောက်က သူ့ကို တစ်ပြိုင်တည်း ကြိုက်နေကြတယ်!!”
:::::::::::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now