အပိုင်း ၁၄၆- ကြယ်ပွင့်အသင်း စတင်ခြင်း
ဤအချက်အလက်ကား မည်သို့ပင်ကြည့်ကြည့် PDD နှင့် ဇူဇူတို့ကို ကျော်လွန်သွားပြီဖြစ်သည်။
သူတို့နှစ်ယောက်အနေဖြင့် ဒုတိယနေရာကိုသာလုရန်ကျန်တော့သည်၊ ပထမနေရာကိုတော့ မရနိုင်တော့ချေ။
ပရိသတ်ကတ် (ဖန်ကတ်) စုစုပေါင်း ၁.၅ သန်းသည် ကျန်းစစ်မင်ကို ပိုက်ဆံလက်ဆောင်ပေးလိုသည့် ပရိသတ်အရေအတွက်ကို ကိုယ်စားပြုသည်။
ဤအရေအတွက်ကား လေးသန်းကျော်ငါးသန်းသို့မရောက်ခင် တပွဲအတွင်း တသန်းကျော်ရရှိနေခြင်းပင်ဖြစ်သည်။
အမြင့်ဆုံးဟု သတ်မှတ်ထားရသည့် ဇူဇူ ပင် ၈သိန်းကျော်ရှိပြီး PDD ကား ၆သိန်းကျော်သာရှိရာ နှစ်ယောက်စလုံး ကျန်းစစ်မင်ထက်နည်းပါးပေသည်။
ဤကဲ့သို့ များပြားလှသည့် ပရိသတ်အရေအတွက်နှင့် အထူးပရိသတ်များကို ကြည့်ပြီး ကြည့်ရှုသူများမှာ သရဲမြင်နေရသကဲ့သို့ ဖြစ်နေတော့သည်။
ကျန်းစစ်မင်ကား တကယ့်ကို နတ်ဘုရားပင်။
ဆယ်မိနစ်ကျော်သည်အထိ ကျန်းစစ်မင်ကို လက်ဆောင်ပေးနေကြသည်မှာ မရပ်သေးချေ။
တခြားသော တိုက်ရိုက်ထုတ်လွှင့်သူများကလည်း သူ့ထံသို့ လက်ဆောင်အများအပြားလာပေးကြသည်။
တချို့ဆုတောင်းစကားများကား နှစ်သက်ဖွယ်ကောင်းပြီး အချို့ကတော့ နွေးထွေးမှုရှိသည်။
ကျန်းစစ်မင်ကား လက်ဆောင်ကြီးကြီးပေးသူများကိုသာ နာမည်ခေါ်၍ကျေးဇူးတင်စကားပြောပေသည်။
အခြားသောသူတို့ကိုကား တခါတည်းစုပေါင်း၍သာ ကျေးဇူးတင်စကားပြော သည်။
လူအများအပြားက လက်ဆောင်များလာပေးနေကြသည်မှာ မယုံနိုင်ဖွယ်ပင်။ တယောက်ချင်းသာ လိုက်ကျေးဇူးတင်နေလျှင် တနေ့သာကုန်သွားမည် ပြီးမည်မဟုတ်ချေ။
ထို့ကြောင့်ပင် ဆယ်မိနစ်ကြာပြီးနောက် ကျန်းစစ်မင်က ကျေးဇူးတင်စကား ပြောသည်ကို ရပ်လိုက်သည်။
"ထပ်မပေးကြနဲ့တော့၊ အာပေါက်နေပြီ ဒီမှာ၊ ဆက်ပေးရင်ကျေးဇူးတင်စကားမပြောတော့ဘူး။"
ကျန်းစစ်မင် စိတ်လှုပ်ရှားစွာနှင့်ပြောလိုက်သည်။
ထိုသို့ပြောလိုက်သည်မှာ ပရိသတ်များအတွက်တော့ အရူးတယောက်လိုဖြစ်သွားစေတော့သည်။
လက်ဆောင်ပေး၍ ban ခံရမည်လား? အဲ့လို စည်းကမ်းများရှိလို့လား?
ထိုသို့ပြောသည်ကို ကြားလိုက်ရသည်နှင့် ပရိသတ်များကား ပို၍အားတက်လာပြီး ပိုကောင်းသော လက်ဆောင်များလာပေးကြတော့သည်။
ဤသည်ကား ကြည့်နေသည့် တခြားသောထုတ်လွှင့်သူများ၏ မျက်နှာကို ရိုက်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။
သူတို့ကား လက်ဆောင်အချို့ရရန်ပင် ကြည့်ရှုသူများကို အစွမ်းကုန်ဖားကာ ကျေးဇူးတင်နေရသည်။
ကျန်းစစ်မင်ကို ကြည့်ပါအုံး! သူတို့ခမျာ စိတ်ထဲမှ ကျိန်ဆဲရုံသာ တတ်နိုင်ကြတော့သည်။
သူကား လူတယောက်ကော ဟုတ်ရဲ့လား?
ကျန်းစစ်မင် ပြောမနိုင်တော့ချေ။
"ပေးချင်သလိုသာပေးကြတော့။ ဘယ်သူ့ကိုမှ ကျေးဇူးတင်စကားထပ်မပြောတော့ဘူး။ ကျေးဇူးတင်ခံချင်တဲ့ သူများကိုတော့ ကျေးဇူးတင်ပါတယ်"
ဟုသာပြောနိုင်တော့သည်။
ဟားဟားဟား......
အဲ့လို ထုတ်လွှင့်သူမျိုး မတွေ့ဖူးဘူး။
နတ်ဘုရားသာမဟုတ်ရင် ငါဆဲတာကြာပြီပဲ။ ထားပါတော့လေ၊ သူက ချန်ပီယံပဲကို~
"နတ်ဘုရားရေ၊ ဘယ်တော့ မင်း skin ထွက်မှာလဲ? ဘယ်လိုပုံစံမျိုးလဲ? ငါဒီမှာဝယ်ချင်နေပြီကွ!"
ဧကရာဇ်[ခရီးသွားနေသော ဖားပေါက်ညီလေး] ကမေးလိုက်သည်။
ဤသည်ကိုတော့ ကျန်းစစ်မင်က တွေ့လိုက်ပုံရသည်။
"Skin က နှစ်မျိုးထွက်မှာ၊ တမျိုးက ချန်ပီယံအသင်းအတွက်အစုံလိုက်ထွက်မယ်။ အဲ့မှာ အင်္ကျီ ဘောင်းဘီ ဖိနပ် ဝတ်စုံပြည့်ပါမဲ့ အပြင် AK နဲ့ M416 ပါပါမယ်။ နောက်တခုကတော့ ငါ့အတွက် MVP set၊ အဲ့တာကတော့ ဝတ်စုံပြည့်ရယ် AK နဲ့ Kar98K ရယ်ပါမယ်။ သူ့ဆီမှာ အဆင့်သုံးဆင့်ပါမယ်။"
"ပြီးတော့ ငါ့ပုံစံနဲ့ လှုပ်ရှားနေတဲ့ပုံစံတခု ထပ်ထွက်အုံးမယ်။ ဘယ်နေ့ထွက်မလဲဆိုတာကတော့ သူတို့တွေ တရားဝင်ကြေညာလိမ့်မယ်။ အတည်မပြုခင် ငါအရင် ကြည့်အုံးမှာ ကြိုက်လားဆိုတာ။ ကြိုက်တယ်ဆိုမှ game store ပေါ်မှာတင်ပေးမှာ။ အဲ့တော့ အနည်းဆုံး တလကျော်လောက် ကြာအုံးမှာ။"
ဤအဖြေကား ပရိသတ်များကို အလွန် စိတ်လှုပ်ရှားသွားစေသည်။
4am အသင်းတွင် ရှိသော skin များသည်ပင် ကျန်းစစ်မင်လောက်မများချေ။
ကျန်းစစ်မင်ကတော့ skin သာမက action ကော ကတ်များပါ ထွက်လာမည်ဖြစ်သည်။
"သေချာပေါက်ဝယ်မယ်!"
"ဝယ်ကိုဝယ်မယ်! နတ်ဘုရားကို support ကြမယ်!"
"MVP set မှာချင်ပါတယ်၊ ဟီးဟီး။"
"ကြည့်လို့ကောင်းပါ့မလား။ ငါတော့ စိတ်ဝင်စားနေမိပြီ။"
....
ပရိသတ်များကား အလုံးအရင်းနှင့်ပင် ဝယ်ယူအားပေးကြရန် ပြောနေကြတော့သည်။
ကျန်းစစ်မင်ကပြုံး၍ ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
ထိုအချိန်တွင် [ခရီးသွားနေသော ဖားပေါက်ကလေး] က
"နတ်ဘုရား အားပြီဆို ကြက်သားအတူစားရအောင် ကျနော့်ကို ခေါ်လို့ရမလား?"
ဟုမေးလိုက်သည်။
ယျေဘုလျအားဖြင့် တဖက်လူကား မည်သို့သောသူပင်ဖြစ်လင့်ကစား ကျန်းစစ်မင်က ဂရုစိုက်မည်မဟုတ်ချေ။
သို့ရာတွင် တဖက်လူကသူ့ကို လက်ဆောင်အများအပြားပေးထားသည်ကို ထောက်၍ ကျန်းစစ်မင် ပထမဆုံးအနေဖြင့် လက်ခံလိုက်သည်။
"ကောင်းပြီလေ။ မင်းရဲ့ ကိုယ်ပိုင်အကောင့်ကနေ လာပြောပါ။ ငါမင်းကို လက်ခံလိုက်မယ်။"
ဟု ကျန်းစစ်မင်က ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး၊ အခုလေးတင်ပို့လိုက်ပြီ။"
ကောင်လေးကား လက်သွက်လှသည်။
ကျန်းစစ်မင် နံပါတ်ကို အပ်ပြီးနောက် သူ၏ yy ချန်နယ်တွင် လူစိမ်းတယောက်ပေါ်လာသည်။
"ငါ့ကို လိမ္မော်ရောင်မြင်းလေးပေးပါ။ ငါ့ဟာကို ကြည့်ရတာ အဆင်မပြေဘူး။"
ဥက္ကဌဝမ်ကား ဝင်လာသည်နှင့် လက်ဆောင်တောင်းတော့သည်။
ကျန်းစစ်မင်ကားရယ်လျက် သူ့ကို အဝါရောင်မြင်းပေးလိုက်သည်။
ဤအရောင်ကား လိမ္မော်ထက်တဆင့်နိမ့်သော်လည်း ဥက္ကဌဝမ်က ကျေနပ်သွားသည်။
"လေးယောက်ဖြစ်သွားအောင် လင်းဂေါင်နဲ့ ချန်ဟဲကို ခေါ်လို့ရမလား။"
ဟု ဥက္ကဌဝမ်က မျှော်လင့်တကြီးနှင့် မေးလိုက်သည်။
"ရပါတယ်။ ဘာပဲဖြစ်ဖြစ် ငါလည်းခေါ်စရာလူမှမရှိတာ။"
ကျန်းစစ်မင်က မတားဆီးခဲ့ချေ။
ဤသို့ဖြင့် ကြယ်ပွင့်၂ဦးနှင့် ဖျော်ဖြေမှု ကြီးကြပ်ရေးကော်မတီဝင် တဦးတို့ အသင်းထဲ ရောက်လာတော့သည်။
ဤလူအစီအစဥ်ကား ပရိသတ်များကိုဆွဲဆောင်နေတော့သည်။
ပြောရလျှင် ဤကဲ့သို့ နေရာစုံမှ ကြယ်ပွင့်များကို တနေရာတည်းတွင် မြင်ရရန်မလွယ်ကူချေ။
လင်းဂေါင်နှင့် ချန်ဟဲတို့ကား ဖျော်ဖြေရေးနယ်ပယ်မှဖြစ်ကြကာထိုနယ်ပယ်မှပရိသတ်များမှာလည်း အများအပြားပင်ဖြစ်သည်။
ထို့ကြောင့်ပင် ကျန်းစစ်မင်လက်ခံလိုက်သည်နှင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ပရိသတ်အရေအတွက်မှာ ၁၃သန်းသို့ ခုန်တက်သွားတော့သည်။
"မင်္ဂလာပါ ချန်ပီယံကြီး!"
ချန်ဟဲကား yy ချန်နယ်သို့ အရင်ရောက်လာသည်။
မစိမ်းလှသောအသံကြောင့် ပရိသတ်များက စွန်းရှောင်ရှဲ့ မှန်းသိသွားကြတော့သည်။
"မင်္ဂလာပါ၊ စွန်းရှောင်ရှဲ့။"
ကျန်းစစ်မင်က ပြုံးလျက်နှုတ်ဆက်လိုက်သည်။
"ငါကချန်ဟဲပါ။ ပြီးတော့ PUBG ကအကောင်းဆုံးကစားသမားကဒီမှာပါ။"
ချန်ဟဲက ပြန်ပြင်လိုက်သည်။
"ချီးကို မင်းကအကောင်းဆုံး။ ငါအပေါ်ထပ်ကို မင်းနဲ့တက်သွားတုန်း လက်ပစ်ဗုံးထုတာဘယ်ကောင်လဲ။"
ဥက္ကဌဝမ်ကပြောလိုက်သည်။
"အဲ့တာ လင်းဂေါင်လုပ်တာလေ။"
ချန်ဟဲက ချက်ခြင်းအပြစ်လွှဲချလိုက်သည်။
"ဘယ်သူငါ့ကို သတ်လိုက်လဲ?"
"အဲ့တာက..... မင်းကို မမြင်လိုက်လို့လေ။ အဟွတ် အဟွတ်"
ဆရာကြီးချန်း ရှက်သွားသည်။
ခဏကြာတော့ လင်းဂေါင် ရောက်လာသည်။
လင်းဂေါင်ကား ရောက်ရောက်ချင်းပင် ကျန်းစစ်မင်ကို
"နတ်ဘုရားကြီး မင်္ဂလာပါ။ ငါမင်းရဲ့ ပရိသတ်ပါ။"
ဟုနှုတ်ဆက်သည်။ ထို့အပြင် သူကလည်း ပရိသတ်တယောက်ဖြစ်ကြောင်း ပြောလိုက်သေးသည်။
နာမည်ကြီးပရိသတ်တယောက်နှင့် ဆရာကြီးတယောက်တို့ပုံကား ဟန်ဆောင်နေသကဲ့သို့ ထင်ရသည်။
သို့သော်လည်း ကြားရသည်မှာ ကျေနပ်ဖွယ်ပင်။
"ကျနော်က ခင်ဗျားကစားပွဲတွေတင်မဟုတ် ခင်ဗျားကိုလည်း အားပေးတာဗျ။ ခင်ဗျားရဲ့ လုကျိုးလမင်းတို့ Walking Horseတို့ ပဲရစ်မှာ တယောက်တည်းတို့ ကို အရမ်းကြိုက်တာပဲ။ ကျနော့်ဖုန်းထဲမှာ ခင်ဗျားသီချင်းတွေအကုန်ရှိတယ်။ ကျနော်နဲ့ ဇာတ်ကားရိုက်နေတဲ့ ကျီဝေ့က ညွှန်းပေးလိုက်တာ။ သူက ခင်ဗျား ပရိသတ်လေ။"
ကျန်းစစ်မင်က ပြုံး၍
"ကျေးဇူးပါ၊ ငါလည်း မင်းရဲ့ ဇာတ်လမ်းမှာ သရုပ်ဆောင်တဲ့ပုံကို အရမ်းကြိုက်ပါတယ်။" ဟုပြောလိုက်သည်။
ကျန်းစစ်မင်ကား ဖျော်ဖြေရေးနယ်ပယ်မှ အကျော်အမော်တယောက်က အားပေးနေကြောင်းသိလိုက်ရသောအခါ စိတ်လှုပ်ရှားမိတော့သည်။
ပရိသတ်ကား ဤသည်ကိုကြားကာ မှင်သက်သွားတော့သည်။
ကျီဝေ့ပင် သူ၏ ပရိသတ်ဖြစ်နေရကား အထင်ကြီးစရာ လွှမ်းမိုးနိုင်စွမ်းပင်ဖြစ်တော့သည်။
"ရပါပြီ လင်းဂေါင်ရဲ့၊ ဖားနေတာတော်ပါတော့ တောင်းပန်ပါရဲ့၊ ဟုတ်ပြီလား။"
ဥက္ကဌဝမ်က မနာလိုစွာဖြင့် ဖြတ်ပြောလိုက်သည်။
"ငါကတော့ ပျော်နေတာပါ၊ ဘာလို့လဲ။"
သူတို့နှစ်ဦးကြား ခင်မင်မှုကား အလွန်ကောင်းမွန်လှသည်။
ထို့ကြောင့် ပင် အင်တာနက်နာမည်ကြီးများအား လင်းရွှေ့၊ သံမဏိတောခွေးဟုခေါ်ကြခြင်းပင်။
ခဏမျှစကားပြောကြပြီးနောက် လေးယောက်စလုံး ဂိမ်းအတူ စဆော့ကြတော့သည်။
ကျန်းစစ်မင် တရုတ်သို့ ပြန်လာပြီးနောက် ကြက်သားမစားရသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။
ကမ္ဘာ့ပြိုင်ပွဲကြောင့် အတော်ကိုပင် ပင်ပန်းခဲ့ရသည်။
သို့ရာတွင် ဘယ်လောက်ပင်သေးငယ်သည်ဖြစ်စေ အသားကအသားပင်ဖြစ်သည်။
ပေါက်ကွဲမှုအားနည်ပါးသော်လည်း ထိုပြိုင်ပွဲကိုသာစောင့်နေ၍မဖြစ်ချေ။
နှင်းမြေပုံသို့ ဝင်ရောက်လိုက်သည်နှင့် မြေပုံ၏ကောင်းကင်တွင် အနီရောင်တိမ်တိုက်များနှင့် 4am၏ တရုတ်နာမည်ကို ရေးထိုးထားသည်ကို တွေ့ကြရသည်။
နှင်းမြေပုံမှမဟုတ်၊ ကျန်သည့် မြေပုံသုံးခုတွင်လည်း ဤကဲ့သို့ တွေ့မြင်နိုင်သည်။
မနှစ်က ပီကာဒိုမြေပုံ၌သာတွေ့ရသည့် OMG နှင့်ယှဥ်လျှင် ပို၍ကောင်းသည်။
ဤသည်ကား Blue Hole ၏ ချန်ပီယံအသင်းပေါ် ပို၍အာရုံစိုက်ကြောင်း ပြသနေခြင်းပင်ဖြစ်သည်။
:::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။