အပိုင်း - ၂၆၆ (နောက်ထပ် credit သန်း ၇၀၀)
ဝမ်ဇောင်လဲ့ကို ဟော်တယ်ပြန်ပို့ပြီးနောက် ကျန်းစစ်မင်သည် မောင်းထွက်သွားလိုခဲ့ပါသော်လည်း သောက်ထားသည့်အကြောင်းတွေးမိသည့်အခါ သူ ကားကို ထိဖို့ မတတ်နိုင်ပုံပင်။
သူသာ မူးပြီးမောင်းခြင်းအတွက် စစ်ဆေးခံရပါက အဆုံးသတ်သွားလိမ့်မည်ဖြစ်သည်။
မောင်းလျှင်မမူးနှင့်၊ မူးလျှင်မမောင်းနှင့်၊ သောက်ထားသည့်အချိန်မှာ ကားမမောင်းသင့်ပေ။
"နေပါဦး၊ ငါ အရက်သောက်လိုက်တဲ့အခါ ကျန်းချီတွေက အလိုလျောက် အရက်ကို အငွေ့ပျံပစ်လိုက်မှာလေ။ ဒါက မူးပြီးမောင်းတယ်လို့ သတ်မှတ်လို့ မရဘူးလေ။"
ကျန်းစစ်မင်က ၎င်းကို စမ်းသပ်ကြည့်ချင်နေခဲ့သည်။
လမ်းဆုံတွင် ယာဉ်ထိန်းရဲဘော်တစ်ယောက်ရှိသည်။
ကျန်စစ်မင်က လျှောက်သွားလိုက်ကာ ယဉ်ယဉ်ကျေးကျေးပြောလိုက်၏။
"ဆရာရဲသားခင်မျ၊ ကျွန်တော် မူးနေသလား စစ်ဆေးချင်လို့ပါ၊ ရမလား။"
"စိတ်မရှိပါနဲ့၊ ကျွန်တော်တို့က ခြေကျင် လျှောက်သူတွေကို မစစ်ဆေးပါဘူး။"
ယာဉ်ထိန်းရဲကလည်း ယဉ်ယဉ်ကျေးကျေးငြင်းပယ်လေသည်။
ကျန်းစစ်မင်သည် သူ့အနေအထားသူသိသောကြောင့် သူက ကောင်းမွန်သည့် အသံအနေအထားနှင့် ပြောလိုက်ဆဲပင်။
"ဆရာရဲသား၊ ကျွန်တော် အခုလေးတင် ကွမ်းသီးနည်းနည်းစားလိုက်ပြီး ကားမောင်းချင်လို့ပါ။ ဒါပေမယ့် ဒါကို အရက်သောက်ပြီးမောင်းတယ်လို့ သတ်မှတ်လားမသတ်မှတ်ဘူးလား ကျွန်တော်မသိဘူးလေ။ အဲ့တာကြောင့် ကျွန်တော် ဆရာ့ရဲ့ ကိရိယာကို ငှားပြီး စမ်းကြည့်ချင်နေတာပါ။ အရက်သောက်ထားတယ်လို့ပေါ်ရင် ကျွန်တော် အငှားယာဉ်မောင်းတစ်ယောက် ခေါ်ရတော့မှာလေ။"
"ဒါပေမယ့် ကျွန်တော်တို့က စက်တပ်ယာဉ်တွေမဟုတ်ရင် မစစ်ပါဘူး။ ခင်များနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်။ လူတိုင်းကသာ ခင်များလိုဆို ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေ သာမာန်အတိုင်းအလုပ်လုပ်နိုင်တော့မှာမဟုတ်ဘူးလေ။"
ယာဉ်ထိန်းရဲက ငြင်းပယ်နေဆဲပင်။
ကျန်းစစ်မင်က သက်ပြင်းချလိုက်မိပြီး လှည့်ထွက်ပြီး အဝေးကိုသာ လျှောက်သွားလိုက်ရတော့သည်။
"ဆရာ၊ နပေါဦး။"
ယာဉ်ထိန်းရဲက လှမ်းတားလိုက်၏။
ကျန်းစစ်မင်က ခေါင်းလှည့်ကြည့်လိုက်ပြီး ယာဉ်ထိန်းရဲသည် ကျန်းစစ်မင်အား အလေးအနက်ကြည့်ကာ မေးလိုက်သည်။
"ခင်များက........'လုကျိုးလမင်း’ကို ဆိုတဲ့ ကြယ်ပွင့်များလား။"
"ကျွန်တော် 'လုကျိုးလမင်း' ကို ဆိုခဲ့ပေမယ့် ကြယ်ပွင့်တစ်ယောက်တော့မဟုတ်ပါဘူး။ ကျွန်တော်က ထုတ်လွှင့်သူလေးတစ်ယောက်သာသာပါ။"
ကျန်းစစ်မင်က အပြုံးတစ်ပွင့်နှင့် ပြန်ဖြေလိုက်သည်။
တစ်ဖက်လူက သူ့တောင်းဆိုမှုကို သဘောမတူပေမယ့် သူစိတ်ထဲမထားပါဘူး။
ဒါက ယာဉ်ထိန်းရဲရဲ့အလုပ်လေ၊ ပြီးတော့ သူ့တောင်းဆိုမှုက စည်းကမ်းတွေကိုချိုးဖောက်နေတယ်လေ။
"တကယ်ပဲ ခင်များလား။ ကျွန်တော်ချွေးမလေးက ကိုယ်ဝန်ရှိနေတာ။ လတ်တလော၊ သူက ခင်များရဲ့ သီချင်းတွေကို နားထောင်ရတာ သဘောကျနေတာလေ။ ရများရနိုင်........."
ယာဉ်ထိန်းရဲက သူနှင့်တွဲရိုက်ထားသည့် ကျန်းစစ်မင်ပုံအား ရယူကာ သူ့ဇနီကို ပေးချင်နေလေသည်။
သို့ပေမယ့် သူ တောင်းဆိုမှုအကြောင်းကို တွေးမိသွားသည့်အခါ ၎င်းကို သူ သဘောမတူပေးခဲ့မိတာကြောင့် သူပြောမထွက်နိုင်ဖြစ်နေတော့သည်။
ကျန်းစစ်မင်က ရက်ရောပျူငှာစွာ ပြုံးလိုက်ပြီး ပြောလေသည်။
"ကျွန်တော် ဆရာ့ကို လက်မှတ်တစ်ခုဖြစ်ဖြစ်၊ အဖွဲ့လိုက်ပုံလေးတစ်ပုံပဲဖြစ်ဖြစ် ပေးနိုင်ပါတယ်။ သိပ်ပြီး အနေခက်မနေပါနဲ့ဗျာ။"
"ကျေးဇူးတင်ပါတယ်!”
ဆရာ ယာဉ်ထိန်းရဲက သူ့အား ကျေးဇူးတင်ရှိစွာနှင့် ကျေးဇူးတင်စကားပြောလာတော့သည်။
ယာဉ်ထိန်းရဲက သူ့ဖုန်းကို ထုတ်လိုက်ပြီး နှစ်ယောက်သား အတူတူ ဓာတ်ပုံတစ်ပုံရိုက်လိုက်ကြသည်။
ကျန်းစစ်မင်က နှစ်ကြိမ်လောက် ဆုတောင်းပေးပြီး ပြန်ဖို့ ရွယ်လိုက်လေသည်။
"မစ္စတာကျန်း၊ ခင်များ ဒါကို သုံးလို့ရပါတယ်။"
ယာဉ်ထိန်းရဲက ကျန်းစစ်မင်အား ထပ်တားလိုက်ပြန်သည်။
"ဒါက အလျှော့ပေးလို့မရဘူးမလား။ ဆရာအပြစ်ရှာခံရလိမ့်မယ်နော်။"
ကျန်းစစ်မင်က ဆို၏။
"အဆင်ပြေပါတယ်၊ နေ့လည်ခင်းပဲလေ။ လူတွေလည်း သိပ်အများကြီးမရှိဘူး။ ဒါက အချိန်နည်းနည်းလေးပဲ ကြာတာပါ။ ခင်များ သုံးလို့ရတယ်။ ဒါပေမယ့် ဒီတစ်ခေါက်ပဲ စမ်းကြည့်လို့ရမှာနော်။ ခင်များနားလည်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။"
"ကျေးဇူးအများကြီး တင်ပါတယ်ဗျာ၊ ဒါဆိုလည်း..."
ယာဉ်ထိန်းရဲက အရက်စစ်ဆေးသည့် စက်ကို ထုတ်လိုက်ပြီး ကျန်းစစ်မင်အား လေမှုတ်ပြွန်အသစ်စက်စက်တစ်ခုပေးလိုက်လေသည်။
ကျန်းစစ်မင်က စစ်းသပ်ကိရိယာထဲသို့ အလုတ်ပေါင်းများစွာ မှုတ်ထည့်လိုက်သည်။
ယာဉ်ထိန်းရဲက စမ်းသက်ကိရိယာကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ဆိုလေသည်။
"ဘာ အရက်ပါဝင်မှုမှမရှိပါဘူး။ ကျေးဇူးပြုပြီး ယုံကြည်ချက်ရှိရှိသာမောင်းပါ။ ပြီးတော့ လုံခြုံလေးကိုလည်း အာရုံစိုက်ပါ။"
"ကျေးဇူးပါ ရဲဘော်၊ ကျွန်တော် ဆရာ့အလုပ်ကို ထပ်မနှောင့်ယှက်တော့ဘူး။ နှုတ်ဆက်ပါတယ်။"
ကျန်းစစ်မင်က အပြုံးတစ်ပွင့်နှင့်ထွက်သွားပြီး သူ့အထင်ကို အောင်အောင်မြင်မြင်စမ်းသက်ခဲ့လေသည်။
ကြည့်ရတာ နောက်ထပ်ကားမမောင်းနိုင်မှာ စိုးနေစရာမလိုတော့ပုံပဲ။
ကျန်းစစ်မင်က အနောက်တိုင်းစားသောက်ဆိုင်၏ ကားဂိုဒေါင်သို့ ပြန်သွားလိုက်ပြီး သူ့ Cherry tree flower roadလေးကိုမောင်းနှင်ကာ ယွီဟန်ကုမ္ပဏီ၏ အောက်ထပ်သို့ တောက် လျှောက်မောင်းသွားလိုက်သည်။
မနက်ပိုင်းတွင် လီယင်ဇီက သူ့ကို ဖုန်းခေါ်ပြီး ဒီနေ့ တာဝန်ပိတ်သိမ်းသည့်အချိန်ဖြစ်ကြောင်း ပြောခဲ့လေသည်။
သို့ပေမယ့် သူက ထိုအချိန်က ယိုနာကို လေဆိပ်လိုက်ပို့ပေးနေခဲ့သောကြောင့် ၎င်းကို စိတ်ထဲ မထည့်ထားခဲ့မိပေ။
အခု သူအားလပ်နေပြီဖြစ်ရာ သူ လာပြီး တစ်ချက်လောက် ကြည့်ရမည်သာ။
သို့သော် သူ ကုမ္ပဏီကို ရောက်ချိန်တွင် လီယင်ဇီနှင့် တခြားသူများမှာ ရှယ်ယာအပိတ်ကို အပြီးသတ်ပြီးကာစဖြစ်ကာ operation roomမှာ အောင်ပွဲခံဖို့ မောင်းများနှင့် ဗုံများကို ပျော်ပျော်ရွှင်ရွှင် တီးခတ်နေလေသည်။
ကျန်းစစ်မင် တံခါးကို တွန်းလိုက်သည်နှင့်တစ်ပြိုင်နက် 'မှန်းဆမရနိုင်သော' 'အမှီအခိုကင်းပါသော ဝန်ထမ်းများမှာ လန့်ဖြန့်သွားလွန်းလို့ အလျင်အမြန်ပင် ပြန်ထိုင်လိုက်မိကြလေသည်။
သူတို့ကျောင်းတုန်းက ကျောင်းအုပ်ကြီး၏ အစစ်ဆေးခံရပါသည့် ကလေးငယ်များလိုပါပင်။
"မင်းတို့ဘာလို့ ငှက်ကုလားအုပ်တွေလို ကြောက်လန့်နေကြတာလဲ၊ ဆက်လုပ်ကြလေ!”
ကျန်းစစ်မင်က လူတိုင်းအား အပြုံးလေးတစ်ပွင့်နှင့် အော်ပြောလိုက်လေ၏။
အလုပ်သမားများမှာ 'သန့်စင်မွန်မြတ်လှပါသည့်အမိန့်တော်'ကို ရရှိလိုက်ကြပြီး တဖန် ရွှင်မြူးသွားကြပြန်ကာ ကျန်းစစ်မင်လည်း သူတို့နှင့် ပူးပေါင်းလိုက်တော့သည်။
လီယင်ဇီက လျှောက်လှမ်းလာပြီး မင်တက်နေမိရင်း ဝင်လာပြီး အရူးအမူးပရိတ်သတ်များနှင့်အတူ စားပွဲခုံအား ရိုက်နေပါသည့် ကျန်းစစ်မင်အား ဆွဲထုတ်သွားတော့သည်။
"ဒီအတိုင်လေး အောင်ပွဲလိုက်ခံဖို့အတွက် ငါတို့ ဘယ်လောက်တောင် လုပ်ခဲ့ရလဲ နင်သိရဲ့လား။"
ကျန်းစစ်မင်က လှည့်မကြည့်ပါပဲ ပြန်ဖြေလိုက်သည်။
"ဒါက အရေးအကြီးဆုံးကိစ္စလား။ ပိုက်ဆံရှာပေးနေကတည်းက မင်းပျော်နေသင့်တာမဟုတ်ဘူလား။"
"ကောင်းပြီလေ၊ နင်ပြောတာအကျိုး အကြောင်းဆီလျော်တာ ငါဝန်ခံတယ်။ ဒါပေမယ့် ငါ့မှာ နင့်ကို တင်ပြစရာရှိသေးတယ်လေ၊ ဥက္ကဌကြီးရဲ့။ ဒီတစ်ခေါက် ငါတို့တိုက်ခိုက်ခဲ့တဲ့ ကုမ္ပဏီသုံးခုရဲ့ ရှယ်ယာတွေက ၂၅ကြိမ် နှစ်ဆဖြစ်သွားတယ်! ကုမ္ပဏီမှာ စုစုပေါင်းအမြတ်ငွေ သန်း ၇၅၀ ရှိနေပြီ!”
နောက်ဆုံး လျန်အန်းရှယ်ယာတွေကို ရေတွက်ကြည့်သည့်အခါ တစ်လစာအဆောက်အအုံတွေမှာ ကုမ္ပဏီရဲ့ ကြိုးပမ်းအားထုတ်မှုက ယွမ်း ၁.၃သန်းနီးပါး အဆင့်ချိတ်နေပြီပင်။
ဤအရောင်းအဝယ်ပမာဏက လီယင်ဇီအား မယုံကြည်နိုင်လောက်အောင်ဖြစ်စေသည်။
ဒါက ပြီးခဲ့တဲ့ နှစ်တွေမှာ ထိုးကျနေတဲ့ ဈေးကွက်တစ်ခု မဟုတ်ဘူးလား။
ဘာလို့ ယင်ဟွမ်က ဒီလောက်အများကြီး အမြတ်ရလိုက်နိုင်ရတာလဲ။
ဒီချောင်းမြောင်းစစ်ဆင်ရေးနှစ်ခုကို လုပ်ဖော်ကိုင်ဖက် အတော်များများ သိပြီးကြပြီ။
ယင်ဟွမ်ငွေကြေးစီမံက ရှန်ဟိုင်း ငွေကြေးစီမံရေးလောကမှာ ကျော်ကြားနေပြီလေ။ လူတိုင်း လူတိုင်း ယင်ဟွမ်က အသေးစားရှယ်ယာနှစ်ခုမှာပဲ ရင်းနှီးမြှပ်နှံထားပြီး နှစ်ခုလုံးက အမြတ်ငွေတစ်နင့်တပိုးလုပ်ပေးနေတယ်ဆိုတာ သိနေကြလေသည်။
လူအများစုက ဟော့ပေါ့တစ်အိုးလိုမျိုး မြစ်ထဲ ဖြတ်သန်းသွားလာနေကြပါသည့် ဤစတော့ရှယ်ယာလောကတွင် ယင်ဟွမ်သည် လှပသည့် အောင်မြင်မှုနှစ်ခုနှင့်အတူ သူ့ခွန်အားနှင့် လုပ်နိုင်စွမ်းအား အတိအလင်းကြေညာထားလေသည်။
များစွာသော ငွေကြေးစီမံကျွမ်းကျင်ပညာရှင်များမှာ ယင်ဟွမ်ငွေးကြေးစီမံအား အာရုံစိုက်စတင်စိုက်လာကြပြီဖြစ်ကာ တခဏအတွင် အလုပ်လျှောက်လွှာအရေအတွက်ကြီးကြီးမားမားရှိနေလေပြီ။
သို့သော် ကံမကောင်းစွာနှင့် ကုမ္ပဏီ၏ ဝန်ထမ်းများမှာ ပြည့်ဝလုနီးပါးဖြစ်နေလေသည်။
လတ်တလောတွင်၊ ပထမတန်းစားလူတွေသာ အရွေးချယ်ခံရလေပြီး ၎င်းက အခွင့်ထူးခံတစ်သိုက်ကို အချိန်တိုင်းကျော်လွှားနေရပါသည့် လီယင်ဇီအတွက် နှမြောစရာတစ်ခု ဖြစ်နေစေတော့သည်။
ကုမ္ပဏီက နောက်ထပ် သန်း၇၀၀ ထပ်ရှာလိုက်ပြီ။
၎င်းက ကျန်းစစ်မင်အတွက် ၎င်းကို ဖော်ပြန်ရန် ကျရှုံးသွားဖို့ မဖြစ်နိုင်ပေ။
နောက်ဆုံးတစ်ခေါက်ကထပ် ပိုရက်ရောလှသည့် ဘောနပ်များကို လက်ခံရရှိထားကြသော လီယင်ဇီနှင့် အရောင်းအဝယ်လုပ်သူများမှ လွဲ၍ ကုမ္ပဏီ ၏ အခြားသော ဌာနခွဲများရှိ အလုပ်သမားများသည် ဒီလအတွက် သူတို၏လစာအား သုံးဆရကြလေတော့သည်!
အားလပ်ရက်ခုနှစ်ရက်အပြင် သူက ထိုင်းသို့ အုပ်စုလိုက်ခရီးစဉ်တစ်ခုကိုပါ စီစဉ်ပေးလိုက်သေးသည်။
သွားချင်သည့်သူမည်သူမဆို ပါဝင်နိုင်ပြီး အသွားအပြန်လက်မှတ်များနှင့်အတူ သာမန်နေထိုင်စာရိတ်နှင့် တည်းခိုခန်းအပြင် မိသားစုဝင်နှစ်ယောက်ပါလိုက်ခွင့်ရမည်ဖြစ်သည်။
ဒီလို အကျိုးအမြတ်ကောင်းများက ယင်ဟွမ်၏ ဝန်ထမ်းအားလုံးကို ပီတိဖြာသွားစေပြီး သူတို့ ဘယ်တုန်းကမှ ဤသို့သော် ကုမ္ပဏီကောင်းမျိုးမှာ မရှိခဲ့ဖူးပါသလို ခံစားနေမိတော့သည်။
အနာဂတ်တွင် အလုပ်ပိုကြိုးစားရပေမည်။ မဟုတ်ပါက သူတို့ အခြားသူများ၏ အပြစ်ပေးခြင်းကို ခံရလောက်မည်သာဖြစ်သည်။
ထိုင်းကိုယ်စားလှယ်အဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီး ကုမ္ပဏီ၏ ဝန်ထမ်းများမှ ၈၀ရာခိုင်းနှုန်းက လက်မှတ်ထိုးလာကြကာ လီယင်ဇီက ဦးဆောင်လေသည်။
"နင်ရောမသွားဘူးလား၊ ဥက္ကဌ။"
လီယင်ဇီက ကျန်းစစ်မင် လိုက်လာဖို့ မျှော်လင့်နေသည်။
ကျန်းစစ်မင်က ပြုံးကာ ခေါင်းခါလိုက်ပြီး ပြောလေသည်။
"အဲ့မှာ လတ်တလော လုပ်စရာအများကြီး ရှိနေတာ၊ ငါသွားလို့မရဘူး။ နောက် ငါအားတော့မှပဲ မင်းနဲ့အတူ သွားမယ်လေ။"
"ဥက္ကဌ၊ ညီမတို့နဲ့ အတူသွားပါလို့~”
“ဟုတ်တယ်၊ ဥက္ကဌ၊ ဥက္ကဌသာ သွားရင် ဥက္ကဌကို ပြဖို့ ညီ အရမ်းအရမ်းလှတဲ့ ရေကူးဝတ်စုံတစ်ထည်လောက် ဝယ်ပစ်လိုက်မှာနော်~”
ရှေ့ခုံက မိန်းမလှလေးများက ကျန်းစစ်မင်နှင့်အတူ သွားချင်နေကြလေသည်။
လုပ်ငန်းလုပ်ဆောင်နေချိန်အတွင်း သူတို့ ဥက္ကဌရဲ့ ဖမ်းစားခြင်းကို ခံလိုက်ရခြင်းဖြစ်နိုင်သည်။
ထို့ကြောင့် တစ်ညတာအဖော်ကောင်းလေးရှိရတာ ကောင်းလောက်ပါတယ်~
ကျန်းစစ်မင်လိုမျိုး ပြီးပြည့်စုံသည့်နတ်ဘုရားမျိုးနှင့် အတူနေနိုင်ခြင်းက သူတို့ ခန္ဓာကိုယ်ကို တစ်ကြိမ်လောက် စွန့်လွှတ်လိုက်ရရင်တောင်၊ သူတို့ ဆန္ဒရှိတယ်။
"မင်းတို့လေးတွေအားလုံးက သေးလွန်းတယ်။ ပြီးတော့ မင်းတို့တွေက ဆက်ဆီကျနေတဲ့အချိန်ဆို ကြည့်လို့မကောင်းတော့ဘူး။"
ကျန်းစစ်မင်က ကျီစယ်လိုက်ပြီး များစွာသော ရှေ့တန်းခုံမှ မိန်းကလေးများမှာ ရှက်သွေးဖြာသွားကြကာ ဥက္ကဌအား လူဆိုးကြီးဟု ခေါ်ဆိုရင်း ထွက်ပြေးသွားကြတော့ သည်။
"သွားရအောင်၊ ငါ့ရဲ့ အုပ်စုခေါင်းဆောင်ကြီး။ သဘက်ခါကျ၊ ငါ ထိုင်းကို သွားမယ်။ ပြီးတော့ ကားကုန်သွယ်မှုတစ်ခုအတွက် ငါ့နောက် အရင်လိုက်ခဲ့ပေး။"
ကျန်းစစ်မင်က လီယင်ဇီကို ပြောလိုက်လေသည်။
"ကားကုန်သွယ်ရေးကို သွားမယ်တဲ့လား။ နင် ကုမ္ပဏီကို ကားတွေဆင်ပေးတော့မလို့လား။"
လီယင်ဇီက အားလုံးကို တစ်ကြိမ်တည်းနှင့် ခန်းမှန်းလိုက်လေသည်။
"ကုမ္ပဏီမှာ ကားတစ်စီးမှမရှိ၊ လိုင်စင်ပြားတစ်ပြားမှမရှိတာ အတော်လေး အဆင်မပြေဖြစ်လွန်းတယ်လေ။ ငါ့အတွင်းရေးမှူးနှစ်ယောက်ကို ခေါ်ပြီး ကားတွေ အတူတူသွားကြည့်ရအောင်။"
ကျန်းစစ်မင်က သူ့လက်တွေကို ဝှေ့ယမ်းလိုက်သည်။
မင်းမှာ ပိုက်ဆံရှိရင်၊ သိမ်းထားမနေပဲ ပိုသုံးပစ်လိုက်။
အဲ့တာတွေကို သိမ်းထားပြီး ခေါင်းတလားထဲမှာ စောင့်နေဖို့က မဖြစ်နိုင်ဘူးလေ။
:::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။