181 - 185

149 3 0
                                    

အပိုင်း - ၁၈၁ (မြောက်အမေရိက စနိုက်ပါနဲ့ တွေ့ပြီ!)
ပုံးနှစ်ပုံးကို ရှာဖွေပြီးနောက် ကျန်းစစ်မင်သည် ထပ်ပြီး သေနတ်မရှိသည့် စနိုက်ပါမဟုတ်တော့ပေ။
သူက AKရိုင်ဖယ်တစ်လက်ကို တပ်ဆင်လိုက်ပါသော်လည်း ဘာအပိုပစ္စည်း၊ ဘာမှန်ဘီလူးမှမရှိ။
ကျန်းစစ်မင်ကတော့ လုံးဝစိတ်ပူမနေပါပဲ နှစ်ယောက်သား အောက်ထပ်ကို အမြန်ဆင်းသွားပြီး တခြားသောစစ်မြေပြင်များသို့ ပြေးသွားတော့သည်။
ဘန်း ဘန်း ဘန်း ဘန်း!
သူ အဆောက်အအုံထဲမှ ထွက်ထွက်ချင်း လမ်းမျက်နှာချင်းဆိုင်ရှိ အမိုးမှ ရုတ်တရတ် သေနတ်သံနှစ်သံမြည်လာလေသည်။
ပစ်မှတ်များက ကျန်းစစ်မင်နှင့် 17shouတို့ဖြစ်သည်။
Pမြို့ရှိအိမ်များအားလုံးကို အမိုးမိုးထား၏။
၎င်းသည်လည်း လူများစွာသိကြသည့် ကစားဟန်တစ်ခုဖြစ်သည်။
17shouက မတော်တဆ ကျည်အချက်ပေါင်းများစွာမှန်သွားကာ ကံမကောင်းစွာနှင့် မြေပေါ်လဲကျသွားလေသည်။
သို့သော် သူ အလွန်အကြံအိုက်သွားမိတော့သည်။
ကျန်းစစ်မင်သည် သူ့ရှေ့မှ အိမ်အပြင်ထွက်သွားပြီး ကျည်မှန်သွားသည်မှာ သိသာပါသော်လည်း ဘာလို့များ သူက လဲကျမသွားရတာလဲ။
လဲကျသွားတဲ့လူက တကယ်ကြီး သူဖြစ်နေတယ်ပေါ့။
ဒါ့အပြင် သူတို့နှစ်ယောက်လုံး ပထမတန်းစား ကျည်ကာဝတ်ထားသည်လေ။
ကျန်းစစ်မင်၏လုပ်ဆောင်ချက်တွေကို ဂရုတစိုက် ပြန်တွေးကြည့်လိုက်ချိန်တွင် 17shouမှာ ပြဿနာ၏ အကြောင်းအရင်းကို ရှာတွေ့သွားတော့သည်။
ကျန်းစစ်မင်က  တကယ်ပဲအပစ်ခံလိုက်ရပါသော်လည်း ကျည် သူ့ကို ထိထိချင်း သူ့ခန္ဓာကိုယ်ကို  စပြီး လိမ်ဖယ်လိုက်ကာ နောက်ဆက်တွဲ သေစေနိုင်လောက်သည့် ကျည်ကို  ရှောင်ရှားလိုက်လေသည်။
“ငါ  တခြားသူတွေရှင်းပြတာကြားဖူးတယ်။ နတ်ဘုရားရဲ့  ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက လှံတွေထက် ပိုအစွမ်းထက်တယ်တဲ့လေ။  ကောလဟာလတွေက မှန်နေတာပဲ။”
17shouက သူ့နှလုံးသားထဲမှာ လျှို့ဝှက်စွာပြောလိုက်လေသည်။
မင်းက  မင်းထက်အများကြီး ပိုသန်မာတဲ့ တစ်ယောက်ယောက်နဲ့ အသင်းဖော်ဖြစ်နေချိန်မှာ  မင်းအရမ်းပျော်နေလိမ့်မယ်။ ဘာလို့ဆို မင်း ဂိမ်းကို  လွယ်လွယ်လေးနိုင်နိုင်ရုံတင်မဟုတ်ပဲ သူ့စကေးတွေကိုလည်း သင်ယူနိုင်လို့လေ။
“ဝေ့ရှန်နဲ့ တခြားသူတွေရဲ့ စကေးတွေ ပိုအားပြင်းလာတာ မထူးဆန်းတော့ပါဘူး။ သူတို့တွေ မင်ရှန်ဆီက အများကြီး သင်ယူထားတာဖြစ်ရမယ်။”
17shouမှာ သေးသေးလေးမနာလိုအားကျနေမိလေသည်။
သူဘာလို့များ နတ်ဘုရားကို သူတို့ကလပ်မှာ စာချုပ်ချုပ်ဖို့ မဖျားယောင်းမိရသလဲဆိုပြီး နောက်တစ်ကြိမ်နောင်တရနေမိတော့သည်။
ကျန်းစစ်မင်က  ရှောင်တိမ်းလိုက်ပြီးနောက် လျှပ်စီးလို  ဟန်အမူအရာနှင့်ဘေးတိုက်ထွက်သွားလိုက်ကာ kar 98နှင့် ပစ်လိုက်ပြီး  ခေါင်မိုးပေါ်ရှိလူများထဲမှ တစ်ယောက်ကို ပစ်ချလိုက်လေသည်။
ထို့နောက် ကျန်းစစ်မင်က အလွန်အသေးစိတ်ကျနေတုန်းပင်။
17shouကို ပစ်လိုက်သည့် လူမှာ မြင်ကွင်းနယ်ပယ်ကို မြင်နိုင်လေသည်။
အကယ်၍သာ တခြားတစ်ယောက်ကို ထိသွားပါက 17shouက အစားထိုးခံရနိုင်လောက်သေးသည်။
သူ့အဖွဲ့သားတွေ  အစားထိုးခံရမှာကို စိုးရိမ်စရာမလိုတော့ခြင်းနှင့်အတူ ကျန်းစစ်မင်မှာ  စိတ်သက်သာရာရစွာနှင့် သူ့အသင်းဖော်ကို အရင်းဆုံးကူဖို့ ပြန်သွားလိုက်လေသည်။
နောက်ဆုံးသူတို့အားလုံးက ကျွမ်းကျင်ကစားသမားတွေပဲလေ။
ထို့ကြောင်း တစ်ပွဲလုံးက OBအတွက် အနည်းငယ် အကျိုးအကြောင်းမဆီလျော်နေပေ။
“ကျေးဇူးပဲ ဂန်းစတား။ မဟုတ်ရင် ငါတော့ သွားပြီပဲ။”
17shouက ပြန်နလံထလာပြီး ပတ်တီးတစ်လိပ်စည်းလိုက်ကာ သူ မသေသည့်အတွက် အရမ်းဝမ်းသာနေလေသည်။
လူတွေက ခုလေးတင် သူတို့ရဲ့ Pမြို့တော်အရှင်သခင်ကို ချီမြောက်နေကြပြီး နောက်တော့ ဆင်းလာပြီးနောက် သေသွားကြတယ်။
ဒါက တအား အရှက်မဲ့လွန်းတာပဲ။
“ငါ့ကိုကျေးဇူးတင်လိုက်။ ဒါပေမယ့် မင်းအဲ့နှစ်ယောက်လုံးကို ငါ့ဆီထားခဲ့လိုက်လို့ရတယ်။”
ကျန်းစစ်မင်က ပြောလိုက်လေသည်။
“ကိစ္စမရှိဘူး။ ငါမင်းကို သေနက်တစ်လက် ကူပြင်ပေးမယ်။”
17shouက အလွန်ပူးပေါင်းဆောင်ရွက်မှုရှိလှသည်။
ကျန်းစစ်မင်က ဘေးစောင်းထွက်လိုက်ပြန်ပြီး အပစ်ခံလိုက်ရသည့်လူက ပြန်ထလာပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သို့သော် ထိုလူနှစ်ယောက်သည် အမေရိကန်ကစားသမား၏ ကစားဟန်နှင့်အတူ လုံးဝထိန်းချုပ်ထားလေသည်။
သူတို့က သူတို့ကို လုံးဝမဖျားယောင်းပေ။
သူတို့ကို ကူပြီးနောက် နောက်တစ်ကြိမ်ပေါ်ထွက်လာပြန်ကာ ကျန်းစစ်မင်ကို ထပ်ပြီးတိုက်ခိုက်ဖို့ စီစဉ်ကြလေ၏!
“ဗုန်း!”
ရင်းနှီးနေသည့် စနိုင်ပါ၏ အသံက ထွက်ပေါ်နေသေးဆဲဖြစ်သည်။
ကျန်းစစ်မင်တစ်ယောက်  ကျည်ဖြည့်ဖို့ ကတုတ်ကျင်းထဲသို့ ပြန်သွားချိန်တွင်  ခေါင်မိုးပေါ်ရှိမိတ်ဆွေကြီးမှာ နောက်တဖန်ထပ်လဲကျသွားပြန်တော့သည်။
17shou အခွင့်အရေးကို အမိဖမ်းလိုက်ပြီး ချက်ချင်းပင် ပြိုင်ဘက်အတွက်အစားထိုးလိုက်ကာ ကျန်းစစ်မင်၏ ခေါင်း အပြည့်အဝဖြစ်လာလေသည်။
တစ်ယောက်မှမကျန်တော့ပါချေ။
ပြီးနောက် ကျန်းစစ်မင်က ထွက်သွားဖို့နှင့် ဖြေရှင်းဖို့ စီစဉ်နေလိုက်၏။
သို့သော် သူ့တိုရှေ့မှ နောက်တစ်ဖွဲ့ရောက်လာကာ သူတို့၏ဖင်များကို ခိုးဖို့ ကြိုးစားတော့သည်။
Pမြို့တွင် တိုက်ခိုက်သည့်အရှိန်အဟုန်က အလွန်မြန်ဆန်လှသည်။
လေဆိပ်ထပ်တောင် မြန်သေး၏။ မင်းတစ်ဖွဲ့ကို ကစားပြီးရင်း နောက်တစ်ဖွဲ့က မင်းဘေးကို ရောက်နေလောက်သည်လေ။
သို့သော် ဒီအဖွဲ့က သူတို့ခိုးချင်နေသည့် ရန်သူ၏ အမျိုးအစားကို မသိကြ။
သူတို့ ကျန်းစစ်မင်ရဲ့ အမြင်အာရုံနယ်နိမိတ်မှာပေါ်လာရုံသာရှိသေးသည်။
သူ့လက်ထဲမှ AKက သူတို့ရဲ့ မျက်နှာတွေကို ရက်ရက်စက်စက်ပစ်ခတ်ပြီးသားဖြစ်လေသည်။
17shouသည်လည်း ၎င်းကိုမြင်လိုက်သောလည်း သူမပစ်ရသေးခင်မှာပင် တစ်ဖွဲ့လုံး ကျန်းစစ်မင်၏ လက်မှာ သေဆုံးသွားပြီဖြစ်သည်။
17shouမှာ စက္ကန့်အနည်းငယ်မှ ခြောက်ကပ်ကပ်ဖြစ်သွားပြီး ကျန်းစစ်မင်နှင့် ကစားဖို့ ဆော်ဩမှုတစ်ခု ရုတ်တရတ်ပေါ်လာလေတော့သည်။
ဦးလေးရေ၊ ဒီပျော်စရာက ဘယ်လိုကြီးလဲ။
သူ့မှာ  ပေါင်လုံးတုတ်တုတ်တစ်ပေါင်ရှိနေပေမယ့် သူလည်း  ဖောက်ထွင်းမြင်နိုင်တဲ့လူဖြစ်နေပြီလေ။ ပြီးတော့ သူ့မှာ တည်ရှိမှုအာရုံ  လုံးဝရှိနေတော့ဘူး။
အခုလေးတင်  ကျန်းစစ်မင် တစ်ဖွဲ့လုံးကို သတ်လိုက်သည့် စစ်ဆင်ရေးကို ပြန်ကြည့်လိုက်တော့  သူ တစ်ယောက်ကို နှိမ်နင်းလိုက်ပြီးနောက်မှာ လျှပ်စီးအရှိန်နဲ့ သေနတ်ကို  ဆွဲလိုက်ပြီး နောက်တစ်ယောက်သတ်လိုက်တယ်။
ဒီစစ်ဆင်ရေးမျိုးက၊ 17shouတစ်ယောက် အလွန်မျှော်လင့်ချက်မဲ့စွာ သိရှိသွားတော့သည်။
သူ ဒါကို မသင်ယူနိုင်ဘူး!
သိသိသာသာပဲ သူ ဒါကို နားလည်ပြီး အလွန်ရိုးရှင်းလှပေမယ့် သူ သင်တော့မသင်ယူနိုင်ဘူး။
ထိုအချိန်မှာပဲ 17shou ကိုယ်ထည်၏ အစိတ်အပိုင်းသုံးခုမှာ အပြန်အလှန်ဆက်သွယ်နေကြလေသည်.............
ဦးနှောက် : ငါ ဒါကို သင်ယူမယ်!
နှလုံးသားလေး : အရမ်းရိုးရှင်းတယ်။ ကြည့်လိုက်ရုံပဲ!
လက် : ??????
ဦးနှောက် : မင်းဘာလို့အရမ်းတုံးနေရတာလဲ!
နှလုံးသားလေး : အဆင်ပြေတယ်မဟုတ်ဘူးလား။ အရမ်းအရသာရှိတာကိုနော်!
လက် : အွမ်း၊ ငါထွက်ပြီ!
17shouတစ်ယောက် သူ့နှလုံးသားထဲမှာ ဆန့်ငင်ဆန့်ငင်သာ ခံစားနေရလွန်းလို့ သူ့မှာ ဝက်ရူးပြန်ရောဂါရှိသည်ဟုတောင် ထင်နေမိသည်။
ကံကောင်းထောက်မ၍ ခဏလောက်နေလျှင်တော့ သူပိုကောင်းလာလောက်ပေသည်။
ဒီအဖွဲ့မှာ မည်သည့်အစအနမှ ရှိမနေပေ။
ကျန်းစစ်မင်က သက်ပြင်းချလိုက်ပြီး ခေါင်မိုးပေါ်တွင် ကျန်ရှိနေသေးသည့် ရန်သူများကို ဖြေရှင်းဖို့ အစီစဉ်ချနေတော့သည်။
သို့သော် ရန်သူက သူတို့ကို ရုတ်တရတ်ပစ်လာလေသည်။
ယင်းသေနတ်မှာ သာမန်ကျည်သေနတ်မဟုတ်ပါပဲ.......အချက်ပြသေနတ်ပင်!
ဒီလူက သူ့အဖွဲ့သားသေပြီဖြစ်ကြောင်းသိ၏။
ထို့ကြောင့်  ကျန်းစစ်မင်၏ လက်များထဲသို့ ပြုတ်ကျခြင်းမှာ ကာကွယ်ရုံကာကွယ်ဖို့အတွက်  သူကောက်ရထားသည့် အချက်ပြသေနတ်ကို ချက်ချင်းပစ်ဖောက်လိုက်တော့သည်။
ဇုန်ကို ကျုံ့သွားစေခြင်းမရှိပါပဲ အချက်ပြသေနတ်ကို ပစ်ခဲ့ပါက airdropခေါ်ဖို့ မဖြစ်နိုင်တော့ပေ။
နောက်ပြီး အချက်ပြသေနတ်က ကောင်ကင်ကို တိုက်ရိုက်ချိန်ရွယ်ထားရမည်ဖြစ်သည်။
မဟုတ်ပါက ကျုံ့နေသည့်ဇုန်က အသုံးမဝင်ဖြစ်သွားလိမ့်မည်ဖြစ်သည်။
ဤအချက်ပြသေနတ်မှာ ကျန်းစစ်မင်၏ မျက်လုံးများရှေ့ရှိ ဟင်းလင်ပြင်နေရာလွတ်သို့ ထိမှန်သွား၏။
ကျန်းစစ်မင်က  သူ့ခြေထောက်များကို ဒေါသတကြီး ထခုန်လိုက်ကာ AK၏ အမျက်ဒေါသထဲရှိ  လွန်းပြန်ကျည်ကို သယ်ဆောင်ရင်း သေနတ်သမားကိုပစ်သတ်လိုက်တော့သည်။
သူက အစအနတွေကို ကောက်ဖို့ အချက်ပြသေနတ်ကို ညွှန်ပြလိုက်မိရုံသာဖြစ်သည်။
ဒီကလေးက ဒီလောက်ဈေးပေါနေဖို့.. သူမမျှော်လင့်ထားခဲ့မိပေ!
တကယ်တော့၊ သူတခြားနေ့တွေ ကစားချိန်မှာ ဒီလိုလူမျိုးတွေနဲ့ ရံဖန်ရံခါထိပ်တိုက်တွေ့ရသည်။
မတိုက်ခိုက်နိုင်မှန်းသိတော့ သူ့ခါးပေါ်က အချက်ပြသေနတ်ကို အရင်ပစ်လိုက်ပြီး ကျန်းစစ်မင်ကိုတော့ မပေးခဲ့ဘူး။
စိတ်ခံစားချက်အရမ်းကောင်းမွန်မနေသည့် ကျန်းစစ်မင်တစ်ယောက် Pမြို့မှာ စတင်ကာ လူအစုလိုက်အပြုံလိုက်သတ်လေတော့သည်။
မိနစ်အနည်းငယ်အတွင်းမှာပဲ Pမြို့တော်ခမျာ တစ္ဆေမြို့တစ်မြို့ ဖြစ်သွားတော့၏။
ကျန်းစစ်မင်က သူ့လက်ထဲမှာ ခေါင်းကိုးခေါင်းကို ရိတ်သိမ်းထားပြီး ဖြစ်ပြီး 17shouမှာတော့ သုံးခေါင်းသာရှိလေသည်။
“ငါ့အထင် Pမြို့တော်ရဲ့ အရှင်သခင်ဆိုတဲ့ ငါ့ရာထူးကို ဒီနေ့ လွှဲပြောင်းပေးလိုက်ပြီးပြီထင်တယ်။”
17shouမှာ အလွန်နာကျင်စွာပြောလာလေသည်။
သုံးခေါင်းအနက် နှစ်ခေါင်းမှာ ကျန်းစစ်မင်အရင်ဆုံး သေနတ်တစ်လက်တောင်မရှိပဲ သတ်ခဲ့သည့် သူများဖြစ်သည်။
မင်းရေတွက်ကြည့်ပါက Pမြို့တော်မှာ လူနှစ်ဆယ်ကျော်ရှိပြီး သူကတော့ ကျန်းစစ်မင်ဆီကနေ တစ်ခေါင်းပဲရလိုက်သည်လေ။
“အဆင်ပြေပါတယ်ကွာ။ မင်းက Pမြို့တော်ရဲ့ အရှင်သခင်ဖြစ်နေတုန်းပဲ။”
ကျန်းစစ်မင်က နှစ်သိမ့်ပေးလေသည်။
“မင်းကရော။”
“ငါက ဒီအတိုင်း PUBGရဲ့ အရှင်သခင်ပဲ ဖြစ်မှာပေါ့။”
ကျန်းစစ်မင်က ပြန်ဖြေ၏။
17shouတစ်ယောက် သူ့ရင်ဘတ်သူ ဆုပ်ကိုင်ထားကာ၊ အထိတ်အလန့်ဖြစ်နေတော့သည်။
ကားထဲမှ ကျန်းစစ်မင်က သူ့ရဲ့ ပျော်မြူးနေသည့်အမူအရာကို ပြန်လည်ဖုံးကွယ်လိုက်သည်။
သူ Pမြို့တော်မှာ ဟွာရီ ရှယ်ယာ နောက်အပိုင်းအစတစ်ခုကို ရှာတွေ့လိုက်သည်လေ!
စုဆောင်းခြင်းကနေ အပိုင်းအစတစ်ခုသာကျန်တော့သည်။
ကျန်းစစ်မင်မှာ စုဆောင်းပြီး သူ့ရဲ့ စူပါးစတား ချစ်သူကောင်မလေးကို နှုတ်ဆက်ဖို့ မစောင့်နိုင်တော့ပေ။
တစ်ချိန်တည်းမှာပဲ AWM၏ အသံနှစ်သံက ကျောင်းဘက်မှ ထွက်လာလေသည်။
AWMနှစ်လက်နှင့် kill messageနှစ်ခုက ညာဘက်အပေါ်ထောင့်တွင် ပေါ်ပေါက်လာ၏။
“ကစားသမား[Grimmmz]သည် AWMစ နိုက်ပါရိုင်ဖယ်အား အသုံးပြုပြီး ကစားသမား[TTTK]ကို knock downလုပ်လိုက်သည်။”
(tn/သိလောက်တယ်ဆိုပေမယ့်  knock downဆိုတာက အသင်းဖော်ရှိသေးရင် တစ်ခါတည်းမသေပဲနဲ့ ကုန်းသွားတာလေ။  အဲ့လိုအခြေအနေမျိုးဖြစ်အောင်လုပ်တာကိုပြောတာပါ။)
“ကစားသမား[Grimmmz]သည် AWMစနိုက်ပါရိုင်ဖယ်အား အသုံးပြုပြီး ကစားသမား[Cireei]ကို သတ်လိုက်ပါသည်။”
ဒီIDက ကျန်းစစ်မင်နှင့် 17shouတို့၏ အာရုံစိုက်မှုကို ဖမ်းစားသွားလေသည်။
“ဒါက ကြည့်ရတာ မြောက်အမေရိက စ    နိုက်ပါ နတ်ဘုရားဖြစ်ပုံပဲ။ ငါ စစ်ကြည့်လိုက်မယ်။ တကယ်ကြီးဟ!”
17shouသည် ထိုလူကို ရှာတွေ့လိုက်၏။
မမျှော်လင့်ထားစွာပင်၊  နှစ်ယောက်သားမှာ မြောက်အမေရိကဖြတ်သွားဖြတ်လာဘုရင်၊ Blue Holeရဲ့  စနိုက်ပါနတ်ဘုရားလို့ အရင်က အသိအမှတ်ပြုခံထားရသူ ပြီးတော့ PUBGမှာ  နံပါတ်တစ်ကစားသမားလို့လည်း သိကြတဲ့ ‘Grimmmz’နဲ့ တွေ့ဆုံလိုက်ရလေပြီ!
::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now