အပိုင်း - ၄၆ (ကျန်းစစ်မင်ရဲ့ဆဲဆိုခြင်းအနုပညာ)
“သန်ဘက်ခါလုပ်မဲ့ အသန်မာဆုံး ဂိမ်းတင်ဆက်သူပြိုင်ပွဲကို သွားမှာမလား?”
“ကောင်းပြီ သွားမယ်လေ”
“ဒါဆို ငါမင်းကို ကားနဲ့လာခေါ်ပြီး အတူတူသွားကြမယ်လေ။ ရှန်ဟိုင်းဖူထွာမှာဆိုတော့ တော်တော်ဝေးတယ်”
“ရပါတယ်။ ကျွန်တော့်မှာ ကားရှိတယ်”
“အဆင်ပြေတာပေါ့။ ဒါဆိုအဲ့မှာတွေ့မယ်ညီကိုရေ။ မင်းရဲ့ဘီလူးရသေ့ အသံသရုပ်ဆောင်အဆိုတော်က ဘယ်လိုလဲဆိုတာ ကြည့်ကြတာပေါ့။ ဟားဟား”
“ကြည့်ပြီး သိမ်ငယ်မသွားပါစေနဲ့လို့ မျှော်လင့်ပါတယ်”
“တော်စမ်း၊ ရုပ်ဖြောင့်တဲ့ဘဲဆိုတာ မမြင်ဖူးသေးဘူး”
great god ကအလေးအနက်မထားဘဲ အထင်သေးစွာဖြင့်ပြုံးသည်။
ဒါပေမဲ့ တိတ်ဆိတ်နေခဲ့တဲ့တွမ်တွမ်က သတိထားပြီးလှည့်လာသည်။
အဲ့လိုပြောနေကြတော့ မင်ကောလည်း ပြိုင်ပွဲမှာဝင်ပြိုင်မှာဖြစ်ပြီး သူလည်းပြိုင်ပွဲကိုသွားလျှင် မင်ကောနှင့် တွေ့နိုင်မည်မဟုတ်ပါလား။
တွေးလေတွေးလေ ပိုစိတ်လှုပ်ရှားလာပြီး တွမ်တွမ်ချက်ချင်း သူမရဲ့အချစ်ဆုံးသူငယ်ချင်းကို ဖုန်းဆက်ကာ ရှန်ဟိုင်းသို့ လေယာဉ်လက်မှတ်နှစ်စောင် ဖြတ်ခိုင်းထားလိုက်သည်။
သုံးယောက်သား စကားတပြောပြောနှင့် ပစ္စည်းများရှာနေကြသည်။
အဖွဲ့ထဲတွင် ဆရာကြီးနှစ်ယောက်ဖြစ်သည့်ကျန်းစစ်မင်နှင့် great godပါသောကြောင့် ဂိမ်းဆော့ရတာ အဆင်ပြေလှသည်။
ရန်သူအဖွဲ့များနှင့်တွေ့တိုင်း ထိုနှစ်ယောက်ကပင် အမြန်အပြတ် ရှင်းလိုက်ကြသည်ချည်းသာ။
သို့သော် ကျန်းစစ်မင်က ရန်သူအဖွဲ့မှ သုံးယောက်သတ်ပြီး great godက တစ်ယောက်သာလျှင်သတ်ရသည်။
ကျန်းစစ်မင်၏ သတ်နှုန်းက အများကြီး ပိုမြန်နေသည်။
သုံးယောက်သား ပျော်ရွှင်စွာကစားနေကြစဉ် gread god၏ နားကြပ်ထဲတွင် အငြင်းအခုံဖြစ်နေကြ၏။
“ဘယ်သူက မင်းကို ဝင်ခွင့်ပြုလိုက်တာလဲ... ထွက်သွားစမ်း!”
“အခုထိ စာချုပ်ကို အဆုံးသတ်ရသေးတာမှ မဟုတ်တာ။ ဘာလို့ငါ့ကို မပါခိုင်းတာလဲ?”
“ခွေးကောင်က ပြန်လာရမှာ ရှက်နေတာလား။ ဆောရီးပဲ မင်းကိုငါတို့မလိုတော့ဘူး”
“ငါဝင်လာမှာပဲ။ စာချုပ်ကို အဆုံးသတ်ရသေးတာ မဟုတ်ဘူး။ ငါက အခုထိ 4amကပဲ”
………..
Great god ကကျန်းစစ်မင်အား နားကြပ်မှတဆင့် ကမန်းကတန်းပြောသည်။
“ဂူချွင်းက ဌာနချုပ်ကိုရောက်လာလို့ငါသွားဖြေရှင်းလိုက်ဦးမယ်။ လောင်ကျန်း အရင်ဆော့နှင့်နော်”
“အိုခေ ဆော့ကြစို့”
ကျန်းစစ်မင်နားလည်လိုက်သည်။
သို့သော် ထိုအခြေအနေက အားလုံးကို သိချင်စိတ်များသွားစေသည်။
ဂူချွင်းက 4amကို အရင်သစ္စာဖောက်သွားတာ မဟုတ်ဘူးလား။ ဘယ်လိုတောင် ပြန်လာရဲတာပါလိမ့်။
“ဂူချွင်းက ဘယ်လိုဖြစ်တာလဲ? သိတဲ့သူတစ်ယောက်လောက် အလင်းပြပါဦး”
အကြောင်းစုံကိုသိနေတဲ့တွမ်တွမ်က ကျန်းစစ်မင်ကို ရှင်းပြသည်။
“ဂူချွင်းနဲ့ အရင်စာချုပ်က သက်တမ်းကုန်ခါနီးမှာ 4amကဂူချွင်းနဲ့ စာချုပ်ထပ်ချုပ်ချင်တယ်။ ဒါပေမဲ့ ဂူချွင်းက စာချုပ်ချုပ်ခကို မကျေနပ်ဘဲ လစာကို နှစ်ဆတောင်းတယ်”
“သူ့ကိုပေးထားတဲ့ အကျိုးခံစားခွင့်က 4amမှာအကောင်းဆုံးပဲ။ အသင်းကလည်း နှစ်ဆပေးဖို့တော့ ဘယ်အဆင်ပြေပါ့မလဲ။ အဲ့ဒါကြောင့် ဂူချွင်းက တမင်တကာညစ်ပြီး ကောင်းကောင်းလည်း မကစားဘဲ လေ့ကျင့်ရေးတွေလည်း နေ့တိုင်းပျက်ကွက်ခဲ့တယ်”
“ဂူချွင်းကို ရိုးအတယ်လို့ ထင်ခဲ့ပေမဲ့ ထင်သလိုမဟုတ်ခဲ့ဘူး။ အသင်းက သူ့အပေါ်ကို အများကြီးကောင်းပေးတယ်။ Great god နဲ့ယှဉ်ရင် သူက ဘာမှမဟုတ်တာတောင် ပိုကောင်းကောင်းဆက်ဆံတယ်။ လုကာနဲ့ တခြားသူတွေကလည်း အဆပေါင်းများစွာသာတယ်။ ဒါပေမဲ့သူက မကျေနပ်နိုင်ဘူး”
တွမ်တွမ်က အနည်းငယ်စိတ်ဆိုးမာန်ဆိုး ဖြင့် 4amအကြောင်းငြီးငြူသည်။
ဒါပေမဲ့ ဂူချွင်းရဲ့ဖန်တွေက ကြားပြီးမလိုမုန်းထားကာ ဂူချွင်းအား 4amမှာအရှုပ်ထုပ်တွေလုပ်သူလို့ ပြောသည်ဟု လုပ်ကြံဖန်တီးပြောဆိုကြသည်။
ထိုအကြောင်းကိုဂူချွင်းသိသောအခါ အရမ်းဒေါသထွက်သွားပြီး great god၏ ကွန်ပြူတာဆီသို့သွားကာ နားကြပ်ကောက်တပ်လိုက်ပြီး မိုက်ထဲကနေ စတင်အော်ဟစ်တော့သည်။
Great godကဂိမ်းထဲမှ မထွက်ထားသောကြောင့် yyချန်နယ်ထဲတွင်ပင် ရှိနေသေး၏။
“မင်းအမေနဲ့တောင် ငါယှဉ်လိုက်လို့ရတယ်။ မင်းကငါ့ရဲ့ ရှစ်ပုံသုံးပုံလောက်ပဲ တတ်တာ။ မင်းကငါနဲ့ယှဉ်ဖို့တောင်မတန်ဘူး။ သောက်ချီးပဲ!”
ဆဲဆိုသံအများကြီးကြောင့် တွမ်တွမ်ကထိတ်လန့်သွားသည်။
သူမက ဖြစ်ကြောင်းကုန်စင်ကို ဘာမှအပိုအလိုမရှိ ဒီတိုင်းပြောပြခဲ့ခြင်းသာဖြစ်သည်။
ထိုအကြောင်းအရာက အကုန်လုံးအမှန်တွေသာဖြစ်ပြီး မလျော်ကန်သောထင်မြင်ချက်များမပါပေ။
တစ်ဘက်ကသူက မိန်းကလေးဖြစ်နေတာတောင် ဂူချွင်းကဂရုမစိုက်ဘဲ ဒေါသတကြီးဆက်အော်နေသည်။
ထိုသို့ဖြစ်နေတာကို လူတိုင်းမြင်နေရသည်။
ဟိုအရင်က တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ တွေ့ရသော ရိုးသားပြီး အန္တရာယ်ရှိပုံမပေါ်တဲ့ ဒီကောင်လေးက ထိုကဲ့သို့လုံးဝမဟုတ်တော့ပေ။
သည်းခံတတ်သည့်ပုံစံ တမင်ဖမ်းပြီး ဖန်တွေနှစ်သက်လာအောင် ဟန်ဆောင်ထားသောကောင်လေးက တကယ်တော့ အကြံ သမားဖြစ်နေလေသည်။
အခုတော့ အရာအားလုံး ပေါ်ထွက်လာပြီး သူလည်းထိန်းချုပ်မထားတော့ဘဲ သူ့ရဲ့ပုံစံအမှန်ကို ဖော်ပြလာသည်။
တွမ်တွမ်က ဂူချွင်းရဲ့ ဆဲဆိုစကားတွေဖြင့် အနိုင်ကျင့်ခံနေရသော်လည်း သူမမှားသွားတယ်လို့ ခံစားရတာကြောင့်တစ်ခွန်းမှ ပြန်မပြောပေ။
သူမပြောခဲ့တာတွေက အမှန်ဖြစ်သော် လည်း အခြားသူများအား ဒီအကြောင်းတွေ စပြောမိတာသူမဖြစ်သောကြောင့် မှားသွားသည်ဟု ခံစားနေရသည်။
ထို့ကြောင့်တွမ်တွမ်က ရန်လည်းပြန်မဖြစ်ချင်ပေ။
စကားလုံးရိုင်းရိုင်းတွေကိုသာ သည်းမခံနိုင်သောကြောင့် မျက်လုံးများမျက်ရည်ဝေ့၍ နီရဲလာသည်။
သို့သော်လည်း လူအများကတော့ မမြင်နိုင်ပေ။
ဒါကိုသူမက တိတ်တိတ်လေးသည်းခံနိုင်သည်ဆိုသော်လည်း ကျန်းစစ်မင်ပါ သည်းခံရမည်တော့မဟုတ်ချေ။
“မင်းပါးစပ်ထဲ အိမ်သာကျွင်းထည့်ပြီး ဒီမှာလာပြောနေတာလား။ မင်းအမေက အိမ်သာကို မဆေးခိုင်းလိုက်ဘူးလား။ မြေဩဇာတွေ ဖြန်းရင်းပြောနေတာလား။ ဘာလို့အဲ့လောက်ခေတ်မီနေရတာတုန်း”
ကျန်းစစ်မင်ပါးစပ်ဟလိုက်တာနဲ့ မတရားမှုအတွက် တိုက်ခိုက်နေကြတာကို ပရိသတ်များက ဒေါသထွက်နေရာမှ ရယ်မောမိကြသည်။
သူ့ကိုတစ်ယောက်ယောက် ကြိမ်းမောင်းလိုက်တာကို အထီးကျန်ဂုဏ်သရေရှိကောင်လေးက သည်းခံနိုင်ပါမည်လား။ ချက်ချင်းပြန်ပက်တော့သည်။
“မင်းက မင်ဆိုတဲ့ကောင်မလား? ဆရာကြီးမရှိတုန်း ထိပ်ဆုံးဆရာကြီးနေရာကို အခွင့်ကောင်းယူနေတာပဲ။ ချီးပဲ”
“ကြည့်စမ်း! အိမ်သာထဲမှာ ချီးတွေပြည့်နေတုန်းပဲလေ။ စကားမပြောခင် အဲ့ဒါတွေအရင်စားလိုက်ပါလား။ ပါးစပ်ဖွင့်ဖို့ပိတ်ဖို့ကို ခိုင်းတဲ့အတိုင်းလုပ်စမ်း။ ဘာလို့အဲ့လောက်ပြောနေရတာလဲကွာ။ မလိမ္မာတဲ့သားဆိုရင် အသိအမှတ်မပြုဘူးနော်!”
ထွီ!
ပရိတ်သတ်တွေက မျိုဂျင်ဒီလိုမျိုး ဆဲရေး တိုင်းထွာလိမ့်မည်ဟု မထင်ထားသောကြောင့် ကျေနပ်အားရသွားကြသည်။
“မင်းဆီငါလာခဲ့မယ်။ မင်းအသက်ဘယ် လောက်မလို့လဲခွေးကောင်ရဲ့။ သောက်ချီးပဲ”
သူ့ပါးစပ်ကထွက်သမျှ ဆဲလုံးတွေချည်းသာဖြစ်သည်။
အခုတော့ ပရိတ်သတ်တွေက ကျန်းစစ်မင်ပြောသမျှ ယုံသွားလေပြီ။ တကယ်ကို ဂူချွင်းရဲ့ပါးစပ်က အိမ်သာကျွင်းလိုပင်။ သို့မဟုတ်လည်း ရေဆွဲမချထားသော အိမ်သာလိုပင်။
“တစ်ယောက်ယောက်ကို ကြိမ်းမောင်းချင်တာလား။ ဒီစကားနှစ်ခွန်းကိုပဲ အပြန်ပြန် အလှန်လှန် ပြောတတ်တာလားကွာ။ ငါမင်းကို ဘယ်လိုပြောရမလဲ သင်ပေးမယ်”
ကျန်းစစ်မင်ပြောသမျှ စကားလုံးတိုင်းက တံစဉ်းထက်ထက်တစ်ခုကဲ့သို့ ပို၍ထက်လာသည်။
“မင်းအမေမင်းကိုမွေးတုန်းက လူမဟုတ်ဘဲ အချင်းကိုပဲ ပြုစုစောင့်ရှောက်လာတာများလားကွာ။ မဟုတ်ရင် မင်းဘယ်လိုများကြီးပြင်းလာတာလဲ”
“စည်းကမ်းပျက် အဆောက်အအုံကြီးလို၊ မျက်နှာမှာ ချိုင့်တွေသာရှိရင် လမျက်နှာပြင်ပေါ်က မီးတောင်ဝကြီးတွေလိုပဲ၊ အဲ့ဒါနဲ့များ အထီးကျန်ချင်ယောင်ဆောင်နေသေးတယ်”
“မင်းကတစ်ဘဝလုံး အပေါစားပဲ၊ ဝက်တွေစျေးပေါနေသလိုလေ။ အသက်ရှင်နေရင်လည်း လေကုန်တာပဲ အဖတ်တင်တယ်။ သေသွားရင်လည်း မြေကြီးတွေ ဖြုန်းတီးရာရောက်တယ်။ အိမ်မှာနေလည်း ယွမ်တွေဖြုန်းတီးနေတာပဲ”
“မင်းက တကယ်ကို ကြိုးစားပြီး လူတွေဆီမှာအမြဲ အသုံးတော်ခံနေတဲ့နှစ်လိုဖွယ်ကောင်း၊ ချစ်စရာကောင်းတဲ့ အဖြူရောင်မျိုးစပ်ငါးလေးလိုပဲ!”
“မင်းလိုလူမျိုးတွေက တီဗီမှာ သရုပ်ဆောင်ရရင်တောင် နွားချီးပုံလေးလိုပဲဖြစ်နေမှာ။ လမ်းဘေးကခွေးလေးကိုတောင် ယှဉ်နိုင်မှာမဟုတ်ဘူး”
“အရှေ့အရပ်က နေမထွက်ဘဲ အနောက်အရပ်ကနေထွက်လာရင်တောင်မှလေ။ အဲ့တော့ဘယ်လိုလုပ်ကြမလဲ”
………..
ကျန်းစစ်မင်ပါးစပ်မှ ထွက်လာသော စက် သေနတ်ကဲ့သို့ ကြိမ်းမောင်းသံတသီ တတန်းကြီးသည် စူးရှ၍ ထက်နေရုံမကဘဲ စိုးစဉ်းမျှ ထပ်တလဲလဲမဖြစ်နေချေ။
မည်သူမဆို ဤမျှလောက် ပြင်းပြင်း ထန်ထန် ကြိမ်းမောင်းခံရလျှင် ပြာကျချင်သွားလောက်မည်ဖြစ်သည်။
ပရိတ်သတ်များက ကျန်းစစ်မင်ပြောတာကို ဒူးထောက်ကျမတတ် ရယ်ရင်းနားထောင်နေကြသည်။
“ဟားဟားဟားဟားဟား ၊ ဆဲထားကွ၊ ငါကမျိုဂျင်ကိုပဲ အားပေးနေမှာ”
“အဆဲသန်တဲ့ အဖိုးကြီးဂူချွင်းလည်း ငါတို့မျိုဂျင်ရှေ့မှာတော့ ငချွတ်လေးပဲဟေ့”
“ကြည့်စမ်းပါဦး။ တို့မျိုဂျင်က စိတ်ဆိုးမှုအပေါင်း သရဖူဆောင်းသွားတာ။ ခန့်တယ်ဟေ့!”
“ပျားရည်တွေလျက်လိုက်ရသလို ချိုမြိန်သွားတာပဲကွာ ငါ့ကောင်ကြီးရေ~”
“အကုန်လုံးက ဆဲလုံးတွေပဲ ဖြစ်တာတောင် နားထောင်ရတာ ဘာလို့စိတ်သက်သာရာရလာပါလိမ့်!”
“မျိုဂျင်က တွမ်တွမ်အတွက် အရှုပ်ထုပ်ကြီးကို ဖယ်ပေးလိုက်တာ တွမ်တွမ်မြင်လိုက်ရဲ့လား။ ဒီလိုလူမျိုး ဘယ်မှာသွားရှာမလဲ”
………..
အရမ်းစိတ်လှုပ်ရှားသွားသော်လည်း ဣန္ဒြေမပျက် မျက်ရည်ထွက်လုမတတ် ရယ်လိုက်၏။
ဒီအချိန် ကျန်းစစ်မင်သာ သူမအား ဖွင့်ပြောခဲ့မည်ဆိုလျှင် တွန့်ဆုတ်မှုမရှိဘဲ လက်ခံမိမည်ဖြစ်သည်။
သို့မဟုတ်သူမက ဖွင့်ပြောလို့လည်း ရသည်ပဲ…..
ကျန်းစစ်မင်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အရှိန်ပြင်းပြင်းနှင့် နာမည်ကြီးသွားရာ သူမနေ့က သီချင်းဆိုတုန်းကထက်ပင် ကျော်လွန်သွားသည်။
ဟူရာမှ ပရိသတ်များအားလုံး ဒီကိုရောက်လာကြပြီး ငမန်းပလက်ဖောင်းမှသူများ ရောက်နေကြမည်ကိုတော့ ပြောစရာပင်မလိုတော့ပေ။
အားလုံးက ဒီဆိုးရွားတဲ့ ဆဲဆိုသံတွေ ကြောင့် ရောက်လာကြတာဖြစ်သည်။
အရူးလိုဖြစ်နေသည့်တစ်ယောက်ထဲသောသူကတော့ အထီးကျန်သမားလေး ဂူချွင်းသာဖြစ်သည်။
ထိုအချိန်တွင် ဂူချွင်းသည် ပြန်ဆဲချင်သော်လည်း လည်ချောင်းတွင် တစ်ဆို့နေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းစစ်မင်ဆက်ပြီး ကြိမ်းမောင်းနေလျှင် သူက ကျန်းစစ်မင်၏ ပြိုင်ဘက် မဖြစ်နိုင်တော့သော ကြောင့်ဖြစ်သည်။
:::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။