61 - 65

216 12 0
                                    

အပိုင်း - ၆၁ ( အနက်ရောင်နည်းပညာ ထပ်ပေါက်ပြန်ပြီ)

သို့သော် နေ့တာမှာ ကုန်ဆုံးသွားခဲ့လေပြီ။ အနိမ့်ပိုင်းအိမ်လေးသို့ အခုလေးတင် ရောက်ရှိလာခဲ့သော မိုဇီသည် အိမ်၏ တစ်ဖက်အပေါက်က ခြေသံများကို ကြားလိုက်ရလေသည်။

အသံက အလွန်ကျယ်လောင်နေဆဲဖြစ်ပြီး တစ်ဖက်လူက သူ့ခြေထောက်များကို လုံးဝမချုပ်တည်းထားပုံပင်။

တစ်ယောက်ယောက် ရောက်လာချိန်တွင် မိုဇီ၏ အာရုံစိုက်မှုမှာ ကန့်သတ်ဖို့ ဖိအားပေးခံလိုက်ရပြီး သူမလက်ထဲက ကျည်အပြည့်အလိုလျောက်ရိုင်ဖယ် SCAR_Lအား အချိန်မရွေးပစ်လွှတ်ရန် အသင့်ပြင်ထားလေသည်။

မိုဇီက တစ်ဖက်လူအကြောင်းကိုသာ တွေးနေမိတော့သည်။

သူက သူမ ဒီမှာရှိသည်ကိုပင် သိနေလျှင်တောင် တည့်ကြီးတော့ ပြေးမလာသင့်ဘူးလေ။

ဒီလူကဘာလား။ အရမ်းပဲ အဆင်အခြင်မဲ့လွန်းတာလား။ သေရမှာပဲ မကြောက်တာလား။

အိမ်၏အစွန်ပေါ်ရှိကျောက်တုံးနံရံမှ ပုံရိပ်တစ်ခု ပေါ်လာကာ မိုဇီက ၎င်းကိုမြင်သွားပြီး ပစ်လိုက်လေတော့သည်!

တစ်ဖက်လူက လုံးဝမပုန်းပါပဲ သေနတ်ကိုပါမြှောက်ပြီး ပြန်ဖြစ်လာသည်!

မိုဇီမှာ စိတ်မရှုပ်သွားရုံသာမက သူမက အထူးပင်နှစ်သက်နေသေးသည်။

သူမက အရင်ဆုံးပစ်လိုက်တာကြောင့် ပစ်ဖို့ 0.5စက္ကန့်လောက် ကြာမယ်ဆိုရင်တောင် ကျည်သုံးတောင့်လောက် အသာစီးရဖို့ သူမအတွက်လုံလောက်လေသည်။

ဒါပေါ့၊ ကျည်သုံးတောင့်လုံးက တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ထိသွားပြီး ထိုလူ၏ ကိုယ်ပေါ်ရှိ ကျည်ကာမှာ ချက်ချင်းပင် မှုန့်မှုန့်ညက်ညက်ကြေသွားတော့သည်။

သို့သော် တစ်ချိန်တည်းမှာပဲ တစ်ဖက်လူ၏ ကျည်ကလည်း ထိသွား၏။

တစ်တောင့်တည်းသာပင်!

ဟုတ်တယ်၊ အသံတိတ်ပြောင်းတပ်ထားတဲ့ kar 98 ကျည်တစ်တောင့်ပဲ!

၎င်းက ကြားရတာ ပျင်းရိစရာပေမယ့် သာယာသည်လေ။

သို့သော် ၎င်းကပဲ မိုဇီ၏ အသက်ကို တမုဟုတ်ချင်း ယူဆောင်သွားခဲ့လေတော့သည်။

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now