အပိုင်း - ၂၃၆ (တစ်ယောက်ချင်းစီမှာ သူ့ကိုယ်ပိုင်အရည်အချင်းတွေရှိတယ်)
“[BMW X6 ကြက်သွေးရောင်ဘုရင်မ Series Limited Edition]ရွှေရောင်အပိုင်းအစတစ်ခုကိုကောက်လိုက်ပါသည်။ (1/2)၊ အပိုင်းအစအရေအတွက်မပြည့်သေးပါ။ ယာယီအသုံးမပြုနိုင်ပါ။”
BMW X6၊ ဒီကားလည်း ကောင်းတာပဲ။ ပြီးတော့ ထိပ်တန်း အဆင်တန်ဆာတွေက တစ်သန်းကျော်လောက်ရှိတယ်။
ကျန်းစစ်မင်သည် ဤကား၏ ဒီဇိုင်းကာလာဘာညာအနေအထားကို တကယ်ကြိုက်သည်။
အထူးသဖြင့် သေးငယ်သည့် နောက်မြှီးနှင့်ပြေပြစ်သည့် ကိုယ်ထည်ပင်။
ကျန်းစစ်မင် BMW SUV seriesထဲမှာ အခံ့ညားဆုံးလို့ တွေးထားသည့်အတိုင်းသာဖြစ်သည်။
သို့သော် ကြက်သွေးရောင်ကြီးကတော့ တောဆန်လွန်းသည်။
ကျန်းစစ်မင်သည် ၎င်းကို သူ့ဘာသာ ဖွင့်ဖို့အစီအစဉ်မရှိပေ။ ထို့ကြောင့် စုဆောင်းပြီးနောက် သူ့ကောင်မလေးကို ပေးလိုက်ကြတာပေါ့လေ။
Lonely၏ BMW X^ အပိုင်းအစများအထောက်အပံ့ကို လက်ခံလိုက်ရင်း ကျန်းစစ်မင်သည် ပွဲ၏အဟုန်ကို တရားဝင် စမြှင့်တော့သည်။
ဒီသခင်လေးက လူတိုင်းရဲ့တည်နေရာကို သိသွားကတည်းက သူတုန့်ဆိုင်းနေဖို့မစီစဉ်ထားပေ။
သူ ပွဲအပြီးမှာ ကျန်းလန်၏ မွေးနေ့ပွဲသို့ သွားရဦးမည်ဖြစ်သည်။
ဒီညတော့ ကျန်းလန်၏ ပျိုမျစ်နုနယ်လှသည့် ကိုယ်ထည်လေးဆီကို ပြန်လည်လည်ပတ်နိုင်ကောင်းလောက်ပါရဲ့။
ကျောင်းရွှမ်နှင့် ယှဉ်လျှင် ကျန်းလန်ရှန်းက ပိုငယ်ပြီး ပိုကောင်းကောင်းဝတ်စားတတ်သည်။
ကျန်းစစ်မင်၏ မျက်လုံးများမှာ သူ သူမကို မြင်လိုက်ရချိန်တိုင်း တောက်ပနေတတ်သည်။
ဤမိန်းကလေးက သဘာဝအတိုင်းဖက်ရှင်ကျနေတာဖြစ်လောက်ဖြစ်မည်။ အဝတ်အစားနှင့် မိတ်ကပ်စတိုင်က သူမကို ကျန်းစစ်မင်၏ မျက်လုံးထဲတွင် နေရာများစွာရသွားစေသည်။
အမျိုးသမီးတစ်ယောက်က သူမရဲ့ ပင်ကိုယ်အတိုင်း ကြည့်ကောင်းနေပြီး ကောင်းကောင်းဝတ်စားတတ်သည့်အခါ ၎င်းက အမှန်စင်စစ် အမျိုးသားများအတွက် ကြောက်ဖို့ကောင်းလှသည်ပင်။
ထို့အပြင် ကျန်းလန်၏ သွင်ပြင်က ကျောင်းရွှမ်မှလွဲ၍ ကျန်းစစ်မင်၏ မိန်းကလေးများထဲတွင် အကောင်းဆုံးဖြစ်သည်။
ဒါပေါ့၊ ရင်သားကို ဖယ်လိုက်ရင်တော့ လင်းယိုနာက သူမထက်သာသွားလိမ့်မည်သာ။
မင်းသာ မျက်နှာ၊ ရင်ဘက်နှင့် ခြေထောက် သုံးနေရာတို့ကနေ အမှတ်ပေးရပြီး အမှတ်ပြည့်က ဆယ်မှတ်ဖြစ်မည်ဆိုလျှင်
ကျောင်းရွှမ်က 8/10/8ဖြစ်ပြီး လင်းယိုနာက 9/7/10 ဖြစ်ကာ ကျန်းလန်ကတော့ 9/9/8 ဖြစ်သည်။
ဒါပေါ့၊ ဒါက အသွင်အပြင်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပြီး စိတ်သဘောထားလိုမျိုး ရှုထောင့်တွေမပါသေးဘူးပေါ့။
တစ်ယောက်ချင်းစီမှု သူ့ကိုယ်ပိုင်အရည်အချင်းနှင့် ခွန်အားတွေရှိကြတယ်။
ဤသည်ကို တွေးမိရင်း ကျန်းစစ်မင်သည် မနေနိုင်စွာပင် အနည်းငယ် အရှိန်မြှင့်လိုက်မိသည်။
Nဆိပ်ကမ်းရှိ ဂိုထောင်ထဲမှ AE86တစ်စီးကို မောင်းထုတ်လိုက်ရင်း လီဗာကို နင်းလိုက်ပြီးပြီးချင်း N ဆိပ်ကမ်းကို ထားခဲ့တော့သည်။
ကျန်းစစ်မင်သည် လေဆိပ်မှာ တစ်ယောက်မှ မရှိသောကြောင့် လေဆိပ်ကို မသွားတော့ပါပဲ တံတားကိုသာ တိုက်ရိုက်ဖြတ်လိုက်သည်။
တကယ်တော့ ကျန်းစစ်မင် လေဆိပ်မှာ ဆင်းသက်ပြီးနောက် ဤတစ်ယောက်မှာ 4amနှင့် ထပ်တွေ့ရမည်ကို စိုး၍ အဲ့ကို ထပ်ခုန်ဖို့ အသင်းတစ်သင်းမရှိတော့ပေ။
ဤ4am က ကျောင်းကို ခုန်သွားပြီး ကျန်းစစ်မင်တစ်ယောက်တည်းက Nဆိပ်ကမ်းကို ခုန်လာမယ်လို့ ဘယ်သူက သိမှာလဲ။
ကံကောင်းလို့၊ သူ ရှုထောင့်လုပ်ဆောင်ချက်ကို ဖွင့်လိုက်မိ၍သာ။ မဟုတ်ပါက ကျန်းစစ်မင်သည် လေဆိပ်မှာတစ်ယောက်တည်းပျံသန်းခဲ့ပြီး တစ်ယောက်မှမရှိပါက အလွန်အထီးကျန်ဆန်နေရလိမ့်မည်ဖြစ်သည်။
တံတားပေါ်မှာလည်း တစ်ယောက်မှ မရှိဆဲပင်။ ထို့ကြောင့် ချောချောမွေ့မွေ့ပင် ဖြတ်သန်းသွားလိုက်၏။
ကျန်းစစ်မင် တံတားကို ဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် Mမြို့တော်တွင် အဖွဲ့တစ်ဖွဲ့ရှိကြောင်း သူတွေ့လိုက်ရသည်။
အရင်က အသန်မာဆုံး ထုတ်လွှင့်သူနှင့် ပြိုင်ကစားခဲ့ဖူးသော Snake_TC တို့ပင်ဖြစ်သည်။
ဤအဖွဲ့ရှိ တစ်ဦးတည်းသော မိန်းကလေးကစားသမား၊ မော့ကျစ်သည် သူနှင့်ပြိုင်ကစားဖူး၏။
ကျန်းစစ်မင်သည် တစ်မျိုးလေးသဘောကျမိသွားသော်လည်း သူ့အရင်တိုက်ပွဲများကြောင့် သနားဂရုဏာထားတတ်လာလိမ့်မည်ဟုတော့ မဆိုလိုပေ။
ကားသည် တံတားအပြင်ဘက် T-junction တွင် ရပ်တန့်သွားကာ ကျန်းစစ်မင်သည် ဤနေရာတွင် လူများကို ပိတ်ဆို့ဟန်လုပ်နေခဲ့ပြီး ‘မတော်တဆ’ Mမြို့တော်ရှိ လူများကို ရှာတွေ့သွားလေသည်။
ကောင်းပြီ၊ ကျန်းစစ်မင်က ဒီလှိုင်းလုံးကို ကောင်းကောင်းလေး သရုပ်ဖော်ခဲ့ပြီး မည်သူကမှ သံသယဝင်လိမ့်မည်မဟုတ်။
နောက်ပြီး သံသယဝင်စရာ အကြောင်းပြချက်လည်း မရှိ။
ဒိုင်လူကြီး အနောက်တွင် ရပ်နေပြီး ကျန်းစစ်မင်သည် အပြီးအပိုင်စွန့်လွှတ်ဖို့တတ်နိုင်လိမ့်မည်မဟုတ်ပေ။ ကမ္ဘာကြီးအတွက်တအားများလွန်းလှသည်လေ။
ကျန်းစစ်မင်က တကယ့်ကို ကြေကွဲနေရုံသာဖြစ်သော်လည်း အကူအညီမဲ့စွာပင် ဤဂြိုလ်၏ နည်းပညာကို လုံးဝ ခြေရာမခံနိုင်ပေ။
M မြို့မှာ လူများရှိသည်ကို မြင်သောအခါ ကျန်းစစ်မင်သည် ကြိုတင်မပစ်ခဲ့ပဲ လမ်းလျှောက်ပြီး ၎င်းကို တိတ်တိတ်လေး ထိတွေ့ဖို့ရွေးချယ်လိုက်လေသည်။
Mမြို့မှာ အိမ်တွေ အလွန့်အလွန်များလှပြီး သူတို့ ကုန်းသွားလျှင်တောင်မှ သူတို့ပြန်ပြင်ဆင်နိုင်လောက်မည်မဟုတ်ပေ။
ထို့အပြင် ကျန်းစစ်မင်သည် အရှိန်မြှင့်ချင်နေတာဖြစ်ပြီး အချိန်မဆွဲလိုပေ။
သူက သူ့ကျောပေါ်က AKနှင့် Mမြို့တော်၏ အစွန်းကို ထိလိုက်ပြီး ကျန်းစစ်မင်သည် လူတိုင်း၏ တည်နေရာကို အတိအကျသိသွားကာ အလွန့်အလွန်သာယာစွာနှင့် မျက်လုံးများအားလုံးကို ရှောင်ကွင်းသွားကာ Snake_TC ကစားသမားတစ်ယောက်၏ မျက်နှာကို ထိလိုက်တော့သည်။
သူ့လက်ထဲက AKက မညှာမတာပစ်ခတ်လာပြီး ချက်ချင်းပင် ပြိုင်ဖက်ကို အမှုန့်ချေပစ်လိုက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသော STCသူဌေး ချန်းဟယ်မှာ သူ့မျက်နှာပေါ်တွင် ခါးသက်သက်အပြုံးလေးတစ်ပွင့်ရှိနေလေသည်။
သူသည် ဤအဖွဲ့၏ ဘော့စ်ဖြစ်ပြီး ကလပ်၏ အဓိကရှယ်ယာကိုင်ဆောင်ထားသူဖြစ်သည်။
သူ့အဖွဲ့က ကျန်းစစ်မင်၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နေရသည်ကို မြင်သောအခါ ချန်းဟယ်သည် သူ့မျက်နှာပေါ်တွင် ရလဒ်ကို သိနေပုံပင်။
“ဟားဟားဟား၊ ဟယ်ကော၊ မင်းရဲ့အဖွဲ့တော့ သွားပြီထင်တယ်။”
လင်းကန်ရှင်းသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည်ဖြစ်ပြီး သူက ရုပ်ရှင်ရိုက်ကူးနေတာဖြစ်သည်။
သူက မိတ်ကပ်လိမ်းနေစဉ်မှာ ချန်းဟယ်ကို ‘ပူပန်စွာ နှုတ်ဆက်’ရင်း ခေါ်လိုက်လေသည်။
“ချင်နန်းတော်ဒရမ်မာရဲ့ ရိုက်ကူးရေမှာ မိတ်ပေါက်ပါစေလို့ မင်းကို ငါဆုတောင်းပေးတယ်!”
ချန်းဟယ်သည် စိတ်ဆိုးမာန်ဆိုးနှင့် ‘ကျိန်ဆဲ’ လိုက်လေသည်။
“စိတ်ပျက်မနေစမ်းပါနဲ့။ ဟယ်ကော၊ နတ်ဘုရားနဲ့တွေ့ရင် မင်းလုပ်နိုင်တာဘာမှမရှိတော့ဘူး။ မင်းနားလည်ရမယ်လေ။ ဒေါသထွက်မနေနဲ့တော့။ လူတွေက အနည်းဆုံးတော့ မင်းကို ကြက်သားနည်းနည်းယူလာပေးခဲ့တာပဲလေ။ မေ့လိုက်ပါတော့။”
လင်းကန်ရှင်းက ရယ်မောရင်း ပြောလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သူ့အဖွဲ့မှ မဟုတ်ပဲလေ။
မတ်တပ်ရပ်နေစဉ်မှာ စကားမပြောနိုင်တဲ့ ပုံမှန် ကိုယ်စားလှယ်၊ လင်းခွေးကောင်..
“ငါအစကတော့ ဖန်ပွဲတော်မှာ ပါဝင်ဖို့ ဒိုယုပေါ်မှာ စီစဉ်ထားခဲ့တာ၊ ငါနတ်ဘုရားကို လက်ဆောင်ပေးချင်နေတုန်းပဲ။ ဒီတစ်ခေါက်တော့ အဲ့တာအကြောင်း တွေးတောင်မတွေးနဲ့တော့၊ ဟာ့!”
“လူတွေက မင်းရဲ့ပိုက်ဆံအတွက် မဆိုးသွမ်းကြဘူးလေ။ အိုကေ? ချုံကော ငါ့ကိုပြောတာတော့ နတ်ဘုရားရဲ့မိသားစုက ကြယ်ငါးလုံး ဟော်တယ်တောင်ရှိပြီး အတော်လေးတောင့်တင်းတယ်တဲ့။ တခြားသူရဲ့ တိုက်ရိုက်ထုတ်လွှင့်တာက အပိုအလုပ်နဲ့ ဝါသနာလောက်ပဲတဲ့။”
“သေစမ်း၊ ငါ့ထက်တောင် ပိုက်ဆုံပိုများနေတာမဟုတ်ဘူးလား။”
“မင်းမသိသေးတာတစ်ခုရှိသေးတယ်။ မကြားသေးခင်က အဓိက variety showတွေ အားလုံး ကျန်းစစ်မင်ကို ပါဝင်ဖို့ ဖတ်ခေါ်ဖို့ ရည်ရွယ်ချက်ရှိနေကြတာ။ သူတို့တွေအားလုံး ကျန်းစစ်မင်ကို ပထမဆုံးအဆင့်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်နေကြတာ။ ပါဝင်ကြေးကိုတော့ မဆုံးဖြတ်ရသေးဘူး။ ပြီးတော့ယွမ်သုံးသန်းကျော်မယ်လို့ ခန့်မှန်းရတယ်။”
“အပိုင်းတစ်ပိုင်းကို သုံးသန်း? ဒါက ပထမတန်းစားကြယ်ပွင့်ထက်ပိုမြင့်နေပြီ မဟုတ်ဘူးလား။”
“ဘယ်သူက လူတွေကို မာနကြီးအောင်လုပ်လို့လဲ။ လက်ရှိမှာ ကျန်းစစ်မင်ရဲ့ ဖန်တွေက ကြယ်ပွင့်တွေထက် လုံးဝလျော့မနေဘူး။ ဖန်တွေက များပြီးရင်း များနေတာ။ ဒီကြေးက ချဲ့ကားထားတာမျိုးမဟုတ်ဘူးနော်။”
“သေစမ်း! ဒါက ငါတို့ အနာဂတ်မှာ အလုပ်တွေပိုပြီး လုယက်ရတော့မှာကြောင့်မဟုတ်လား။”
“ငါ မင်းကို ထပ်မပြောတော့ဘူး။ ဒါရိုက်တာက ဇာတ်လမ်းအကြောင်းပြောဖို့ငါ့ဆီရောက်နေပြီ၊ အဲ့တော့ငါဖုန်းအရင်ချလိုက်ပြီနော်။”
...............
သူ့အဖွဲ့ဝင် အရိုက်ခံလိုက်ရသည်ကို မြင်သောအခါ တခြားSnake_TCကစားသမားများမှာ ဖေးမပေးဖို့ ချက်ချင်းရောက်လာကြလေသည်။
ကျန်းစစ်မင်မှာ Plug-inတစ်ခု ရှိနေရုံသာဖြစ်ပြီး အလွယ်လေးပုံကာ တစ်ယောက်ချင်းစီကို သတ်နိုင်လေသည်။ ကစားသမားအလှလေး မော့ကျစ်အပါအဝင်ပေါ့။
မော့ကျစ်က ကျန်းစစ်မင်၏ လက်ထဲမှာ ထပ်ပြီး သေဆုံးသွားရပြန်ကာ အနည်းငယ် စိတ်ဓာတ်ကျနေမိတော့သည်။
ဒီလူက သူမကို တွေ့တိုင်း သတ်နေတော့တာ။ သူက တအားလူကြီးလူကောင်းပီသတာပဲ၊ QAQ……
“[လေးအတတ်ကျွမ်းကျင်မှု] အနီရောင်အပိုင်းအစတစ်ခုကို ကောက်လိုက်ပါသည်။ (3/3)၊ အပိုင်းအစအရေအတွက် ပြည့်သွားပါပြီ၊ ချက်ချင်းအသုံးပြုနိုင်သည်။”
“[ရှန်ဟိုင်းလုကျားဟိုင် Gucci Flagship Store]ရွှေရောင်အပိုင်းအစတစ်ခုကို ကောက်လိုက်ပါသည်။ (3/3)၊ အပိုင်းအစအရေအတွက် ပြည့်သွားပါပြီ။ ချက်ချင်းအသုံးပြုနိုင်သည်။”
နောက်ထပ်အပိုင်းအစနှစ်ခုကို ရရှိလိုက်ပြီး အရင်ပွဲတွင် ရလိုက်သည့် အပိုင်းအစနှစ်ခုကိုလည်း စုဆောင်းပြီးသွားပြီဖြစ်သည်။
ကျန်းစစ်မင်သည် စိတ်အခြေအနေကောင်းမွန်နေလေသည်။
Gucci ၏ Flagship storeကလည်း သူ့အပိုင်ဖြစ်သည်။
Gucci ၏ အမျိုးသားဝတ်အင်္ကျီများက အလွန်ကောင်းမွန်ပုံပင်။ အချိန်ရတဲ့အခါ ပုံးနည်းနည်းလောက် ရနိုင်လိမ့်မည်သာ။
Mမြို့တော်မှ ထွက်လာချိန်တွင် ကျန်းစစ်မင်သည် ပြန်လည်ခရီးစတင်လိုက်သည်။
ဒီလူတွင် ကောင်းကင် ‘မျက်လုံး’ ရှိပြီး ကျန်းစစ်မင်သည် အပိုင်းအစတွေကို အရိုင်းဆန်စွာစုဆောင်းဖို့ ဒီအခွင့်အလမ်းကောင်းကို လက်လွှတ်လိုက်မည်မဟုတ်ပေ။
သူက လူရှိသည့် နေရာတိုင်းကို သွားပြီး လူတွေကို မြင်ဖို့ စက္ကန့်အနည်းငယ်သာ ယူလေသည်။
ဆယ်မိနစ်တောင်မရှိသေးချိန်တွင် ဇုန်မှာ တတိယလှိုင်းသို့ ရောက်ရှိလာလေသည်။
ကျန်းစစ်မင်က အဖွဲ့ငါးဖွဲ့ကို သတ်လိုက်ပြီးသားဖြစ်ပြီး ခေါင်းနှစ်ဆယ်အပြည့်ရထားလေသည်။
ဤပြိုင်ပွဲ၏ အဆုံးအထိ 4amက ကြက်သားကို တစ်ယောက်တည်းစားခဲ့ပြီး ကျန်းစစ်မင်၏ ခေါင်းအရေ အတွက် မှာ ၃၃ခေါင်းမှ မြင့်မားလေသည်!
4amက တစ်ချက်ခုန်ရုံနှင့် အုပ်စု၏ ထိပ်ဆုံးသို့ ရောက်သွားခဲ့ရုံသာမက ပြိုင်ပွဲထဲတွင် Kill အရေအတွက်မှတ်တမ်းကိုပါ ထပ်မံချိုးဖျက်သွားခဲ့ပြန်သည်။
၎င်းကလည်း FGSတွင် ကိုယ်ပိုင်တစ်ကိုယ်တော် kill မှတ်တမ်းကို ဖန်တီးခဲ့သော်လည်း Kill 18သာရှိခဲ့သည့် ကျန်းစစ်မင်ပင်ဖြစ်လေသည်။
ဒီတစ်ခေါက်တွင် မှတ်တမ်းကို ချိုးဖျက်လိုက်ရုံသာမဟုတ်ပဲ ခေါင်း ၁၅ခေါင်းတိတိကျော်လွန်သွားသေးသည်။
အထူးသဖြင့် ဖိုင်နယ်တွင်ပင်၊ ကျန်းစစ်မင်သည် လုံးဝကို ရူးသွပ်သွားခဲ့လေသည်။
သူ တစ်စုံတစ်ယောက်ကိုမြင်လိုက်ပြီး အချိန်တိုင်း ပြိုင်ဘက်ရဲ့ အနောက်တွင် ပေါ်လာတတ်သည်။
သူက သူ့ပြိုင်ဘက်ကို စပရိုက်တိုက်ရင်းအမိဖမ်းပြီး ချက်ချင်းပင် သေစေလေသည်။
ပရိတ်သတ်များမှာ လန့်ဖျပ်ကုန်ကြတော့သည်။
နတ်ဘုရားက ဖြတ်သွားဖြတ်လာပွဲတွေမှာ ဒီလောက်လူအများကြီး သတ်တာ ဖြစ်တောင့်ဖြစ်ခဲ့ပဲလေ၊ ဟုတ်တယ်မလား။
ဒီနေ့ ဒီအသင်းတွေအကုန်လုံး ဝက်တွေလား။ ကျန်းစစ်မင်ကို ပေါ်ခွင့်ပေးထားတာပဲ........
::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။