အပိုင်း - ၁၇၁ (လျှောက်ထားရန် အသိအကျွမ်းများနှင့် ဆုံတွေ့ခြင်း)
ဝန်ထမ်းရေးရာဌာနသည် အရင်ဆုံး ဥက္ကဠအတွက် အတွင်းရေးမှူးခေါ်ယူခြင်းကို ဆောင်ရွက်သည်။
မြင့်မားသောလစာနှင့်အတူ တစ်မနက်တည်းဖြင့် အရည်အချင်းပြည့်မီသော အတွင်းရေးမှူးလောင်းတစ်ယောက်ကို ရှာတွေ့သည်။
ကျန်းစစ်မင်လည်း အချိန်ရတော့ မွန်းလွဲပိုင်း အင်တာဗျူးလာဖြေဖို့ တောင်းဆိုလိုက်သည်။
မွန်းလွဲသုံးနာရီအချိန် ကျန်းစစ်မင်သည် VR ခေါင်းဆောင်း ဆောင်းလျက် ရုံးခန်းထဲ ဓားစစ်ပွဲဂိမ်း ကစားနေသည်။
သေဆုံးအကြမ်းဖက်မြင်ကွင်းများသည် ကွန်ပျူတာဂိမ်းထက်ပင် ပိုအသက်ဝင်သည်။
ကျန်းစစ်မင်လည်း နည်းနည်းလေး စိတ်ပါလာသည်။
ဂိမ်းအညွန်း အမြင့်ပိုင်း c ကို ရောက်သွားလျှင် ရောက်ချင်း ကိုယ်လုံးတီး မင်းသမီးလေးကို ကယ်ဆယ်ရန် ဘော့စ်ကောင်ကို ကျန်းစစ်မင် သတ်တော့မည့်အချိန် ဖြစ်သည်။
ကယ်ဆယ်ပြီးတဲ့နောက် ကျန်းစစ်မင်အနေဖြင့် မင်းသမီးလေးကို ရှက်ဖွယ်ပြုနိုင်သေးသည်။
မအံ့ဩသွားပါနဲ့.. ဒါက နိုင်ငံတွင်းစျေးကွက်မှာ ဝယ်ယူမှုတားမြစ်ခံထားရတဲ့ ဂျပန် VR ဂိမ်းတစ်ခုပါ။
ဒါပေမယ့် ကုမ္ပဏီ စျေးကွက်မြင့်တင်ရေးဌာန၏ ဝန်ထမ်းတစ်ယောက် ဒါကိုရပြီး ဗုဒ္ဓနှင့်ကစားဖို့ ကျန်းစစ်မင်ကို ပေးထားခြင်းဖြစ်သည်။
အချိန်နည်းနည်းယူပြီးနောက်မှ နောက်ဆုံးဘော့စ်ကောင်ကို သတ်နိုင်ခဲ့သည်။
“အစ်ကိုကြီး ကျွန်မကို ကယ်ပေးလို့ကျေးဇူးတင်ပါတယ်နော်။ အခု ကျွန်မဟာ အစ်ကို့အပိုင်ပါ။ အစ်ကို ကြိုက်တာလုပ်ပါ”
ဟု မင်းသမီးလေးက အရှက်မဲ့စွာ ကျန်းစစ်မင်ကို ပြန်ပြောလိုက်သည်။
ဒီ VR ဂိမ်းဟာ မင်းသမီးလေးအားကျန်းစစ်မင် မျက်လုံးရှေ့ အရောက်ပို့ပေးလိုက်ပုံပေါ်သည်။
သိပ်ကိုအသက်ဝင်လွန်းလှသည်။ မင်းသမီး မျက်နှာ ပေါ်က ချွေးပေါက်လေးတွေကိုတောင် ကျန်းစစ်မင် မြင်နေရသည်။
“ဒါဖြင့်ဒီက အစ်ကိုက ကြိုဆိုလျက်ပါပေါ့”
မင်းသမီးလေးအား တစ်ခုခုလုပ်တော့မည့် ဟန်ပြင်လျက် ကျန်းစစ်မင် လူဆိုးဆန်စွာ ပြုံးလိုက်သည်။
တံခါးလာခေါက်သည်။
“နောက်မှအကြောင်းပြန်မယ်!”
ကျန်းစစ်မင် ဂိမ်းအရင်ကစားချင်သည်။
ဘယ်လိုဖြစ်ဖြစ် အရင်ဆုံး မင်းသမီးလေးအား “အရင်ကိုင်တွယ်ကြည့်ရှု” ရမည်။
ဒါပေမယ့် ဒီရုံးခန်းရဲ့ အသံလုံစွမ်းသိပ်ကောင်းတာကြောင့် အပြင်က စပီကာနဲ့ပြောနေသူအဖို့ ဖုန်းမခေါ်မချင်း ကြားနိုင်မှာမဟုတ်တာကို သတိရ သွားသည်။
အပြင်ကလူသူများ ကျန်းစစ်မင် မကြားသည့် အထင်ဖြင့် တံခါးထပ်ခေါက်သည်။
ကျန်းစစ်မင် စိတ်ပျက်လက်ပျက်ဖြင့် စားပွဲခုံကို ပြေးသွားပြီး ဖုန်းဖွင့်ခလုတ်ကိုနှိပ် ပြောလိုက်သည်။
“ဘာကိစ်စလဲ?”
“ဥက္ကဠ အလုပ်လျှောက်ထားသော အတွင်း ရေးမှူး ရောက်လာပါပြီ”
ဝန်ထမ်းရေးရာမန်နေဂျာ၏အသံ တံခါးအပြင်က ထွက်လာသည်။
“ကောင်းပြီ အထဲဝင်ခိုင်းလိုက်”
မန်နေဂျာ မျက်နှာမပျက်စေချင်သဖြင့် လောလောဆယ် ကျန်းစစ်မင် ဂိမ်းကို ရပ်ထားလိုက်သည်
“မိန်းကလေး .. ကျန်းဥက္ကဠက အထဲဝင်လာပါတဲ့”
“ကျေးဇူးတင်ပါတယ် မန်နေဂျာ”
စကားပြောပြီးသည်နှင့် ရုံးခန်းတံခါး တွန်းပွင့်လာပြီး ပုံရိပ်တစ်ခု အပြင်က လမ်းလျှောက်ဝင်လာသည်။
ရုပ်ရည်ကိုကြည့်ရသည်မှာ အတော်ချောမောပြီး သာမန်လူမျက်လုံးထဲတွင် အနည်းငယ် မိန်းမလှလေးဖြစ်ပေမယ့် ကျန်းစစ်မင် မျက်လုံးထဲတော့ အလယ် အလတ် လိုပဲ သတ်မှတ်လိုက်သည်။
အပေါစားတံဆိပ်ကို ဝတ်ဆင်ထားသည်။
အားလုံးမှာ အလတ်စားလုပ်ငန်းစျေးကွက်ကို ထိန်းထားနိုင်ဖို့ အကောင်းစားပစ္စည်းဆိုင်များမှ ရောင်းထုတ်သည့် ဒီဇိုင်းရာသီကုန်၊ ဆိုင်တွင်ဆက်မတင်ထားတော့မည့် ပစ္စည်းများဖြစ်သည်။
ကိုယ်နေဟန်ထား အတော်လှသည်။
ဒီအမျိုးသမီး ရည်ရွယ်ချက်နဲ့ ဝတ်လာပုံရသည်။
ဘာကြောင့်ဆိုတော့ သူ့ကိုယ်ဟန်က သိပ်ထင်းနေတာမို့ အဝတ်ချည်စကလည်း နည်းနည်းအထဲကိုမြင်နိုင်သလို မြင်သာနေသည်။
ကျန်းစစ်မင် အမျိုးသမီးကို ခြေစ ခေါင်းအဆုံးကြည့်လိုက်သည်။
မျက်လုံးထဲ အံ့ဩသောအကြည့် ဖြတ်ပြေးသွားသည်။
အသိအကျွမ်း တစ်ယောက်နှင့်ဆုံရမည် မထင်မှတ်ထားခဲ့။
အလုပ်လာလျှောက်သော အတွင်းရေးမှူးမှာ တကယ်တော့ အိမ်ခြံမြေ အေဂျင်စီမှာ အလုပ်လုပ်စဉ် ကျန်းစစ်မင်အတွက် ရှူးဖိနပ်စီးခဲ့သော မန်နေဂျာ၏ ချစ်သူလှလှလေး ဖြစ်သည်။
နောက်ဆုံးနာမည် ကျန်းဖြစ်နေခြင်းကြောင့် ကျန်းစစ်မင် သေချာမမှတ်မိလိုက်ခြင်းဖြစ်မည်။
ဝမ်ဂျန်နဲ့ တွဲနေတုန်းလည်း ဒီအမျိုးသမီးဟာ ကျန်းစစ်မင်နဲ့ စကားပြောရတာ သဘောကျခဲ့သည်။
အကြီးမားဆုံး ရည်ရွယ်ချက်ကတော့ ဝမ် ဂျန် ကို သွေးထိုးပြီး နာမည်ကြီးတံဆိပ်နဲ့ အိတ် အမျိုးမျိုးကို ဝယ်ခိုင်းတာပဲ။
ဒုတိယကတော့ ကျန်းစစ်မင်၏ ချောမောတဲ့ ပုံပန်းကို မြင်နေရခြင်း ဖြစ်သည်။
အတိုချုံးပြောရမယ်ဆို ဒီလူနှစ်ယောက်လုံး မကောင်းကြ။
သူတို့နှစ်ယောက်လုံး ဖြေသိမ့်ဒေါသဖြည်ချရာ သဲအိတ် ဖြစ်သွားလို့ ကျန်းစစ်မင်အဖို့ မကျေမချမ်းအများကြီး ဖြစ်မိသည်များရှိသည်။
ဖုန်းရွှေ အပြောင်းအလဲ ဖြစ်မယ်.. တစ်ခါမှမထင်ထားခဲ့ပေမယ့် အခုဒီအမျိုးသမီး သူ့ကုမ္ပဏီဆီ အလုပ်လျှောက်ဖို့ ရောက်လာခဲ့သည်။
ကျန်းစစ်မင်သည် မိန်းမများကိုလိုက်အရေးပေးသည့် ဗီလိန်တစ်ယောက် မဟုတ်။
ဒီအတိုင်း အဲ့ဒီအချိန်တုန်းက ဝမ်ဂျန် သူ့အပေါ် လုပ်ခဲ့ သည့်လုပ်ရပ်ကို တွေးမိတိုင်း ကျန်းစစ်မင်စိတ်ဆိုးမြဲ ဖြစ်သည်။
ကျန်းယုဟန် ကလည်း ကျန်းစစ်မင်ကို မှတ်မိပုံရသည်။
သူ့ အရပ်အမောင်းနှင့် စရိုက် ရုတ်တရက်ကြီး ပြောင်းလဲသွားပေမယ့် ကျန်းစစ်မင်၏ ပုံပန်းသွင်ပြင်ကတော့ အများကြီးမပြောင်းလဲသေး။
ဒီအမျိုးသမီးဟာ လူတွေကို သေချာကြည့်တတ်တဲ့လူမျိုး ဖြစ်လို့ တစ်ချက်ကြည့်ရုံနဲ့တင် မှတ်မိသည်။
“ရှင်က … ရှောင်ကျန်းလား ? မဟုတ်ဘူး မဟုတ်ဘူး ဥက္ကဠ ကျန်းလား?”
ကျန်းယုဟန် စကားမှားလုနီးနီး ဖြစ်သွားသည်။
ဒီလူဟာ ကျန်းစစ်မင် ဖြစ်နေရင်တောင် သူကတော့ ကျန်းစစ်မင် ၊ ရှောင်ကျန်း မဖြစ်နိုင်ဘူး..
“ကျွန်တော်ပါ မတွေ့ရတာကြာပြီနော်”
ကျန်းစစ်မင် ဘာအမူအယာမှမပြ... ပေါ့ပေါ့ပါးပါးသာ ဖြေရှင်းလိုက်သည်။
ကျန်းယုဟန် သူ့နားနှင့်မျက်လုံးကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားသည်။
ကျန်းစစ်မင်ဆိုတာ အလုပ်သမား မဟုတ်ဘူးလား? ဘယ် တုန်းက ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဠ ဖြစ်သွားခဲ့ရသလဲ?
ကျန်းယုဟန် မြန်မြန်ပဲ ဦးနှောက်ကို အပြေးအလွှားစဉ်းစားခိုင်းလိုက်သည်..
မကြာခင်ခန့်မှန်းမိသွားသည်။
ကျန်းစစ်မင်ဟာ ပုန်းကွယ်နေသော လူချမ်းသာ ဒုတိယမျိုးဆက် ဖြစ်ရမည်ဟု သူခံစားမိလိုက်သည်။
အတွေ့အကြုံရဖို့သက်သက်သာ ပွဲစားဝင် လုပ်တာ။
အခု အတွေ့အကြုံလည်းပြည့်ဝပြီဆိုတော့ သူ့အလိုလိုကုမ္ပဏီဦးဆောင်သူ ဖြစ်လာတာ။
အဲ့ဒီလိုပဲ ဖြစ်ရမယ်!
မဟုတ်ရင် တစ်လ နှစ်လတည်းနဲ့ အလုပ် သမားဘဝကနေ ဥက္ကဠအဖြစ် ကျန်းစစ်မင် ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို ကျန်းယုဟန် ရှာမတွေ့။
ရေရှည် မမြင်တတ်သည့်မျက်လုံးအပေါ် ၊ ကျန်းစစ်မင်၏ သရုပ်မှန်ကို မသိခဲ့ရခြင်းအပေါ် ကျန်းယုဟန် ကိုယ့်ကိုကိုယ် ကျိန်ဆဲလိုက်သည်။
တကယ်လို့ တစ်ဖက်သူသာ ဒုတိယမျိုးဆက်၏ ရွက်ပုန်းသီး လူချမ်းသာမှန်း သိခဲ့မယ်ဆို ဝမ်ဂျန် ကို စွန့်ပစ်ပြီး ကျန်းစစ်မင် နောက် လိုက်ခဲ့ မည်ဖြစ်သည်။
အချိန်တစ်ခုရောက်သည့်အခါ “အချစ်အတွက် အရာအားလုံးစွန့်လွှတ်ရသည်အထိ” ကိုယ့်အတွက်ပင် မကြည့်တော့ဘဲ သူ့ကို အားလုံး ဝယ်ပေး မည်မှာ ကျိန်းသေသည်။
ဥက္ကဠ ဇနီးတောင် ဖြစ်လာနိုင်သည်။
ဒီကဏ္ဍလေး တွေးမိတော့ ယုဟန်သူ့ကိုယ်သူ ပါးရိုက်ချင်စိတ်ပေါက်သွားပေမယ့် ကျန်းစစ်မင်အပေါ် မကောင်းခဲ့တာမဟုတ်လို့ တော်သေးသည်။
ကျန်းစစ်မင်ကို ဒိုင်းအဖြစ် အသုံးချခဲ့မိသလား သံသယ ရှိပေမယ့်လို့ ကျန်းစစ်မင် ဒါကိုပဲ ကွက်မမြင်နိုင်လောက်ဘူး ယုံကြည်ထားသည်။
ကြည့်ရတာ ငါ့မှာအခွင့်အရေးရှိသေးပုံပဲ ..
ဒါကိုတွေးမိတော့ ကျန်းယုဟန် အမူအယာ တည်ကြည်သွားသည်။
“လူကြီးမင်းကျန်းကို ဒီမှာတွေ့ရလိမ့်မယ် တကယ့်ကို မထင်ထားခဲ့ပေမယ့် ကျွန်မက အလုပ်လျှောက်ဖို့လာတဲ့ သာမန်လူပါ။ ကျွန်မတို့ နှစ်ယောက်ကြား ပတ်သက်မှုကြောင့် ကျွန်မအပေါ် လူကြီးမင်းအနေနဲ့နှိမ့်ချပြောဆိုပေးဖို့မလိုပါဘူး။ ယေဘုယျအားဖြင့်ဆို ကျွန်မ အရင် ထွက်သွားပေးရမှာပေမယ့် ထွက်သွားပြီးနောက်လည်း သူငယ်ချင်းဆက်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်”
ကျန်းယုဟန် ၏ စွမ်းပကားသည် ကျန်းစစ်မင်ထင်ထားတာထက် တစ်ဖက်ကမ်းခတ် ဖြစ်နေသည်။
ဒါကြောင့်ပဲ ဝမ်ဂျန် ကိုလှည့်ပတ်ကစားနိုင်ခဲ့ရုံမကဘူး.. လက်ခံနိုင်တဲ့အနေအထားမဟုတ်လည်း.. ဝမ်ဂျန် အနေနဲ့သူ ဖြစ်ချင်တာမှန်သမျှ လိုက်လျောပေးလိမ့်မည်။
ဒါပေမယ့် တစ်ဖက်က လှည့်ကွက် ထုတ်ပြချင်တာဆိုတော့ ကျန်းစစ်မင်ကလည်း အဆုံးအထိ သူနဲ့ အဖော်ပြုပေးလိုက်သည်။
“ကောင်းပြီလေ မင်းအခုလိုပြောတယ်ဆိုတော့လည်း ထိုင်ပါဦး”
ကျန်းစစ်မင် ဥက္ကဠ ထိုင်ခုံကထ၊ဧည့်ခံနေရာ ဆိုဖာဆီ လမ်းလျှောက်သွားပြီး ကျန်းယုဟန် ကို ထိုင်ခိုင်းလိုက်သည်။
နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လျက် ကျန်းယုဟန် ရည်ရွယ်ချက်နှင့် စကတ်တိုကို မတင်လိုက်သည်။
ကျန်းစစ်မင် ရှုထောင့်ကနေဆို အထဲကအချင်းအရာကို အလွယ်လေးမြင်နိုင်သည်။ ဇာအစ၊ အနီရောင် ထို့အပြင် အတော်လေးပါးသည်။
“ပညာအရည်အချင်း”
“ဥက္ကဠ ကျန်းကို တင်ပြပါတယ်။ ကျွန်မဟာ ရှန်ဟိုင်း ကျဲတုန်တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသူဖြစ်ပြီး မေဂျာကတော့ စီးပွား ရေးပါ”
ပြင်ဆင်လာသော ပညာရေးမှတ်တမ်းလက်မှတ်များကို ကျန်းယုဟန် ထုတ်ပြလိုက်တော့ ကျန်းစစ်မင် တစ်ချက်ကြည့်လိုက်သည်။
တကယ်လည်း ဟုတ်နေသည်။
မထင်မှတ်ထားဘဲ သူဟာအခုထိ အထက်တန်းကျောင်းသားပေမယ့်.. ဟုတ်ပါတယ်လေ.. IQ နည်းနည်းလောက် မရှိဘဲနဲ့ ဝမ်ဂျန် လို ဝက်ခြေ ထောက်အိုကြီးတွေကို လက်ခုပ်ထဲထည့်ထားလို့ရပါ့မလဲ။
“အလုပ်အတွေ့အကြုံကရော?”
“ဘွဲ့ရပြီးနောက် နှစ်နှစ်ကြာ တခြားငွေကြေး လုပ်ငန်းစု ကုမ္ပဏီတွေမှာ အလုပ်လုပ်ဖူးပါတယ်”
“ကျွန်တော့်ကုမ္ပဏီလာရတဲ့ အကြောင်းအရင်း?”
“ဒီကုမ္ပဏီရဲ့ တိုးတက်မှုမှာ လုပ်ငန်းအောင်မြင်မှု၊ ဝန်ထမ်းတွေအပေါ် အကျိုးခံစားခွင့်တန်းတူ မြင်ထားတော့ အလုပ်သစ်တစ်ခုနဲ့ ထိုးဖောက်ပြီး ကိုယ့်ကိုကိုယ် ပိုကောင်းမွန်ပြီးပြည့်စုံတဲ့ သူဖြစ်လာချင်လို့ပါ”
“ဒီကုမ္ပဏီအပေါ် ထင်မြင်ချက်?”
“သိပ်ကောင်းပါတယ်။ ကုမ္ပဏီ ပတ်ဝန်းကျင်ရော အနေအထားရောက ကျွန်မ အလုပ်လုပ်ချင်လွန်းတဲ့ နေရာပါပဲ။ ကျွန်မ ငယ်ရွယ်မှုနဲ့ သွေးချွေး ကို ဒီမှာမြုပ်နှံရင်းနှီးချင်ပါတယ်!”
“မင်း … “
::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။