အပိုင်း - ၁၁၁ (သိမ့်မွေ့သော စစ်ဆင်ရေး၊ ငါးကြိမ်ပြန်လည်ပြသခြင်း)
“၆၆၆...ချစ်တယ်နော် !”
WINS အသင်းသားလေးယောက်မှာ ကျန်းစစ်မင် သူတို့နားချဉ်းကပ်လာသည်ကိုမသိခဲ့ပေ။
ဗုံးနှစ်လုံးဆက်တိုက်ပစ်လိုက်သည်။
အုံး !!
သူတို့ယာဉ်မှာပေါက်ကွဲသွားသည်။
ကံကောင်းစွာဖြင့် ရန်သူနှစ်ယောက်မှာ ဗုံးကျလာသံ ကြားလိုက်ရသဖြင့် အသင်းဖော်နှစ်ယောက်ကိုစွန့်ခွာ၍ အကာကွယ်အမြန်ယူလိုက်သည်။
အသင်းသားနှစ်ယောက်မှာတော့ ဗုံးဒဏ်ဖြင့် ကိစ္စချောသွားခဲ့လေပြီဖြစ်သည်။
"ချီးပဲ အဲ့ကောင်ကိုသတ်စမ်း"
ကစားသမားနှစ်ယောက်မှာ မီးခိုးငွေ့မှထွက်လာသော် ကျန်းစစ်မင် ကိုတွေ့ပြီး ဒေါသတကြီးပစ်ကြလေသည်။
ကျန်းစစ်မင် မှာ ကြောက်လန့်မနေပဲ ဘေးဘက်ကပ်၍ လက်ထဲမှ M416 ဖြင့် တယောက်ကို နိဂုံးချုပ်လိုက်သည်။
တယောက်ကျသွားပြီး ကျန်တယောက် ၏ ခေါင်းကိုလည်း တခြားဘက်အမြန်ပြောင်းပြီး ပစ်ခွင်းခဲ့တော့သည်။
ကျန်းစစ်မင် မှာ လွယ်ကူစွာဖြင့် တဖက် အသင်းကိုဖြိုခွင်းနိုင်ခဲ့သည်။
များမကြာမှီပင် နောက်တသင်း မှာ အဝေးပြေးလမ်းရောက်လာတော့သည်။
အဝေးမှသေနတ်ပစ်သံများကို ကြားခဲ့ရပြီး ကျန်းစစ်မင် ဖြစ်နေသည်ကို AFF ကတွေ့ခဲ့သည်။
4am ဖြစ်ကြောင်းသိလိုက်ရပြီး Ming တဦးတည်း ဖြစ်နေသောအခါ အမုန်းဟောင်း အမုန်းသစ်များ ရင်ထဲပြည့်လာပြီး တရှိန်ထိုးမောင်းလာခဲ့သည်။
ယခင်ပွဲမှာ ကျန်းစစ်မင် ၏လက်ချက်ဖြင့် အရှုံးကြီးရှုံးခဲ့ရပြီး အဆင့်များကျခဲ့ရသည်။
၎င်းတို့မှာလည်း ကိုရီးယားမှ ထိပ်တန်းအဖွဲ့ များဖြစ်ကြပြီး ပြိုင်ဘက်အသင်းမှာ Ming တယောက်တည်းဖြစ်နေသည်။
လေးယောက်သား 50 မီတာအကွာအဝေးမှ လာခဲ့ကြသည်။
ဗုံးဒဏ်ဖြင့် အစစကြေမွနေသော ကားအပိုင်းစများကြားတွင် အလောင်းလေးလောင်း၏ သေတ္တာများကို AFF အသင်းလည်းတွေ့လိုက်ရသည်။
သူတို့ထဲမှ AFF ၏ ဂျင်ယု နေရာမှာ သေတ္တာများနှင့် အနီးဆုံးဖြစ်၍ တခုခုမှားနေသည်ကိုခံစားမိနေသည်။
တကယ်တော့ သေတ္တာများဘေးမှအလောင်းမှာ အသက်ရှိလူတယောက်နှင့်တူနေပေသည်။
ထိုစဉ် သေတ္တာဘေးမှအလောင်းဟု သူတို့ထင်ထားသူမှာ ရုတ်တရတ်ထလာပြီး သူ၏ M416သေနတ်မှ ကျည်များထွက်လာပေတော့သည်။
ဂျင်ယုလည်းကျသွားပေတော့သည်။
"အဲ့ကောင်က သေချင်ယောင်ဆောင်နေတာဟ ဒီနားမှာရှိတယ်"
ဂျင်ယု လည်းအော်ဟစ်နေပေသည်။
စရောက်ချိန်တွင် သေတ္တာများနှင့် လူသေလောင်းများတွေ့ခဲ့ရသော်လည်း ကျန်းစစ်မင် မှာ မလှုပ်မယှက်ရှိနေသောကြောင့်သတိမထားမိခဲ့ကြပေ။
ကျန်းစစ်မင် မှာ တခြားလူသေအလောင်းကိုအသုံးချကာ အကာကွယ်ယူရုပ်ဖြတ်ထားပေသည်။
အခြား အသင်းသားတယောက်လည်း ရောက်လာသော် ကျန်းစစ်မင် လည်း အလင်းဗုံးပစ်လိုက်ပြီး M416 မှကျည်များမှာ နောက်ထပ် AFF အသင်းသားတယောက်ကို ခေါ်ဆောင်သွားပေတော့သည်။
ဒုတိယမြောက်အသင်းသားကိုဖြိုခွဲပြီးနောက် အခြားအလင်းဗုံးဒဏ်မှ ပြန်မြင်လာသောတယာက်မှာ ကျန်းစစ်မင် ကိုပစ်လေတော့သည်။
အပစ်ခံလိုက်ရသော ကျန်းစစ်မင် မှာလည်း ကားနောက်သို့ပြေးဝင်လိုက်ပြီးအကာကွယ်ယူလိုက်သည်။
AFF ခေါင်းဆောင်မှာလည်း ကျန်းစစ်မင် ရှိရာကိုသိလိုက်ရာ ဗုံးစနက်တံ ဖြုတ်ကာ ပစ်လိုက်လေသည်။
သို့သော်သူ့နေရာမှာလည်း ကျန်းစစ်မင် ၏ ပစ်ကွင်းအတွင်းရောက်နေရာ Mini14 သေနတ်မှ လေးချက်မှာလည်း ထိမှန်သွားခဲ့သည်။
-24.-24.-30.-60
AFF ခေါင်းဆောင်မှာလည်း နောက်ဆုံးလေးချက်မြောက်တွင် မြေပေါ်သို့လဲကျသွားသည်။
ဗုံးမှာတော့ အောင်မြင်စွာ ပေါက်ကွဲသွားသည်။
ကျန်းစစ်မင် အချိန်မှီရှောင်လိုက်သော် လည်း အနည်းငယ်ထိမှန်သွားသည်။
ကျန်းစစ်မင် ၏ သွေးမှာ 12 လောက်သာကျန်တော့ပေသည်။
AFF ခေါင်းဆောင်မှာ ကျန်းစစ်မင် ဘယ်လောက်အထိ နာသွားသည် မသိသော်လည်း သူ့ဗုံးမှာ ကျန်းစစ်မင် ကိုသေချာထိသွားမည်ဟု သိထားပေသည်။
"သူထိသွားပီ အလင်းဗုံးပစ်လိုက်တော့"
AFF ခေါင်းဆောင်မှာ ပြောလိုက်သည်။
နောက်ဆုံးလက်ကျန်အသင်းသားလည်း အလင်းဗုံးကိုပစ်လိုက်ရာ ကျန်းစစ်မင် ၏ ညာဘက်ခြေနားကျသွားသည်။
သူလည်းပစ်ပြီးသည်နှင့် ဘယ်ဘက်သို့ ပြေးသွားလိုက်သည်။
အရေးကြီးချိန်ဖြစ်ပေသည်။ အလင်းရောင်ဟတ်မည်မှာ ညာဘက်ဖြစ်သည်။
ထိုချိန် ဘယ်ဘက်သို့သွား၍ အလင်းကိုရှောင်ပြီး တဖက်က သေနတ်ကိုရင်ဆိုင်မည်လား ညာဘက်တွင်ပဲ ထိပ်တိုက်တိုးမလားရွေးချယ်ရပေတော့မည်။
ဘယ်လမ်းရွေးရွေး လမ်းဆုံးဖြစ်နေပေသည်။
ကျန်းစစ်မင် မှာ အလင်းဗုံးရှိရာသို့ မတွေးပဲပြေးဝင်လိုက်ရာ အလင်းရောင်ပေါ်လာချိန် ခေါင်းကိုအခြားဖက် အမြန်လှည့်လိုက်သည်။
AFFအသင်းမှာ ကျန်းစစ်မင် လုပ်ကိုင်လိုက်သည်တို့ကိုမမြင်လိုက်ပေ။
ကျန်းစစ်မင် မှာ အလင်းဗုံးမိသွားပြီဟုပင်ထင်နေရာ ပစ်ခတ်ရင်း ဝင်လာပေတော့ သည်။
ကျန်းစစ်မင် အနားသို့မရောက်ခင်တွင်ပင် သေနတ်သံများကြားလိုက်ရသည်။
Mini14 မှ ကျည်3ချက်တို့မှာ ခေါင်းမှ ဦးထုပ်ကို ထိုးဖောက်ဝင်ကာ ထိုလူလည်းကျန်းစစ်မင် ရှေ့တွင်လဲကျသွားသည်။
"ဟာ ချီးပဲကွာ"
AFF အသင်းမှာလည်း ပေါက်ကွဲနေပေသည်။
"ဒီကောင် အလင်းဗုံးထိသွားတာ အသေချာပဲ ဘယ်လိုလုပ်ပြန်ပစ်နိုင်နေရတာလဲ ဒီကောင့် ကွန်ပြူတာကို စစ်ဆေးမှရတော့မယ်"
AFF အသင်းခေါင်းဆောင်လည်း စိတ်တိုကာ ဒိုင်ကို စောဒကတက်နေလေသည်။
ကိုရီးယားမှကြည့်ရှုသူတို့မှာလည်း ကျန်းစစ်မင် ကိုမကျေနပ်ကြပေ။
အလင်းဗုံးပေါက်ရာ နေရာနှင့် ကျန်းစစ်မင် နေရာမှာ လွတ်နိုင်စရာအကြောင်းမရှိပေဟူ၍...
"စိတ်မပူပါနဲ့ အကဲဖြတ်အဖွဲ့က ဆုံးဖြတ် ချက်ချပါလိမ့်မယ်"
စီစဉ်သူမှာလည်း အရင်တခေါက်က ကွန်ပြူတာကို လိုက်စစ်ဆေးရာ မည်သည့်ပစ်ချက်မှမတွေ့ရ၍ အရှက်ကွဲခဲ့ရပြီး ထပ်မကွဲချင်တော့၍ အရင်တခေါက်ကကဲ့သို့ မဖြစ်ချင်တော့ပေ။
ဒိုင်အဖွဲ့မှာလည်း ထိုဖြစ်စဉ်ကို ငါးကြိမ်ပြန်လည်ကြည့်ရှုရာ အားလုံးပါးစပ်အဟောင်းသားပင်ဖြစ်သွားကြလေသည်။
ကမ္ဘာအနှံ့မှ ကြည့်ရှုသူများလည်း ကိုယ့်မျက်လုံးကို မယုံနိုင်လောက်အောင်ပင်ဖြစ်ခဲ့သည်။
ကျန်းစစ်မင် မှာ ဗုံးရှိရာဘက်သို့တိမ်းရှောင်ခဲ့သည်။
ငါးကြိမ်ပြသမှုမှာ ကျန်းစစ်မင် ၏လှုပ်ရှားမှုတို့ကို အတိုင်းသားပေါ်ပေသည်။
အလင်းဗုံးပေါက်သည့်အချိန်တွင် ကျန်းစစ်မင် ၏ ခေါင်းမှာ အမြန်တဖက်သို့ တိမ်း ရှောင်လိုက်ကာ အလင်းဟတ်ဒဏ်ကိုကာကွယ်နိုင်သည်။
လှုပ်ရှားမှုတို့မှာ သေသပ်နေ၍ အားလုံးလည်းလက်ခံလိုက်ကြရသည်။
"အရမ်းသေသပ်လွန်းတယ် စက်ရုပ်ကျနေတာပဲ။ ဒါမျိုး အန္တရာယ်များတဲ့ အချိန်မှာကို ရှောင်နိုင်တာ လူမှဟုတ်ရဲ့လား မကောင်း ဆိုးဝါးဆော့နေလားထင်ရတယ်"
တင်ဆက်သူက သုံးသပ်နေတော့သည်။
"မယုံနိုင်စရာပဲ ငါ့ရဲ့ PUBG တင်ဆက်သူလုပ်ခဲ့တဲ့ တလျောက်မှာ ဒီလိုကျွမ်းကျင်တဲ့ ကစားသမားတယောက် ပထမဆုံးမြင်ဖူးတာပဲ"
တဖက်ကလည်း pro ကစားသမား AFF အသင်းဖြစ်နေ၍ ကျန်းစစ်မင် ၏ ကျွမ်း ကျင်မှုမှာ အများကြီး သာပေသည်ကို အကုန်လက်ခံကြရပေတော့သည်။
:::::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။