အပိုင်း - ၂၃၁ (ကန်တုန် သီချင်းလား?)
ဤကနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကျန်းစစ်မင်က ကြက်သားစားသည့် ဂိမ်းကိုပင် မဆော့ပါချေ။
ကြက်သားစားနေခြင်းကြောင့် သူ့မှာ ကောမန့်ကို ကြည့်ဖို့ဖြစ်စေ၊ ဖန်တွေနဲ့ စကားစမြည်ပြောဖို့ ဖြစ်စေ အချိန်မရှိခဲ့။
သူဂိမ်ဆော့နေချိန်မှာ အများသောအားဖြင့် ကောမန့်ကို ကြည့်လေ့မရှိ။
ယနေ့က ဖန်နေ့ဖြစ်သည်။ ဖန်တွေရဲ့ ပွဲတော်ဖြစ်သည်နှင့်အညီ သေချာပေါက် သူ ဖန်တွေနဲ့ အတူ ပူးပေါင်းရမည်ပင်။
ထို့ကြောင့် ကျန်းစစ်မင်က ဒီနေ့ ကြက်သားစားသည့်ဂိမ်းကို မဆော့ပါပဲ ထို့အစား၊ တွမ်တွမ်တို့နှစ်ယောက်နှင့်အတူ သုံးယောက်သား မြေရှင်များကို တိုက်ခိုက်နေလေသည်။
အမှန်ပင်၊ ဒိုယု၏ ထိပ်တန်းထုတ်လွှင့်သူ သုံးယောက်က အွန်လိုင်း သောက်တိကျူး (fight the landlord)ကို ဆော့နေကြသည်ပင်။
သောက်တိကျူးသည် တစ်ချိန်လုံး စခရင်ကို စိုက်ကြည့်နေစရာမလိုပါပဲ အားလပ်ချိန်တွင် ဖန်များနှင့် စကားဖောင်ဖွဲ့နိုင်သည်။
ဤသည်က ကျန်းစစ်မင် တိုက်ရိုက်ထုတ်လွှင့်ကတည်းက ကစားခဲ့ဖူးသည့် ဒုတိယပွဲလည်းဖြစ်သည်။
ပရိတ်သတ်များမှာ ရယ်မောရင်း သူတို့၏ဘဝမှာ ဒီလိုမြင်ကွင်းမျိုးကို မြင်သွားရတာ ကံကောင်းကြောင်း ပြောဆိုနေတော့၏။
“Ace တစ်တွဲနဲ့ 2s သုံးကတ်၊ မင်းလိုချင်လား။”
ကျန်းစစ်မင်၏ ကတ်က အလွန်ကောင်းလှပြီး သူသည်လည်း ကြက်ပေါက်လေးနှစ်ကောင်ကို ပေါ့ပေါ့ပါးပါး အနိုင်ကျင့်နေပါသည့် မြေရှင်တစ်ယောက်ပင်ဖြစ်သည်။
“များလွန်းတယ်၊ သူ့ကို ပစ်ထုတ်လိုက်၊ ကြက်သေသေတာပဲ!”
တွမ်တွမ်က ဒေါသနှင့် ပြောလိုက်သည်။
“အိုကေ၊ Jack လေးကတ်!”
မမလေးက ၎င်းကို အလွတ်မပေးချင်ပါ။
“တုံးတုံးအအနဲ့ နှစ်ဆတိုးပေးလို့ ကျေးဇူးပါ။ King နှစ်ကတ်၊ ကျွန်တော်ပြေးပြီ။”
ကျန်းစစ်မင်က မောက်စ်ကို နှိပ်လိုက်ပြီး နောက်ဆုံးနှစ်ကတ်ကို ပစ်ထုတ်လိုက်လေသည်။
“အိုး၊ သူ နှစ်ဆ ပြောထားတာကို မေ့သွားတယ်။”
“ငါရောပဲ။”
“ငါ ထပ်ပြီး နေရာချချင်သေးတယ်၊ ဝူး..............”
“ငါ့ကိုယ့်ငါ ဝက်လို့ ခေါ်ချင်နေတုန်းပဲ၊ ဟာ့။”
မြေရှင်ပေါ်ရှိ လူသုံးယောက်၏ အလောင်းအစားမှာ သိုက်ရှောင်မိန်နှင့် ကျန်းစစ်မင်တို့၏ မျက်နှာပေါ်ရှိ စတစ်ကာများသာဖြစ်သည်။
တွမ်တွမ်ကတော့ သူမမျက်နှာကို ထုတ်ဖော်မပြသလိုပါ၍ ကိုယ့်ကိုယ်ကိုယ် ဆူပူပြောဆိုဖို့ ရွေးချယ်လိုက်တော့သည်......
လက်ရှိတွင် မိန်းမငယ်လေးမှာ သူမ၏ မျက်နှာပေါ်တွင် စက္ကူအပိုင်းအစအများဆုံးရှိနေပြီး သူမ မျက်နှာ သေးသေးလေး ပြည့်လုနီးပါပင်။
ကျန်းစစ်မင်တွင်တော့ နှစ်ခုသာ ရှိသေးသည်။
သူက အများဆုံးအနိုင်ရထားသောကြောင့် ဒီနေ့၏ ကတ်ကံတရားက အလွန်ကောင်းမွန်နေလေသည်။
သို့သော် သူတို့သုံးယောက်လုံး ကတ်များကစားခြင်းပေါ်တွင် သူတို့နှစ်လုံးသားကို မြှုပ်နှံမထားပါပေ။
သူတို့ တစ်ယောက်နှင့် တစ်ယောက် စကားစမြည်ပြောနေကြခြင်းသာဖြစ်၏။
ကျန်းစစ်မင်က သူတို့ကို ဂိမ်းဆော့ဖို့ ခေါ်ခြင်းအပြင် စကားပြောသည်က ရှားပါးလှသည်လေ။
သူတို့ ကျန်းစစ်မင်ကို လုံးလုံး အပြစ်တင်၍ မရ။
သူတို့နှစ်ယောက်လုံးမှာ တိုက်ရိုက်ထုတ်လွှင့်သည့်အလုပ်ရှိပြီး အမှန်စင်စစ် အချိန်မရှိပါပေ။
ယနေ့က အခွင့်အရေးတစ်ခုဖြစ်သည်။
ထို့ကြောင့် အမျိုးသမီးနှစ်ယောက်မှာ ကတ်များပေါ်တွင် မည်သည့် အတွေးမှ ရှိမနေခဲ့ပေ။
သို့မဟုတ်ပါက သူတို့ ဒီလောက်အများကြီး ရှုံးလိမ့်မည်မဟုတ်။
ကျန်းစစ်မင်က သူတိုကို ဤကဲ့သို့ စကားပြောဖို့ တွဲခေါ်သွားခြင်းက တကယ်တော့ သူတို့အတွက် ကျော်ကြားပြီးရင်း ကျော်ကြားမှုအမြောက်အများကို သွယ်ဝိုက်ပြီး ဆွဲဆောင်လိုက်ခြင်းပင်။
ရလဒ်အနေနှင့် သူတို့နှစ်ဦးလုံး၏ အလားအလာတန်ဖိုးသည် ရွှယ်ကျဲ (ညီမလေးရွှယ်)ကို ကျော်လွန်သွားပြီး ဒုတိယနှင့် တတိယနေရာတို့ကို အသီးသီး သိမ်းပိုက်လိုက်ကြရင်း ရွှယ်ကျဲ (ညီမလေးရွှယ်)အား စတုတ္ထနေရာတို့ တွန်းပို့လိုက်လေသည်။
ပြီးခဲ့သည့်လက အရာကို တွေးကြည့်လျှင် ကျန်းစစ်မင် ပထမဆုံး စတင်ထုတ်လွှင့်တော့ ကျန်းစစ်မင်ရဲ့ ကျော်ကြားမှုကို ယူဆောင်ပေးခဲ့သည်က သူတို့နှစ်ယောက်ဖြစ်သည်။
တစ်လသာ ကြာပြီးနောက် ကျန်းစစ်မင်က သူတို့နှစ်ယောက်လုံးကို ဖိုက်တာငါးလေးတွေဖြစ်ခွင့်ပြုနှင့်နေပြီးသားဖြစ်သည်။
ဆန့်ကျင်ဘက်အနေနှင့် ကျန်းစစ်မင်သူတို့ကို ဂိမ်းဆော့ဖို့ ခေါ်ချိန်တိုင်း သူတို့ရဲ့ လက်ဆောင်များနှင့် ကျော်ကြားမှုနှုန်းတို့မှာ မိုးထိုးသွားလိမ့်မည်ဖြစ်သည်။
နေ့လည် ၁၂နာရီအထိရောက်တော့ ဖန်ပွဲတော်ပြိုင်ပွဲ ပထမအချီ တရားဝင်ပြီးဆုံးသွားလေသည်။
အမျိုးအစားခွဲတိုင်းရှိ ထိပ်ဆုံး ထုတ်လွှင့်သူ အယောက်နှစ်ဆယ်တို့မှာ မနက်ဖြန် အပြတ်အသတ်နိုင်ပွဲ နောက်တစ်ချီအတွက် ကြိုတင်ပြင်ဆင်ကြလိမ့်မည်သာ။
ယနေ့၊ နေ့တာ အဆုံးတွင် ဒိုယုက လက်ဆောင်အမြတ်များတွင် အနည်းဆုံး သန်းဆယ်ချီရှာနိုင်ခဲ့ပြီဖြစ်သည်။
ဒုတိယနှင့် တတိယအချီတို့တွင် ဤအမြတ်ငွေက အဆပေါင်းများသည်ထက်များစွာ ပိုမြင့်တက်လာလိမ့်ဦးမည်ဖြစ်သည်။
PUBG ဌာနခွဲတွင် ထိပ်ဆုံးအယောက်နှစ်ဆယ်ကိုလည်း ထုတ်ပေးလာပြီဖြစ်သည်။
သူတို့အားလုံးမှာ ရင်းနှီးနေသည့် မျက်နှာများဖြစ်ပြီး လူသိများကျော်ကြားသည့် ထုတ်လွှင့်သူအကြီးစားအားလုံးမှာ ရာထူးတိုးခံလိုက်ရပြီးဖြစ်သည်။
ခန့်မှန်းခြေ သန်း ၁၂၀လောက်ရှိသည့် အလားအလာတန်ဖိုး ပွိုင့် 121,114,870 နှင့်အတူ ကျန်းစစ်မင်သည် စာရင်းတွင် ပထမအဆင့်ချိတ်ပြီး ဒုတိယနေရာမှာတော့ ၁၃သန်းမျှသာရှိလေသည်။
“ကောင်းပြီ၊ နောက်ဆုံးအကြိမ်အနေနဲ့ ကျွန်တော် မင်းတို့ဆီ သီချင်းအသစ်တစ်ပုဒ်ယူလာပေးမယ်။ ပြီးရင်တော့ ထုတ်လွှင့်မှုကို ရပ်လိုက်တော့မယ်။”
ကျန်းစစ်မင်သည်လည်း ဤကနေ့ ရလဒ်နှင့်ပတ်သက်၍ အလွန်အမင်းစိတ်ကျေနပ်နေသည်။
ကြည့်ရတာ ဖန်ပွဲတော်မှာ ပထမနေရာအတွက် ယှဉ်ပြိုင်ဖို့ တကယ်ပဲ ဘာပြဿနာမှ မရှိပုံပင်။
ဒီနှုန်းနဲ့သာဆက်သွားပါက ပထမနေရာက အနိုင်ရဖို့ သတ်မှတ်ပြီးသားဖြစ်နေလိမ့်မည်ပင်။
“ဝိုး! နောက်ဆုံးတော့ ရောက်လာပြီ!”
“သီချင်း-နားထောင်မယ့် ပါတီ ပေါ်လာပြီ!”
“သီချင်းနားထောင်မယ်ဟေ့ up up!”
“သီချင်းဆိုတော့မယ်။ ဒါ ငါနေ့တိုင်းနေ့တိုင်း မျှော်လင့်စောင့်နေရတာဟာပဲ။”
“ငါ အချစ်သီချင်းအသေးစားလေးရယ်၊ ကြက်သားချောင်းကြော်ရယ်ကို ကြိုက်တယ်!”
“နတ်ဘုရားဆီက သီချင်းအသစ်မှန်သမျှက အရမ်းပေါက်တာပဲ။”
“တွမ်တွမ်က ဒူရင်အတွက် အကြီးဆုံး သဲပန်းပုဂီတထောက်ပံ့သူဆို နတ်ဘုရားက ဒူရင် အတွက် အကျော်ကြားဆုံး ဂီတထောက်ပံ့သူပဲ။”
“အပေါ်ထပ်က ခွဲခြမ်းစိတ်ဖျာမှုက နေရာကျတယ်။ အဲ့နှစ်ယောက်က ပြီးပြည့်စုံတဲ့ တွဲဖက်မှုပဲ။”
..........
ကျန်းစစ်မင်တစ်ယောက် သီချင်းအသစ်ကို သီဆိုတော့မည့်အကြောင်း သိသွားသောအခါ ဒူရင် ပရိတ်သတ်များ၏ ကြီးမားလှသော အရေအတွက်မှာ အပြေး ရောက်ချလာကြတော့သည်။
သူတို့တွေက အဓိကထုတ်လွှင့်သူများ၏ ဖန်များဖြစ်ကြပါသော်လည်း ဤသည်က သူတို့ကို ကျန်းစစ်မင်၏ သီချင်းဆိုခြင်း၌ စီးမြောလိုက်ပါနစ်ဝင်ပျော်ရွှင်ခြင်းမှ မတားဆီးနိုင်ပါပေ။
ဂီတသည် ဂိမ်းများထက် ပိုမိုကျော်ကြားပါ၏။
ဂိမ်းများကို လူတစ်ချို့ကသာ နှစ်သက်မြတ်နိုးကြပြီး တေးဂီတကောင်းများကိုတော့ လူတိုင်း ချစ်ခင်ကြသည်လေ။
များစွာသော ထုတ်လွှင့်သူများသည် သူတို့၏ ခုံတန်းလျားငယ်လေးများကို ရွှေ့ထားပြီးနှင့်ပြီဖြစ်ကာ စောင့်ဆိုင်းနေကြလေ၏။
ဤတစ်ခေါက် ကျန်းစစ်မင်သည် သီချင်းဆိုဖို့ အပြင်ဘက်သို့ ထပ်မထွက်ခဲ့ပဲ ပရိတ်သတ်များမှာ အနည်းငယ်စိတ်မကောင်းဖြစ်နေရသေးလေသည်။
စန္ဒယားရှေ့တွင် ထိုင်လိုက်ရင်း ကျန်းစစ်မင်သည် သူ့မျက်လုံးမျာကို မှိတ်လိုက်ကာ Key အနည်းငယ်ကို ကျပန်းဖိလိုက်ပြီး လှပသည့် တေးသွားလေးတစ်ခုမှာ မျော်လွင့်ထွက်လာတော့သည်။
ထူးဆန်းပြီး လှပသည်။
“ဒီနေ့ ဒီသီချင်းကို ‘Mask(မျက်နှာဖုံး)’ လို့ခေါ်ပါတယ်။ ကန်တုန်သီချင်းတစ်ပုဒ်ပါ။”
ဤသည်က ကျန်းစစ်မင်တစ်ယောက် စိတ်ကူးပေါက်ရာသီဆိုလိုသည့် အရာပင်ဖြစ်သည်။
သူက [ကန်တုန် ကျွမ်းကျင်မှု] အပိုင်းအစကို မနေ့ကမှ ရထားကာစဖြစ်ပြီး ပြည်မကြီးမှ လူတစ်ယောက်အနေနှင့် ကန်တုန်သီချင်းကို သီဆိုခြင်းက မည်သို့ဖြစ်လိမ့်မည်လဲ စမ်းကြည့်ချင်နေခဲ့သည်။
၎င်းက ကန်းတုန်း သီချင်းတစ်ပုဒ်ဖြစ်ကြောင်း ကြားသောအခါ ပရိတ်သတ်များမှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။
သီချင်းအရဆို၊ နတ်ဘုရားက ကန်တုန်ကများလား။
ဒါပေမယ့် ဘာလို့ ကျန်းစစ်မင်မှာ ကန်တုန်လေသံ လုံးဝရှိမနေရတာလဲ။
သို့သော် သူတို့ မည်မျှပင် အံ့အားသင့်နေပါစေ လူတိုင်းသည် စကားမပြောခင် ၎င်းကို နားထောင်ချင်နေကြဆဲဖြစ်သည်။
နတ်ဘုရား၏ ပထမဆုံး ကန်တုန်သီချင်းပဲ၊ သူ့ရဲ့ မန်းဒရင်းသီချင်းနဲ့ ဘယ်လိုများ ယှဉ်မလဲ မသိဘူး။
ပဏာမတီးလုံး တေးသွားများက နစ်မြုပ်နေပါသည့် သင်္ဘောတစ်စီး၏ တက်မလို ရေပေါ်သို့ ပြုတ်ကျလာရင်း နှလုံးသားကို ရစ်ပတ်ထားပါသည့် မှော်ဆန်သော အသံတစ်ခုကို ပြုလုပ်လိုက်တော့သည်။
ဤအတွဲအဖက်၏ ကူးစက်ခြင်းခံလိုက်ရပြီး ပရိတ်သတ်များမှာ ကောမန့်များကို ထိပင်မထိချင်တော့ပါပဲ ကွန်ပျူတာရှေ့တွင် တိတ်တိတ်လေးထိုင်ရင်း သို့မဟုတ် အိပ်ရာပေါ်တွင် သူတို့၏ မိုဘိုင်းဖုန်းများကို ကိုင်ထားရင်း လှဲလျောင်းနေကြတော့သည်။
ဒီညတော့ လူတိုင်း သူတို့အသံများကို ဆုံးရှုံးသွားပုံပင်။
“ကိုယ်ပိုလိုက်ချင်ပါတဲ့ အိမ်မက်တွေကို ကိုယ်ပို့ဆောင်လိုက်ပေမယ့် နွေးထွေးမှုနဲ့ အေးစက်မှုကို ခံစားလိုက်ရတယ်။
မင်း ပြုတ်ကျပြီး ဖြတ်သန်းခဲ့မယ်ဆို ဘယ်သူက တိတ်ဆိတ်မှုကို ဖန်တီးနေတယ်ဆိုတာ မင်းနားလည်လာပါလိမ့်မယ်။
ကိုယ် ကိုယ့်နောက်ကွယ်မှာ ရူးသွပ်သွားလိုက်ချင်ပေမယ့် ကိုယ်မွေ့လျော်ဖို့ အခိုက်အတန့်တစ်ခုကိုလည်း ရှာဖွေချင်သေးတယ်။
တစ်ကြိမ်လောက် သတ္တိရှိလိုက်တာက အကြမ်းဖက်မှုကို တိုက်ခိုက်နေသလိုပါပဲ၊ ကိုယ် အရမ်းကို စိတ်လိုက်မာန်ပါ ကြိုးစားခဲ့ပြီးပါပြီ......”
ကန်တုန် သီချင်း ပြီးဆုံးသွားပြီး စာသားအားလုံးကို ကန်တုန် လေသံနှင့် သီဆိုခဲ့လေသည်။
များစွာသော ကြည့်ရှုသူများမှာ စာသားကို နားမလည်ကြသလို အမှန်စင်စစ်၎င်းကို မည်သို့ဆိုရမှန်းပင် မသိကြပေ။
သို့သော် ဤတိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ကွမ်တုန်းမှလာသည့် ကြည့်ရှုသူအမြောက်အများလည်း ရှိနေပြီး ဟောင်ကောင်မှ လူတွေတောင်ပါသေးသည်။
“ဒီကန်တုန်စကားက အရမ်း စစ်မှန်တာပဲ! မင်းတို့ မန်းဒရင်းရဲ့ အရသာကို လုံးဝမပြောနိုင်တော့ဘူး။”
“အစကတော့၊ ငါ သူဆိုတာကို နားထောင်ရတာ နည်းနည်း ကသိကအောက်ဖြစ်နေသေးတယ်။ သူ မတော်တရောတွေ ဆိုမှာ စိုးလို့လေ။ ဒါပေမယ့် ဒီလောက်ကောင်းမယ်လို့ မမျှော်လင့်ထားမိဘူး!”
“ကန်တုန်လေသံကိုသာ အဆင့်သတ်မှတ်နိုင်မယ်ဆို ငါနတ်ဘုရားကို အဆင့် ၁၀ ပေးတယ်! ဒါက ငါတို့ ကန်တုန်လိုဆိုတာထက် ပိုပြီးတောင် အဆင့်မီနေသေးတယ်!”
“နတ်ဘုရားမင်က ငါတို့ ဟောင်ကောင် လူမျိုးလား။ ဘာလို့ သူ့ကန်တုန်လေသံက ငါတို့ ဟောင်ကောင်စတိုင်စစ်စစ်လိုဖြစ်နေရတာလဲ။”
............
အမှန်တကယ်အားဖြင့် ကန်တုန်ကို မတူညီသည့် အမျိုးအစားများ ခွဲခြားနိုင်သည်။
ကွမ်တုန်းနှင့်ဟောင်ကောင်ရှိ ကန်တုန်လေသံမှာ တကယ့်ကို အတော်လေး ခြားနားလှသည်။
ကျန်းစစ်မင်က ဟောင်ကောင်စတိုင်ကန်တုန်လေသံနှင့် သီဆိုခဲ့တာဖြစ်၏။
မမျှော်လင့်ထားစွာပင် ဟောင်ကောင်ပရိတ်သတ်များမှာ သူပြောလိုက်ပြီးပြီးချင်း အခိုင်အမာယုံကြည်သွားလိမ့်မည်ဖြစ်သည်။
စာသားများကို အတူတကွစုစည်းလိုက်တော့ ၎င်းက ကွမ်တုန်းနှင့် ဟောင်ကောင်ပရိတ်သတ်များကို ပြောစရာပါ မရှိအောင်ဖြစ်သွားစေသည်။
ဤသည်က လုံးဝကို ကန်တုန်စတိုင်ပါပင်။
ကြည့်ရတာ စာသားများက လုံးဝကာရံမမိပုံပင်။
ဒါက မင်း မန်းဒရင်းလို သီချင်ပုံဖြစ်သော်လည်း ကန်တုန်လိုဆိုလျှင်တော့ အလွန် လိုက်ဖက်လှလေပြီး မင်းဒါကို လုံးဝမကြားနိုင်ပေ။
“ကိုယ် ကိစ္စကြီးကြီးမားမားတွေကို ဂရုမစိုက်ဘူး။
အကျပ်အတည်းတွေရဲ့ အပြင်မှာ ပုံရိပ်က ဆန္ဒအရစစ်ထဲဝင်လာတဲ့ စစ်တပ်တစ်တပ်စာလောက် ရဲရင့်သည်လေ။
ဒါပေမယ့် အဆုံးမှာတော့ ဘယ်ယာယီစစ်ပြေငြိမ်းမယ့် ဆက်သွယ်ရေးမှ ရှိမနေခဲ့ချေဘူး...........”
အကယ်၍ မည်သူမှ ဤသီချင်းကို မကြားဖူးခဲ့ခြင်းကြောင့်သာ မဟုတ်ခဲ့ပါက ၎င်းကို ကျော်ကြားတဲ့ ဟောင်ကောင်တေးရေးဆရာတစ်ယောက်က ရေးထားခြင်းဖြစ်မည်ဟု လူတိုင်းတွေးမိလောက်မည်သာ။
စာသားတွေကို ဘယ်လိုလုပ် ဒီလောက်ကောင်းအောင် ရေးနိုင်တာလဲ။
မန်းဒရင်း နည်းနည်းလေးနဲ့လေ။
ဒီလောက် အရမ်းအရသာရှိအောင်တောင် ဆိုလိုက်သေးတယ်!
:::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။