အပိုင်း - ၁၆၁ (ယင်ဟွမ် ငွေကြေးကုမ္ပဏီ)
လီယင်ဇီ သည် ဒီငါးဦးဟာ ငွေကြေးကဏ္ဍစျေးကွက်မှ ရွှေတံဆိပ်ဆုရ ပွဲစားများဖြစ်ကြကြောင်း မိတ်ဆက်ပေးလိုက်သည်။
သူကိုယ်တိုင် နောက်ကြောင်း စိစစ် အတည်ပြုထားတာမို့ လုပ်ငန်းကျွမ်းကျင်မှုနှင့် ကိုယ်ကျင့်စရိုက်ကတော့ ပြောစရာမလို။
“သိပ်ကောင်းတယ် အသစ်ပြန်ပြင်ဆင်တာမလုပ်ခင် ကုမ္ပဏီက မင်းကိုလာခဲ့ဖို့ ဖိတ်ထားတယ်။ အခုထိ စုတ်စုတ်ပြတ်ပြတ်နေရာမှာ ရှိနေတုန်း။ အားလုံး မတရားခံရတာ သိတယ်။ ဒါပေမယ့် ပထမဆုံးမဲ ပေးပြီးသွားတာနဲ့ မင်းတို့ငါးယောက်လုံး ကုမ္ပဏီရဲ့ ပင်မထောက်တိုင်တဖြစ်လဲ ကုမ္ပဏီရဲ့ဝါရင့်တွေ ဖြစ်သွားပြီ။ ငါကိုယ်တိုင် ရှယ်ယာတွေ တိုက်ရိုက်ခွဲဝေပေးမယ်”
ကျန်းစစ်မင်ကတော့ ရောက်ရောက်ချင်း သကာအုပ်အခွံအကာ စတင်ချပြလိုက်ပေမယ့် ပွဲစားငါးယောက်ကတော့ လုံးဝ ရင်မခုန်တော့ပါဘူး။
နှစ်ပေါင်းများစွာ ငွေကြေးကဏ္ဍစျေးကွက်မှာ တိုက်ခိုက်လာကြတာ။ ဘယ်လို သကာအုပ်အခွံအကာမျိုးကိုမှ မမြင်ဖူးတာမရှိခဲ့။ အများစုဟာ နှုတ်နဲ့သာပြောနေကျအတိုင်း ပြောနေလိုက်သည်။ တစ်ခါတလေ စတော့ရှယ်ယာဆုံးပြီး သူဌေးဒေဝါလီခံသွားရလို့ လစာ မရကြဘူး။
ဒါကြောင့် အခုလိုကတိမျိုးရတဲ့အတွက် ငါးယောက်လုံး အနည်းငယ်သာ ဝမ်းသာသွားကြပြီး ဥက္ကဠကို ကျေးဇူးတင်စကားဆိုခဲ့ကြသည်။
ကျန်းစစ်မင်ကတော့ စိတ်မဝင်စား ခေါင်းလှည့်ပြီး လီယင်ဇီ အား
“လက်ရှိအခြေအနေ အများကြီးမကောင်းပေမယ့်လို့ ကုမ္ပဏီ ပြန်လည်ပြင်ဆင်တာ မပြီးဆုံးခင်အထိတော့ အားလုံးရဲ့အလုပ်ပတ်ဝန်းကျင် အမြင့်ဆုံးစံနှုန်းရောက်နေအောင် ထိန်းထားမှဖြစ်မယ်”
ဟုပြောလိုက်သည်။
“ဒီမှာအလုပ်လုပ်ကြတာပေါ့ တစ်ရက်ကို သုံးကြိမ်စာစားစရာအတွက် အထူဂရုစိုက်ပေးမယ်။ မင်းတို့ခြောက်ယောက်လုံး အလုပ်အသွားအပြန်အတွက် ရထားစီးစရာမလိုဘူး။ ရထားစီးစရာမလိုတာမို့ တက္ကစီစီးရမယ်။ သွားစရိတ်က ကုမ္ပဏီဘက်ကပြန်ပေးမယ်။ ငါ ဒီကထွက်သွားပြီးတာနဲ့ ကိုယ်တိုင် ဆုကြေးအဖြစ် ယွမ် ၂ သောင်းပေးမယ်။”
ကျန်းစစ်မင်ရဲ့ မှတ်ချက်တွေကြောင့် လီယင်ဇီ နည်းနည်းခေါင်းနောက်သွားသည်။
ဆက်ဆံရေးကလည်းသိပ်ကောင်းတယ်!
တစ်ရက်ကို သုံးနှပ်၊ ထမင်းတစ်နပ်ကို ယွမ် နှစ်ထောင်.. ဒီတော့ တစ်ရက် ခြောက်ထောင်။
ခြောက်ယောက်လုံး တစ်ရက်ကို ယွမ်ခြောက်ထောင်ဖိုး စားလို့ရတာကြောင့် နေ့တိုင်း စားသောက်ဆိုင်ဟင်း မှာစားလို့ရပြီ
အလုပ်အသွားအပြန် တက္ကစီစီးရမယ်.. ပြီးတော့ ကုမ္ပဏီသစ် ပြန်သွားတာနဲ့ ယွမ် နှစ်သောင်း ထောက်ပံ့ကြေးရမယ်။
ဒီနေရာမှ ပထမဆုံး အလုပ်စဆင်းတာကို သူဌေးက အခုလိုမျိုး အကျိုးခံစားခွင့်တွေ ဒီအတိုင်း ပေးပစ်တာလား?
ဒါက ကတိပေးထားတဲ့ရှယ်ယာခွဲပေးတာထက် အများကြီးပိုလက်တွေ့ကျနေသည်။
မြင်သာသည့်အရာဖြစ်ပြီး ယနေ့တင် ရနိုင်သည်။
ပြီးတော့ ရှေ့ပြောထားသည့်အရာက သိပ်ဝေဝါးလွန်းနေသည်။ရှေ့လျှောက်ဘယ်လိုဖြစ်လာမည်တောင် မသိသဖြင့် ယခုဟာကို ပိုနှစ်သက်သည်။
“ကျေးဇူးတင်ပါတယ် ဥက္ကဠ!”
နောက်ဆုံး လူငါးယောက်လုံး ရင်ထဲကအပြုံးများ ပြုံးပြပြီး အလွန်ပျော်ရွှင်ဟန်ပြခဲ့သည်။
ကျန်းစစ်မင်က တည်တည်ငြိမ်ငြိမ်နှင့်ပြုံးပြကာ
“ဒါဖြင့်အားလုံး အရင်ထိုင်ကြပါဦး ဥက္ကဠ လီက အားလုံးအတွက် ပထမဆုံးတာဝန် ချပေးလိမ့် မယ်! တာဝန်အတွက် ငွေပမာဏကတော့ ၂၀ မီလီယံပါ” ဟု ပြောလိုက်သည်။
ငါးယောက်လုံး လန့်သွားကြသည်။
အစကတည်းက ဒီလောက်အထိ အကြီးကြီးဖြစ်မယ်မှန်း မထင်မှတ်ထားခဲ့ကြ။ ယခု ရှယ်ယာစျေးကွက် အတော်ခြေငြိမ်နေသည်။ ၁၀ မီလီယံ အမှာစာများပင် ခပ်ရှားရှား။
သူဌေးထိုင်ခုံကို လီယင်ဇီ ကိုပေးလိုက်ပြီး ကျန်းစစ်မင် ဘေးမှာထိုင်လိုက်စဉ် ငါးယောက်လုံး ချက်ချင်းခါးမတ်သွားကြသည်။
ကျန်းစစ်မင် အနေဖြင့် ကုမ္ပဏီ၏ နေရာတစ်ခု တည်မြဲရေး အတွက် သူ့ကိုကူညီပေးနေမှန်း လီယင်ဇီ သိသည်။
ဒီအတွက် ကျေးဇူးတင်သည့် အနေဖြင့် ဒီ “တိုက်ခိုက်မှု” ပန်းတိုင်ကို အားလုံးကို ပိုသေသေချာချာ စတင်ရှင်းပြလိုက်သည်။
“ဒီတစ်ကြိမ် ငါတို့ မျက်စိကျနေတာ လျန်အန် ရဲ့ရှယ်ယာတွေဖြစ်တယ်။ သူတို့ရှယ်ယာတွေ အရောင်းတင်ထားတာ အလွန်ဆုံး တစ်ပတ်အပြင် မရှိသေးသလို စျေးကလည်း သိပ်နိမ့်တယ် တစ်ယွမ်တည်းပဲ။ မကြာခင်စျေးကွက်မျာ မြင်းနက်တစ်ကောင် ဖြစ်လာလိမ့်မယ်”
လျန်အန် ရှယ်ယာတွေလား
ပွဲစားငါးယောက်လုံး ခဏချင်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိလိုက်သည်။
ဒီရှယ်ယာ ကိုတစ်ခါမှမကြားဖူးခဲ့။
ဒီလိုရှယ်ယာသစ်မျိုး ကစားရဲတယ်လား? ဒီလိုသူဌေးက တကယ်ပဲ ယုံကြည်ရပါ့မလား?
ပွဲစားငါးယောက်လုံး သူတို့မက်ခဲ့တဲ့အိပ်မက် ရုတ်တရက်ကြီး ကွဲကြေသွားသလို ခံစားလိုက်ရသည်။
အခုမှ အမိဝမ်းကျွတ် မွေးကင်းစကလေး လိုမျိုး ဘယ်သူက အတွင်းသတင်းမရှိဘဲ ဒါမျိုးကစားရဲရသလဲ။
ဒါပေမယ့် လီယင်ဇီ ကတော့ သူတို့အမူအယာကို မြင်ပုံမရ ပြတ်ပြတ်သားသား ဆက်ပြောသည်
“ ဒါကြောင့် မနက်ဖြန်မရောက်ခင် စျေးကွက်က လျန်အန် ရဲ့ရှယ်ယာ အကုန်ရှင်းပစ်ဖို့ ၂၅ မီလီယံ သုံးရမယ်.. ပြီးရင် စျေးက ၃.၅ ယွမ်ထိ ရောက်ရမယ်။ အဲ့ဒီနောက်မှာမှ နောက်တစ်ဆင့်တက် တာဝန်ကို ငါစီမံကွပ်ကဲမယ်”
“လင်းဂျင်ယုန် မင်းတာဝန်က အရေးအကြီးဆုံး တာဝန်လည်းဖြစ်တဲ့ နေရာတစ်ခု တည်ဆောက်ဖို့ဖြစ်တယ်။ မင်းအနေနဲ့ ဒီနေ့မှာ လျန်အန် ရှယ်ယာကို RMB ၂ နဲ့ ၇၀ ကျော်ရောက်အောင်တင်ရမယ်.. ပြဿနာရှိသလား?”
လင်းဂျင်ယုန် ဆိုသူမှာ ခေါင်းမပြောင်နေဘဲ ရှားရှားပါးပါး တွေ့ရခဲသောမျက်နှာမျိုးဖြင့် သက်လတ်ပိုင်း ယောင်္ကျားတစ်ယောက်။
ပုံမှန်အတိုင်းပင် ဘာပြဿနာမှမရှိဘူးဆိုကာ သဘောတူပစ်လိုက်သည်။
လီယင်ဇီ အကျေနပ်ကြီး ကျေနပ်သွားပြီး အမိန့်များဆက်ပေးသည် ။
“လီဇီရှီ မင်းတာဝန်ကတော့ နေရာကို ကာကွယ်ပေးဖို့ပဲ ဒီနေ့နဲ့မနက်ဖြန် မင်းဟာ ..”
လူငါးယောက်လုံးကို တစ်ချိန်တည်း လီယင်ဇီ နာမည်ခေါ်သွားပြီး တာဝန်ကြီးများ ပေးလိုက်သည်။
လူငါးယောက်တည်းမို့ မဖြစ်နိုင်တာ မရှိ။ လူ ၂၀ ကျော် ဒါမှမဟုတ် ထို့ထက်ပိုများသော သူများ မဖြစ်မနေ ပြီးအောင်လုပ်ပေးရတော့မည်။
ကျန်းစစ်မင် နှုတ်ဆိတ်စွာ လီယင်ဇီ ကို စောင့်ကြည့်နေမိသည်။
လီယင်ဇီ ဟာ ရှေးခတ်အခါက မွေးဖွားလာသလားလို့ ခံစားမိနေတယ်.. အဲ့ဒီလို သာဆို သေချာပေါက် အမျိုးသမီးစစ်သူကြီးနေရာကို အရယူထားလိမ့်မယ်။
ပြီးတော့ မုတ်ဆိတ်မရိတ်မယ့် အမျိုးသမီးဖြစ်လာမှာဗျ!
တာဝန်ပေးပြီးသည့်နောက် လီယင်ဇီ လက်ထဲမှ မှတ်စုစာအုပ်ကိုပိတ်လိုက်ပြီး အားလုံးကိုပြုံး၍ ပြောလိုက်သည်:
“ဒါ တိုက်ပွဲမြေပြင်မှာ ကုမ္ပဏီပထမဆုံး စစ်ထွက်တာဖြစ်တယ်။ ဥက္ကဠကို လှပတဲ့ တိုက်ပွဲလေး တိုက်ချင်ကြောင်း ပြရမယ်... ပြီးတော့ ဥက္ကဠ ငါတို့ကိုပေးထားတဲ့ ကောင်းမွန်စွာ ဆက်ဆံမှုနဲ့အညီ တက်ကြွလှုပ်ရှားမှု ရှိရမယ် နားလည်ရဲ့လား!”
လီယင်ဇီ ဟာ ရှန်ဟိုင်း စတော့ရှယ်ယာ အလဲအလှယ်လောက မန်နေဂျာလောင်းအဖြစ် သိပ်နာမည်ကြီးသည်။ရှန်ဟိုင်းစတော့စျေးကွက်က လူတိုင်း မသိသူမရှိ။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း သူ့စွမ်းဆောင်ချက် သာမန်လေး ဆိုပေမယ့် ပြီးခဲ့သောနှစ်ပိုင်းအတွင်း သူ့ အောင်မြင်တဲ့စွမ်းဆောင်ရည်များဟာ အသက်ကြီးသူစီးပွားရေးလုပ်ငန်းရှင်များ မှတ်ဉာဏ်တွင် တံဆိပ်ရိုက်နှက်ထားဆဲဖြစ်သည်။
လီယင်ဇီ အခုလိုမျိုးယုံကြည်ချက်ရှိနေတာ မြင်ရတော့ သူတို့ငါးယောက်လုံးလည်း ဒီခံစားချက်ကူးစက်ပြီး တစ်ပြိုင်နက်တည်း အော်လိုက်ကြ သည်!
နောက်ထပ်တွင် ကုမ္ပဏီချက်ချင်းပဲ စတင်လှုပ်ရှားလိုက်ပြီမို့ အဲ့ဒီကတည်းက ကီးဘုတ်သံများ တဖွဲဖွဲများ ဖြစ်လာသည်။ ပွဲစားငါးယောက်လုံး အဆက်မပြတ် လီယင်ဇီ ကို သတင်းပို့နေကြသည်။
“လျန်အန် ရဲ့ စတော့ ရှယ်ယာ သုံးထောင် အားလုံးဝယ်ပြီး”
“လျန်အန် ရဲ့စတော့ရှယ်ယာ ငါးထောင် အားလုံးဝယ်ပြီး”
“လျန်အန် ရဲ့ရှယ်ယာ RMB ၁.၈ ထိတက်သွားပြီ”
“သူဌေး လျန်အန် ရဲ့ တစစီပြန့်ကျဲနေတဲ့ရှယ်ယာအကုန်လုံး ဝယ်ပြီးပါပြီ .. အခုထိ ရှယ်ယာအနည်းငယ်ထည့်ဝင်သူနဲ့ များများထည့်ဝင်သူ အနည်း အကျဉ်း ကျန်နေသေးတယ်... ဝယ်ချင်သေးလား?”
“အားလုံးဝယ်ပစ်လိုက်! ၂၅ မီလီယံ မနက်ဖြန်မရောက်ခင် အားလုံး သုံးပစ်ရမယ်... ဒါပေမယ့် သတိထား ပြိုင်ဘက်တွေ သဲလွန်စ မမြင်သွားစေနဲ့ တိတ်တိတ်ဆိတ်ဆိတ် ဝယ် အကောင့်တွေရာနဲ့ချီ ဖွင့်ပြီးဝယ်... ပြိုင်ဘက်တွေ စျေးတင်မယ့်အခွင့်အရေးလုံးဝ မရစေနဲ့!”
…
သူတို့ တတောက်တောက် အလုပ်ဆူနေသံနားထောင်ပြီး ကျန်းစစ်မင် ပျင်းလာသည်... ဘာတွေပြောနေကြသလဲ လုံးဝကို နားမလည်နိုင်တော့။
လီယင်ဇီ ကို တစ်ခုခုပြောပြီးသည့်နောက် သူအရင်ထွက်လာလိုက်သည်။
လီယင်ဇီ ကတော့ မော့မကြည့်။ ဒီတော့သူအလုပ်ရှုပ်ရပြီ။
ကျန်းစစ်မင် ရယ်လည်းမရယ် ငိုလည်းမငိုနိုင် အလုပ်ဆိုအလုပ်သမား လီယင်ဇီ က တကယ်တော့ တန်ဖိုးရှိသည်။
ဒီလိုလက်ထောက်မျိုးကိုစိတ်ပူပြီး အိပ်ဖို့သူ့မိန်းမကိုလိုက်ရှာဖို့ အိမ်ပြန်သွားသည်
“ဥက်ကဠ!”
လီယင်ဇီ အိမ်ကနေလိုက်ထွက်လာသည်
“ဘာလို့ အခုလိုမျိုး ခေါ်ရတာလဲ? အမြဲ ရှောင်မင်ဇီ လို့ ခေါ်နေကျ မဟုတ်လား”
ဟု ကျန်းစစ်မင်က အံ့ဩသွားသည်
လီယင်ဇီ က ခေါင်းခါလိုက်ပြီး အတည်မျက်နှာပေါက်ဖြင့် ပြောလိုက်သည်။
“ အလုပ်ချိန်အတွင်းတော့ ဥက္ကဠ လို့ခေါ်မှဖြစ်မှာပေါ့.. နားချိန်ကျ ရှောင်မင်ဇီ လို့ခေါ်ပါ့မယ်”
“ကောင်းပြီလေ မင်းသဘောပဲ ဘာလို့ခေါ်တာလဲ?”
ဟု ကျန်းစစ်မင် မေးလိုက်သည်
“ကျွန်မတို့ ကုမ္ပဏီနာမည် အခုထိ မသတ်မှတ်ရသေးလို့ ဥက္ကဠ”
“အိုက်ယား ငါ့ဦးနှောက်ကိုကြည့်စမ်း မေ့နေတာ!”
ဟု ကျန်းစစ်မင်က ပေါင်ပုတ်လိုက်သည်။
လီယင်ဇီ တစ်ယောက် ကိုယ့်ဒေါသကို မျိုသိပ်ပြီး အခုလို အားမကိုးရတဲ့သူဌေး ရှေ့ရင်ဆိုင်နေရတာ အတော် သနားစရာပါ။
“စီမင်းငွေကြေးကဏ္ဍ ဆိုဘယ်လိုလဲ?”
လီယင်ဇီ အကြံပြုလိုက်သည်။
ကျန်းစစ်မင် ချက်ချင်းပဲ ခေါင်းယမ်းလိုက်ပြီး
“ဟင့်အင်း ဟင့်အင်း အရင်းခံဆန်လွန်းတယ်.. ဘယ်သူက ကိုယ့်နာမည်ကို ကုမ္ပဏီ နာမည် ထားမှာလဲ? ကိုယ့်ကိုကိုယ်ကြေညာလွန်းတယ်”
ဟု ပြောလိုက်သည်။
စဉ်းစားပြီးသည့်နောက် ကျန်းစစ်မင် နာမည်တစ်ခု ရလာသည်
“ဒီတော့ ငါတို့ကုမ္ပဏီကို ‘ယင်ဟွမ်’ ငွေကြေး လို့ခေါ်ကြမယ်”
လီယင်ဇီ ထပ်ခါထပ်ခါရွတ်နေလိုက်သည်:
“ ဟွမ်ယူ.. ငွေကြေးကဏ္ဍကို အနိုင်ယူခြင်း... အနိုင်ယူခြင်း... နာမည်ကောင်းပဲ!”
ယင်ဟွမ် ငွေကြေး ကုမ္ပဏီ လိမိတက် ဆိုပြီး တရားဝင် စရင်းသွင်းလိုက်တော့မည်။
::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။