136 - 140

139 3 0
                                    

အပိုင်း - ၁၃၆ (အသင်းသုံးသင်း ငြိကုန်ကြပြီ၊ နတ်ဘုရားက လှလိုက်တာ။)
ကျွန်းမြေပုံပေါ်မှာ ကားအသစ်တစ်စီးကို မောင်းနှင်ရင်း ကျန်းစစ်မင်သည် တိဗက်လူမျိုးများအား ရှာရလွယ်သည့် နေရာတစ်ခုသို့သွားလိုက်လေသည်။
သူက ကားကို အတော်မြန်မြန်မောင်းပြီး ကားရဲ့အရှေ့ပိုင်းကို တစ်ချိန်လုံးကွေ့ကောက်နေတော့သည်။
ဝေ့ရှန်းတို့ သုံးယောက်သားက နိုင်ငံ့အသန်မာဆုံးထုတ်လွှင့်သူကို မြင်နေရသကဲ့သို့ စောင့်ကြည့်နေကြတော့သည်။
ထိုအချိန်တုန်းက သူက ဒီလိုမျိုးပဲ။ ဆိုင်ကယ်မောင်းရင်း စက္ကန့်ပိုင်းအတွင်းမှာ လူတွေကို တွေ့ပြီး နေရာတိုင်းမှာ လူသတ်ဖို့ လိုက်ရှာနေခဲ့သည်သာ။
သို့သော် ထိုအချိန်က ထုတ်လွှင့်သူပြိုင်ပွဲတစ်ပွဲသာဖြစ်ပြီး အဆင့်တွေက မညီမျှပဲ တစ်ကိုယ်တော်ပွဲသာဖြစ်သည်။
ဤတစ်ခေါက်က လေးယောက်ပွဲပင်! နောက်ပြီး ကမ္ဘာ့ဗိုလ်လုပွဲဖြစ်သည်။
ဝေ့ရှန်းက ဒူးထောက်ကာ ကျန်းစစ်မင်ကို တောင်းဆိုချင်မိသည်။
“တာ့ကော၊ ကောင်းကောင်းလုပ်ပါဗျာ။ နောက်ပြီး ဂရုလေးစိုက်ပြီး အဲ့လိုမလုပ်နဲ့လေဗျာ။ ကော အဲ့လိုလုပ်ရင် ကျွန်တော်တို့ရဲ့ နှလုံးသားလေးမှာ ငှက်တွေဝဲနိုင်တော့မှာမဟုတ်ဘူးလို့.........”
သို့သော် ကျန်းစစ်မင်က ဤတွေ့ဆုံမှုမှာ အာရုံစိုက်နေသည်ဖြစ်ကာ သူတို့ မနှောင့်ယှက်ရဲပါပေ။
မတော်တဆအမှားတွေသာ ဖြစ်သွားခဲ့ရင် သူတို့ရဲ့ စိတ်ဝိဉာဉ်လေးတွေကို စိုးရိမ်သွားရလိမ့်မယ်။
ကားက ဆိပ်ကမ်းမြို့ L မှ မြို့တော် P ၏ ဦးတည်ချက်ကို ရှောင်ကွင်းသွားလေသည်။ မြို့တော် Pတွင် 17th အဖွဲ့ရှိနိုင်ချေမြင့်သောကြောင့်ကျန်းစစ်မင်က မဟာမိတ်တပ်များကို ရိုက်ရမည်စိုး၍ အဲ့ကို မသွားပေ။
သူက ကားကို လေကြောင်းတိုက်ခိုက်မှု အဆောက်အအုံအနီးသို့ မောင်းသွားလိုက်သည်။
မရပ်တန့်ခင်၌ပင် လေကြောင်းတိုက်ခိုက်မှု အဆောက်အအုံမှ kar98 ကျည်တစ်တောင့် ရောက်ရှိလာလေတော့သည်။
ကံကောင်းထောက်မ၍ ကျန်းစစ်မင်က ကားရှေ့ပိုင်းကို မကြာခဏ ဆက်လက်ကွေ့ကောက်နေခဲ့ပြီး တစ်ဖက်လူ၏ ကျည်ဆန်က သူ့ကို မထိခဲ့ပေ။
ဤသည်က လေကြောင်းတိုက်ခိုက်မှု အဆောက်အအုံထဲတွင် ပုန်းအောင်းနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ကျင်းလေးကျင်း၏ တစ်ကျင်းစီတွင် တစ်ယောက်စီဖြစ်သည်။
သို့သော် ပြစ်ချက်တစ်ချက်ကို ကျင်းတစ်ကျင်းကနေပစ်ခတ်လာသည်နှင့် ကျန်သုံးယောက်က ချက်ချင်းပင် ထိုကျင်းကို ဝန်းရံပေးရန် ပြေးသွားကြလေသည်။
သူတို့မှာ အနှိုက်ခံရမှာ ကြောက်တာကြောင့် မတ်တပ်ရပ်ပြီးပင် မတိုက်ခိုက်ရဲကြပေ။
လှိုဏ်ဂူအဝင်ဝ၏ လှေကားအောက်တွင် နေကြကာ အရိုက်ခံလိုက်ရသည်နှင့် ထွက်ပြေးနိုင်သည်လေ။
လူလေးယောက်က ကျင်းတစ်ကျင်းတည်းတွင် ဖျစ်ညှစ်နေကြပြီး သေနတ်သုံးလက်၏ ပစ်အားကတော့ ကြောက်ခမန်းလိလိပင်။
ကျန်းစစ်မင်မှာ သူတို့၏ တိုက်ခိုက်မှုကြောင့် အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်သွားရပြီး သူ့နှလုံးသားကို ကြက်ခြေခတ်ကာ လီဗာကို တဆုံးနင်းလိုက်ရင်း ကျင်းဆီမောင်းချလာတော့သည်။
လေးယောက်သားမှာ တစ်ခုခုမှားနေပြီဖြစ်ကြောင်း ခံစားလိုက်မိပြီး ချက်ချင်းပင် ရိုင်ဖယ်သေနတ်ကို ပြောင်လဲချင်နေကြတော့သည်။
တကယ်တော့ သူတို့သာ စောစောစီးစီး ရှင်းလင်းဖို့ ရိုင်ဖယ်သေနတ်ကို ပြောင်းခဲ့ပါက မကြာခင်မှာပဲ ကျန်းစစ်မင်တစ်ယောက် ကားထဲမှ ခုန်ထွက်လာလိမ့်မည်၊ သို့မဟုတ် ကားက ပေါက်ကွဲသွားလိမ့်မည်ပင်။
သို့သော် လက်ရှိမှာတော့ သူ ရိုင်ဖယ်ကို ပြောင်းခဲ့သည်။
နှစ်ချက်ပင် မပစ်လိုက်ရပါပဲ ကျန်းစစ်မင်၏ ကားက သူ့ကိုတိုက်နှင့်ပြီးသားဖြစ်နေလေပြီ။
“Wow အစ်! ပြေး!”
လေးယောက်သားမျာ ဗီယက်နမ်အသင်း၏ အဖွဲ့ဝင်များဖြစ်သည်။
ကျန်းစစ်မင်၏ ကား နီးကပ်လာနေသည်ကို မြင်သောအခါ သူတို့လေးယောက်လုံး ကျီးလန့်စာစားဖြစ်ကုန်ကြပြီး လှိုဏ်ဂူထဲ ဝင်ပြေးချင်နေကြတော့သည်။
သို့သော် ကျန်းစစ်မင်၏ ကားက လေကြောင်းတိုက်ခိုက်မှုအဆောက်အအုံထဲသို့ ထိုးဆင်းသွားဖို့ အကြောင်းဖန်လာခဲ့ပြီး လှေကားအတိုင်း ထိုးကျလာတော့သည်။
လှိုဏ်ဂူ၏ အဝင်ဝသည် မည်သည့် ကတုတ်ကျင်းမှမရှိပဲ အောက်ကို တည့်တည့်ဆင်းနေသည့် လှိုဏ်ခေါင်းတစ်ခုရာ ကျန်းစစ်မင်၏ ကားက လမ်းတောက်လျှောက်မောင်းနှင်သွားရင်း တစ်ယောက်ပြီးတစ်ယောက်ကို သေသည်အထိ ဝင်တိုက်သွားလေတော့သည်။
နောက်ထပ် 4 kills!
ပရိတ်သတ်များမှာ သိမ်းသွင်းခံလိုက်ရတော့သည်။
သောက်ရမ်းကောင်းလွန်းတယ်! တအားများလွန်းတယ်!
ထို့နောက် လှောင်ရယ်သံတစ်ခု ရှိနေခဲ့လေသည်။
ဒီလိုကံမကောင်းတဲ့ ဒရမ်မာမျိုး၊ သူတို့ ကြည့်ချင်တယ်။
ယခင်VSG အဖွဲ့ ကျန်းစစ်မင်၏ကားနှင့် အသေတိုက်ခံခဲ့ရသကဲ့သို့ပင်။
ယခု ဗီယက်နမ်အဖွဲ့မှာလည်း ကျန်းစစ်မင်၏ ကားကြောင့် လျှောသွားခဲ့လေပြီ။
ဤသည်ကသာ တကယ့်ကမ္ဘာဖြစ်ပါက ကျန်းစစ်မင်အတွက် ဆယ်ကြိမ်လောက်ပစ်ဖို့ လုံလောက်နေပြီဖြစ်သည်။
သို့သော် ၎င်းက ဂိမ်းတစ်ခုသာဖြစ်သည်။
ကားများများ တိုက်လေလေ၊ လူတိုင်း ပိုစိတ်လှုပ်ရှားလာရလေလေဖြစ်သည်။
တကယ်တမ်းတွင် အပြစ်က သူတို့တစ်ချိန်လုံး စနိုက်ပါသုံးနေလို့သာဖြစ်သည်။
သူတို့ ရိုင်ဖယ်တစ်လက်သာကိုင်ခဲ့ပါက ဘယ်လိုလုပ် ကျန်းစစ်မင်က လူလေးယောက်ရဲ့ ရိုင်ဖယ်ပစ်ချက်ရှေ့ကို အပြေးအလွှားဝင်လာနိုင်ပါ့မလဲ။ နောက်ပြီး လမ်းတစ်ဝက်လောက်မှာတင် ကားထဲမှာ စောစောစီးစီးကြွသွားမှာပေါ့။
သို့သော် ဗီယက်နမ်အဖွဲ့က ဒီလို အဆင်ခြင်မဲ့တဲ့လူမျိုးကို တခါမှမတွေ့ဖူးတာကြောင့်လည်း ဖြစ်နိုင်သည်။
သူတို့တခါမှ မမျှော်လင့်ထားခဲ့မိတဲ့ မဆင်မခြင်တစ်ယောက်နဲ့ လေးယောက်ပေါ့~
နောက်တစ်သင်းကို သတ်ပြီးနောက် ကျန်းစစ်မင်သည် တစ်ခုစီတွင် ပေါင်နှစ်သိန်းဆီပါသည့် ရွှေရောင်အပိုင်းအစနှစ်ခုကို မြေပေါ်မှ ကောက်လိုက်ကာ လှည့်ပတ်ကြည့်လိုက်ပြီး လေကြောင်းတိုက်ခိုက်မှု အဆောက်အအုံမှ လမ်းလျှောက်ထွက်လာလိုက်တော့သည်။
လက်ရှိ 8 kills နှင့် killအရေးအတွက်က ဤပွဲတွင် လက်တလောအမြင့်ဆုံး killအရေအတွက်ကို ကျော်လွန်သွားပြီးဖြစ်ကာ ၎င်းက တစ်သင်းလုံးကို ရည်ညွှန်းလေသည်။
အသင်းကြီးများက သူတို့ ဖိုင်နယ်ကို ပိုရောက်လာလေလေ၊ တစ်ချက်လောက်ပစ်ဖို့ အလားအလာပိုနည်းလာလေဖြစ်သည်။ သို့သော် ကျန်းစစ်မင်ကတော့ လုံးဝကွာခြား၏။
သတ်ဖြတ်ခြင်းပဲဖြစ်ဖြစ် သတ်ဖြတ်ဖို့ပဲဖြစ်ဖြစ်ပေါ့..........
ထို့ကြောင့် ပွဲ၏ အမြင်က အမြဲတမ်း ကျန်းစစ်မင်ပေါ်တွင်သာ ရှိနေပြီး သူက ကြည့်ရှုသူပရိတ်သတ်အားလုံးကို ဆွဲယူမိလုနီးပါးပင်။
ဒါရိုက်တာက ရံဖန်ရံခါ အခြားကစားသမားတွေကို မြင်ရဖို့ ဖြတ်ထုတ်လိုက်လျှင်တောင် မကျေမနပ်ဖြစ်နေကြသည့် ပရိတ်သတ်ထုကြီး ရှိနေလိမ့်မည်သာ။
ဤသည်က အနာဂတ်တွင် ကျန်းစစ်မင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းကျော်ကြားမှုအတွက် အကူအညီကြီးတစ်ခုပင်ဖြစ်ပြီး တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေ သူ့ကို နက်နက်ရှိုင်းရှိုင်း သတိရနေအောင် လုပ်နိုင်လေသည်။
ဂျော့က ဤသည်ကို မြင်ရတာ သဘောကျလိမ့်မည်ပင်။
ဒီတစ်ခါက်တော့ ယာဉ်မရှိသည့် ကျန်းစစ်မင်က တအားရူးသွပ်နေသည်မဟုတ်သော်လည်း တစ်ယောက်ယောက်ကို အပြေးအလွှာရှာဖွေနေဆဲပင်။
တံတားအနီးရှိ တံငါရွာဆီသို့ လာနေရင်း ကျန်းစစ်မင်သည် သေနတ်သံကြားလိုက်ရကာ အပြေးသွားလေတော့၏။
ထိုနေရာတွင် အဖွဲ့သုံးဖွဲ့တိုက်ခိုက်နေကြပြီး လူတွေမှာမကြာခဏပင် ကုန်း ကုန်း နေကြလေသည်။
(tn/ knock down ဖြစ်သွားတာပါ။ မြန်မာလိုဆိုရင်တော့ ကုန်းသွားတယ်လို့လည်း ပြောတယ်ပေါ့နော်။ ဘာလို့ဆို အဲ့လိုဖြစ်ရင် လေးဖက်ထောက်သွားတာကိုး။ pubg ဆော့ရင်တော့သိမယ်ထင်တယ်)
ကျန်းစစ်မင်က ညာဘက်အပေါ်ထောင့်က အချက်အလက်ကို ကြည့်လိုက်ပြီး ဂျပန်အသင်း၊ တောင်ကိုရီးယားအသင်း နှင့် ထိုင်း AGအသင်းတို့ အချင်းချင်း ထိုးဆိတ်နေကြခြင်းဖြစ်ကြောင်း တွေ့ရှိသွားတော့သည်။
ဤသည်က အမှန်ပင် လှပလှသည်။
သူအဖွဲ့ဝင်တွေကို တစ်ပြိုင်တည်းသတ်ခဲ့ခြင်းအတွက် သူ့အား ကလဲ့စားချေခွင့်ပေးနေသည်ပင်။
ကျန်းစစ်မင်က လက်ခါ၊ ခါးကိုင်းလိုက်ပြီး ဇတ်ချိုးကာ တံငါရွာ၏ မျက်နှာချင်းဆိုင်ရှိ သစ်သောထဲသို့ အမြန်လျှောက်ဝင်သွားလိုက်သည်။
အရှေ့ဘက်က အဖွဲ့၏ ရှုထောင့်ကို ပါးနပ်စွာရှောင်ရှားလိုက်ရင်း၊ သူ့အနောက်ဘက်မှ ထိတွေ့ရင်း သူ့လက်ထဲရှိလက်က စက်သေနတ်ကဲ့သို့ပင် သုံးဖွဲ့ထဲမှ အနီးဆုံးအဖွဲ့အား အလင်းအလျင်ဖြင့်သတ်ဖြတ်တော့သည်!
BB အသင်း၏ အဖွဲ့ဝင်များမှာ ဘာဖြစ်သွားမှန်ပင်မသိလိုက်ပါပဲ သူတို့သေသွားခဲ့ရလေသည်။
အထောက်အထားကိုတွေ့လိုက်ပြီးနောက်မှ ၎င်းမှာ တကယ်ပင်ကျန်းစစ်မင်ဖြစ်နေကြောင်း ရှာတွေ့လိုက်ကြတော့သည်။
“ထပ်ပြီး ဒီလူပဲ၊ သူပဲ!”
ဂျပန်အသင်းမှာ အရမ်းစိတ်ပျက်သွားမိသော်လည်း တစ်ချိန်တည်းမှာ အလွန်မနာလိုဖြစ်မိပြီး ကြောက်ရွံ့နေမိတော့သည်။
ဂျပန်အသင်းကို သတ်ပြီးနောက် ကျန်းစစ်မင်၏ တည်နေရာက လုံးဝဖော်ထုတ်ခံလိုက်ရပြီး နှစ်သင်းလုံးက သူ့ကိုပစ်လာကြတော့သည်။
အပြန်အလှန်နားလည်မှုတစ်ခု ဖြစ်တည်လာသကဲ့သို့ပင် သူတို့က ကျန်းစစ်မင်ကိုသာ တိုက်ခိုက်ကြပြီး သူတို့အချင်းချင်း ခေတ္တအတိုက်အခိုက်ရပ်ထားလေသည်။
ဒီလူက ကျန်းစစ်မင်ဖြစ်ကြောင်းသိပြီးနောက် နှစ်သင်းလုံး၏ သူ့အပေါ်အကြောက်တရားမှာ ပြိုင်ဘက်၏ ပုံစံအပြည့်အဝကို လုံးဝကျော်လွန်သွားခဲ့ပြီးဖြစ်သည်။
မင်းစိတ်အေးလက်အေး မတိုက်ခိုက်နိုင်ခင် ကျန်းစစ်မင်ကို သတ်မှကို ဖြစ်မယ်။
ကျန်းစစ်မင်သည် ချက်ချင်းပင် သစ်ပင်ကြီးတစ်ပင်ရှာလိုက်ကာ ဝပ်ချလိုက်တော့သည်။
သူက သူ့ခြေဖဝါးအောက်က တိတ်တဆိတ် မီးခိုးဗုံးများခင်းကာ ယာယီရှောင်ရှားနေလိုက်သည်။
လူရှစ်ယောက်က သူ့ကို တိုက်ခိုက်နေတော့ သူ ပွင့်လင်းတဲ့ နတ်သမီးတစ်ပါးကိုတောင် ရိုက်နိုင်မှာမဟုတ်ဘူး။
ထို့ကြောင့် သူ သူ့ဦးနောက်ကိုသုံးရမည်ပင်။
ကျန်းစစ်မင်ကို ရှာမတွေ့သေးသည့် တောင်ကိုရီးယားRSGအသင်းက ဗုံးတွေကို မသုံးတတ်သလိုမျိုး မီးခိုးဗုံးထဲသို့ မိုးကြိုးလျှပ်စီးတွေတစ်ခုပြီးတစ်ခု ပစ်ထည့်လာတော့သည်။
သူတို့တွေ ကျန်းစစ်မင်ကို သတ်နိုင်နေသ၍ သူတို့ အိတ်ထဲက လက်ပစ်ဗုံးအရေအတွက်ကို ပေးရန်ဆန္ဒရှိသည်။
သို့သော် ကံဆိုးစွာပင် မိုးကြိုးသွားခုနှစ်ခု ရှစ်ခုလောက်ပစ်ပြီးနောက် ကျန်းစစ်မင်က အသက်ရှင်နေဆဲ။
“မဟုတ်ဘူး........ဂရုစိုက်ကြ။ သူ ငါတို့နောက်ကို ပြေးလာလောက်တယ်.......အဟုတ်ပဲ၊ အနောက်နားမှာဟ!”
RGS လူတွေ ရှာတွေ့လိုက်ပြီးနောက် ကျန်းစစ်မင်က သူတို့နှင့် ၂၀မီတာအတွင်းကို ရောက်နှင့်နေပြီးသားဖြစ်သည်။
ကျန်းစစ်မင်သည် ပိုနီးနီးရောက်ချင်သော်လည်း ဖော်ထုတ်ခံလိုက်ရ၏။
သူ ရှာတွေ့ခံလိုက်ရလျှင်တောင် ကျန်းစစ်မင်က နောက်ထပ်ပြန်ဆုတ်ဖို့ရည်ရွယ်ချက်မရှိ။
သူ ဗီယက်နမ်အသင်းဆီမှ ကောက်ခဲ့သည့် kar 98က သူ့ကို ပထမဆုံးရှာတွေ့သွားသည့် RSGအဖွဲ့ဝင်နောက်ကို လိုက်ကာ headshot တစ်ချက်ပစ်လိုက်တော့သည်။
လူတစ်ယောက်ကိုသတ်လိုက်ပြီးနောက် ကျန်းစစ်မင်မှာ ဒုတိယတစ်ယောက်ကို သတ်ဖို့ အချိန်မရှိပါပဲ ဘယ်ဘက်ရှိ သစ်ပင်ကြီးအောက်၌ လှည့်ပုန်းလိုက်တော့သည်။
သူထွက်သွားပြီးပြီးချင်းမှာပင် မူလနေရာက သေနတ်သုံးလက်နှင့် တစ်ပြိုင်တည်းအပစ်ခံလိုက်ရလေသည်။
မြန်မြန်ပြေးခဲ့ခြင်းသာမဟုတ်ခဲ့ပါက သေသွားလောက်မည်သာဖြစ်သည်။
သို့သော် ပစ်ချက်သုံးချက်ကြောင့် ကျန်းစစ်မင်သည်လည်း သူတို့အားလုံး၏ တည်နေရာကို သတ်မှတ်ပိုင်းခြားနိုင်လိုက်လေသည်။
ခါးမှ လှိုင်းကြွနေသည့် သတ္တုဗုံးကို ယူ၊ ကွင်းကို ဆွဲပြီး စက္ကန့်ရေတွက်၍ ပစ်လိုက်တော့သည်!
ဗုံးတစ်လုံးမှာ ကျောက်တုံးအနောက်ဘက်ရှိ တောင်ကိုရီးယားအသင်း၏ ခြေရင်းသို့ အတိအကျအပစ်ခံလိုက်ရလေ၏။
ရှောင်တိမ်းရန်ပင် အချိန်မရလိုက်။ ဗုံးက မြေပေါ်ရောက်သည်နှင့် ပေါက်ကွဲသွားတော့၏။
အသင်းဖော်တစ်ယောက်က ဘေးမှ သူ့ကို ကူဖို့ ကြိုးစားသော်လည်း သေနတ်ကို ကြိုတင်ကိုင်ထားပြီးဖြစ်သည့် ကျန်းစစ်မင်၏ ရှင်းလင်းခြင်းခံလိုက်ရကာ ကယ်တင်ရင်းတန်းလန်း လဲကျသွားလေသည်။
အဆုံးတွင် RSG နောက်ဆုံးကစားသမားတစ်ယောက်သာ ကျန်ရစ်တော့သည်။ ကျန်းစစ်မင် လေးနက်နေသည့်မျက်နှာနှင့် ကျည်ဖြည့်လိုက်ကာ နောက်ဆုံးတစ်ယောက်အား ကွပ်မျက်ဖို့ရန်အတွက် အလွန်မြန်ဆန်ကျွမ်းကျင်သည့် ပစ်ချက်ကိုပစ်လိုက်တော့သည်။
တစ်ဖွဲ့လုံး သွေးထွက်သံယိုဖြစ်ကာ ဖျက်ဆီးခံလိုက်ရလေသည်။
သို့သော် တိုက်ပွဲ အရှိန်ကတော့ ဆက်သွားနေဆဲ။
ပြဿနာရေတွေထဲမှာ အမြတ်ထုတ်ဖို့ တစ်ချိန်လုံး တံငါသည်တွေကို စောင့်နေခဲ့သည့် ထိုင်းAG အသင်းမှာ တိုက်ပွဲပြီးသွားသည်ကို မြင်လိုက်ပြီး ချက်ချင်း ပိုက်နက်ကို ခြေမှုန်းတော့သည်။
လူလေးယောက်က ကျန်းစစ်မင်ကို ဦးတည်ပြီး တရစပ်ပစ်ခတ်လေ၏။
ရှက်ဖွယ်ကောင်းတဲ့ နည်းလမ်းနဲ့ အဖွဲ့လိုက်ကျပန်းပစ်ချက်တွေကို အသုံးပြုတာက ကျန်းစစ်မင်ဆိုတဲ့ အရူးကောင်ကို သတ်ဖို့ဆိုရင် အရာအာလုံးတန်သည်ပင်။
:::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now