အပိုင်း - ၂၁၆ (Weibo ရှာဖွေမှုတွင် နံပါတ်တစ်။)
ဒုတိယထပ်တွင် စိတ်ဖိအားလျှော့အခန်း(decompression room) တစ်ခုရှိသည်။
ထိုအခန်းတွင် "ခေါင်းဆောင်း ဆောင်းပြီး တိုက်ခိုက်ရသည့်(Head Cover and Fight)" ဂိမ်းတစ်ခုရှိသည်။
၄င်းဆော့ဖ်ဝဲလ်ဗီဒီယို အတိုလေးမှာ မကြာသေးမီက လူကြိုက်များခဲ့သော ဖိအားလျှော့ဂိမ်းတစ်ခုဖြစ်သည်။
နှစ်ယောက်သား ခေါင်းဆောင်း ဆောင်းပြီး မျက်စိကို အဝတ်စည်း၍ တုတ်ပျော့ကို ကိုင်ကာ တုတ်ပျော့ဖြင့် အချင်းချင်း ရိုက်ကြသည်။
ဒီဂိမ်းက တစ်ယောက်နဲ့တစ်ယောက် ထိခိုက်နာကျင်စေခြင်းမရှိပေ။
အတွင်းနံရံများနှင့် ကြမ်းပြင်များအားလုံးသည် ကူရှင်များဖြစ်ပြီး ပျော့ပျောင်းသောတုတ်များမှာလည်း မာကျောခြင်း မရှိပေ။
သူငယ်ချင်းများ သို့မဟုတ် စုံတွဲများ အချင်းချင်း စိတ်ထွက်ပေါက် ရရန် ဖန်တီးထားသည့် အသေးစားဂိမ်းတစ်ခုဖြစ်ပြီး မကြာသေးမီက အလွန်နာမည်ကြီး လေသည်။
ကျန်းစစ်မင် နှင့် လင်းယိုနာ နှစ်ဦးစလုံးသည် ခမောက်များကို ဆောင်းထားကာ မျက်လုံးများကို အဝတ်များဖြင့် စည်းထားကြသည်။
"အိုပါး...ကျမကို တအားမရိုက်နဲ့နော်..."
လင်းယိုနာသည် သက်ညှာပေးရန် သူမက အရင် တောင်းပန်နေသော်လည်း သူမမျက်နှာပေါ်က အပြုံးမှာ ကလေးတစ်ယောက်လို ထူးထူးခြားခြား တောက်ပနေခဲ့သည်။
"ဒါက အလုပ်မဖြစ်ပါဘူး၊ မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်။ ဖမ်းမိရင်တော့ နာပြီသာမှတ်။"
ကျန်းစစ်မင်က သူမကို ခြောက်လှန့်လိုက်သည်။
"ကောင်းပြီ ကိုယ် စ တော့မယ် မင်းဘယ်မှာလဲ"
ကျန်းစစ်မင်သည် မျက်လုံးကို အဝတ်ဖြင့် စည်းထားလျက်က ပြုံးဖြဲဖြဲလုပ်ရင်း ပြောလိုက်သည်။
လင်းယိုနာသည် သူမ၏လမ်းကြောင်းကို ကျန်းစစ်မင်အား ပြောပြနေသလို ဖြစ်မည်စိုး သောကြောင့် ဘာမှပြန်မဖြေခဲ့ပေ။
သူ့မျက်လုံးများကို မှိတ်ထားသော်လည်း ကျန်းစစ်မင်မှာ အုတ်မြစ်တည်ဆောက်ရေး ပညာရှင်ဖြစ်လေရာ လင်းယိုနာ၏ တည်နေရာကို အသက်ရှုသံဖြင့် ခန့်မှန်းသိလေသည်။
လင်းယိုနာသည် ဒီအချိန်တွင် မြေပြင်ပေါ်၌ ငုတ်တုတ်ထိုင်နေသည်ကို သူ ကောင်းစွာ သိ ထားပြီး၊ သူမသည် 'တပ်ပြေး' တစ်ယောက်ကဲ့သို့ ဂရုတစိုက်လှုပ်ရှားနေဆဲဖြစ်သည်။
ကျန်းစစ်မင်သည် သူ့နောက်မှ ရယ်မောရင်း ညင်သာစွာ လျှောက်လာကာ သူမ၏ ခေါင်းကို လက်ထဲမှ တုတ်ပျော့လေးဖြင့် ပုတ်လိုက်သည်။
"အားး!"
လင်းယိုနာသည် အထိတ်တလန့်ဖြင့် ထိုင်နေရာမှ သူမလက်ထဲက ပျော့ပျောင်းသောတုတ်ကို နေရာအနှံ့ ဝှေ့ယမ်းလိုက်သည်။
ကျန်းစစ်မင် ဘယ်ရောက် နေလဲဆိုတာ သူမ မသိပေ။
အချိန်အတော်ကြာသည်ထိ လေထဲကိုပဲ ဝှေ့ယမ်းမိနေသည်။
ပေါ့ပ်~
အသံနောက်တစ်သံ ထွက်လာပြန်သည်၊ ဒီတစ်ခါတော့ ဖင်ကအသံ ဖြစ်လေသည်။
"မုန်းလိုက်တာ…လူဆိုးကြီး!"
လင်းယိုနာ၏ပါးပြင်မှာ ရှက်ရွံ့မှုကြောင့်ရဲနေပြီး နှုတ်ခမ်းကို စူကာ ကျန်းစစ်မင် ရှိမည် အထင်ဖြင့် နောက်သို့လှည့်လိုက်သော်လည်း သူမ ခန့်မှန်းသည့် ဦးတည်ဘက်မှာ မှားယွင်းနေလေသည်။
ကျန်းစစ်မင်သည် အလွန်ပင် ခံနိုင်ရည်ရှိပြီး စိတ်ထဲမှ ရယ်မောလိုက်သည်။
သူမကို အချိန်အတော်ကြာအောင် လှည့်ပတ် စနောက်နေသော်လည်း လင်းယိုနာမှာမူ ကျန်းစစ်မင်၏ အင်္ကျီစကိုတောင် မထိနိုင်ခဲ့ပေ။
သူမသည် ဒေါသအရမ်းထွက်လာပြီး ထိုင်ချလိုက်ကာ စူစူအောင့်အောင့်ဖြင့် ငိုလေသည်။
"မကောင်းတဲ့ ယောက်ျား၊ တော်တော်ဆိုးတဲ့ အိုပါး၊ ငါ့ကို အနိုင်ကျင့်နေတာ..ဟီး.."
"ငိုနေတော့ ဘာထူးမှာလဲ၊ ကိုယ် ဒီနားကိုပြန်လာပြီ"
ကျန်းစစ်မင်က သူ့နေရာကို သိစေရန် သူမ အား တမင် အသံပြုလိုက်သည်။
ဤတစ်ကြိမ်တွင် လင်းယိုနာသည် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတွင် သူမ၏ လက်ထဲတွင်ရှိသော တုတ်ပျော့ဖြင့် ကျန်းစစ်မင်အား ထိအောင် ရိုက်လိုက်နိုင်လေသည်။
"ဟုတ်ပြီ~ဝိုး ဟားဟား!"
လင်းယိုနာသည် အရူးမလေး တစ်ယောက်ကဲ့သို့ ပျော်ရွှင်နေခဲ့ သည်။
"ဟုတ်တယ် မျက်နှာကို ထိသွားတယ်၊ နာလိုက်တာ"
ကျန်းစစ်မင်က သူမကို နောက်ပြောင်လိုက်သည်။
လင်းယိုနာသည် ကျန်းစစ်မင်စကားကို ကြားသည့်အခါ မရယ်နိုင်တော့ဘဲ ထိတ်လန့်ကာ သူမ၏ ဦးထုပ် နှင့် မျက်လုံးစည်းထားသည့် အဝတ်တို့ကို အမြန်ချွတ်ပြီး ကျန်းစစ်မင်ထံ ပြေးသွားခဲ့သည်။
"အိုပါး အဆင်ပြေလား? တော်တော် နာသွားတာလား။ ပွတ်ပေးမယ်နော်။"
လင်းယိုနာသည် သူ့ကိုယ်သူ ပြစ်တင်ရှုတ်ချရင်း ဝမ်းနည်းစွာပြောကာ ကျန်းစစ်မင်၏ မျက်နှာကို သက်သာအောင် လုပ်ပေးရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ကျန်းစစ်မင်လည်း မျက်လုံးစည်းကို ချွတ်၍ပြုံးကာ သူမအား သူ့ရင်ခွင်ထဲတွင် ပွေ့ဖက် လိုက်ပြီး
"ကိုယ် မင်းကို စနေတာ၊ အရူးမလေးရဲ့"
လင်းယိုနာသည် သူမလှည့်စားခံရသည့် အတွက် စိတ်အနှောက်အယှက်မဖြစ်ဘဲ ကျန်းစစ်မင်၏ ရင်ခွင်ထဲတွင် ပျော်ရွှင်သော အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်သွားသည်။
စတိုးဆိုင်ပိုင်ရှင်က သည်းမခံနိုင်တော့ဘဲ ကစားနေသေးသလားဟု မေးပြီး၊ မကစားတော့ ပါက ကစားဖို့စောင့်နေသည့် အခြားသူများရှိနေသေးသည့်အတွက် အမြန် ထွက်လာပေး ရန် ပြောလေသည်။
သူတို့နှစ်ဦးသည် ပလေးစီးတီးမှ ထွက်မလာမီ နံနက် လေးနာရီအထိ ကစားကြပြီး လမ်းပေါ်တွင် လက်ချင်းချိတ်ကာ အိမ်ပြန်လာကြသည်။
"ယောက်ျား... ရှင့်ကို အပြင်မှာ လူတွေတွေ့ရင် ရှင်ဘယ်လိုလုပ်မလဲ?"
လင်းယိုနာသည် ဤကိစ္စအတွက် အနည်းငယ် စိတ်ပူသွားသည်။
သူတို့ ဒီလိုတွဲထွက်လာသည်ကိုသာ မြင်ပါက သူသည် ကိုရီးယားပရိသတ်များနှင့် တရုတ်ပရိသတ်များ၏ သေချာပေါက် ရှုံ့ချခြင်းကို ခံရမှာဖြစ်ပြီး မီဒီယာတွေက သူ့ကို လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။
ကျန်းစစ်မင်အား ဤမျှကြီးမားသောဒုက္ခဖြစ်စေမည်ကို တွေးတောရင်း လင်းယိုနာသည် သူ့ကိုယ်သူ တစ်စုံတစ်ယောက်၏ ဓါတ်ပုံရိုက်ခြင်းကို ပေါ့ပေါ့ဆဆ အဘယ်ကြောင့် ခံခဲ့ရ သနည်းဟု ညည်းညူခဲ့သည်။
ဒါပေမယ့် ကျန်းစစ်မင်အတွက်တော့ ဘာခံစားချက်မျှမရှိတော့။
"ကိုရီးယားအမျိုးသားတွေ ကိုယ့်ကို ဘယ်လို ဆက်ဆံကြမလဲ မသိဘူး၊ ဒါပေမယ့် ကိုယ်တို့ဆီက တရုတ်ကောင်လေးတွေကတော့ ကိုယ့်အတွက် ဂုဏ်ယူနေကြမယ်လို့ ထင်တာပဲ။ နောက်ဆုံးတော့ သူတို့ တိုင်းပြည်ရဲ့ နတ်ဘုရားမကို ကိုယ် လိုက်နိုင်ပြီလို့ သတင်းတွေ ထွက်နေတယ်။ မင်းတို့ ကိုရီးယားဒါရိုက်တာလည်း ကိုယ်တို့ ဟွာရှာတန်ဝေ နဲ့ ကြိုက်နေတယ်လို့ သတင်းတွေ့တယ်။"
ကျန်းစစ်မင်က ပြုံးပြီးပြောသည် ။
လင်းယိုနာသည် အနည်းငယ်ရှက်သွားပြီး ခေါင်းကိုလှည့်ကာ
"ဒါပေမယ့် မီဒီယာ သတင်းထောက်တော်တော်များများ ရှင့်နောက် နေ့တိုင်းလိုက်နေမှာကို ကျမ စိုးရိမ်တယ်"
ဟု ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ငါ့နောက်လိုက်ဖို့က အိပ်မက်ဖြစ်နေအုံးမှာ"
ကျန်းစစ်မင်က ရယ်မောလိုက်သည်။
သူသည် အခြေခံအုတ်မြစ်၏ အရှင်သခင်ဖြစ်သည်၊ ဒီလို ခွေးပေါက်လေး များ၏ ဖမ်းဆီးခြင်းကို ခံရနိုင်ပါသလား။
ယခုတော့ ကျန်းစစ်မင်သည် သူ့အတွေးများကို ထုတ်လွှတ်လိုက်လျှင် သူနှင့် မီတာတစ်ရာအတွင်းရှိ အရာအားလုံးကို အလွယ် တကူ သိနိုင်နေပြီဖြစ်သည်။
သူ၏နေရပ်လိပ်စာကို မီဒီယာတွေက သိနေရင်တောင် အရေးမကြီးပေ။
သူသည် တန်ဖိုးကြီး အိမ်ကြီးတစ်ခုတွင် နေထိုင်ပြီး မီဒီယာများသည် ထိုအိမ်ခြံဝန်း၏ တံခါးပေါက်သို့ မဝင်ရောက်နိုင်ပေ။
သူတို့ ခိုးဝင်နိုင်ရင်တောင် ရှောင်ရှန်းက အချိန်မရွေး သတင်းပို့ပြီး ရဲကိုဖုန်းဆက်မည် ဖြစ်သည်။
ဒါတောင်မှ လင်းယိုနာက စိုးရိမ်နေသေးသည်၊ သို့သော် ကံကောင်းထောက်မစွာဖြင့် ကျန်းစစ်မင်အား အခု ရှာမတွေ့ကြသေးသည့်အတွက် သူမ စိတ်သက်သာရာရနေသည်။
နှစ်ယောက်သား ဟိုတယ်ကို ပြန်လာခဲ့ကြသည်။
လင်းယိုနာ အိပ်ပျော်သွားသော်လည်း ကျန်းစစ်မင်ကတော့ ကြည်ကြည်လင်လင်ဖြစ်နေဆဲ ဖြစ်သည်။
ရက်အတော်ကြာ အိပ်မပျော်ခြင်းသည် သူ့အတွက် ပြဿနာမရှိလှပေ။
သို့သော် အိပ်စက်ခြင်းသည် ဘဝတွင် ကြီးမြတ်သောအရာဖြစ်သည်။
နေ့တိုင်း သူ့အိပ်ချိန် ကို အားဖြည့်ဖို့ မလိုအပ်သော်လည်း ကျန်းစစ်မင်သည် အထူးသဖြင့် သူ့ကောင်မလေး နှင့် အတူရှိနေချိန်များတွင် အိပ်ရာထဲမှာ အိပ်နေရသည်ကို နှစ်သက်လေသည်။
နောက်တစ်နေ့ မိုးလင်းတော့ ကျန်းစစ်မင်က လင်းယိုနာအား အိမ်သို့ ပြန်ခေါ်သွားသည်။
ဝမ်ရှင်းရီ နှင့် ယင်ဇီရို တို့သည် လင်းယိုနာကိုတွေ့သောအခါ အိပ်မက်မက်နေသည်ဟု ထင်မှတ်လုနီးပါးပင်။
"အစ်ကို၊ ဒီနေ့ တရုတ်သတင်းခေါင်းကြီးပိုင်းတွေရဲ့ ဇာတ်ဆောင်က ရှင်ပဲဖြစ်မယ်!"
ဝမ်ရှင်းရီက ipad ကို ကောက်ကိုင်လိုက်ပြီး Weibo သတင်းကို တစ်ချက် ဖတ်ကြည့်လိုက်သည်။
ပထမဆုံးတွေ့ရသည့် အဟော့ဆုံး သတင်းမှာ [လင်းယိုနာ၏ အချစ်ဇာတ်လမ်း ပေါ်ထွက်လာ၊ လန်ဒန်မြို့ လမ်းမများပေါ်က ချိုမြသော အနမ်းများ]
ဤသတင်းသည် ဒုတိယသတင်း [ဝမ်ဖင်း နှင့် ကျန်းဇီယီ အချင်းများပြီး ကွာရှင်းသည့်အကြောင်း] ထက် သုံးဆပိုမိုရေပန်းစားခဲ့သည်။
ကိုရီးယားဘက်ကတော့ တကယ်ကို မကူညီနိုင်ဘဲ တရုတ်ဘက်ဆီ ရောက်သွားပြီ။
နှိပ်ကြည့်လိုက်တော့ ကျန်းစစ်မင် နှင့် လင်းယိုနာတို့ ညဉ့်နက်နေသည့်အချိန် နမ်းနေသည့် ဓာတ်ပုံဖြစ်သည်။
ဤဓာတ်ပုံကို တရုတ်နိုင်ငံတွင် အပ်လုဒ်တင်ခဲ့ပြီး ယောက်ျားကောင်း မည်မျှ အသည်းကွဲကုန်ကြသည်မသိ။
[လင်းယိုနာ၏ အချစ်ရေး ၊ လန်ဒန်မြို့ လမ်းမများပေါ်တွင် ချိုမြသော အနမ်းများကို ဖော်ထုတ်ခဲ့သည် ]
"ငို၊ ငိုပစ် ၊ ငါ သေလောက်အောင် ငိုချင်တယ်!"
Weibo big V [ရဲ့ယူကျူးရှင်း]၊ Like အရေအတွက် 320,487 ကြိမ်။
"နောက်ဆုံးတော့ နတ်သမီးက သူ့အိမ်ကို ရှာတွေ့ခဲ့လေပြီ။ စွန့်စားဖို့ ဝန်လေးပေမယ့်၊ ကောင်းချီးပေးနေတုန်းပဲ!"
Weibo big V [ရဲ့လျန်], likes။ 245,781 ကြိမ်။
"ဒီလူရဲ့ နောက်ကျောက ငါ့သူငယ်ချင်း (?) (?) နဲ့တူတယ်လို့ ပြောရမယ်။"
Weibo big V [ဥကဌဝမ်], likes။ 182,457 ကြိမ်။
"အဓိကဇာတ်ဆောင်က တကယ်အတုလား? ဒီလူကို အခု ကမ္ဘာတစ်ဝှမ်းမှာ အလိုရှိနေတယ် (ရယ်လိုက် ငိုလိုက်) ။ အဲဒါကို သိရင် ချက်ချင်း သတင်းပို့ပါ၊ မဟုတ်ရင် ဘာမှ မသိလို့ ထောင်ဒဏ် ကျခံရလိမ့်မယ်။"
Weibo V [ကျန်းကိုင်] likes 151114 ကြိမ်
"ငါ့နတ်ဘုရားမ တွစ်တာမှာ ဘာပဲပြောပြော၊ အတိုချုပ်ပြောရရင် ဒီအိမ်ထောင်ရေးကို ငါသဘောမတူဘူး!"
Weibo big V [ဝူကျန်းလျူလီ]၊ Like ၁၃၃,၄၇၈။
...
ဒါဟာ တစ်နေ့တာအလုပ်သာဖြစ်ပြီး ဒီ Weibo သတင်းသည် တရုတ်အင်တာနက် အသုံးပြုသူများ၏ ရင်ကိုပူလောင်စေခဲ့သည်။
::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။