အပိုင်း - ၁၅၁ (အထက်တန်းကျောင်း အတန်းဖော်များ)
ကျန်းစစ်မင်သည် ဤအရာများကို နားလည်ရန် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ဘဲ၊ သူ၏ အထက်တန်းကျောင်းသားဘဝက အတန်းဖော်ဟောင်းကို ဤနေရာတွင် ရှာဖွေရန် လာခဲ့ခြင်း ဖြစ်လေသည်။
"မင်္ဂလာပါ ဆရာ၊ မင်း စတော့၊ ရန်ပုံငွေ၊ လုံခြုံရေး လိုတာရှိလား..."
သူဝင်လာသည်နှင့် ဧည့်ကြိုဝန်ထမ်းများသည် ကျန်းစစ်မင်အတွက် အကြီးအကျယ် စိတ်အားထက်သန်မှုကို ပြသခဲ့ကြသည်။
မနေ့ညက ကျောင်းရွှမ်ရဲ့အိမ်ကို ရောက်သွားတုန်းက ကျောင်းရွှမ်က သူ့အတွက် ထိပ်တန်းအမှတ် တံဆိပ်တွေဖြစ်တဲ့ ယောက်ျားဝတ် အစုံပေါင်းများစွာကို မှာယူခဲ့သည်ကို သူ မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။
၎င်းတို့မှာ အထူးပြု နိုင်ငံခြားဒီဇိုင်နာများ၏ လက်ဖြင့်ဖန်တီးထားသည့် အနုစိတ်လက်ရာများ ဖြစ်လေသည်။
ကံကောင်းထောက်မစွာပင် သူသည် LV နှင့် Chanel တံဆိပ် ပစ္စည်းများစွာကို ကျောင်းရွှမ် အတွက် ယူဆောင်လာခဲ့မိလေသည်၊
ထိုသို့သာမဟုတ်လျှင် ကျန်းစစ်မင် စိတ်ထဲတွင် ကလေးတစ်ယောက်လို သိမ်ငယ်မိပေလိမ့်မည်။
ကျန်းစစ်မင်၏ ၀တ်စားဆင်ယင်မှုမှာ အထူးအဆန်းဖြစ်ပြီး အလွန်ဂရုပြုမိကြောင်း စတော့အိတ်ချိန်းမှ ဝန်ထမ်းများက တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။
"သိပ်မကြာသေးခင်တုန်းက စတော့ရှယ်ယာတွေ နဲ့ ငွေချေးစာချုပ်တွေကို တစ်ယောက် ယောက်က ဝယ်ရဲခဲ့လို့လား။”
ကျန်းစစ်မင်က အာဝဇ္ဇန်း ခပ်ရွှင်ရွှင်ဖြင့် မေးလိုက်သည်။
“ဒါပေါ့ ရှိတာပေါ့။ စျေးကွက်က သိပ်မကောင်းပေမယ့် စတော့ဈေးကွက်က ပိုပြီး ခြောက်ကပ်ကပ်နိုင်လေ ငွေရှာဖို့ အလားအလာ ပိုများလေလေပဲ။ နောက်ဆုံးတော့ ပစ္စည်း တွေက ပိုပြီး ဈေးကြီးလာတာပဲ။ ကျနော် ဒီအကြောင်း ပြောနေတယ်လို့ ဆရာ ထင်နေတာ လား။"
ဒီကလူတွေက တော်တော်သပ်ရပ်တယ်၊ မဟုတ်ရင် ဒီမှာနေဖို့ မဖြစ်နိုင်ဘူး။
ကျန်းစစ်မင်သည် သူနှင့် အငြင်းအခုံလုပ်ရာတွင် အနိုင်ယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူမိ သော်လည်း သိသိသာသာပင် သူ့တွင် ပျင်းရိနေဖို့ရာ အချိန်များစွာ မရှိပေ။
"ငါ တစ်ယောက်ယောက်ကို ရှာချင်လို့ ဒီကိုရောက်နေတာ။"
"သူတို့က ငါတို့ စတော့အိတ်ချိန်းကလား"
"ဟုတ်တယ်၊ ငါ လီယင်ဇီကို ရှာနေတာ၊ သူရှိလား"
"မင်းက ငါတို့ မန်နေဂျာ ‘လိ’ ကို ရှာနေတာလား။ မင်း ကြိုပြီးချိန်းထားသေးလား။ ကြိုပြီး ချိန်းမထားရင်တော့ မင်းကို ခေါ်သွားလို့ မရလို့ တောင်းပန်ပါတယ်"
တစ်စုံတစ်ဦးကို ရှာဖွေရန်အတွက် ကျန်းစစ်မင် ဤနေရာတွင် ရှိနေသည်ကို ကြားလိုက်ရ သောအခါ ထိုလူ၏ သဘောထားမှာ ချက်ချင်း အေးစက်သွားခဲ့သည်။
ကျန်းစစ်မင်ကတော စိတ်မဆိုးခဲ့ပေ။
အဲလိုလူမျိုးတွေက နေရာတိုင်းမှာရှိလေသည်။ သူ ဒါတွေနဲ့ အသားကျနေခဲ့တာ ကြာပြီဖြစ်သည်။
"ငါက သူနဲ့ အထက်တန်းတုန်းက ကျောင်းနေဖက်။ ကျန်းစစ်မင် လာရှာတာလို့ မင်းပြောပေးလို့ရမလား"
ကျန်းစစ်မင်က သူ့အိတ်ကပ်ထဲက ပန်ဒါနီဘူးတစ်ခုကို ထုတ်ပြီး သူ့ဆီကို ကမ်းပေးလိုက်သည်။
စကားတစ်ခွန်းပြောရုံနဲ့ ဒေါ်လာတစ်ရာတန် စီးကရက်တစ်လိပ်ရမယ်ဆိုတော့ ဒီအလုပ်က အရှုံးရှိစရာတော့ မရှိပေ။
"ကောင်းပြီ၊ မင်းအတွက် ငါ သွား ပြောပေးမယ်၊ ဒါပေမယ့် သူ မင်းကို တွေ့မယ် မတွေ့ဘူး ဆိုတာကတော့ ငါနဲ့မဆိုင်ဘူးနော်။ ယောက်ျားတော်တော်များများကတော့ သူ့ကို ဒီနည်းနဲ့ လိုက်ကြတာပဲ၊ တချို့ သူငယ်တန်းကတည်းက အတန်းဖော်လို့ ပြောပြီး ကပ်တဲ့ကောင် တွေကတော့ ပလစ်ခံရတာပဲ။ အဲ့ဒီတော့ မင်း ကိုယ့်ကိုကိုယ် ပြင်ဆင်ထားရင်ကောင်းမယ် ညီကိုရေ။"
ထိုလူသည် တစ်စုံတစ်ယောက် ဝင်လာ၍ အသံကိုနှိမ့်ပြောသည့်ပုံစံမျိုးဖြင့် စကားပြောပြီး နောက် ရုံးခန်းရှိရာဘက်သို့ လှည့်သွားခဲ့သည်။
သိပ်မကြာခင်မှာပဲ အလုပ်ဝတ်စုံအား စမတ်ကျကျဝတ်ဆင်ထားသည့် အမျိုးသမီး တစ်ယောက် ရုံးခန်းထဲမှ ထွက်လာလေသည်။
အရင်ဝန်ထမ်းများက သူမကို ကျန်းစစ်မင်ဆီ ခေါ်သွားပေးသည်။
"ကောင်းပြီ ၊ ရှောင်လု၊ အလုပ်သွားလုပ်တော့။"
"ကောင်းပါပြီ…. မန်နေဂျာ လီ.."
ကျန်းစစ်မင် နှင့် သူမ နှစ်ယောက်တည်းသာ ကျန်ခဲ့သည်။
အတည်မပြုရဲသေးမီ အမျိုးသမီးသည် ကျန်းစစ်မင်ကို အကြိမ်ကြိမ် ကြည့်လေသည်။
"နင်က တကယ် ကျန်းစစ်မင်လား? နန်တိန်အထက်တန်းကျောင်းက ကျန်းစစ်မင် ဟုတ်လား?"
လီယင်ဇီ စိတ်ထဲတွင် မယုံနိုင်သေးပေ။
ကျန်းစစ်မင်သည် တစ်ယောက်နှင့်တစ်ယောက် မမှတ်မိနိုင်လောက်အောင်ပင် ပြောင်းလဲ သွားသည်။
ကျန်းစစ်မင်သည် အထက်တန်းကျောင်းတုန်းက အလွန်ချောမောသော်လည်း သူသည် nerd (တစ်ခုခုတွင် ရူးသွပ်စွဲလန်းပြီး မည်သည့်အရာကိုမှ စိတ်မဝင်စားသူ) တစ်ယောက် လို ဖြူလျော်လျော် ချည့်နဲ့နဲ့ ကောင်လေးမျိုး ဖြစ်ခဲ့သည်။
ယခု ကျန်းစစ်မင်ကတော့ ငယ်ရွယ်သော ယောက်ျားလေးများ သူတို့ကိုယ်သူတို့ ရှက်ရွံ့ လောက်အောင်ပင် ချောမော၍ ယောက်ျားပီသနေသည်။
ကျန်းစစ်မင်သည် အထက်တန်းကျောင်းတုန်းက ၁.၇မီတာသာမြင့်ပြီး၊ ယခုတွင်မူ ၁၈၅ စင်တီမီတာကျော်ကျော်ရှိသော လီယင်ဇီ၏ရှေ့တွင် ရုတ်တရက် ရပ်နေသည်ဖြစ်ရာ သူမ အနေဖြင့် သူ့ကို မယုံရဲသေးပေ။
"အသင်းခေါင်းဆောင်ရေ, မင်းက မင်းရဲ့ အတန်းဖော်ဟောင်း တွေကိုတောင် မသိတော့ဘူးပဲ။"
ကျန်းစစ်မင်က သူ့မွေးရပ်မြေ ဒေသိယ စကားနှင့် ပြောလိုက်သည်။
လီယင်ဇီသည် ရင်တလှပ်လှပ်ခုန်နေခဲ့ပြီး သူ့အား ပြုံး၍ မေးလိုက်သည်။
" နင် ဘာလို့အဲဒီမှာ နှစ်အတော်ကြာအောင် နေခဲ့ရတာလဲ၊ ကျောင်းသားဟောင်း တွေ့ဆုံပွဲကို ဘယ်တော့မှ နင် မတက်ဖူးဘူး။ လူတိုင်းက နင် ပျောက်နေတယ်လို့ ထင်နေကြတာ။"
"အဲ့ဒါက အလုပ်ရှုပ်တယ် မဟုတ်လား? နောက်ပြီး, လူတိုင်းနဲ့တွေ့နေရတာကြီးက ငါ့အတွက် အဆင်မပြေဘူး။"
ကျန်းစစ်မင်၏စကားမှာ မှန်လေသည်။
သူသည် သူ့အဖေနှင့် စရိုက်တူပြီး အရမ်းကြံ့ခိုင်သည်။
ယခင်က အတန်းထဲတွင် သူ၏လေ့လာမှုသည် အကောင်းဆုံးဖြစ်ပြီး လီယင်ဇီထက်တော့ နည်းနည်း ညံ့လေသည်။
တစ်ယောက်နှင့်တစ်ယောက် ဝေးကွာသွားပြီးနောက် ကျန်းစစ်မင်၏ဘဝမှာ ဆိုးဆိုးရွားရွားရှုပ်ထွေးပွေလီခဲ့သည်ဖြစ်ရာ ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင် လူတိုင်းနှင့်တွေ့ဆုံဖို့ကို သူ အလွန် ရှက်နေခဲ့သည်။
ယခု ထိုအကြောင်းကိုတွေးရင်း ကျန်းစစ်မင်သည် သူ့ကိုယ်သူ ယခင်က အနည်းငယ် ခေါင်းမာပြီး နုံအသည်ဟု ခံစားရလေသည်။
"ဒါဆို ခုရော အိုကေပြီလား။"
လီယင်ဇီက ပြုံးပြီး မေးလိုက်သည်။
"အသင်းခေါင်းဆောင်ကြီး၊ ငါ့ကို နှိမ့်ချမနေပါနဲ့၊ မင်းငါ့ကိုမတွေ့တာကြာပြီ၊ မင်းဘယ်လိုဖြစ်လို့ ဒီလောက် မိုက်နေရတာလဲ"
ကျန်းစစ်မင်က သူ့နှာခေါင်းကို ကိုင်ရင်း ပြောလိုက်သည်။
"ဟီးဟီး၊ ဒီလို လူ့အဖွဲ့အစည်းမှာ နင် ဘယ်လို ရှင်သန်နိုင်မလဲ၊ ဒါပေမယ့် ဒီနေ့ နင့် ဝတ်ပုံစားပုံကြည့်ရတာတော့ နင် လုံးဝကို ထူးထူးချွန်ချွန် ဖြစ်နေပြီလို့ ငါယုံတယ်။"
ဒီလိုနဲ့ လီယင်ဇီက ကျန်းစစ်မင်ရဲ့ လက်မောင်းကို အူလှိုက်သည်းလှိုက် ဆွဲကိုင်လိုက်ပြီး ပြောလိုက်သည်။
"သွားရအောင်၊ မော်နီတာက ကော်ဖီသောက်ဖို့ နင့်ကို ဖိတ်ထားတယ်။ ငါတို့ကုမ္ပဏီနဲ့ နည်းနည်းပိုနီးတဲ့ မျက်နှာချင်းဆိုင်က Starbucks ကော်ဖီဆိုင်ကို သွားစို့၊ ငါတို့လည်း အတိတ်ကို ပြန်လွမ်းဆွတ်လို့ရတာပေါ့။"
"ကျွန်တော် အဖွဲ့ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာပါ့မယ်"
"ဟေး ရှောင်မင်းဇီက ဉာဏ်ကောင်းနေတုန်းပဲ"
ဟားဟား...
နှစ်ယောက်သား လွန်ခဲ့သည့် နှစ်အနည်းငယ်က နန်တိန် အလယ်တန်းကျောင်း စာသင်ခန်းထဲကို ပြန်ရောက်သွားသကဲ့သို့ အချင်းချင်း ရယ်မောကြလေသည်။
ယခင်က လီယင်ဇီသည် အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ရုံသာမက သူမအား အဖွဲ့ခေါင်းဆောင်ဟု အများက ခေါ်ကြသည်ကို အလေ့အကျင့် ဖြစ်နေပြီဖြစ်ရာ ကျန်းစစ်မင်ကလည်း သူ့ကို ထိုကဲ့သို့ ခေါ်ရန် ဆန္ဒရှိခဲ့သည်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ၀တ်စုံပြည့် ဝတ်ထားသူတစ်ဦး အထွေထွေမန်နေဂျာ ရုံးခန်းမှ ထွက်လာသောအခါ သူတို့နှစ်ဦးလည်း ထွက်လာကြလေသည်။
သူသည် လီယင်ဇီကို မြင်ပြီးနောက်တွင် အဆင့်အတန်းရှိသော အမျိုးသားများ၏ နွေးထွေးသော အပြုံးမျိုးဖြင့် ပြုံးပြလေသည်။
နှုတ်ဆက်ခါနီးတွင် လီယင်ဇီသည် ကျန်းစစ်မင်၏လက်မောင်းကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
မူလက အပြုံး မျက်နှာ မှာ ချက်ချင်း အေးခဲသွားပြီး သူ့အမူအရာက မနာလိုစိတ်နှင့် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
သို့သော် မကြာမီတွင် သူသည် အမူအရာပြောင်းကာ လီယင်ဇီအား ချစ်စဖွယ်အပြုံးဖြင့် လှမ်းအော်ခေါ်လိုက်သည်။
"ယင်ဇီ!"
လီယင်ဇီ နှင့် ကျန်းစစ်မင်တို့ နှစ်ယောက်စလုံး နောက်ပြန်လှည့်ကြည့်ကြသည်။
လီယင်ဇီသည် ဧည့်သည်ကိုမြင်သောအခါ အနည်းငယ် ကူကယ်ရာမဲ့စွာကြည့်ရင်း "မန်နေဂျာ လျောင်" ဟုပြန် နှုတ်ဆက်လိုက်သည်။
လျောင်ဖန်က ရှေ့သို့လှမ်းလာပြီး
"ယင်ဇီ နင်ဘယ်သွားမလို့လဲ? ကိုယ် မင်းနဲ့ ညစာ အတူ စားဖို့ စဉ်းစားနေတာ"
ဟု ပြုံး၍ ပြောလိုက်သည်။
လျောင်ဖန်က စကားပြောသည့်အခါ၌ ကျန်းစစ်မင်ကို ရှိလေသည်ဟု ထင်မှတ်ပုံမရသလို ယောင်၍ပင် လှည့်မကြည့်ပေ။
"ကော်ဖီသွားသောက်မလို့လေ၊ ပြဿနာရှိလို့လား"
လီယင်ဇီသည် လျောင်ဖန်၏ ချိန်းဆိုမှု ကို လက်ခံပေးရန် ရည်ရွယ်ပုံမရဘဲ ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။
"အေးပါ..အဆင်ပြေပါတယ်၊ ဒါပေမယ့် မင်းက ငါ့ကို မိတ်ဆက်ပေးဖို့ အစီအစဉ် မရှိဘူးလား။ ဒီလူကြီးလူကောင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတဲ့သူ တစ်ယောက် ဆိုတာ တစ်ချက်မြင်ရုံနဲ့ သိသာတဲ့ဟာ။ မင်း ငါ့ကို ဖုံးကွယ်ထားလို့ မရဘူးလေ။"
သူသည် ကျန်းစစ်မင်အား အခုချိန်ထိ တစ်ချက်လေးမှ မကြည့်။
လီယင်ဇီက မကြားလိုက်ပေမယ့်
"ဒါက ငါ့အထက်တန်းကျောင်းတုန်းက အတန်းဖော်၊ ငါ့ရဲ့အယုံကြည်ရဆုံး,အခင်ဆုံးသူငယ်ချင်းပဲ။ မန်နေဂျာလျောင်က ငါ့အတန်းဖော်တွေကို စတော့ငွေတွေဝယ်ဖို့ လှည့်စားချင်နေတာမဟုတ်ဘူးလား။"
"ဟားဟား၊ မဟုတ်ရပါဘူးကွာ၊ ငါသိချင်တာလေး မေးကြည့်တာပါ၊ မင်းတို့သွားမှာ သွားကြပါ။ ငါလည်း ထမင်းသွားစားလိုက်အုံးမယ်။"
လျောင်ဖန်သည် ဤ " လူယုံ" နှင့် "ရည်းစား" ဆိုသည်တို့ကို အနည်းငယ် တမျိုးတမည် ဖြစ်နေသော်လည်း၊ သူက အလွန်ရက်ရောသည့် ဟန်ပန်ဖြင့် လှည့်ထွက်သွားခဲ့လေသည်။
"သွားရအောင် ရှောင်မင်ဇီ"
လီယင်ဇီက ထပ်၍ ပြုံးပြပြီး ကျန်းစစ်မင်၏ လက်မောင်းကို ချစ်စဖွယ် ဆွဲယူကာ ထွက်သွားလေသည်။
ကျန်းစစ်မင် ပြန်လှည့်ကြည့်လိုက်တော့ လျောင်ဖန် သူ့ကိုကြည့်နေသည့် မျက်လုံးများမှာ ထင်ထားသည်ထက် အများကြီး ကြင်နာမှုနည်းတာကို အလွယ်တကူပင် တွေ့လိုက်ရ သည်။
ဒါပေမယ့် ဒါက လီယင်ဇီ၏ ကိစ္စသာ ဖြစ်ပြီး ကျန်းစစ်မင်က ထပ်မေးရန် မရည်ရွယ်ခဲ့ပေ။
လီယင်ဇီသည် အနီးနားရှိ Starbucks ကော်ဖီဆိုင်သို့ လျှောက်သွားလိုက်သည်။
ဤကော်ဖီဆိုင်သည် ကျန်းစစ်မင်၏ ပိုင်ဆိုင်မှုဖြစ်လေသည်။
သူ ဒီဆိုင်ကို ပထမဆုံးအကြိမ်လာခြင်းဖြစ်ပြီး မန်နေဂျာကအဲဒီမှာ မရှိသလို စာရေး ကလည်း ကျန်းစစ်မင်ကို မသိခဲ့ပေ။
ကော်ဖီနှစ်ခွက်ကို မှာပြီးနောက် နှစ်ယောက်သား ငြိမ်သက်စွာ ထိုင်လိုက်ကြသည် ။
::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။