အပိုင်း ၂၈၆: ထိပ်တန်းသီချင်းများ!
တွမ်တွမ် ရှန်ဟိုင်း ကို လာနေတော့ သေချာပေါက် ကျန်းစစ်မင် သွားကြိုပေးရမည်။ ဒါ့အပြင် သိုက်ရှောင်မိန်လည်း လာသည်။
ဒီမိန်းကလေးနှစ်ဦး အခု ညီအစ်မအရင်းတွေလို ဖြစ်နေကြသည်။
နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ဂိမ်းအတူတူဆော့ကြသည်။
ကျန်းစစ်မင် ဦးဆောင်မှု မရှိဘဲနဲ့ နှစ်ဦးဟာ ဂိမ်းထဲမကြာမကြာ အချင်းချင်း သတ်ပုတ်ကြ အော်ဟစ်ကြသည်။
သူတို့တိုက်ရိုက်ထုတ်လွှင့်ပွဲကို အချိန်အကြာကြီး ကြည့်မိသော ကြည့်ရှုသူများ နားချမ်းသာရာမရကြ။ နားထဲ ကန့်လန်တွေဖြစ်ကုန်ကြသည်။
ကျန်းစစ်မင် ရောက်သောအချိန်တွင်ကောင်မလေးမှာ ပါကင်တွင် စောင့်နှင့်နေပြီ။
“ဝိုး အစ်ကိုမင်ကားက အတော်ပဲ။ တွမ်တွမ် က အထုပ်တွေအများကြီးယူလာတယ်ပြောလို့ ဘယ်လိုသယ်သွားရမလဲ မသိဘူး ဖြစ် နေတာ။ ကားကလည်း အတော်သေးတော့ အထုပ်မကာနေဘူး”
သိုက်ရှောင်မိန် ကျန်းစစ်မင် ကားဆီပြေးသွားသည်။ ကားကြည့်ဖို့လာခြင်းမဟုတ်။ ကားထဲမှသူများကို ကြည့်ရန်ဖြစ်သည်။
ယနေ့ နေရောင် အတော်စူးသည်။
ကျန်းစစ်မင် အပြင်ထွက်တော့ နေကာမျက်မှန် တပ်ထားသည်။
ဒီနေကာမျက်မှန်သည် အရင်က ရွှေရောင် အပိုင်းအစများက ပေးထားခြင်းဖြစ်သည်။
မျက်မှန်လောကတွင် Lamborghini ဟု နာမည်ကြီးသည့် LOTOS တံဆိပ်မှလို့ ကြားထားသည်။
နေကာမျက်မှန်တပ်ပြီး ဟိတ်ဟန်ကြီး ဇိမ်ခံကားဖြင့်ဆိုတော့ သိပ်လိုက်ဖက်နေသဖြင့် ကောင်မလေး အခုလောက် ဂရုစိုက်ကြည့်သည်မှာ မဆန်းပေ။
“တွမ်တွမ် ရောက်ဖို့ နှစ်နာရီ လိုသေးတယ်။ အရင်ထိုင်နေလိုက်ဦး။ ပြီးမှ အပေါ်တက်မတ်တပ်ရပ်စောင့်”
ဟု ကျန်းစစ်မင် ပြောလိုက်သည်။
“အင်း”
ကောင်မလေးကရိုရိုကျိုးကျိုးဖြင့် ကားတံခါးဖွင့်တက်သည်။
မေလကုန်ခါနီးဖြစ်သငြဖ့် နွေရာသီက မြန်မြန်ဆန်ဆန် ရောက်လာသည်။
မေလမှာတင် အတော်ပူနေပြီ ဖြစ်သည်။
အရင် ပိုက်ဆံမရှိစဉ်က ငှားထားသောအိမ်တွင် လေအေးပေးစက်မရှိခဲ့ဘဲပန်ကာ တစ်ခုသာ ရှိခဲ့သည်။
နွေရာသီတွင် ပန်ကာသည် လုံးဝ အသုံးမဝင်။ နေ့တိုင်း မအိပ်နိုင်လောက်အောင် ပူသည်။
မကြာခဏ ပင်လယ်စာစျေးကိုသွားပြီး ညကောင်း ကောင်းအိပ်ရအောင် ရေခဲတုံးဖြင့် အိမ်ပြန်သည့်သူများကို ရှာတွေ့နိုင်သငည်။
လေအေးပေးစက်ကိုတော့ ကျန်းစစ်မင် စဉ်းပင်မစဉ်းစားနိုင်ခဲ့။
အခုတော့ အားလုံး အဆင်ပြေနေပါပြီ။ လေအေးပေးစက်လောက်ကိုထား။ အပူဒဏ်က လွတ်ဖို့ နိုင်ငံခြားကိုပင် သွားနိုင်နေပြီ ဖြစ်သည်။
ကားထဲမှ လေအေးပေးစက်နှင့် သက်တောင့်သက်သာ ကူရှင်များကြောင့် သာမန်ကားများနှင့် ဇိမ်ခံကားများကြား ကွာဟချက် အတော်ကြီးမား ပါလားဟုသိုက်ရှောင်မိန် ခံစားလိုက်ရသည်။
ထိုအချင်းအရာကို နှစ်သက်ခံစားနေသော ကောင်မလေးကထိုင်ခုံနှိမ့်ပြီး ထိုအပေါ် သက်တောင့်သက်သာ သီချင်းညည်းနေလေသည်။
ကျန်းစစ်မင် ကားထဲရှိရေခဲသေတ္တာမှ စပျစ်ဝိုင်ထုပ် များ ထုတ်လိုက်သည်။
ထို့နောက် လေကာ အနေအထားမှ sunshade သို့ ပြောင်းလိုက်သည်။
နှစ်ယောက်လုံး ကားထဲမှ လေအေးပေးစက်နှင့် စပျစ်ဝိုင်ထုပ်များကို ကောင်းကောင်းကြီး ခံစားနှစ်သက်နေသည်။
ကျန်းစစ်မင် မကောင်းတာတစ်ခုခုလုပ်ချင်သော်လည်း သိပ်မကြာသေးခင်က အပြင်းအထန် တိုက်ခိုက်ထားရတော့ ကြံစည်သည့် စိတ်မျိုး မထားရဲ။
ဒီတော့ လေအေးအေးလေးဖြင့် စပျစ်ဝိုင်ထုပ်သာ သောက်နေလိုက်သည်။
“အစ်ကိုမင် အစ်ကိုရဲ့”ဟိုတုန်းက ကောင်လေး” သီချင်း QQ မှာ ဒေါင်းလုတ်ခ်ချတဲ့သူ ၁ သန်းကျော်သွားပြီ! Netease Cloud မှာလည်း ရှစ်သိန်း ကျော်သွားပြီ။ မနက်မှ အသံသွင်းတာ သုံးနာရီတောင် မရှိသေးဘူးလေ? ဘုရားရေ”
သိုက်ရှောင်မိန် အံ့ဩစွာဖြင့် ကျန်းစစ်မင် လက်ထဲ ဖုန်းပြလိုက်သည်။
ကျန်းစစ်မင် တကယ့်ကို တွေ့သွားသည်။
(QQ ဂီတ နာမည်ကြီးသီချင်းသစ်စာရင်း (မေလ) )
နံပါတ်၁ “အချစ်သီချင်းလေးများ”
တေးဆို: ကျန်းစစ်မင်၊ ဂီတစပ်သူ: ကျန်းစစ်မင်၊ တေးရေး: ကျန်းစစ်မင်
ဒေါင်းလုတ်ခ်ချသူ: ၃၁၁၄၇၈၁ ၊ ကွန်မန့်အရေအတွက်: ၃၀၀၁၁၄
နံပါတ် ၂ “ပြိုင်ဘက်များ”
တေးဆို: ကျန်းစစ်မင်၊ ဂီတစပ်သူ: ကျန်းစစ်မင်၊ တေးရေး: ကျန်းစစ်မင်
ဒေါင်းလုတ်ခ်ချသူ: ၂၈၁၄၅၆၇ ၊ ကွန်မန့်အရေအတွက်: ၂၂၁၁၄၈
နံပါတ်၃ “မကောင်းဆိုးဝါးအဖြစ်”
တေးဆို: လီယွီချွန်း၊ ဂီတစပ်သူ: ဝူ ချင်းဖုန်း၊ တေးရေး: လီယွီချွန်း
ဒေါင်းလုတ်ခ်ချသူ: ၂၇၅၅၄၁၂ ၊ ကွန်မန့်အရေအတွက်: ၁၅၁၁၄၅
နံပါတ် ၄ “နတ်ပြည်ဘုရင်မ”
တေးဆို: ကျန်းစစ်မင်၊ ဂီတစပ်သူ: ကျန်းစစ်မင်၊ တေးရေး: ကျန်းစစ်မင်
ဒေါင်းလုတ်ခ်ချသူ: ၂၅၅၄၁၂၄ ၊ ကွန်မန့်အရေအတွက်: ၁၈၆၆၆၁
နံပါတ် ၅ “ နတ်ပြည်က မိစ္ဆာ”
တေးဆို: သုန်း ဇိချီ၊ ဂီတစပ်သူ: သုန်း ဇိချီ၊ တေးရေး: သုန်း ဇိချီ
ဒေါင်းလုတ်ခ်ချသူ: ၂၂၁၁၁၄၁ ၊ ကွန်မန့်အရေအတွက်: ၁၄၂၄၅၇
နံပါတ် ၆ “မျက်နှာဖုံး”
တေးဆို: ကျန်းစစ်မင်၊ ဂီတစပ်သူ: ကျန်းစစ်မင်၊ တေးရေး: ကျန်းစစ်မင်
ဒေါင်းလုတ်ခ်ချသူ: ၁၅၅၄၂၄၇ ၊ ကွန်မန့်အရေအတွက်: ၁၅၁၄၂၄
နံပါတ် ၇ “ဟိုတုန်းက ကောင်လေး”
တေးဆို: ကျန်းစစ်မင်၊ ဂီတစပ်သူ: ကျန်းစစ်မင်၊ တေးရေး: ကျန်းစစ်မင်
ဒေါင်းလုတ်ခ်ချသူ: ၁၀၄၂၄၇၀ ၊ ကွန်မန့်အရေအတွက်: ၄၂၁၄၇၅
နံပါတ် ၈ …
ဒီလ သီချင်းသစ်စာရင်းတွင် ကျန်းစစ်မင် သီချင်းအားလုံး ဒေါင်းလုတ်ခ် အရေအတွက် သန်းကျော်ဖြင့် ထိပ်တန်း ဆယ်ပုဒ် စာရင်းဝင်နေသည်။
အရင်လက “လုကျိုးလမင်း” ၊ “Walking Horse” နှင့် “paris by one” တို့ကြောင့် မဟုတ်လျှင် စာရင်းတစ်ခုလုံး သူ အပိုင်သိမ်းထား လောက်သည်။
ဧပြီလသီချင်းသစ်စာရင်းတွင်လည်း ဒီသီချင်းသုံးပုဒ်မှာ အတော်ထိတ်လန့်ဖွယ်ကောင်းသည်ဟုဆိုရလောက်အောက် ထိပ်တန်းသုံးပုဒ် စာရင်းဝင် နေခဲ့သည်။
“ဟိုတုန်းက ကောင်လေး” သီချင်း ထိုးဖောက်ကျော်ကြားမှုသည် ဒီလတွင် ပထမ ဖြစ်ဟန်တူသည်!
သုံးနာရီမရှိသေးခင်အချိန် ဒေါင်းလုတ်ခ် ချသူသန်းချီ ရှိသွားပြီး ကွန်မန့်အရေအတွက်မှာလည်း နံပါတ် ၁ သီချင်းထက်ပင် ပိုများသည်။
ကွန်မန့်ဝင်ရေးဖို့ အချိန်မဖြုန်းခင် ဒီသီချင်းကို နားထောင်ပြီးသောသူများ သီချင်းကြောင့် ရင်ထိ ဘယ်လောက်ရောက်သွားကြမလဲ မြင်နိုင်သည်။
သီချင်းဖြစ်စေ ဝတ္တုဖြစ်စေ review ရေးပေးဖို့ ပုံမှန်အချိန်ယူရသော ဒီအလုပ်နှစ်ခုမှာ အတော်အစွန်းရောက်သည်။
လက်ရာ ကောင်းလျှင် အားလုံးက ကွန်မန့်ရေး ချီးကျူးကြသည်။
လက်ရာ မကောင်းလျှင် အားလုံးက ကွန်မန့်ရေး ဆဲဆိုဆူငေါက်ကြသည်။
သေချာပေါက် “ဟိုတုန်းက ကောင်လေးသည်” ပထမ ပြောသွားသည့်စကားဖြစ်လေသည်။
သီချင်းတစ်ပုဒ် နှစ်ပုဒ်လောက်ကို အခုလောက် အလွယ်တကူ ဆိုနိုင်မယ်မှန်း ကျန်းစစ်မင် သတိမထားမိခဲ့။
သိပ်မကြာသေးခင်က တိုက်ရိုက်ထုတ်လွှင့်ပွဲ ပရိသတ်များ ပါတီ ပိုပိုများလာခဲ့ပြီး ဂိမ်းပါတီကို မီလုနီးနီးဖြစ်လာသည်မှာ မဆန်း။
ကျန်းစစ်မင်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။
စာဘားတန်းမှာ လုံးဝ မဖော်ပြပေမယ့် သူ မကြာခဏ ရန်ဖြစ် စကားများသည်။
ကျန်းစစ်မင်၏ ပရိသတ်များကိုယ်တိုင်ကလည်း ရန်ဖြစ်ကြသူများ ဖြစ်သည်။
ယန် အဖိုးတန် အဖွဲ့၊ ပရိသတ်အဖွဲ့၊ ဂိမ်းအဖွဲ့ နှင့် အသံသရုပ် ဆောင် အဖွဲ့ အထိ ကွဲထွက်နေသော အဖွဲ့အမျိုးမျိုးကို ကိုယ်စားပြုသည်။
ကျန်းစစ်မင်၏ တိုက်ရိုက်ထုတ်လွှင့်ပွဲ ကြည့်နေရင်း အဖွဲ့ဝင်များကြား ရန်ပွဲသည် လူများကို ဆွံ့အသွားစေသည်။
နှစ်ယောက်လုံး ကားထဲ ဝင်နေပြီး များမကြာမီ တွမ်တွမ် ၏ အမြန်ရထား ဆိုက်လာသည်။
တွမ်တွမ် ကို မိန်းကလေးတစ်ယောက်ဖြင့် အထုပ် တနင့်တပိုး ဆွဲကာထွက်ပေါက်ကို ရောက်လာတာ မြင်ချိန်အထိ.. ထွက်ပေါက်တွင် သူတို့အကြာကြီး စောင့်မနေရခဲ့။
ကျန်းစစ်မင်ကို မြင်သောအခါ တွမ်တွမ်၏လှပသော မျက်လုံးများ ကြယ်ပွင့်များကဲ့သို့ လက်သွားလျက် အထုပ်ဘေးဖယ်ကာ ကျန်းစစ်မင်ထံ ပြေးဝင်သွားသည်။
ခွန်အားရိုက်ချက်တစ်ခု ကျန်းစစ်မင် ရင်ထဲ ပျံသန်းဝင်ရောက်လာသည်။
ကျန်းစစ်မင် ခပ်ချဉ်ချဉ် ပြုံးလိုက်သည်။ သူ့ကောင်မလေး ဒီလိုအချင်းအရာမျိုး ဘယ်လောက်ကြိုက်ပါစေ.. အထုပ်ကြီးပစ်ပြီး ဝှီးကနဲ အပြေး ရောက်လာကြသည်။
ဒီလိုစွမ်းရည်မျိုးသိသူ နောက်ဆုံးတစ်ယောက်မှာလင်းယိုနာ ဖြစ်သည်။
သူ့ခန္ဓာကိုယ် ကြံ့ခိုင်၍သာ တော်သည်။ သာမန်လူဗလံလေးသာဆို ရှက်ရမည်ဖြစ်သည်။
“အစ်ကို ရှောင်မင် အရမ်းလွမ်းနေတာ”
ဟု ကျန်းစစ်မင် ကိုယ်လုံးကိုဖက်ရင်း တွမ်တွမ် လွမ်းလွမ်းဆွေးဆွေး ပြောသည်။
သူသည် ရံဖန်ရံခါတိုင်း တွေ့နိုင်သည့် ရှန်ဟိုင်းက ကောင်မလေးများနှင့်မတူ။
ဟူနန်း လိုအဝေးမှာ နေရသူ ဖြစ်ပြီး နေ့တိုင်း WeChat ကဖြစ်စေ ဂိမ်းမှာသာဖြစ်စေ စကားပြောရသူ ဖြစ်သည်။
သူမခန္ဓာကိုယ်ကို ပသလိုက်ပြီးသည့် ကတည်းက တွမ်တွမ် တစ်ယောက် တစ်နေ့လုံး ကျန်းစစ်မင် အကြောင်းသာ တွေးနေလေသည်။
သိပ် မကြာသေးခင်ကပင် သူ့အကြိုက်ဆုံး နို့လက်ဖက်ရည်ကိုပင် မသောက်ချင်တော့။
ကျန်းစစ်မင်က တွမ်တွမ် ဆံပင်ကို ပွတ်သပ်ပေးပြီး ပြုံးကာပြောလိုက်သည်။
“ရပါတယ် မင်း ရှန်ဟိုင်းကို ရောက်လာပြီပဲ။ နောက်ကို တစ် ယောက်နဲ့တစ်ယောက် တွေ့ရဖို့ ခဏလေးပဲ ကြာတော့မယ်မဟုတ်လား? ဒါ့အပြင် မင်း ငါ့အိမ်မှာနေလည်းရတယ်”
“ဟင့်အင်း ရှောင်မိန်နဲ့ပဲနေမှာ။ နှစ်ယောက် အတူတူ တိုက်ရိုက်ထုတ်လွှင့်ချင်တယ်လေ ဟီးဟီး”
တွမ်တွမ် မှ သူ့အပေါ် အလွန်အားကောင်း သည့် “ဖျောင်းဖျစကား” ဖြင့်ငြင်းဆန်လိုက်သည်။
“နှစ်ယောက်လုံး လာနေလေ ။ အတူတူလာနေကြရင် ပိုကောင်းမှာ။ အဲ့ဒီနေ့ညကို နှစ်ယောက်လုံးမေ့သွားတာလား?”
ဟု ကျန်းစစ်မင်ကငါးခူပြုံး ဖြင့် ပြောလိုက်သည်။
မိန်းကလေးနှစ်ယောက်လုံး ချက်ချင်း ရှက်သွားပြီး ကျန်းစစ်မင်ကို လက်သီးချက်ဖြင့် “ဖြိုခွင်းပစ်”ချင်သည်အထိ ရှက်သွားကြသည်။
တွမ်တွမ် ၏ သူငယ်ချင်းကောင်းကဒီမြင်ကွင်းကို အံ့ဩစွာ ကြည့်နေမိသည်။
အရင်က တွမ်တွမ် ပြောသည်ကိုကြားဖူးပေမယ့် လုံးဝ မယုံ ကြည်ခဲ့ပေ။
အခုကိုယ်တိုင် မျက်လုံးဖြင့် မြင်လိုက်ရချိန်တွင်ယောင်္ကျားတချို့ဟာ သာမန်ယောင်္ကျားများနှင့် မတူကြောင်း သဘောပေါက်သွားသည်။
သူ တကယ့် ကို မိန်းကလေးနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း သူ့ရည်းစား ဖြစ်ချင်နေတာ။ သိပ် မသိသာလွန်းဘူးလား?
:::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။