186 - 190

140 4 0
                                    

အပိုင်း - ၁၈၆ (စိတ်နေသဘောထား)
နှစ်ယောက်သားမှာ ချက်ချင်းပင် နောက်တစ်ပွဲထပ်ဆော့ကြလေသည်။
ဤဂျူနီယာဆုကြေးက ယွမ်၁၀၀၀သာရှိပြီး အတော်လေးသေးငယ်လှသည်။
ကျန်းစစ်မင်က ခေါင်း၂၀ သတ်ခဲ့ပါသော်လည်း မတတ်နိုင်စွာပင် လူသတ်သမား ဆုကြေး၏ အမြင့်ဆုံးသတ်မှတ်ချက်မှာ ဆယ်ခေါင်းသာဖြစ်သည်။
သို့သော် ဆယ်ကြိမ် နှစ်ဆတိုးခြင်းက ကျန်းစစ်မင်ကို ယွမ်၁၀၂၄၀၀၀ ပေးနေဆဲဖြစ်ပြီး တစ်မီလီယံနီးပါးပင်။
ဒါက အတော်လေးများ၏။
တစ်ပွဲက ဆုကြေးတစ်သန်းပေးနိုင်ပါက ကျန်းစစ်မင်၏ ဘောင်းဘီတွေ ရယ်မောကုန်ကြလိမ့်မည်သာ။
သို့ပေမယ့်  နောက်ထပ် ပွဲအနည်းငယ်အတွက်မူ အခြေခံဆုကြေးက ပိုလို့တောင် နည်းသွားပြီး  တစ်ပွဲမှာ ၂၀၀ ဖြစ်ပြီး တခြားတစ်ပွဲမှာတော့ ၅၀သာရလေသည်။
၎င်းက  သေးငယ်ပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ ဆယ်ကြိမ်နှစ်ဆတိုးခြင်းထက်  အများကြီးပိုများပြီး နှစ်ကြိမ်လျှင် ၁၀၀၀၀ကျော်ထပ်ပေါင်းတိုးသွား၏။
သည်နှစ်ပွဲက ကျန်းစစ်မင်ကို အပိုင်းအစလေးခုပြန်ပေးသည်။
၎င်းက ပထမဆုံးပွဲထက်နည်းသည်ဆိုသော်လည်း လောင်ကျန်းကတော့ အတော်လေး စိတ်ကျေနပ်နေသည်။
အရင်တခါ သူပြန်လာတုန်းက လက်သုံးဖက်ကို ဖွင့်ဖို့ သုံးဒေါ်လာတောင်ကုန်ကျစရာမလိုခဲ့ပေ။
ဒီနေ့ဇာတ်ကောင်က ပြန်လာပြီ။ ပြီးတော့ ဧကရာဇ်ကို ဧကရာဇ်ကပဲ ပိုင်သည်လေ။ 17shouမှာ သူ့အပိုင်ဥရောပစိတ်ဝိဉာဉ်ရှိနေတာဖြစ်လောက်သည်။
အစအနအပိုင်းလေးခုက  ကျန်းစစ်မင်အား [Wal-Mart ကျင်းနန် ဆိုင်ခွဲ]သာမက  [အန္တရာယ်သိမြင်နားလည်ခြင်း]အပြင်  [စိတ်သဘောထားထိန်းချုပ်နိုင်စွမ်း]  အပိုင်းအစတစ်ခုကိုပါ စုဆောင်းရရှိစေခဲ့လေသည်။
လက်ရှိတွင်၊  [စိတ်သဘောထားထိန်းချုပ်နိုင်စွမ်း]က စုဆောင်းရန်  အပိုင်းအစတစ်ခုသာလိုတော့ပြီး [ဟွာရီ ရှယ်ယာများ] သည်လည်း အပိုင်းအစတစ်ခုသာ  ကျန်တော့သည်။
သုံးပွဲကစားပြီးနောက် မနက်လေးနာရီထိုးကာနီးဖြစ်နေပြီဖြစ်သည်။
ကျန်းစစ်မင်က ထပ်ပြီး ညလုံးပေါက်မနေလိုတော့ပေ။
“အိုက်၊ ငါထပ်မကစားတော့ဘူး။ ငါ လစ်ပြီ။”
“အိုကေ၊ တာ့ကော၊ နောက်တစ်ခါ ငါ့ကို ခေါ်ဦး။”
17shouက မဲ့ပြုံးလေးတစ်ပွင့်နှင့်ပြောလေသည်။
မည်သူက သူ့ကို သားရဲကောင်ကြီးဟု မခေါ်ဖူးပေ။ သူ့ကို ဂျူနီယာလေးလို့ ခေါ်နေသလိုပဲ။
သို့ပေမယ့် သူ့နာမည်က ခေါ်ဆိုဖို့ခက်သည်လေ။ ဖန်အများစုက သူ့ကို သားရဲတောကောင်ကြီးလို့ခေါ်ကြ၏။
ဒီနာမည်က လူတွေကို အမေလို့ ခေါ်လိုက်သလိုပဲ အလွန်ရင်းနှီးလွန်းလှသည်။
ထို့ကြောင့် ကျန်းစစ်မင်ကို သားရဲကောင်ကြီးဟုသာ ခေါ်နိုင်သည်။
မထွက်သွားခင်၌  ကျန်းစစ်မင်က 17shou၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ယနေ့  သူတို့မိသားစုမှ လူတွေကို ဓားပြတိုက်မိသည့် လျော်ကြေးအနေနှင့်  ဒုံးကျည်ဆယ်ခုကျော်ချန်ထားခဲ့လိုက်သည်။
ဂိမ်းကို ပိတ်လိုက်ပြီး ကျန်းစစ်မင်သည် ၎င်းကို ဒေါင်းလော့ဆွဲဖို့ စီစဉ်လိုက်၏။
သို့ပေမယ့် နာရီပေါင်းများစွာထိ နေခဲ့ရလျှင်တောင် ပရိတ်သတ်များကတော့ မည်သည်ကိုမှ မမေ့ပေ၊
“မင်းဒေါင်းလော့ဆွဲလို့ရတယ်။ သီချင်းအသစ်ကိုတော့ မမေ့လိုက်နဲ့။”
“ငါ အဲ့တာကို စောင့်နေတာ။ ငါစောင့်နေတာ သုံးနာရီကျော်နေပြီ။”
“မင်းမှာ ဘာလို့ ဘာအချက်ပြမှုမှာ ရှိမနေတာလဲ။’
“တို့အခုသွားချင်နေပြီ၊ ကောကောရေ~”
“တို့အခန်းဖော်နဲ့ တို့အားလုံး တစ်ညလုံး ထိုင်စောင့်နေကြတာ ၊ သီချင်းအသစ်ကို မျှော်လင့်နေရင်းလေ!”
……..
အလွန်နောက်ကျနေပြီဖြစ်ပြီး ကျန်းစစ်မင်တိုက်ရိုက်ထုတ်လွှင့်ခန်း၏ အရေအတွက်မှာ မလျော့ကျသွားခဲ့ပါပဲ တိုးပင်တိုးလာသေးသည်။
ကျော်ကြားမှုတန်ဖိုး ၃၅၀သန်းနှင့် လူပေါင်း ၇သန်းကျော်မှာ အွန်လိုင်းဖြစ်နေကြသည်။
ဤအရာအားလုံးမှာ ကျန်းစစ်မင်တစ်ယောက် သီချင်းအသစ်သီဆိုသည်ကို အလိုရှိသောကြောင့်သာဖြစ်သည်။
မဟုတ်ပါက ဒီလောက်လူအများကြီးက ဒီလောက်နောက်ကျနေသည့်အချိန်မှာ ဂိမ်းကို စောင့်ကြည့်ချင်ကြလိမ့်မည်မဟုတ်ပေ။
ဖန်းများက စိတ်ပါဝင်စားလွန်းနေကြသည်။
ကျန်းစစ်မင်တစ်ယောက် သူသာ သီချင်းမဆိုပါက တအားယုတ်မာမိနေသလို ခံစားနေရတော့၏။
သူ သီချင်းဆိုမှ ဖြစ်မယ်!
သီချင်းတစ်ပုဒ်ကို စဉ်းစားနေရင်း ကျန်းစစ်မင်က သီချင်းဆိုရုံသာဖြစ်ပါသော်လည်း ပြတင်းပေါက်အပြင်ဘက်တွင် ရုတ်တရတ် မိုးရွာလာတော့သည်။
ကျန်းစစ်မင်သည်  ပြတင်းပေါက်အပြင်ဘက်ရှိ သည်းထန်နေသောမိုးကို တစ်ချက်ကြည့်လိုက်ပြီး  ဒီသီချင်းကိုသာ အပြင်ဘက်မှာ သီဆိုပါက ပိုကောင်းလိမ့်မည်လားဟု  ရုတ်တရတ်ခံစားလိုက်ရသည်။
“အားလုံးပဲ၊  ကျွန်တော် ဒီသီချင်းကို အပြင်ဘက်လမ်းပေါ်မှာ ဆိုဖို့ ဆုံးဖြတ်လိုက်ပြီ။  အဲ့တာကြောင့် တိုက်ရိုက်ထုတ်လွှင့်တာကို  ကျွန်တော့်ဖုန်းပေါ်ပြောင်းလိုက်မယ်။ ခဏလေးစောင့်ပေး။ ငါးမိနစ်လောက်ပဲ။  ကျိန်းသေပေါက် မင်းတို့ဆီ မတူညီတဲ့ အမြင်နဲ့ အကြားအာရုံ  ခံစားမှုရသနှစ်ခုကို ယူဆောင်လာပေးလိမ့်မယ်။”
ကျန်းစစ်မင်က စကားပြောပြီးနောက်တွင် ကွန်ပျူတာကို ပိတ်လိုက်ပြီး ပရိတ်သတ်များမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။
“ပြီးသွားပြီလား။”
“အလင်းအလျင်နဲ့ ပြန်ထုတ်လွှင့်မယ်ပေါ့? ငါတို့ခံစားချက်တွေကို ညာတယ်!”
“သီချင်းဆိုဖို့ လမ်းပေါ်ကို သွားမယ်? သူများတွေ သူ့ကို အရူးတစ်ကောင်လို့ မြင်သွားလိမ့်မလားနော်။”
“အပြင်ဘက်နဲ့ အထဲဘက်ကြားမှာ ခြားနားချက်ရှိနိုင်လို့လား။”
“ငါတော့မလိုအပ်ဘူးလို့ ထင်တာပဲ။”
.........
လူတိုင်းက ထိုသို့ပြောဆိုနေကြပါသော်လည်း ရိုးသားစွာနှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် စောင့်ဆိုင်းနေဆဲ။
ကျန်းစစ်မင်မှာ သံမဏိဖန်များစွာရှိ၏။
ထို့ကြောင့်  ဒီတစ်ခေါက် သေးငယ်လှသည် အစောပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုကို  ပိတ်လိုက်ခြင်းကြောင့် ပရိတ်သတ်များကို အားမလိုအားမရဖြစ်ရလိမ့်မည်မဟုတ်ပေ။
မကြာခင်မှာပဲ၊ ဆယ်မိနစ် ကုန်ဆုံးသွား၏။
လူတိုင်းက  ကျန်းစစ်မင်တစ်ယောက် သူတို့ကို အိပ်ဖို့ တကယ်ပဲ လှည့်စားသွားပြီဟု  ထင်နေကြချိန်မှာပဲ တိုက်ရိုက်ထုတ်လွှင့်ခန်းက တဖန် ပြန်ပွင့်လာလေသည်!
ပထမဆုံးအမြင်မှာပဲ မနက်စောစောရှန်ဟိုင်းရှိ အမည်မသိလမ်းပေါ်တွင် ဖြစ်နေပြီး လက်ရှိမှာ မိုးက သည်းသည်းထန်ထန်ရွာနေ၏။
လမ်းဘေးမီးတိုင်များက လမ်းပေါ်ရှိ ရေကွက်များထဲသို့ တောက်ပပေးနေသည်မှာ တစ်မြို့လုံးကို အလင်းပြန်နေသလိုပင်။
ဒီအခိုက်အတန့် ဒီအချိန်လေးမှာ မည်သူကမှ လုံးဝ ဖြတ်သန်းမသွားကြပေ။
ကျန်းစစ်မင်က  လမ်းမီးတိုင်အောက်မှာ မိုက်ကို ထားလိုက်ပြီး သူ၏ ဖုန်းမှာ  စိုစွတ်သွားခြင်းမရှိပါပဲ အပြည့်အဝ ရိုက်ကူးနိုင်မည့်နေရာတွင်  နေရာချခံလိုက်ရသည်။
မိုက်က အလွန်အဆင့်မြင့်လှပြီး ရေစိုခံ၏။
သို့ဖြစ်၍ မိုးရေကြောင့် ထိခိုက်မည်ကို စိုးရိမ်စရာမလိုပေ။
ကျန်းစစ်မင်သည် မိုးရေထဲတွင် လမ်းမီးတိုင်အောက်၌ မတ်တပ်ရပ်နေပြီး သူ့လက်တွေထဲမှာ ဂစ်တာတစ်လက်ကို ကိုင်ထားလေသည်။
မိုးက မကြာခင်မှာပဲ သူ့အဝတ်နှင့် ဆံပင်ကို စိုစွတ်သွားစေ၏။
ယနေ့တွင် ကျန်းစစ်မင်သည် အဖြူရောင်စွပ်ကျယ်အင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။
မိုးရေများက စွပ်ကျယ်ထဲစိမ့်ဝင်သွားပြီး ခန္ဓာကိုယ်ဆီ ကပ်သွားစေကာ ဖောက်မြင်ရလုနီးပါးပင်။
စွပ်ကျယ်ထဲမှ  ‘ရှုခင်း’လေးမှာ အမျိုးသမီးပရိတ်သတ်အားလုံးကို အသက်ရှူပိုမြင်သွားစေကာ  သွေးများပန်းထွက်လာပြီး သူ့တို့နှာခေါင်းများတွင်  အပူစီးကြောင်းတစ်ခုရှိနေတော့သည်။
ဘုရားရေ! ဒါက ဘယ်နတ်ဆိုပုံရိပ်ပါလိမ့်!
လက်ရှိတွင်၊  ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ အကောင်းဆုံးရုပ်ရည်နှင့် မင်းသားငယ်လေးမှာ  ဖန်းယွိယန်ဖြစ်ပြီး ဟန်တုန်ကျွင်းက နောက်မှလိုက်၏။
သူတို့နှစ်ယောက်လုံးက မြင့်မားသည့် ကိုယ်ထည်နှင့် အသွင်အပြင်မျိုးကို ပိုင်ဆိုင်ထားကြသည်။
သို့ပေမယ့် ယခု ကျန်းစစ်မင်အရှေ့မှာတော့ သူတို့မှာ ‘မြင့်မား’ ရုံမျှသာဖြစ်သည်။
ဤသည်က ကောင်းကင်ကို လွန်ဆန်သည့်အဆင့်သို့ရောက်နေပြီးသားပင်။
ဘုရင်နှင့် စိန်တုံးကြားရှိ ကွာဟမှုနှင့် ညီမျှလေ၏။
အလယ်အလတ်အဆင့်မှာ  မျိုးရိုးဗီဇအလိုက် မွန်းမံထားသည့် ခန္ဓာကိုယ်ရှိခြင်းက သဘာဝအားဖြင့်  လေ့ကျင်းခန်းလုပ်ပြီး ရလာသည့်အရာနှင့် နှိုင်းယှဉ်၍ မရပေ။
သူ့ကိုယ်အပေါ်ပိုင်းကြွက်သားတွေကို  ထိတွေ့ချိန်မှာ အားမာန်တက်ကြွပြီး သွေးနီရောင်နှလုံးသားမရှိသူ ကျန်စစ်မင်၏  ချစ်သူကောင်မလေးများထဲတွင် တစ်ယောက်မှ မရှိ။
အထူးသဖြင့်  ကျန်းစစ်မင်၏ ဆံပင်များ စိုစိတ်သွားပြီးနောက် သူက အားလုံးကို  နောက်ပြန်လှန်ဖြီးလိုက်ကာ အနက်ရောင်ထုကြီးကို  ဖြစ်ပေါ်စေလိုက်ချိန်တွင်ပေါ့။
သူက ဤသို့သောပုံနှင့် ရုပ်မဆိုးသွားရုံသာမက ခေတ်နောက်ပြန်trend တစ်ခုပင် ဖြစ်သွားလေသည်။
90ရာစုရှိ ချောမောခန့်ညားသည့် အမျိုးသားများသည် သူတို့၏ ဆံပင်များကို ဤသို့ ဖြီးသင်ရသည်အား နှစ်သက်ကြ၏။
“ဖန်းယွိယန်ရေ၊ ငါ့နှလုံးသားလေးကို ပြောင်းလဲမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။”
“ဒီလိုကိုယ်ထည်နဲ့ဆို သူနဲ့ယှဉ်ရင် ကိုယ်ထည်တည်ဆောက်ပုံနည်းပြတောင် ပိုပြီး ဆန်ကုန်မြေလေးဖြစ်လောက်တယ်!”
“ဒါက ငါမြင်ဖူးသမျှထဲမှာ အပြီးပြည့်စုံဆုံး အမျိုးသားကိုယ်ထည်ပဲ။ ဘယ်သူမှမရှိနိုင်ဘူး!”
“ငါ့ရူးသွားပြီလို့ ပြောလို့ရမလား။”
“ဟီးဟီး၊ ငါ့အဖွားကြီးကတော့ နှစ်ကြိမ်တောင် ရေးဖူးပြီးသွားပြီ!”
…….
အမျိုးသမီးကြည့်ရှုသူအားလုံးမှာ  ဝံပုလွေများလို အသွင်ပြောင်းလာပြီး ဖန်သားပြင်ပေါ်  တွားသွားတက်လာဖို့မစောင့်နိုင်တော့ပါပဲ လက်နှစ်ဖက်ကို  ထိတွေ့ချင်နေကြတော့သည်။
“ချစ်ရပါသော  ကြည့်ရှုသူများခင်မျ၊ အားလုံးစောင့်မျှော်နေကြတဲ့ သီချင်းအသစ်လေး လာပါပြီ။  မင်းတို့ရဲ့ မျက်လုံးတွေနဲ့ နားတွေရဲ့ နှစ်ဆပျော်ရွှင်မှုအတွက်  အသင့်ပြင်ထားလိုက်ကြတော့။”
အားလုံးပြီးနောက်  ကျန်းစစ်မင်က သူ့လက်ထဲမှ ဂစ်တာကို တီးလိုက်ပြီး သန်မာသည့်  လှုပ်လှုပ်ရွရွဖြစ်စေသည့် အသံတစ်ခုက သူမျက်နှာပေါ် ဖြတ်ပြေးသွားလေသည်။
“ဒါက သေးငယ်ရိုးရှင်းတဲ့ အချစ်သီချင်းလေးပါပဲ
လှည့်ကွက်လေးတွေကို သီဆိုနေပြီး လူတွေရဲ့ နှလုံးသားတွေကို ပြောင်းလဲပစ်ခဲ့တယ်။
ကိုယ်အထင် ကိုယ်ပျော်နေပါတယ်ပေါ့။
မင်းရဲ့နွေးထွေးမှုလေး ရောက်လာချိန်မှာတော့လေ
ကိုယ့်ခြေဖျားက လေထုလေးက ပြောင်းလဲသွားခဲ့ပြီ..........”
ယခင်က တခါမှ မကြားခဲ့ဖူးပါသည့် သံစဉ်နှင့် စာသားတို့က လူများကို အလွန်သက်တောင့်သက်သာရှိစေလေသည်။
မနက်လေးနာရီကောင်းကင်က လူများအား လတ်ဆတ်မှုနှင့် သဘာဝတရားကို ခံစားရစေကာ အိပ်ရာထဲမှထွက်ပြီး ကမ္ဘာကြီးကို ပွေ့ဖက်ပစ်ချင်စေသည်။
ပဏာမစာသားများက တစ်ဦးတစ်ယောက်တည်းသာရွတ်ဆိုရသောစာသားတစ်ခုလိုပင်။
စာသားက ရိုးရှင်းပါသော်လည်း အနုပညာရသတစ်ခု ပါရှိနေသည်။
90ရာစု မျိုးဆက်တိုင်းလိုလို တစ်ဦးတစ်ယောက်တည်းသာ နားလည်နိုင်သည့် ကဗျာအချို့ကို ရေးစပ်ဖူးကြသည်။
“ဒါက သေးငယ်ရိုးရှင်းတဲ့အချစ်သီချင်းလေးတစ်ပုဒ်ပါပဲ
ကိုယ်တို့ရဲ့ နှလုံးသားတွေထဲမှာ ချိုးဖြူလေးတွေကို သီဆိုရင်း
ကိုယ်အထင် ကိုယ်အဆင်ပြေတယ်ပေါ့
ဆုတောင်းထောပနာပြုသူအဖြစ်လေ
ငယ်ရွယ်မှုလေးကတော့ လေပေါ်မှာ မျောလွှင့်နေတော့တာပဲ......”
တစ်ပိုဒ်မှာ  သေးငယ်ရိုးရှင်းသည့်အချစ်သီချင်းလေးနှစ်ပုဒ်၊ ဤသည်က  အချစ်သီချင်းတစ်ပုဒ်ပါဆိုပြီး လူတိုင်းကို တမင်သက်သက် သတိပေးနေသလိုပင်။
သို့ပေမယ့် ဘာလို့ ‘သေးငယ်သော’ဟူသည့်စကားလုံးကို ပေါင်းထည့်ထားရပါသနည်း။
သို့သော်ငြား ယခုလက်ရှိတွင်တော့ မည်သူကမှ မသိပါပေ။
သေးငယ်လတ်ဆတ်သည့်အချစ်သီချင်းတစ်ပုဒ်ဖြစ်ကောင်းဖြစ်လောက်သလို သေးငယ်မပြတ်သားသည့် အချစ်သီချင်းတစ်ပုဒ်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အရာအားလုံးက နားဆင်ခံရဖို့ လိုလေ၏။
သို့သော် ချိုးဖြူနှင့် ဆုတောင်ထောပနာပြုသူတို့မှ အကဲဖြတ်ရလျှင် အနှီသီချင်း၏ ‘သေးငယ်သော’က ရှေ့တစ်ခုကို ရည်ညွှန်းတာဖြစ်လောက်မည်ပင်။
ကိုယ် ငယ်ရွယ်မှုရဲ့ ဆုတောင်းလေးတစ်ခု ဖြစ်လာချင်တယ်။ ပြီးတော့ ကိုယ့်နှလုံးသားထဲမှာ မြှုပ်ထားတဲ့ ချိုးဖြူလေးကို သီဆိုချင်တယ်။
ဒီစာကြောင်းက ငယ်ရွယ်မှုကို တွေ့ကြုံဖူးသည့် လူတွေ၏ မျက်လုံးများထဲမှာ နားလည်ဖို့ လွယ်ကူသည်။
ချိုးဖြူလေးက ငယ်ရွယ်မှုရဲ့ အိမ်မက်များ၊ ငယ်ရွယ်မှု တစ်ခုချင်းစီ၏ အိမ်မက်များကို ကိုယ်စားပြု၏။
လူတိုင်းသည် ကျန်းစစ်မင်တစ်ယောက် ဘာ့ကြောင့် ဒီသီချင်းအား မိုးရေထဲမှာ လူတိုင်းကို သီဆိုပြဖို့ ရွေးချယ်ရသည်ကို နားလည်သွားကြပုံပင်။
သူဟာ သီဆိုရင်းဆုတောင်းနေတယ်။
အိမ်က ငယ်ရွယ်မှုရဲ့ အိမ်မက်တွေကို ထုပ်ပိုးထားဖို့ သေးငယ်လွန်းသည်လေ။
::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now