အပိုင်း - ၁၇၆ (ဟန်ဟန် မင်းဘာဖြစ်နေတာလဲ?)
နှစ်ယောက်သား အဓိပ္ပါယ်များစွာထွက်နိုင်သည့်အနေအထားဖြင့် ဖက်ထားကြသည်။
ဓာတ်လှေကားထဲဝင် ခြောက်ထပ်သို့တက်သွားကြသည်။
ကျန်းယုဟန် ဒယိမ်းဒယိုင်ဖြင့် အိပ်ခန်းတစ်ခန်းပါ အငှားအိမ်ကို ဖွင့်ရန် သော့ထုတ်လိုက်သည်။
ရှန်ဟိုင်းတွင် အလုပ်လုပ်နေသော သာမန်လူအဖို့ အိပ်ခန်းတစ်ခန်းနှင့် ဧည့်ခန်းတစ်ခုပါ အိမ်တွင်နေရခြင်းသည် သာမန်အကောင်းစား ဖြစ်သည်။
ရှန်ဟိုင်း၏ အိမ်စျေးများ သိပ်မြင့်သည့်အတွက် သာမန်အလုပ်လုပ် လူတန်းစားများအနေဖြင့် အိပ်ရာတစ်ခန်းနှင့်ဧည့်ခန်းတစ်ခုပါ အိမ်ကို မငှား နိုင်ကြ။
အများစုမှာ အတူတူပေါင်းနေရတာ များသည်။
ကျန်းစစ်မင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ခဲ့သည်။
ဒီအခန်းငှားခလည်း ဝမ်ဂျန် ရှင်းပေးလိုက်တာသာမဟုတ်လျှင် ကျန်းယုဟန် ဒါမျိုး တတ်နိုင်မည်မဟုတ်။
အိမ်က အတော်လေးသန့်ရှင်းပေမယ့် ကျန်းယုဟန် ၏အဝတ်များ၊ ဖိနပ်များနှင့် အမျိုးမျိုးသော အလှပြင်ပစ္စည်းများ နေရာတိုင်း ပျံ့ကျဲနေ သည်။
ကျန်းယုဟန် တွင် ပုံမှန်အချိန်၌လည်း အလုပ်တစ်ခုရှိသည်။
သူရသည့်ငွေအားလုံး အဓိက အဝတ်အစားတွင်သာ ကုန်သည်။
ဝမ်ဂျန် ၏ ရေရှည်ထမင်းစားလက်မှတ်ဖြင့် ဗိုက်ဆာမည်ကို သူမပူခဲ့ရ။
ဒါပေမယ့် အခု ဝမ်ဂျန် မရှိတော့သည့် အတွက် ကျန်းစစ်မင်အပေါ် အကြံကို အလျင်အမြန်အကောင်အထည်ဖော်ရသည်။
မဟုတ်လျှင် ဒီလ သူ့ပါးစပ်ပေါက်ပိတ်ထားရမည် ဖြစ်သည်။
ယင်ဟွမ် ကုမ္ပဏီမှာ အလုပ်လုပ်ပေမယ့်လို့ နောက်လကုန်တော့မှ လစာကရမည်။
“ဥက္ကဠကျန်း အားနာလိုက်တာ ကျွန်မအိမ်သိပ် ရှုပ်ပွနေတယ်”
ကျန်းယုဟန် ရှက်ရှက်ဖြင့်ပြောလိုက်သည်။
“ရပါတယ်”
ကျန်းစစ်မင် ပြန်ဖြေပြီး ကျန်းယုဟန် ကို ဆိုဖာပေါ်တွဲပို့လိုက်သည်။
ကျန်းယုဟန် ရုတ်တရက် ခြေကျင်းဝတ်ထပ်လိမ်ပြီး ကျန်းစစ်မင် ရင်ခွင်ထဲ ယိမ်းယိမ်းယိုင်ယိုင် ဖြင့် နှစ်ယောက် အတူဆိုဖာပေါ်ကျသွားမယ် ဘယ်သူထင်ထားပါ့မလဲ။
“အဆင်ပြေရဲ့လား”
ကျန်းစစ်မင် သူ့သရုပ်ဆောင်တဲ့အပေါ် လိုက်သာလျောသာ နောက်ဆုံးအထိနေပေးလိုက်သည်။
“ဥက္ကဠကျန်း ကျွန်မ တကယ်တောင်းပန်ပါတယ်”
ကျန်းယုဟန်မျက်နှာနီမြန်းကာ ရှက်ရှက်ဖြင့်ပြန်ပြောလိုက်သည်။
ကျန်းစစ်မင်၏ အခုထိ မလှုပ်မယှက်သေးပုံကိုကြည့်လျက် အခွင့်ကောင်းယူကာ ကျန်းစစ်မင်ခါးကို သိုင်းဖက်ထားလိုက်သည်။
“လူကြီးမင်းကျန်း ကျွန်မရှင့်အပေါ် ဘယ်လိုခံစားချက်မျိုးရှိနေမလဲ ဟိုးကတည်းက သိထားလောက်မှာပါ။ ဒီမတိုင်ခင် ဝမ်ဂျန် ကျွန်မကို လိုက်ချည်းကပ်နေလို့ ရှင့်နားခပ်ခွာခွာနေခဲ့ရတယ်။ အခု သူနဲ့လမ်းခွဲလိုက်ပြီ။ မေးကြည့်ချင်တယ် … ကျွန်မကို ချစ်လားဟင်?”
ဖြူလွလွ မျက်နှာလှလှလေးနဲ့ ကျန်းယုဟန် တစ်ယောက် ကျန်းစစ်မင်ရှေ့ ပါးအပ်မှီချရင်း ပြောလိုက်သည့်အခါ နီရဲသောသူ့နှုတ်ခမ်းများ အနည်းငယ် ဟလာသည်။
အသက်ရှူသံ ခပ်လေးလေး.. ကျန်းစစ်မင် သူ့အတိုင်း လွှတ်ထားလိုက်သည်။
“ဒါပေမယ့် မင်းလမ်းခွဲထားတာ မကြာသေးဘူးလေ”
ဟု ကျန်းစစ်မင် အတွေးနည်းနည်းဝင်သယောင် ဖြစ်သွားသည်။
“ကျွန်မ သူနဲ့ ကွဲကွာနေတာ ကြာပါပြီ။ တရားဝင်ချစ်သူ ဖြစ်နေပေမယ့်လို့ အမြဲ မပျော်မရွှင်ဖြစ်ခဲ့ရတယ်။ ပွဲစားကုမ္ပဏီက ရှင်ထွက်သွားက တည်းက .. လူတွေ … ခဏခဏ ရှင့်ကို အိပ်မက်မက်ပြီး အများကြီး သတိရနေတာ အို ..”
ကျန်းယုဟန် ၏ ရှက်ဖွယ် ဟန်ပန်လေးကြောင့် ကျန်းစစ်မင် ရှက်သွားမိသည်။
ကျန်းစစ်မင်လို ဟာကွက်မရှိ သရုပ်ဆောင်စွမ်းရည်ဖြင့် လူမျိုးရှေ့တွင်သည်လို ကပျက်ကချော်နိုင်တဲ့သရုပ်ဆောင်ဟန်ကို မြင်သည့်အခါ ပြုံးရုံပြုံးချင်မိသည်။
“ငါ့အကြောင်း ဘာလွမ်းတာလဲ ဘာအိပ်မက်မက်တာလဲ?”
ကျန်းစစ်မင် စေ့စေ့စပ်စပ်မေးလိုက်သည်။
“မုန်းလိုက်တာ.. လူတွေကရှင့်ကိုအိပ်မက်မက်နေတုန်း … မွ”
ကျန်းယုဟန် ကျန်းစစ်မင်ပါးကို အရင်လှမ်းနမ်းလိုက်သည်။
နောက်တစ်ဆင့်တက်တော့မယ့်အချိန် ရုတ်တရက်ဖုန်းမြည်လာခဲ့သည်။
“ခဏလေးနော် ဥက္ကဠကျန်း ဖုန်းအရင်ဖြေလိုက်ဦးမယ်”
ဒီလိုအချိန်မှဝင်လာသည့် ဖုန်းအပေါ် ကျန်းယုဟန် နည်းနည်းစိတ်ရှုပ်သွားပေမယ့် ဖုန်းကိုင်လိုက်ချိန် တစ်ဖက်က ဝမ်ဂျန် ဖြစ်နေသည်။
ကျန်းယုဟန် စတင်စကားပြောဖို့ တွန့်ဆုတ်နေသည်။
ကျန်းစစ်မင် ပြုံးကာပြောသည်:
“ဖြေလိုက်လေ အသံချဲ့လိုက် ငါနားထောင်မယ်”
ကျန်းယုဟန် မငြင်းရဲသဖြင့် အသံချဲ့လိုက်သည်။
ဒီနောက် ဝမ်ဂျန် ၏ အလွန်တရာနူးညံ့သော အသံ ဝင်ရောက်လာတော့သည်။
“ချစ်လေး အိမ်ပြန်မရောက်သေးဘူးလား?”
“ဘာကိစ္စရှိလို့လဲ ဝမ်ဂျန်?”
ကျန်းယုဟန် သွေးအေးစွာ ပြန်ပြောသည်။
“ဟန်ဟန် ဒီနေ့အားလုံးက ကိုယ့်အမှားဆိုတာသိပါတယ်။ ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား?”
ဝမ်ဂျန် တောင်းပန်လိုက်သည်။
“ကျွန်မ သေချာပြောပြီးသားပဲ။ ကျွန်မတို့ လမ်းခွဲလိုက်ပြီ.. ကျေးဇူးပြုပြီး နောက်တစ်ခါ ကျွန်မကို မနှောင့်ယှက်ပါနဲ့တော့”
ကျန်းယုဟန် တွန့် ဆုတ်မနေ။ သူ့ခန္ဓာကိုယ်တစ်ပိုင်းက ကျန်းစစ်မင်ကို ဖိမိလျက်သားပဲ ရှိသေးသည်။
ထူးဆန်းသည်က ကျန်းစစ်မင် သည်အမျိုးသမီးအပေါ် ခံစားချက်မရှိခြင်းပင်။
ကိုယ်လုံးကိုယ်ပေါက်လှသည်၊မျက်နှာပေါက်လှသည် ဆိုပေမယ့်လို့ သူ့ကိုယ်သူ ပစ်ကျွေးရင်း ဇာတ်လမ်းအရင်စသော သည်အမျိုးသမီး။
ကျန်းစစ်မင် သူ့ကို ထိပင်မထိချင်တော့။
သို့သော် ဝမ်ဂျန် ဖုန်းခေါ်ပြီးတဲ့နောက် အံ့ဩစရာမှာ ကျန်းစစ်မင် အတော်ရင်ခုန်ဖို့ကောင်းသည့် ကိစ္စရပ်နှင့် သူ့ရင်ထဲမှာ ပေါက်ဖွားလာသည့် လက်စားချေချင်စိတ် ဖြစ်သည်။
“ဘာဖြစ်နေတာလဲ ချစ်?”
ဝမ်ဂျန် သင်္ကာမကင်းစွာမေးသည်။
“ဘာမှမဖြစ်ဘူး ပြောလို့ပြီးပြီလား? ပြီးရင် ဖုန်းချလိုက်ပြီ”
ကျန်းယုဟန် ဖုန်းချချင်နေပြီ။
ဒါပေမယ့် ကျန်းစစ်မင် သဘောမတူ.. ဖုန်းဆက်ပြောရန် အချက်လှမ်းပြလိုက်သည်။
ကျန်းယုဟန် သူ့ကို ပလီပလာလှမ်းကြည့်လိုက်သည်။ ဒ
ါပေမယ့် ကျန်းစစ်မင် သူ့ကို တောင်းဆိုသည်မှာ ဒါပထမဆုံးအကြိမ်မို့ မငြင်းပယ်ချင်။
ကံသီစွာ ဝမ်ဂျန် ကလည်း အလိုက်ထိုက်ပင် ချက်ချင်းစကားစရှာသည်။
“ဟန်ဟန် ကိုယ်ပြောတာနားထောင်ပါဦး ကိုယ်မင်းကိုတကယ်သဘောကျတာပါ။ ကိုယ်ဒီနေ့ သိပ်အစွန်းရောက်သွားတယ်။ ဟိုခွေးကောင် ကျန်းကို အပြစ်တင်ရမှာပဲ။သူ့ကြောင့်သာမဟုတ်ရင် … ကိုယ် “
“ဘာကြီး!”
“ဟန်ဟန် ဘာဖြစ်တာလဲ?”
“ဟင့်အင်း … ဘာမှမဖြစ်ဘူး ခလုတ်တိုက်မိတာ .. ?
“မင်းဘာလို့ နမော်နမဲ့နိုင်ရသလဲ ကိုယ်လာပြီးဆေးလိမ်းပေးရမလား?”
ညင်ညင်သာသာ ဝမ်ဂျန် မေးလိုက်သည်။
“ဟင့်အင်း … ရတယ်”
“ဒီလိုမှပေါ့ လိမ္မာတယ်.. ဟန်ဟန် မင်က ကိုယ်တွေ့ဖူးသမျှထဲ အလှဆုံးနဲ့ အရိုးရှင်းဆုံး မိန်းကလေးတစ်ဦးပဲ။ မင်း ကိုယ့်ကို လက်ထပ်မှမဟုတ် ပါဘူးလေ။ ကိုယ်မင်းကို ချစ်တယ်!”
ဝမ်ဂျန် ၏ ဝန်ခံချက်ကြီးက ကျန်းစစ်မင်ကို ရယ်ချင်စိတ်တောင် မဖြစ်လာစေပေ။
တစ်ဖက်သူ မရပ်သွားဘဲ စကားဆက်ပြောလာသည် :
“ဟန်ဟန် မင်းအိပ်ခန်းပြတင်းပေါက်နားလာပြီး အောက်ကိုငုံ့ကြည့်လိုက်”
“ဘာဖြစ်လို့လဲ?”
ကျန်းယုဟန် ကြောက်သွားသည်။ ဝမ်ဂျန် အောက်ထပ်ရောက်နှင့်နေတာ မဟုတ်ဘူးလား?
“မင်းတစ်ချက်ကြည့်လိုက်။ ကိုယ်မင်းအတွက် အထူးတလည်ပြင်ဆင်ထားတဲ့ အံ့ဖွယ်”
ဟု ဝမ်ဂျန် မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်
ကျန်းစစ်မင်ကို ကျန်းယုဟန် လှမ်းကြည့်ပုံက ကျန်းစစ်မင် အမြင်ကို တောင်းခံသလို ဖြစ်နေသည်။
ကျန်းစစ်မင်က သူ့လက်ကြီးကို လွှတ်လိုက်ပြီး သွားကြည့်ခိုင်းလိုက်သည်။
ကျန်းယုဟန် အဝတ်ကဗျာကဗျာ ဝတ်ပြီး အိပ်ခန်းသို့ပြေးသွားသည်။
ပြတင်းပေါက်ကို မှီပြီး ကျန်းယုဟန် အောက်ထပ်ကိုကြည့်လိုက်သည်။
ပန်းများနှင့် မီးရောင်စုံလေးများ အပြည့်ဖြင့်ကားဘေး၌ အိမ် အောက်ထပ်တွင် ဝမ်ဂျန် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။
ပန်းများကြားတွင် LV အိတ်တစ်လုံးနှင့် အနုပညာဆန်ဆန် အမျိုးသမီးဝတ် နာရီများ ရှိနေသည်။
ကျန်းယုဟန် သည်နှစ်ခုကို မှတ်မိသည်။
သူအမြဲ လိုချင်နေခဲ့သော အရာများဖြစ်သည်။
အိတ်နှင့်နာရီပေါင်းတန်ဖိုး ငါးသောင်းကျော်နီးပါး ရှိသည်။
ယွမ် ငါးသောင်းမှာ သာမန်မန်နေဂျာဖြစ်သည့် ဝမ်ဂျန် အဖို့ အတော်များပြားသော ပမာဏဖြစ်သည်။
ဒီအတွက်လည်း ဝယ်ပေးရန် တွန့်ဆုတ်နေခဲ့ခြင်းဖြစ်သည်။
ဒီတစ်ကြိမ်တော့ ငွေကုန်ရင်ကုန်ပါစေ ကျန်းယုဟန် ကို ပြန်ချော့ဖို့ဆုံးဖြတ်ထားလိုက်သည်။
::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။