အပိုင်း - ၈၁
သုံးဦးလုံး ကားဂိုဒေါင်မှ ထွက်လာကြပြီး အပေါ်ထပ်တက်လာခဲ့ကြသည်။
ကျောင်းရွမ် နေရာမှာ ကျန်းစစ်မင် အိမ်ထက် ပို၍သားနားထည်ဝါပေသည်။
ဤစံအိမ်မှာ သန်း100 အထက်ပင်ရှိပေမည်ဟု ကျန်းစစ်မင် ခန့်မှန်းချက်ချမိသည်။
အချက်ချာကျသောမြေနေရာလည်းရှိ၍ သီးသန့်ဉယျာဉ်၊ သီးသန့်ကားနေရာများလည်းရှိပေသည်။
မြေအောက်ကားပါကင်ကနေ ဓာတ်လှေ ကားဖြင့်တက်သွားလျှင် အတွင်းဘက် ရှုခင်းကိုမြင်နိုင်သည်။
ဇိမ်ခံတန်ဆာဆင်ယင်မှုများမှာ လှပနေပေသည်။
"ပုံမှန်ဆို ဒီအိမ်မှာ ကျမနဲ့ သမီးလေးပဲရှိတာ။ မကြာခဏဆိုသလိုတော့ ကျမမိဘတွေလာလေ့ရှိပါတယ်။ မောင်လေးကျန်း.. ဒီမှာထိုင် အမေသမီးအတွက် ရေထည့်ပေးမယ်။ ကော်ဖီနဲ့ လက်ဖက်ရည်တော့မသောက်နဲ့နော်... မဟုတ်ရင် ညအိပ်ပျော်မှာမဟုတ်ဘူး"
ကျန်းစစ်မင် ဆိုဖာတွင် ထိုင်နေတုန်း ကျောင်းရွမ် စကားပြောရင်းဧည့်ခန်းသို့ဝင်သွားသည်။
ကျောင်းရှိုရှို လည်း ရေချိုးခန်းမှထွက်လာပြီး ကျန်းစစ်မင် နားနားသို့တိုးတိုးလေးပြောသွားသည်။
"ဖေဖေ ဒီနေ့ညမေ့မေ့ကို ရအောင်ကြိုးစားနော်... သမီးအခြေနေကြည့်ပေးမယ်"
ကျန်းစစ်မင် မှာလည်း ထိုကလေးမလေးနှင့်ကို အကြပ်ရိုက်နေပေသည်။
ကျောင်းရှိုရှို မှာတော့ ကျန်းစစ်မင် ကိုမျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စိုက်ကြည့်နေတော့သည်။
"ရှိုရှို သမီးကိုဘယ်သူက အပြင်ထွက်ခိုင်းလို့လဲ... ခြေလက်ဆေးပြီးရင် အိပ်ရာထဲဝင်တော့လေ"
ကျောင်းရွမ် လှမ်းဆူလိုက်သည်။
ကျောင်းရှိုရှိုကတော့ထွက်မသွားခင် ကျန်းစစ်မင် ကိုမျက်နှာရိပ်မျက်နှာကဲပြလိုက်သေးသည်။
"ရှိုရှိုက ဘာတွေ ခြောက်သွားသေးလဲ"
ကျောင်းရွမ် ပြုံး၍ရေလှမ်းပေးလိုက်သည်။
ကျန်းစစ်မင် ရေခွက်ကောက်ကိုင်လိုက်ပြီး
"မဟုတ်ပါဘူး... ကျွန်တော့အထင်နေမှာပါ"
ကျောင်းရွမ် လည်းသက်ပြင်းချလိုက်ပြီး
"ဒီကလေးကဒီလိုပဲ သူ့သူငယ်ချင်းတွေကနုံတုံတုံဖြစ်တယ်ဆိုပြီး သူတို့နဲ့လည်းသွားမဆော့ဘူး"
"ရင့်ကျက်တာနဲ့ မှန်မှန်ကန်ကန်တွေးတောနိုင်တာကတော့ ဆိုးတဲ့အရာတော့မဟုတ်ပါဘူး"
ကျန်းစစ်မင် သူ၏ထင်မြင်ချက်ပြောလိုက်သည်။
"ကျမလည်းထင်ပါတယ်"
ကျောင်းရွမ် ပြောရင်းနဲ့ကျန်းစစ်မင် ဘေးနားကပ်ထိုင်လိုက်သည်။
ကျန်းစစ်မင် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
၎င်းမှာ ကျောင်းရွှမ်က သူ့အပေါ် နှစ်သက်မှု အမှတ် ၉၀ တောင်ရှိသည်ကိုပင်။
"မောင်လေးကျန်း"
ကျောင်းရွမ် ရုတ်တရက်ခေါ်လိုက်သည်။
"ပြောလေ အမ ကျောင်း"
ကျန်းစစ်မင်ပြောရင်းနဲ့သူမ၏ လှပသောမျက်ဝန်းများကို ကြည့်မိလိုက်သည်။
သူမမှာ အသက် 30 ကျော်နေသော်လည်း ကိုယ်လုံးကိုယ်ပေါက် နှင့် အသားရေတို့မှာ 18 နှစ် အရွယ် ကောင်မလေးကဲ့သို့ပင်ဖြစ်လေသည်။
ကျောင်းရွမ် ၏မျက်လုံးများမှာချစ်သောသူတယောက်ကိုကြည့်သော မြစ်ထဲမှ မက်မွန်ရေပြင်ကဲ့သို့ပင် ဖြစ်နေသည်။
ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်မှာလည်း လှပကျော့ရှင်း၍ ပြစ်မျိုးမထင်အလှမျိုးပိုင်ဆိုင်ထားလေသည်။
ကျောင်းရွမ် မှာ အနည်းငယ်ရှက်နေသော် လည်း " အမ ကိုဘယ်လိုထင်လဲ" ဟုမေးလိုက်မိသည်။
"အမ ကျောင်း က သဘောလည်းကောင်းတယ်.. လှလည်းလှတယ်.. ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်လည်း ရှိတယ်။ အမ သဘောကျတဲ့ လူကတော့ ကံကောင်းမှာပဲ"
ကျန်းစစ်မင် မယုတ်မလွန် ပြန်ဖြေလိုက်သည်။
ကျောင်းရွမ် မှာ အဖြေကို မကျေနပ်သေး၍ ဆက်မေးနေလေသည်။
"မင်းကျရော ဘယ်လိုလဲ.. အမကိုသဘောမကျဘူးလား"
ချစ်ရေးဆိုခန်းမှာ ယခုကဲ့သို့ အမြန်ရောက်လာမည်ဟု ကျန်းစစ်မင် မထင်ထားပေ။
"ဒါပေါ့ စတွေ့ကတည်းကပဲ"
ကျန်းစစ်မင် မှာ ခေသူမဟုတ်ပေ။
ဤသည်ကိုကြားရသော် ကျောင်းရွမ် ၏ မျက်နှာမှာ ရဲပြီးရှက်သွားသည်မှာ ချစ်စရာကောင်းလှသည်။
"မောင်လေးကျန်း အမအမှန်တိုင်းပြောမယ်.. အမမင်းကိုကြိုက်တယ်.. မင်းရောအမကအသက်ကြီးတယ်လို့ထင်လား"
ကျောင်းရွမ် လည်း သတ္တိမွေးပြီးမေးလိုက်လေသည်။
ကျန်းစစ်မင် ခါးကိုလှည့်လိုက်ပြီး နှစ်သောက်သားမျက်နှာချင်းဆိုင်အနေထားဖြင့်ပိုမိုနီးကပ်သွားသည်။
ကျောင်းရွမ် ဆီမှ မက်မွန်ရနံ့ကိုယ်သင်းနံ့ကိုရလိုက်သည်။
သူမ၏ ညှပ်ရိုးအောက်မှ တိမ်ဖြူကြီးကြီးတို့ကိုတွေ့မြင်လိုက်ရသည်။
သူ၏ယောက်ျားစိတ်မှာလည်း နိုးထလာပေတော့သည်။
" အမ ကျောင်း ကျွန်တော့်ကိုရောငယ်တယ်ထင်လား"
ကျန်းစစ်မင် လည်း ကျောင်းရွမ် ၏လက်ဖြူဖြူလေးတစုံကိုကိုင်ပြီး ပြုံးပြလိုက်သည်။
"ဟင့်အင်း လုပ်ပါနဲ့"
ကျောင်းရွမ် မှာ တုန်ရီလာသည်။
အနှစ်သုံးဆယ်မျှ စင်ဂယ်ဖြစ်ခဲ့၍ ပထမဆုံးအကြိမ်ချစ်သူထံမှ လက်ကိုင်ခံရသည် ခံစားမှုမျိုး မှာမည်သို့ပင်မသိခဲ့ပေ။
ထို့နောက် ကျန်းစစ်မင် လည်း ခေါင်းကိုအပေါ်သို့ အနည်းငယ်မော့ထားကာရှေ့သို့တိုးလာသည်။
ထို့နောက် နှစ်ယောက်သား အိပ်ခန်းသို့သွားခဲ့သည်။
နာကျင်သောအသံတစုံ.....
ထိုညတွင်ပင် ကျန်းစစ်မင်တစ်ယောက်အမျိုးသမီးတစ်ဦး၏ တန်ဖိုးကြီးမားသောအရာတစ်ခုကို ရယူခဲ့သည်။
ထိုအချိန်မှစ၍ တယောက်တည်းဖြစ်နေခဲ့သော အမျိုးသမီးမှာ ယခုအခါတွင် လှပသောဇနီးမယားအဖြစ်သို့ ရောက်ရှိလာလေပြီ။
ထိုညတွင် ခုတင် လှုပ်ခါနေခြင်းမှာ မရပ်တော့ပေ။
လပင်ပျောက်ကွယ်၍ ကြယ်များပင်မှေးမှိန်လာသော်လည်း ကုတင်ပေါ်မှတိုက်ပွဲမှာ မပြီးဆုံးသေးပေ။
နှစ်ယောက်သားချွေးများစိုရွဲလျက် ကျောင်းရွမ် လည်း အားပျက်သွားလေသည်။
ကျန်းစစ်မင် လည်း သူမကို ရေချိုးခန်းသို့ခေါ်ဆောင်သွား၍ ရေးများဆေးကြောပေးပြီး ဒုတိယပိုင်းဆက်ကြလေတော့သည်။
ကျန်းစစ်မင် အိမ်သို့ပြန်ရောက်ပြီး နောက်တစ်ရက်တွင် ကားသစ်တစီးဖြင့် လူတယောက်ရောက်လာလေသည်။
ဈေးကွက်တွက်ပေါက်ဈေ း4 သန်းတန်ဖိုးရှိ အပြာရောင် Aston Martin DB11 ကားအမျိုးစားပင်ဖြစ်သည်။
ကျန်းစစ်မင် ၏ Audi RS7 နှင့်ယှဉ်လျှင် ဤကားမှာ အဆင်မြင့်သော စူပါကားအမျိုးစားပင်ဖြစ်လေသည်။
မိုးပြရောင်ကိုယ်ထည်နဲ့ လင်းပိုင်ပုံစံလိုင်းစင်းများကြောင့် ရေအောက်ကမ္ဘာရောက်နေသလို ခံစားချက်မျိုးရစေသည့် ကားမျိုးပင်။
::::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။