အပိုင်း - ၂၂၁ (မယုံကြည်သူများ တချန်း)
ကျန်းစစ်မင် နှင့် အခြားလူ များကား ရှစ်ယောက်လောက် သတ်ပြီးဖြစ်သော်လည်း သူတို့၏နေရာများလည်း ပေါ်လာခဲ့သည်။
သူတို့ကို ဘယ်သူမှ မချဉ်းကပ်ချင်ကြချေ။
ဆိပ်ကမ်း N မှ အဖွဲ့ကား မူလက တံတားကို ပိတ်ဆို့ချင်ခဲ့သည်။
သို့ရာတွင် 4am အသင်းလေဆိပ်၌ရှိနေမှန်း သိပြီးနောက် ၎င်းတို့ Port N ၌သာဆက်နေရန် ရွေးချယ်ခဲ့ပါတယ်။
"4am တခြားအသင်းတွေနဲ့တွေ့ဖို့ က ဖိုင်နယ်မရောက်ပဲနဲ့တော့ခက်မယ်ထင်ပါရဲ့။"
Pigff အနေဖြင့် 4am ဆီမှ အားလုံးပုန်းအောင်းနေကြသည်ကို အနည်းငယ် အံသြမိသလို ခံစားရသည် ။
ဤအသင်းကား အကြမ်းဖက်အဖွဲ့များလား။
သူကိုယ်တိုင်လည်း ကံကောင်းထောက်မစွာ ထုတ်လွှင့်နေသူသာဖြစ်ပြီး ကစားနေခဲ့သူမဟုတ်ချေ။
မဟုတ်လျှင် Pigff လည်း သူတို့လို အထီးကျန်ဆန်ပြီး တုန်တုန်ယင်ယင်ဖြစ်နေမည်ကို ခံစားမိသည်။
"ဒါက အမှန်တော့ မဟုတ်ဘူး။ သူတို့ကိုက ပုန်းနေဖို့ရွေးနေတာပေမဲ့ 4am ကအခွင့်အရေးကို လက်လွတ်ခံမှာမဟုတ်ဖူး။ အထူးသဖြင့် အစ်ကိုမင် အနားရမှာမဟုတ်ဘူး။"
ညီမလေး သည် Pigff ၏အမြင်ကို သဘောမတူပါ။
သူတို့ကား ပုန်းကွယ်နေရန် လုံလောက်ရဲ့လား။
အစ်ကိုမင်က သူတို့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ပေ။
သူနဲ့သာရန်သူဖြစ်နေပါက သင့်အနေဖြင့် အချိန်မရွေး အသတ်ခံရန် ပြင်ဆင်ထားရမည်ပင်။
လန်ဒန်ဖိုင်နယ်တွင် ကျန်းစစ်မင် သည် VSG ကိုပိတ်ဆို့ရန် Port G သို့တစ် ယောက်တည်းထွက်သွားဖူးသလို RSG ကိုပိတ်ဆို့ရန်လည်း အထက်မြို့သို့သွားခဲ့သည်။
အသေအချာပင် ကျန်းစစ်မင် ဆိုင်ကယ်ပေါ်တက်သွားပြီး အဖွဲ့ကို ခေတ္တခဏ နှုတ်ဆက်သွားခဲ့သည်။
ကျန်းစစ်မင် ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှပရိသတ်များအနေဖြင့် ဝေ့ရှန်း နှင့်အခြားသူများကိုခဏတာမြင်တွေ့ရမည်မဟုတ်ပေ။
အကြောင်းမှာ ၎င်းသည် ကျန်းစစ်မင် ၏မြင်ကွင်းဖြစ်ပြီး 4am ၏ မြင်ကွင်း မဟုတ်သောကြောင့်ပင်ဖြစ်သည်။
ကျန်းစစ်မင် ဆိုင်ကယ်ဖြင့် လေဆိပ်မှထွက်ခွာလာသော်လည်း 4am အသင်းကတော့ လေဆိပ်နောက်ဘက် တောင်ထိပ်တွင် စခန်းချရန် ရွေးချယ်ခဲ့သည်။
သူတို့အတွက်ကား တည်တည်ငြိမ်ငြိမ်ကစားရန် လိုအပ်ပေသည်။
ကျန်းစစ်မင် ကတော့ သူ့သဘောအတိုင်းသာပင်။
FGS ကမ္ဘာ့ချန်ပီယံဆုရရှိရန် ကျန်းစစ်မင် ၏တကိုယ်တော်တိုက်ခိုက်မှုကို အားထားခဲ့ရကြောင်း သိရန်လိုအပ်ပေသည်။
ထို့ကြောင့်ပင် ဝေ့ရှန်း နှင့် အခြားသူများသာမက ပရိသတ်များအတွက်လည်း မည်သို့မျှသဘောမထားကြချေ။
မော်တော်ဆိုင်ကယ် တံတားကိုဖြတ်ချိန်တွင် ကျန်းစစ်မင် ဆိုင်ကယ်ပေါ်မှဆင်းကာ တစ်ချက်ကြည့်လိုက်သည်။
တံတားမဖြတ်ခင်၌ ဘယ်သူမှ ပိတ်ဆို့ထားသည်မရှိကြောင်း သေချာအောင်လုပ်ရန်လိုပေသည်။
တစ်စုံတစ်ယောက်က ပိတ်ဆို့ထားလျှင်တောင်မှ သူ့အနေဖြင့် အလျင်စလို တိုက်ခိုက်မည်မဟုတ်ချေ။
တခြားအသင်းမှ လူလေးယောက်က သူ့ကို သတ်ပစ်နိုင်တယ်။
"ဒါက အကိုမင် ကို ပိတ်ဆို့ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ကံဆိုးချင်တော့ တံတားကို ဘယ်အဖွဲ့မှ မပိတ်ထားဘူး။ အခုတော့ အစ်ကိုမင်ထွက်လာဖို့ အချိန်ကျပြီ။ အကုန်လုံး သေဖို့စောင့်နေလိုက်တော့!"
ညီမငယ်လေးက ပန်းရောင်လက်သီးကို ဝှေ့ယမ်းပြလျက် နိဂုံးချုပ်လိုက်သည်။
ပရိသတ်များသည် သူမ၏ တစ်စိတ်တစ်ပိုင်း မှတ်ချက်ပေးမှုအတွက် မရယ်နိုင် မငိုနိုင်ချေ။
နတ်ဘုရား ၏ကောင်မလေးများကား cheerleader အဖြစ် ရောက်ရှိလာပေသည်။
ကံကောင်းစွာဖြင့် ဤသည်မှာ ကျန်းစစ်မင် ၏ ကိုယ်ရေးကိုယ်တာ တိုက်ရိုက်ထုတ်လွှင့်ရာဖြစ်နေခြင်းပင်။
လာကြည့်သူအားလုံးက ပရိသတ်များဖြစ်ရာ ထိုသို့အပြုအမူမျိုးကို မှားယွင်းသည်ဟု မထင်မြင်ကြချေ။
အကယ်၍ ၎င်းကဂိမ်း၏တရားဝင် တိုက်ရိုက်ထုတ်လွှင့်ခန်း၌သာဆိုပါက၊ ဤမျက်နှာသာပေးမှုမျိုးကို ကြည့်ရှုသူအများအပြားက ဖုံးကွယ်ရန်ကြိုးစားကြမည်ဖြစ်သည်။
ကျန်းစစ်မင် ၏မော်တော်ဆိုင်ကယ် တံတားကိုဖြတ်ပြီးနောက် မြေပုံကိုတချက်ကြည့်လိုက်သည်။
ထိုအချိန်တွင်လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိရာနေရာ၌ ဗုံးကြဲနေသည်။
ဗုံးကြဲနေရခြင်းမှာ တစ်စုံတစ်ယောက်ရှိကြောင်းဆိုလိုခြင်းပင်။
ကျန်းစစ်မင် က သိပ်မတွေးတော့ဘဲ ဓာတ်အားပေးစက်ရုံဘက်သို့ လှည့်ထွက်သွားသည်။
ဆိုင်ကယ်ကား မတ်စောက်သည့် ကျောက်ဆောင်ပေါ်တွင် အသာအယာသွားလာနေသည်။
သူက ဆိုင်ကယ်ကို လေထဲလှည့်ပြလိုက်သေးသည်။
"နတ်ဘုရား ပျော်ပါးနေတာ"
Pigff ပြုံးလျက်ပြောလိုက်သည်။
မကြာခင်မှာပဲ ကျန်းစစ်မင် ဟာ ဓာတ်အားပေးစက်ရုံကြီးဆီကို ပြေးသွားတယ်။ ဓာတ်အားပေးစက်ရုံရှိ အဖွဲ့ကား နာမည်ကျော် 7လေးလုံး EDG ပင်ဖြစ်သည်။
EDG club သည် lol တွင် အလွန်အားကောင်းသော်လည်း PlayerUnknown's Battlegrounds တွင်တော့ ဖမ်းစားနိုင်မှုမရှိပေ။
စက်ရုံဒါရိုက်တာကဲ့သို့ ဝိညာဉ်မရှိသောကြောင့်လည်း အသင်းက ၎င်း၏ အင်အားကို မပြနိုင်ခြင်းပင် ဖြစ်သည်။
ယခုနှစ် FGS ပြိုင်ပွဲပြီးဆုံးချိန်မှစ၍ ပြည်တွင်းပြည်ပကလပ်များက PUGB ကို ပိုမိုအာရုံစိုက်လာကြသည်။
ဘောနပ်စ်များနှင့် ကျော်ကြားမှုတို့်ကြောင့်အပြင် 4am၏ ဆုကြေးငွေနှင့် အမြတ်အစွန်းတို့ကြောင့်လည်း ပါပေသည်။
အခုအခါ 4amအတွက် ကြော်ငြာစရိတ်မှာ သန်းချီတန်ကြေးရှိပြီး ထိပ်တန်းစပွန်ဆာအတွက် ၁၀ သန်းကျော်ပင် ကျသင့်မည်ဖြစ်သည်။
၎င်းမှယူဆောင်လာသော ကျော်ကြားမှုနှင့် ကြော်ငြာအကျိုးသက်ရောက်မှုတို့ကား lol မှလွဲ၍ အမြင့်ဆုံးဖြစ်သည်။
ကလပ်အသင်းကြီးများကား ၎င်းတို့၏ အသင်းအင်အားကို မြှင့်တင်ရန်အတွက် ယခုနှစ်တွင် ကြီးမားစွာရင်းနှီးမြုပ်နှံမှု ပြုလုပ်နေကြသည်။
ပရော်ဖက်ရှင်နယ် ကစားသမား တော်တော်များများကလည်း PUBG ကစားရသည်ကို နှစ်သက်ကြသည်။
RNG ကား ထိုအရာကို အဓိကခံစားနေရပေသည်။ အဖွဲ့ဝင်အချို့သည်လည်းအားလပ်ချိန်တိုင်း ကြက်သားစားဂိမ်းအချို့ ကစားနေပေသည်။
ကြက်သားစားသည့်ဂိမ်းကိုလည်း ကြည့်ရှုရသည်ကိုလည်း ကြိုက်နှစ်သက်ကြပေသည်။
ထိုအချိန်တွင် စက်ရုံမန်နေဂျာကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည်။
"ဒီလူကိုက အရမ်းကြမ်းတာလား။ ဘာလို့ သူ့ဟာသူ သွားလာရဲရတာလဲ။"
ဒါရိုက်တာကား အားလပ်ချိန်၌သာ ကစားလေ့ရှိရာ သူ့အတွက်တော့ အသစ်အဆန်းဖြစ်နေပေသည်။
သူက ဆိုင်ကယ်မောင်းနေတဲ့ ကျန်းစစ်မင် ကိုညွှန်ပြလျက် ဘေးရှိ မီကို ကိုမေးမြန်းစပ်စုလိုက်သည်။
မီကို သည် ကြက်သားခေါက်ဆွဲစားနေကျ ဝါရင့်ပင်ဖြစ်သည်။
သူက လေးစားအားကျသည့်ပုံစံဖြင့်
"သူက အရမ်းကြမ်းတယ်၊ မင်းရဲ့ lol ကစားပွဲတုန်းက ရွှေခေတ်အတိုင်းပဲလေ၊ ပြီးတော့ အဲ့ထက်တောင်အဆပေါင်းများစွာ သန်မာသေးတယ်။ နားလည်လား။"
"လေကြီးနေတာပဲ။ ငါတော့ မယုံနိုင်ဘူး။"
စက်ရုံမန်နေဂျာက မယုံဲကြည်ခဲ့ချေ။ သူ၏ အထွတ်အထိပ်ကာလတွင် သူက ကမ္ဘာ့နံပါတ် ၁ jungler ဖြစ်သည်။
ကိုရီးယားအသင်း အကြောက်ဆုံးသော တရုတ်ကစားသမားပင်။
ဒီကောင်က သူနဲ့ ဘယ်လို ယှဉ်နိုင်မည်နည်း။
"ငါမင်းကိုလိမ်လိုက်တာ။ မင်းကစားတာမကြာသေးတော့ ဒါကိုမင်းနားလည်မှာမဟုတ်ဘူး။ မင်း FGS ပြိုင်ပွဲကိုရောက်ရင်သိလိမ့်မယ်။ သူကကမ္ဘာ့ချန်ပီယံ၊ MVP၊ Murder King၊ Sniper နဲ့ တခြားဆုတွေအများကြီးရထားတာ။"
မီကို က သက်ပြင်းချလျက်
"ဒီလူသာ ငါတို့ EDG ကလပ်မှာရှိနေရင် ကောင်းမှာပဲ၊ ငါဘာမှလုပ်စရာမရှိတိုင်း နှစ်ယောက်တွဲကစားခိုင်းလို့ရတယ်။" ဟုပြောလိုက်သည်။
စက်ရုံဒါရိုက်တာက အံ့သြသွားသော်လည်း ယုံကြည်ခြင်းမရှိသေးပေ။
“ငါမယုံဘူး။ အခုသူက ငါတို့ EDG နယ်မြေကို အခုလာနေတယ်။ ခဏစောင့်။ လူလေးယောက်က သူ့တယောက်တည်းကိုတော့ သေချာပေါက်နိုင်မှာပဲ။
မီကို က ရယ်မောလိုက်ပြီး
" ငါတို့ EDG က သူ့ကိုသွားမပစ်ဖို့ မင်းဆုတောင်းသင့်တယ်။ မဟုတ်ရင် သူတို့ ပျောက်သွားလိမ့်မယ်။"
ထိုသို့ပြောပြီးနောက်မကြာခင်ပင် EDG အဖွဲ့ဝင်တစ်ဦးက မနေနိုင်ဘဲ ကျန်းစစ်မင် ကို ပစ်ခတ်ခဲ့သည်။
ကျန်းစစ်မင် ၏ အရှိန် အလျင်အမြန်တိုးလာပြီး လှည့်ပတ်ရင်းနှင့်ပင် သူ့မျက်နှာနားရောက်လာသည့် ကျည်ဆန်ကို အလွယ်တကူ ရှောင်ရှားခဲ့သည်။
ထို့နောက် EDG အဖွဲ့ဝင်ရှေ့၌ပင် မော်တော်ဆိုင်ကယ်သည် ကောင်းကင်သို့ ပျံတက်သွားသည်။
ထိုအချိန်တွင် ကျန်းစစ်မင် သည် မောင်းနှင်နေသည့် အနေအထားမှ နောက်ဘက်သို့ ပြောင်းသွားပြီး သူ့လက်ထဲ၌ SCARL ရိုင်ဖယ်ကိုင်လိုက်ပြီး ထိုင်လျက်ချိန်ရွယ်လိုက်သည်။
ထိုသူကား ရက်ရက်စက်စက် သုတ်သင်ခံလိုက်ရပေသည်။
ကျည်ဆန်သည် EDG အဖွဲ့ဝင်၏ ခန္ဓာကိုယ်ထဲသို့ ကျရောက်သွားသည်။
ယခုအကြိမ်တွင် သေနတ်ဖိအားမရှိသော်လည်း ကျပန်းသေနတ်က တဖက်သူကို ဖြိုခွင်းနိုင်ဆဲပင်ဖြစ်သည်။
သုတ်သင်ပြီးနောက် ကျန်းစစ်မင် သည် မောင်းသူခုံသို့ပြန်ပြောင်းလိုက်ပြီး ဆိုင်ကယ်ကိုလှည့်ကာ တိုက်သတ်လိုက်သည်။
ထို့နောက်တွင်တော့ အခင်းဖြစ်ရာမှ ထွက်ခွာသွားခဲ့သည်။
ဤလှုပ်ရှားမှုကား ဒါရိုက်တာကို အံ့အားသင့်သွားစေခဲ့သည်။
သူ့ကစားနည်းက ဘာကြောင့် သူ့အတွက် မတူရတာလဲ။ ? ?
ကျန်းစစ်မင် ကို သတ်ဖြတ်ရန် ရောက်ရှိလာသော EDG အဖွဲ့ဝင်များကား ထွက်သွားပြီဖြစ်သော်လည်း သူကတော့ ဓာတ်အားပေးစက်ရုံသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။
EDG အဖွဲ့ဝင်သုံးဦးက ၎င်းတို့၏သေနတ်များဖြင့် ပစ်ခတ်လိုက်သည်။
သို့သော်လည်း ဆိုင်ကယ်ကိုပင်မထိခဲ့ဘဲ ကျန်းစစ်မင် စက်ရုံထဲသို့ အပြေးရောက်လာသည်။
သို့ရာတွင် ကျန်းစစ်မင် ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး အလုပ်ရုံထဲက ထွက်လာသည်။ ထို့နောက်တွင် KG အသင်းထံမှရခဲ့သည့် 98K သေနတ်ဖြင့်ပစ်ခတ်လိုက်သည်။ EDG အဖွဲ့ဝင်တယောက် ချက်ချင်း ပြုတ်ကျသွားတယ်။
အခြား EDG အဖွဲ့ဝင် နှစ်ဦးသည် သေနတ်ဖြင့် တပြိုင်တည်းပစ်ခတ်လိုက်သည်နှင့် ကျန်းစစ်မင် သည် စက်ရုံထဲရှိ ဘန်ကာထဲသို့ ဝင်သွားခဲ့သည်။
သူတို့နှစ်ယောက်က ၂ယောက်၁ယောက်တိုက်ချင်သော်လည်း ကျန်းစစ်မင် ၏ SCARL ကားလုံးဝအဓိပ္ပါယ်မရှိပေ။
တစ်ဖက်ကို ကျည်ဆန်မမြင်နိုင်လောက်အောင် မြန်မြန်ဆန်ဆန်ပစ်ခတ်နိုင်မှုကား ကြောက်မက်ဖွယ်ပင်။ သင်၏ဂိမ်းသာလျှင် အဆုံးသတ်သွားနိုင်ပေသည်။
ကျန်းစစ်မင် ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များက ဤအနုပညာမြောက်တိုက်ခိုက်မှုကို ချီးမွမ်းနေကြသလို ညီမငယ်များကလည်း နတ်ဘုရားအတုမရှိဟု ကြွေးကြော်နေကြပြီဖြစ်သည်။
ကျန်းစစ်မင် SCARL သည် ပထမလူကို ထိမိချိန်တွင်ပင် ကျည်ပြန်မဖြည့်ရသေးပေ။
တကယ်တော့ ကျည်ကတ်ထဲတွင် ကျည်ဆန် ၁၅ တောင့်ထက်နည်းနေပြီဖြစ်သော်လည်း လူနှစ်ယောက်ကိုတော့ သေစေနိုင်သေးသည်။
သူ၏လက်ဖြောင့်မှုအပေါ် ယုံကြည်ချက်နှင့် တိုက်ခိုက်မှုတို့ကား လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့သည်။
စက်ရုံဒါရိုက်တာက ဖန်သားပြင်ကိုကြည့်ကာ နောက်ဆုံးတွင် "F*ck!" ဟုသာပြောနိုင်တော့သည်။
:::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။