အပိုင်း - ၂၂၆ (အမှောင်ထု ဖုံးခြင်း)
ကျန်းစစ်မင်နှင့် ဝေ့ရှန်း ကားပေါ်တက်တက်ချင်း အခန်းမှ သေနတ်သံကြားလိုက်ရသည်။
‘ ကစားသမား (SJ-Gucun) မှ M4 16 သုံးကာ ကစားသမား (4am-cpt) အား အနိုင်ယူလိုက်သည်”
“သောက်! လူတစ်ယောက် အထဲမှာကွ! ဒီနားမလာနဲ့ သူတို့သေနတ်ကိုင်ထားတုန်း!” ရှောင်ကျစ်မု ပထမဆုံးအကြိမ် အော်ဟစ်လိုက်သည်။
ကျန်းစစ်မင်နှင့် ဝေ့ရှန်း တစ်ပြိုင်နက်တည်း စတီယာရင်ကို ရိုက်ချလိုက်ပြီး ကားရှေ့ပိုင်းကို ပြန်လှည့်သွားသည်။
ပြန်လှည့်သွားပြီးချက်ချင်း အိမ်အပြင်နံရံဘက်ဆီ လူလေးယောက် ပုံပေါ်လာပြီး ကျန်းစစ်မင်နှင့် ဝေ့ရှန်း တို့ကို စိတ်ရှိလက်ရှိ ပစ်ခတ်ပါတော့ သည်။
အကွာအဝေးသိပ်ကပ်လွန်းသောကြောင့် ဝေ့ရှန်း သည် လေးယောက်၏ ပထမဆုံးပစ်မှတ်အဖြစ်ခံကာ ဂျစ်ကားကို တစ်ခေါက်မောင်းထွက် သွားသည်။ မြန်မြန်ဆန်ဆန်ပင် ကျသွားသည်။
သို့သော် ကျန်းစစ်မင် သည် ဆိုင်ကယ်နှင့်ဖြစ်သောကြောင့် နှစ်ချက်သာ အပစ်ခံရပြီး လွတ်သွားခဲ့သည်။
ဒီရုတ်တရက် အပြောင်းအလဲကြောင့် ကြည့်ရှုသူများ ကြောက်သွားသည်။
မထင်မှတ်ထားသည့်အချိန် SJ အသင်း နောက်ပိုင်းကနေ အခန်းထဲ ခိုး ကြောင်ခိုးဝှက် ဝင်နေခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် ကျန်းစစ်မင် ကားပေါ်တက်ခိုက်ဖြစ်သဖြင့် အိမ်ထဲမှ ခြေသံများ လုံးဝ မကြားလိုက်ရခြင်းသည် သူတို့တိုက်ခိုက်ဖို့ အခွင့် အရေးကောင်း ပေး လိုက်သလို ဖြစ်သွားခဲ့သည်။
ကံသီစွာ ရှောင်ကျစ်မု တစ်ယောက် အဆောက်အဦးထဲ ကြမ်းပေါ်လဲကျချိန် သတင်းပို့နိုင်ခဲ့သောကြောင့်ပင်။
မဟုတ်လို့ သူပါအတူ ကားမောင်း လိုက်သွားမည်ဆို သုံးယောက်လုံး လှုပ်ရှားချိန်ပင် ရလိုက်မည်မဟုတ်။
“ဒီ SJ အသင်း အတော် ကောက်ကျစ်တာပဲ!”
ကောင်မလေးက သူ့ချစ်သူအသင်းကို စိတ်ဆိုးဆိုးပြောလိုက်သည်။
“တကယ်တော့ နည်းနည်းအမှောင်ဖုံးသွားတာပါ။ အခု 4am အနေအထားက ဆုံးရှုံးမှုကြီးတယ်။ မျိုဂျင် ပဲကျန်တယ်။ ပြီးတော့ သူကလည်း သွေးတစ်ဝက်ပဲ ရှိတယ်။ အနားမှာ အသင်းတွေက အများကြီး။ သူတို့သာ ပစ်ခတ်ကြမယ်ဆို ထွက်ပြေးဖို့ခက်သွားပြီ”
ဟု Pigff လည်း စိတ်ပူစ ပြုလာသည်။
ဒါ့အပြင် ဝေ့ရှန်း နှင့် ရှောင်ကျစ်မု ကို အနိုင်ယူပြီးသည့်နောက်တွင် SJ မကျေနပ်သေး။
သေနတ်တစ်ချက်တည်းဖြင့် သေသွားမည်မှာ အသိ သာကြီးကို ဟာလာဟင်းလင်းမြေပေါ် မီးလောင်သေစေရန် ဝေ့ရှန်း အား မီးလောင်ဗုံးများ စတင်ပစ်သွင်းကြလေသည်။
အခန်းထဲမှ မျက်စိစပါးမွှေးစူးစရာလေး ပိုလို့ဆိုးသွားခဲ့သည်။ ဒီလုပ်ရပ်ကို Lonely လုပ်ခြင်းဖြစ်သည်။
ဒါဟာ ရည်ရွယ်ချက်ဖြင့် စော်ကားခြင်းဖြစ်သည်! ကြည့်ရှုသူများ မြင်ရုံဖြင့်တန်းသိသည်။
“ဘော ဒီမိမဲ့ဖမဲ့လေးတွေ အတော်ညစ်ပတ်တာပဲ!”
“ဒီရိုရိုကျိုးကျိုးခွေးကောင် ရည်ရွယ်ချက်ရှိရှိ ပြန်လက်စားချေတာ”
“ဒီလိုဗီလိန်မျိုးကျကွာ တော်တော် ရွံစရာကောင်းသွားပြီ”
“ရတဲ့နည်းလမ်းနဲ့ ပြန်လက်စားချေတာဆိုလည်း တစ်ဖက်က ရှုံးသွားတယ်ဆိုတောင် ဒါ ရှက်ဖို့ကောင်းလွန်းတယ်”
“မျိုဂျင် ကလည်း အန္တရယ်ကောင်လေ။ သူ့ဘက်ပေါင်းစုံမှာ အခုရန်သူအပြည့်ဖြစ်နေပြီ။ ဘယ်ဘက်ကမဆို အနိုင်ယူခံရမှာ”
…
ထိုအချိန် 4am အန္တရယ်ကြုံနေခဲ့သည်။
ကျန်းစစ်မင် မောင်းနှင်လာသော ဆိုင်ကယ် အဝေးကြီး မောင်းမသွားခဲ့ပေမယ့် ကျောက်တုံးတစ်တုံးနောက် ရပ်သွားသည်။
နေရာတိုင်းတွင် အသင်းများရှိတာ သူသိသည်။ အခုလိုစက်ဝိုင်းလေးထဲ လူပေါင်းလေးဆယ်ကျော်ဖြင့် ထိုအချိန်တွင် ငါးကြိမ်မြောက် စက်ဝိုင်း ဖြစ်နေသည်။
ကျန်းစစ်မင် ရွေးချယ်လို့ရသည်မှာ အိမ်နားဘေးကပ်ရပ်တွင် နေရန်သာ ဖြစ်သည်။ တစ်ချိန်တည်းတွင် SJ အသင်းကိုလည်း လက်လွှတ်မပေးချင် ပေ။
ကျန်းစစ်မင် သွေးထိထားသည်။ SJ ကလည်း သူ့တည်နေရာကို တွေ့ထားသည်။ သို့သော် ကံကောင်းစွာ အိမ် နှင့် အနည်းငယ် အလှမ်းဝေးနေ သေးသည်။
ဗုံးတစ်လုံးနှစ်လုံး သူတို့ပစ်လိုက်ကြပေမယ့် ကျန်းစစ်မင်ကိုမထိကြ။
သို့သော် လူလေးယောက်လုံးသည် ဒီကျောက်တုံးနောက်မှ ကျန်းစစ်မင်အား မရမက သေစေချင်နေသည်။
ကျန်းစစ်မင် ပေါ်လာသည်နှင့် အသေ ဖြစ်သည်!
ကျန်းစစ်မင် ပစ်မှတ်ချိန်ပစ်တာ ဘယ်လောက်တော်တော်၊ ဘယ်လောက်ကြမ်းတမ်းပါစေ သူ့ ဝင်ပေါက်ထွက်ပေါက်များ လုံးဝ ပိတ်သွားပြီ ဖြစ် သဖြင့် ပေါ်လာသည်နှင့် မီးတင်ရှို့ခံရမည်သာ ဖြစ်နေသည်။
သေနတ်လေးလက်ဖြင့် တစ်ယောက်တစ်ချက်ဆီ ထိသည်ထား သူတို့လက်ခံနိုင်သည်။
အနိုင်ရစာရင်းက SJ ဘက်ကို သာနေပြီးသား ဖြစ်သည်။
အခန်းထဲမှ Lonely သိပ်စိတ်လှုပ်ရှားလွန်းလို့ လည်တိုင်မှာ အကြောများထောင်နေလျာက် ကျန်းစစ်မင် ကျောက်တုံးကို ပစ်ခတ်လျက် ဒေါသဆွ ပေးနေသည်။
ကျန်းစစ်မင် ပွဲအစတွင် ထိုကဲ့သို့ သူ့ကို ဒေါသဆွခဲ့သည်။
ဒီနေ့ ထိုအရာအားလုံး ပြန်ပေးချင်နေသည်!
ဒါပေမယ့် ပထမဆုံး သေနတ်စပစ် ရန်စခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နေခဲ့သည့် အချက်ကို မေ့သွားပုံရသည်။
သို့သော် ဒီလိုလူစားမျိုးသည် စိတ်ထားသေးသိမ်သည့် အတန်းအစားမျိုးဖြစ်သည်။ သူမှတ်မိသည်ဆိုလျှင်တောင် ဂရုစိုက်နေမည် မဟုတ်။
သူဆို သည်မှာ လက်စားချေခြင်းအရသာကို ခံစားကြည်နူးချင်ရုံ အတန်းအစားဖြစ်သည်။
သူဘယ်လောက်ပစ်ပစ် ရန်စစ ကျန်းစစ်မင် မထွက်လာ။
အားလုံးက ကျန်းစစ်မင် သေသွားပြီ မဟုတ်လား ဆွေးနွေးနေကြချိန် မီးခိုးဗုံးများ ရုတ်တရက် ကျောက်တုံးတစ်ခုလုံးကို ဖုံးအုပ်ကာ ကျန်းစစ်မင် ပတ်ဝန်းကျင်ကို ပြည့်နှက်သွားသည်။
“မထွက်လာချင်ဘူးပေါ့?”
ဟု SJ အသင်းသားတစ်ယောက် မေးလိုက်သည်။
Lone Cun ရှူးရှူးရှဲရှဲ ပြောလိုက်သည်:
“ မဟုတ်ဘူး။ ဒီနေရာက သူသွားနိုင်လာနိုင်တဲ့ Bunker လို ကျောက်တုံးမျိုး ဖြစ်နေတာ။ ဆိုင်ကယ်ဘီး တွေကိုလည်း ငါဖြုတ်ထားတယ်။ ငါ့အထင် သူ သက်သက်မဲ့ ငါတို့ကို မျှားခေါ်နေတာ။ လူတစ်ယောက် နှစ်ယောက် ခေါင်းကို ပစ်ချင်နေတာ ဖြစ်မယ်”
“ဒါဖြင့် မီးခိုးပြယ်သွားတဲ့အထိ စောင့်ပြီး သူဘာလုပ်နိုင်သလဲ စောင့်ကြည့်တာပေါ့”
ကျန်းစစ်မင်ဆီ မီးခိုးဗုံးလေးခုလုံး ပစ်ဝင်သွားသည်။
ပစ်လိုက်သော လမ်းကြောင်းသည် နောက်ကိုမဟုတ် ရှေ့ဘက်ကို ဖြစ်သည်။
မီးခိုးဗုံးလေးခုလုံး အိမ်နှင့် သူ့အကြား ဟာလာဟင်းလင်းမြင်ကွင်းကို လုံးဝ ဖုံးသွားစေသည်။ ဘယ်သူမှရှင်းရှင်းလင်းလင်း မမြင်နိုင်သည်အထိ ပိန်းပိတ်အောင် ဖြူနေသည်။
SJ အသင်းသားများ စိတ်မပူနေပေ။
ကျန်းစစ်မင် ထွက်လာရဲလျှင် သူတို့ခြေလှမ်းကြားရမည် ဖြစ်သည်။ အချိန်ကျလာသည့်အခါ မီးခိုးဗုံးထဲမှ သေနတ်လေးလက်လုံး ကျန်းစစ်မင်ကို အသားဖက်ထုပ် လုပ်ပစ်နိုင်သည်။
သားရဲကောင် ကျန်းစစ်မင် တစ်ယောက် စကေးကုန်နေပြီဟု ကြည့်ရှုသူများပင် တွေးစပြုလာသည်။
သို့သော် မီးခိုးများ အူထနေချိန်တွင် ကျန်းစစ်မင် ရုတ်တရက် ကျောက်တုံးကနေ ပြေးထွက်လာသည်။ အိမ်လမ်းကြောင်းကို ချိန်ထားပြီး မျက်ကန်းပစ်ခတ်လေသည်။
ဘာတစ်ခုမှမမြင်ရ။
မီးခိုးဗုံးငွေ့တွေသာ ရှိနေသည်။
ကျန်းစစ်မင် ထိုလမ်းကြောင်းအတိုင်း တစ်ချက်ပစ်သွင်းလိုက်သည်။
သို့သော် မှော်ဆန်သောအရာ ဖြစ်ပျက်သွားခဲ့သည်။
ရှေ့တန်းအရောက်နေဆုံး Lonely တစ်ယောက် ကျန်းစစ်မင် ပစ်တာခံလိုက်ရသည်!
သွားပြီ!
ဒီပစ်ချက်ကြောင့် ကြည့်ရှုသူအားလုံး၏ မျက်လုံးများ မယုံကြည်စိတ်ဖြင့် ပြူးကျယ်သွားကြသည်။
ဒီ မျက်ကန်းစနိုက်ပါ ထိအောင်ပစ်နိုင်သေးတယ်.. သိပ်တော်တယ်! အမြင်မဖွင့်ထားတာ ကျိန်းသေရဲ့လား?
“မျိုဂျင် က မီးခိုးဗုံးငွေ့ မစဲသွားခင် Lonely ရှိတဲ့နေရာကို မှတ်မိနေလို့ပေါ့။ တစ်ချက်က ထိသွားတာ။ ဒီတစ်ချက်မှာ ကံကောင်းခြင်းတွေ အများကြီး ပါနေတယ်လို့ ဆိုကိုဆိုရမယ်”
ဟု Pigff က ရှင်းပြလိုက်သည်။
စိတ်လှုပ်ရှား ဗျာများနေသော သေနတ်။ တည်နေရာမှတ်မိသည်ဆိုလျှင်တောင် ထိပြီးလဲကျမည်သာ ဖြစ်သည်။
အနိုင်ယူနိုင်မည် မဟုတ်။
SJ တွင် အသင်းသားသုံးဦး ကျန်သေးသည်။
“ငါ့ကို အရင်လာမကယ်နဲ့။ ငါ့ကိုကယ်ရင် သူ့ကိုတိုက်ခိုက်မယ့် လူတစ်ယောက် လျော့သွားလိမ့်မယ်။ ငါ့ကိုလာမကယ်ခင် သူ့ကိုအရင် သတ်ကွ!”
Lonely တစ်ယောက် ကျန်းစစ်မင် သူ့ကို ထိအောင်ပစ်နိုင်မည်ဟု သူလုံးဝ မမှန်းထားခဲ့ပေမယ့် သူ စိတ်ဓာတ်မကျသွား။ အခုထိ သူ မသေသေး တာကိုသာ ကြောက်မိတာ!
“မင်း ကျန်းစစ်မင် သေကိုသေရမယ်။ မင်း ဒီနေ့ မသေဘူးဆို မင်းကို ငါမသတ်နိုင်လည်း ဒီနေ့ ငါ့အသင်းသားတွေလည်း မင်းကိုသတ်ကြမှာ။ မင်းသေရင် မင်းအလောင်းပေါ် တက်ကပြီး အလောင်းကို ကြာပွတ်စာ ကျွေးပစ်မယ်!”
အပစ်ခံလိုက်ရသည့် Loe cun တစ်ယောက် အတော် မပျော်ရွှင်ဖြစ်နေပြီး ကျန်းစစ်မင်ကို ဘယ်လိုအရှက်ခွဲရမလဲ ကြံနေရင်း ပြင်ဆင်မှုများ စတင်ဆောင်ရွက်သည်။
ကျန်းစစ်မင်တစ်ယောက် ကံထသောသေနတ်ပစ်ချက် ထပ်ပစ်နိုင်သည်ကို ကြောက်ရွံ့သဖြင့် ကျန်လူသုံးယောက်လုံး နံရံနောက်ပြန်ဆုတ်သွား သည်။
မီးခိုးဗုံးငွေ့နောက်က တစ်ဆင့် ကျန်းစစ်မင် နှစ်ချက်ပိုပစ်ချင်သော်လည်း မပစ်နိုင်ခဲ့။
မီးခိုးဗုံးငွေ့ ပြယ်လာသည်ကို မြင်ရသောအခါ ကျန်းစစ်မင် ကျောက်တုံးနောက်တွင် ဆက်မနေတော့ဘဲ အိမ်ဆီ အမြန်ပြေးသွားသည်။
လူသုံးယောက် နေရာယူထားမှန်း ကျန်းစစ်မင် ကိုယ်တိုင် သိသည်။ အရင်တုန်းကလို ခဏချင်း နှစ်ယောက်လုံးကို သူသတ်နိုင်သည်ထား ကျန် တစ်ယောက်ကသူ့ကို သတ်လို့ရသည်။
ထို့ထက်က သူ၏ အဆင့်သုံး ကည်ကာလည်းခုနလေးတင် ပျက်စီးသွားသည်။ ကျည်ကာမရှိသည့် ကစားသမားသည် သုံးချက်ထိရုံဖြင့် သေသွားပေမည်။
“မျိုဂျင် က သေအောင်တိုက်ဖို့ ရည်ရွယ်ထားတယ်။ နောက်တစ်ယောက်ကို အသေသတ်တာနဲ့ မင်းလည်းသေပြီ”
ဟု Pigff ပြောလိုက်သည်။
“ရက်ကွန်းခွေးကောင် တစ်အုပ်။ ကြက်ကောင်စားရတယ်ဆိုတောင် ဒါ ဘယ်လိုအသင်းမျိုးလဲကွာ? ဘယ်သူမှ အဲ့ဒီလိုအသင်း မျိုးကို မကြိုက်ဘူး!”
ဟု မိန်းကလေးငယ်လေးက သူ့လူကိုယ်စား စိတ်ဆိုးနေဆဲဖြစ်သည်။
သို့သော် ဒီဂိမ်းပြီးသင့်နေပြီကိုလည်း သူသိနေသည်။
ဒါပေမယ့် ကျန်းစစ်မင်၏ အမြင်ဘက်က သူတို့တွေ့လိုက်ရသည်မှာ ကျန်းစစ်မင် ပြေးသွားချိန် သေနတ်မောင်းခလုတ် မဆွဲသွား။ အိတ်ကပ်ထဲမှ မိုးကြိုးကို ထုတ်လိုက်သည်။
အလယ်ကိုရောက်သောအခါ ဗုံးကို စနက်တံ ဖြုတ်လိုက်ပြီး အခန်းလမ်းကြောင်းအတိုင်း ခပ်ဝေးဝေး ကိုပစ်ထည့်ပေးလိုက်သည်။
အရှိန်မြန်လွန်းသဖြင့် ခြေလှမ်းသံကြားချိန် SJ သုံးယောက်လုံး သတိဝင်သွားပြီး ပစ်ခတ်ရန် လုပ်ကြသည်။
သို့သော် ဒီတစ်ကြိမ် ကျန်းစစ်မင် နံရံဆီ ပြေးသွားနှင့်ပြီး ဖြစ်သည်!
:::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။