အပိုင်း - ၁၀၆ (17 Team အား ကယ်တင်ခြင်း)
အခြားတဖက်မှာတော့ ဝေ့ရှန်း (Great God၊ ချောင်းကျစ်မု (အလူကာ)၊ ဝမ်ဒိုယု တို့ကလည်း ကားပေါ်က AW17 အသင်းကို ရှင်းထုတ်ပြီးတော့ အမှီလိုက်လာကြသည်။
တခဏအတွင်း ၁၃မှတ်ရရှိခဲ့တဲ့ 4am အသင်းအတွက် အခြေအနေတွေက ပြောင်းလဲလာခဲ့တယ်။
ဘယ်လိုအသင်းကမှ တာထွက်ကောင်းခဲ့ကြတာမဟုတ်ဖူးလေ။
ဒါပေမဲ့လည်း အသင်းသားတွေကတော့ နိုးနိုးကြားကြားနဲ့ ဆက်ပြီး သေသေချာချာကစားခဲ့ကြသည်။
ဆဋ္ဌမလှိုင်းကတော့ ရောက်လာပါပြီ။
ဒီအချိန်မှာတော့ အသင်း ၁၁ သင်းနဲ့ ကစားသမား ၂၈ယောက်ပဲ ပွဲထဲမှာကျန်ပါတော့သည်။
ဝေ့ရှန်းက အတော်မြင့်တဲ့ နေရာကောင်းတခုကိုရွေးချယ်ထားတယ်။
ကံကလည်းကောင်းချင်တော့ ဇုန်စက်ဝန်းကလည်း သူတို့ရှိတဲ့နေရာ ကိုရောက်လာခဲ့တယ်။
ဝမ်ဒိုယုက စိတ်လှုပ်ရှားပြီးတော့
"ဒီအတိုင်း ဆက်ကစားကြမယ်။ ငါတို့ ကြက်သားစားရနိုင်တယ်ကွ။ (စာရေးသူမှတ်ချက်- အနိုင်ရနိုင်တယ် ဟုပြောခြင်းဖြစ်သည်။)" ဟုပြောလိုက်တယ်။
ရှောင်ပေါင်း က ပြုံးဖြဲဖြဲနဲ့
"အပိုတွေပြောမနေနဲ့ ဦးလေးဝမ်။ လျှောက်ပြောနေတာသိတယ်။" ဟူ၍ ထဆူသည်။
အဲ့လိုထပြောရတာက ကလေးဆန်တာမှန်ပေမဲ့ ဒီနေ့တော့ကံကောင်းခြင်း ကလည်း သူတို့ဘက်မှာရှိနေတာတော့အမှန်ပါပဲ။
ဒီနေရာကိုသာသူတို့ သေချာထိန်းထားနိုင်ရင် အဆုံးအထိအသက်ရှင်သွားဖို့က သေ ချာတာကိုး။
အဲ့အချိန်မှာပဲ သူတို့ရှိတဲ့နေရာရဲ့ အနောက် တောင်ဘက်တောထဲမှာ ပစ်ခတ်သံတွေကြားလိုက်ရသည်။
အဲ့နောက်မှာတော့ စာတန်းလေးတချို့ ညာဘက်ထောင့်မျက်နှာပြင်မှာပေါ်လာပါသည်။
"ကစားသမား [AFF_Shaow]က mini14 သေနတ်ကိုအသုံးပြုပြီး ကစားသမား [17_yyxovo] ကိုဖြုတ်ချလိုက်ပါပြီ။"
"ကစားသမား [AFF_Lambu]က mini14 သေနတ်ကိုအသုံးပြုပြီး ကစားသမား [17_shou] ကိုဖြုတ်ချလိုက်ပါပြီ။"
ကြည့်ရတာကတော့ 17 Team ကတော့ စက်ဝန်းထဲဝင်ဖို့ ကြိုးစားရင်း တောင်ကိုရီးယားအသင်း AFF ရဲ့ ပိတ်ဆို့တိုက်ခိုက်တာခံရပြီး နှစ်ယောက်ကျသွားပုံပါပဲ။
AFF ကစားသမား လေးယောက်စလုံးက အခု ကျန်တဲ့ 17 Teamသား ၂ယောက်ကိုသတ်ဖို့ အားကုန်ထုတ်လာကြသည်။
17 Team ရဲ့အခြေအနေက ရုတ်တရက်ကြီး ပျက်စီးသွားသည်။
အသင်းမှာကျန်တဲ့ ခေါင်းဆောင်ရှောင် နဲ့ monkey (ကစားသမားနာမည်) ကတော့ အသားကုန်ရုန်းနေရပါပြီ။
" ဒီတရုတ်အသင်းကို သတ်ပြီးတာနဲ့ ခမ်မြန်မြန်ဆက်လှုပ်ရှားရမယ်။"
"ဟားဟား ငါက အဆိပ်ဇုန်ထဲမှာ ဆော့ချင်တုန်းကွ။ မင်းကစောင့်နေမလို့လား။"
"ငါလည်း တယောက်လောက် သတ်ပါရစေအုံးကွ။ အခုထိမပစ်ရသေးဘူး။ ဟီးဟီး!"
AFF အသင်းကတော့ လူအင်အားလည်းသာတဲ့အပြင် နေရာအသာစီးလည်းရထားတော့ အတော်ကိုအေးဆေးနေသည်။
17 Team က ဘယ်လိုမှပြေးမလွတ်တော့ပါဘူး။
AFF ကစားသမားတယောက်က ဆိုရင် yyxovo ကို လှောင်ပြောင်တဲ့သဘောနဲ့ ဒယ်ပြားနဲ့တောင် ရိုက်သတ်ပြလိုက်ပါသေးတယ်။
ဒါကိုမြင်သွားတဲ့ နောက်တယောက်ကလည်း အဲ့တယောက်လိုမျိုး Shox (တကျင်း) ကို ရိုက်သတ်ပြန်သည်။
ဟွားရှားက ပရိသတ်တွေကတော့ ဒါကိုမြင်လိုက်ရတဲ့ အချိန်မှာ အတော် ကို ဒေါသထွက်သွားသည်။
ဖြုတ်ချခံရချိန်မှာ သတ်တာကပုံမှန်ပေမယ့် ဒယ်ပြားနဲ့ ရိုက်သတ်တာကတော့ တဖက်လူကိုစော်ကားတာပဲလေ!
အထူးသဖြင့် 17 Team ပရိသတ်တွေက ဒေါသထွက်သလောက်ကို သူတို့အသင်းအတွက်စိုးရိမ်နေပါပြီ။
ဘမ်း!
ကိုရီးယားကစားသမားလေး လျှောက်ပစ်ဖို့ ထိုင်ချလိုက်တာနဲ့ AWM ကျည်ဆန်က အဝေးတနေရာကနေ သူ့ခေါင်းထဲရောက်လာပါတော့သည်။
နောက်ဆုံးတော့ ကျန်းစစ်မင်ဆိုတဲ့ နတ်ဘုရား ရောက်လာပါပြီ။
သူ့အနေနဲ့ 17 Team ကို မကူညီစရာအကြောင်းလည်းမရှိဘူးလေ။
မဂ္ဂနမ်ကျည်ခွံ ထုတ်ပြီးတော့ ကျည်အသစ်ထည့်ပြီးတာနဲ့ ကျန်းစစ်မင်က စောနကနေရာကို ကို ထပ်ချိန်လိုက်သည်။
ရန်သူက ချက်ချင်းပဲ သူ့ မိတ်ဆွေ ကျသွားတဲ့အနားမှာ မီးခိုးဗုံး ခင်းပြီး ကယ်ဖို့ ကြိုး စားတာကိုတွေ့လိုက်ရတော့ ကျန်းစစ်မင်လှောင်ပြုံးပြုံးမိသွားတယ်။
မီးခိုးဗုံးလောက်နဲ့တော့ သူ့ကိုတားဆီးလို့မရနိုင်ဘူးလေ။
အဲ့ဒီ ကိုရီးယားသားက စောနကကျသွားတဲ့ သူ့ကစားဖော်ကိုကယ်ဖို့ ကြိုးစားနေတာအရှင်းကြီးပါပဲ။
အဲတော့ ကျန်းစစ်မင်က မီးခိုးလုံးထဲကို ကျည်နောက်တချက်ပစ်ထည့်လိုက်သည်။
ကျည်ဆံလေထဲ ဝဲပျံသွားပြီးတော့ မီးခိုးလုံးထဲက ကယ်ပေးနေတဲ့သူရဲ့ မျက်ခုံးနှစ်ခုကြားတည့်တည့်ဝင်သွားပါတော့သည်။
woww!!!
ကျန်းစစ်မင်ရဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ ပရိသတ်တွေ နောက်တကြိမ်ထပ်ပြီးဆူညံလာနိုင်ကြပါတော့သည်။
ကျန်းစစ်မင်က သေချာချိန်ပစ်လို့ ထိသွားတယ်ဆိုတာကို ဘယ်သူကမှယုံမှာမဟုတ်ပါဘူး။
များပြားလှတဲ့ဒိုင်တွေနဲ့ ဆရာကြီးတွေရဲ့အမြင်မှာတောင်မက AFF အသင်းကတောင် ကျန်းစစ်မင်ကို ဆရာကြီးလို့မမြင်ကြပေ။။
သူတို့ကတော့ ကျန်းစစ်မင်က မဲမဲမြင်ရာပစ်ရာကနေ ကံကောင်းသွားတာလို့ပဲ ထင်မြင်ကြသည်။
ကျန်းစစ်မင်ရဲ့ ကျည်ဆံနှစ်တောင့်ဟာ 17 Teamရဲ့ သေရေးရှင်ရေးအခြေအနေကနေ တခဏအတွင်း ဆွဲထုတ်ပေးလိုက်သည်။
ရန်သူက ၂ယောက်ပဲ ကျန်တော့တာသိတဲ့ အတွက် ရှောင် ကော monkey ပါတဖက်အသင်းပုံစံပျက်သွားတာကို အခွင့်ကောင်းယူပြီး မှောက်လျက် ပစ်ခတ်ရင်း ကျန်တဲ့ တသင်းလုံးကို ရှင်းထုတ်လိုက်ပါတော့ သည်။
ဒါ့အပြင်သူတို့က ကျန်းစစ်မင် ပစ်ချက်ကြောင့် ကုန်းသွားတဲ့ နှစ်ယောက်ကိုပါ အပြီးသတ်လိုက်ကြသည်။
(ကုန်းတယ်ဆိုတာ PUBG မှာ Knock တာကိုပြောတာ.. Team ပွဲတွေမှာ ပစ်ချက်ကြောင့် သွေးတန်းကုန်သွားရင် ကစား သမားက အရင် ကုန်းကုန်းလေးဖြစ်သွားတယ်.. အဲ့အချိန်မှာ ကိုယ့်ဘက်က တခြားကစားသမားက လာကယ်လို့ရသည်… ကုန်းသွားလို့ အချိန်ပိုင်းအတွင်း အကယ်မခံရရင် အော်တိုသေတယ်.. ဒါမှမဟုတ် ကုန်းနေတဲ့ အချိန် ထပ်ပစ်ခံရရင်လည်း သေတယ်.. အခုက ကျန်းစစ်မင်ပစ်ချက်ကြောင့် ကုန်းသွားတဲ့ နှစ်ယောက်ကို 17 Team က နောက်ဆုံး ပစ်သတ်လိုက်တာကို ပြောချင်တာ..)
ကစားပွဲစည်းမျဥ်းအရဆို ကုန်းရုံတင်မဟုတ်ဘဲ အမှန်တကယ် သေမှအကျုံးဝင်သည်။
အဲ့လိုမှမဟုတ်ရင်တော့ တခြားသူက ဝင်သတ်သွားပြီးတော့ သူ့အတွက်အမှတ်ကိုလုယူခွင့် ရှိသည်။
အဲ့တာကြောင့်ပဲ အရင်ရက်တွေက ကစား သမားတွေဟာ တဖက်လူကို ဖြုတ်ချပြီးတာနဲ့ အပြီးသတ် အမှတ်ယူဖို့ကြိုးစားကြတာပဲဖြစ်သည်။
17 Teamက အမှတ်၂မှတ်လုသွားပေမဲ့လည်း ကျန်းစစ်မင်က ဂရုမစိုက်တော့ပဲ တခြားတနေရာကိုထွက်သွားပါတော့သည်။
AFF အသင်းပရိသတ်တွေ ကျန်းစစ်မင်က သူနဲ့နိုင်ငံတူအသင်းကို ကူပေးတာမြင်တော့ ဒေါသူပုန်ထနေပါပြီ။
သူတို့အတွက် ဖြုတ်ချခံရတာက ပြဿနာမဟုတ်ပေမဲ့ သူတို့အသင်းလည်းပြုတ်ကော ဆက်မပစ်တော့တာကို အတော်ဒေါကန်နေကြပုံပါပဲ။
"ဒီတရုတ်ကောင် လွန်သွားပြီ!"
"ဒင်းကို တရားမဝင် အသင်းပူးပေါင်းမှုနဲ့ တိုင်ရမယ်!"
"ပွဲစီစဥ်သူတွေက ဒီလောက်အရှင်းကြီးကို ကာပေးနေတုန်းလား!"
"အဓိပ္ပာယ်မရှိတာတွေ။ မင်းတို့ သူတို့အတူကစားနေတာတွေ့လို့လား။ သူတို့ပူးပေါင်းထားတယ်ဆိုရင် သက်သေပြလေ။ မင် က တဖက်အသင်းကိုကြောက်လို့ မပစ်တာပါလို့ပြောနိုင်တာပဲ။ အဲ့တာကျ မင်းတို့ သူ့ကိုဘာဆက်ပြောလို့ရမှာလဲ?"
"အော် အဲ့တာဆို သူများတွေကို ဒယ်ပြားနဲ့ရိုက်သတ်ပြီးလှောင်တဲ့ဂျင်းဂု အပြစ်ပဲပေါ့။ မြန်မြန်အပြီးသတ်ချင်တာနဲ့ အရာရာပြီးသွားကောလား?"
....
တကျင်းကို ကယ်ပြီးတဲ့နောက် 17 Teamက ခဏနားပြီး ဆေးသောက်(သွေး ဖြည့်)ကြသည်။
သူတို့ကို ကျန်းစစ်မင်က ကယ်လိုက်တာမှန်းသိကြသည်။
အဲ့တော့ သူတို့ရဲ့ မူလအစီအစဥ် (4am ရဲ့ ခြေကုပ်နေရာကိုသိမ်းဖို့) အစား သူတို့ ခြေကုပ်ယူဖို့နေရာကို ပြန်ပြောင်းလိုက်ကြသည်။
တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေတဲ့ 17 Teamပရိသတ်တွေကလည်း ကျန်းစစ်မင်ကို ကျေးဇူးတင်မဆုံးကြပါဘူး။
သူသာမကယ်ရင် တသင်းလုံး သေတာကြာပြီလေ။
ကျန်းစစ်မင်က သူတို့ကို ကယ်ရုံတင်မက ၈သင်းအဆင့်ကို ပါပို့ပေးလိုက်တာကလား။
တချို့သောပရိသတ်တွေက ကျန်းစစ်မင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ချန်နယ်ထဲသွားပြီး ကျေးဇူးတင်လက်ဆောင်တွေ အများကြီးလာပို့ပေးသွားကြသည်။
ဒါပေမဲ့ နတ်ဘုရားရဲ့ ပရိသတ်တွေကတော့ရယ်သွမ်းသွေးကြသည်။
ပြောရရင် နတ်ဘုရားက ဘာမှမလွှင့်ပဲနဲ့ကို ပိုက်ဆံတစ်သန်းလောက်ဝင်နေတာလေ။
ဒါကသူတို့အတွက် မထူးဆန်းတော့ပါဘူး။
ဝေ့ရှန်းက လည်း ကျန်းစစ်မင်ကို ချီးကျူးချင်ပေမဲ့ သူ့အနောက်မှာ ဒိုင်ကတည့်တည့်ကြီးရပ်နေတော့ မပြောတော့ပါဘူး။
အဲ့အစား " တယောက်တည်းထွက်မသွားနဲ့။ တခြားသူတွေ အမှတ်ခိုးသွားမယ်။"
ဆိုပြီးတော့ပဲ ဟန်ဆောင်ပန်ဆောင်နဲ့ ပြောလိုက်ရသည်။
"ဟုတ်ပါပြီ။"
ဆိုပြီးတော့ ကျန်းစစ်မင်က အောင်ပွဲခံ သေနတ်ထောင်ပစ်ရင်း ပြန်ဖြေတယ်။ ဒါပေမဲ့ ခဏကြာတော့ ကျန်းစစ်မင်က တကိုယ်တော်အစွမ်းပြဖို့ ထွက်သွားပြန်ပါလေကော။
ဝေ့ရှန်း စိတ်ညစ်ညစ်တဲ့ သူ့မျက်နှာသူအုပ်လိုက်တယ်။
အကိုတော်ရေ၊ ဒီထက်ပိုပြီးတော့ ပေါက်ကရတွေ လုပ်နေလို့မဖြစ်တော့ဘူးလေလို့။ (ငိုသံယဲ့ယဲ့)
ဘာလို့လည်းဆိုတော့ အခု ဇုန်က က တဖြည်းဖြည်းကျဥ်းလာတဲ့ အပြင် တခြားအသင်းတွေကလည်း 4am ရှိတဲ့ ဒီနေရာကို တိုက်ခိုက်လာကြတော့မှာဖြစ်တယ်။
ပြောရရင် မီတာ ၅၀၀ အတွင်းမှာလည်း အမြင့်ဆုံးက ဒီနေရာပဲရှိပြီး ကာပစ်စရာ အဆောက်အအုံတွေကလည်း ဒီမှာဆိုတော့ ဗျူဟာကျတဲ့နေရာပဲကိုး။
4am က တယောက်ချင်းစီတိုင်းက တနေရာစီနေရာယူထားကြပြီး အဘက်ဘက်ကတိုက်လာမှာကိုစောင့်နေကြသည်။
ဒါပေမဲ့ မြောက်အမေရိကအသင်း TL က ဝမ်ဒိုယုရှိတဲ့ နေရာဘက်ကို အားကုန်ဝင်လာကြသည်။
ဝမ်ဒိုယုကတော့ တယောက်ကို အပြီးသတ် ပစ်လိုက်နိုင်ပေမဲ့ ကျန်တဲ့ သုံးယောက်က ကားပေါ်ကနေ တပြိုင်တည်းဆင်းလာပြီး ချက်ခြင်းပြန်ပစ်တော့ ဝမ်ဒိုယု လည်းမရှောင်နိုင်ဘဲ နေရာမှာတင် လဲကျသွားပါတော့သည်။
ဝမ်ဒိုယု ကျသွားတာနဲ့ 4am ရဲ့ ခံစစ်လိုင်းလည်း ပေါက်သွားပြီး TL က ဝင်လာပါတော့သည်။
ချောင်ကျစ်မင်းက ဘေးကလာပြီး ပစ်နေပေမဲ့ TL အသင်းက ကားနဲ့ အကာအကွယ်ရထားတဲ့ အပြင် သူတို့ထဲကတယောက်ကလည်း ကျသွားတာနဲ့ အဆောက်အအုံတခုထဲ ပြေးဝင်သွားတော့ ပစ်မသာဘူးဖြစ်နေသည်။
ဒါ့အပြင် ၃ယောက် ၁ ယောက် ပစ်ခံရလို့ ချောင်ကျစ်မင်း လည်းကျသွားပါပြီ။
အခြေအနေက 4am အတွက် ငရဲရောက်သွားသလိုလဲ မရေမရာဖြစ်နေပါပြီ။
First person shooting game တွေက ဘယ်လောက်ပဲ ပစ္စည်းတွေ ကောင်းနေပလေ့စေ၊ ဘယ်လောက်ပဲ ခေါင်းထိအောင်ပစ်နိုင်ပလေ့စေ သူများက အမှတ်လုသွားရင် သို့မဟုတ် ကိုယ်ကအမှားသေးသေးလေးလုပ်မိတာနဲ့တင် အရာအားလုံးပျက်စီးသွားနိုင်သည်။
အဲ့လိုနဲ့ တခဏအတွင်း ဝမ်ဒိုယုကော ချောင်ကျစ်မုပါ အစားထိုးခံလိုက်ရတော့ သည်။
ဝေ့ရှန်မျက်မှောင်ကြုတ်သွားတာကိုသူ့မြင်လိုက်ရသော်လည်း သူခမျာ ပြောသင့်မပြောသင့်မသိချေ။
ဒီတိုက်ခိုက်မှုမှာ ဝမ်ဒိုယု၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပင်။
သူသည်တဖက်အသင်းမလာခင်ကပင် လက်ဦးမှုယူကာပစ်ခတ်ရာက တဖက်အသင်းကို လမ်းကြောင်းဖွင့်ပေးလိုက်သလိုပင်ဖြစ်တော့သည်။
"မင်းပြေးချင်လား ?"
ဝေ့ရှန်းမှာ ထွက်ပြေးချင်နေပြီဖြစ်သည်။
သူတို့တွင် မြင့်မားသောအမှတ်ရှိနှင့်ပြီးဖြစ်သည်။
သူတို့မှာ ထိပ်ဆုံးငါးသင်းအဆင့်ထဲဝင်နေသရွေ့(ထိပ်ဆုံးဆယ်သင်းထဲပဲဖြစ်နေအုံးတော့) သူတို့ အမှတ်မှာအတော်ကိုမြင့်သွားမည်သာဖြစ်သည်။
သို့ရာတွင် အကြံပြုချက်ကို ကျန်းစစ်မင်က တချက်တောင်မစဥ်းစားပဲ ပယ်ချလိုက်သည်။
သူပြောသည်မှာ စကားနှစ်လုံးတည်းပင်။
၎င်းကား "ငါလုပ်နိုင်တယ်" ဟူ၍သာ။
ဝေ့ရှန်းမှာ သဘောတူရုံမှလွဲ၍ ရွေးစရာမရှိတော့ချေ။
ကျန်းစစ်မင်က တဖက်လူ၏နေရာကို စမ်းစမ်း စမ်းစမ်းနှင့် လိုက်ကြည့်နေလေသည်။
ဝမ်ဒိုယုမှာ တဖက်အသင်းသားတယောက်ကို ဖြုတ်ချပြီးသားဖြစ်ပြီး သူ့ကို ကယ်ဖို့တယောက်ရှိဖို့လိုမှာ ကို ကျန်းစစ်မင်ကသိပြီးသားပင်။
ဒါ့အပြင် ဝမ်ဒိုယုကလည်း သူကျသွားသောနေရာကို ပြထားပြီးသားပင်။
ကျန်းစစ်မင်က လက်ပစ်ဗုံးကို သုံးစက္ကန့်စာချန်၍ စနက်တံဖြုတ်ကာ လေထဲသို့ပစ်လိုက်သည်။
::::::::::::::::::::::::::::::::::::::::::::::::::
YOU ARE READING
PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )
AdventureDescription ရှာတာ မတွေ့လို့ မထည့်တော့ဘူးနော်။😅😅😅 PUBG ကစားသူများ ဒါမှမဟုတ် Game စာစဥ်ကိုကြိုက်နှစ်သက်သူများ ဆို ဒီစာစဥ်လေးကိုဖတ်ဖို့ ညွှန်းပါတယ်နော်။