116 - 120

160 6 0
                                    

အပိုင်း - ၁၁၆ စော်ကားခံလိုက်ရသော VSG
ဟော့ဒ် မှာ ကျန်းစစ်မင် ကိုသူ့အသင်းသားတွေဘက်မှအဝေးသို့ ခေါ်ဆောင်သွားချင်နေသည်။
သို့သော်ကားစက်နှိုးသည်နှင့် ကျန်းစစ်မင် လည်းခုန်ချလိုက်သည်။
ကားပြန်လှည့်ပြီးထပ်တိုက်ရန်ပြင်သော် ကားပေါ် ပြန်တက်လိုက်လေသည်။
ပရိသတ်များမှာ အတော်မသတ်နိုင်အောင် ရယ်နေကြတော့သည်။
ကျန်းစစ်မင် မှာ VSG အသင်းကိုမျောက်ကဲ့သို့ဆော့ကစားစနောက်နေသည်။
အခြားအသင်းသား နှစ်ယောက်မှာတော့ အဝေးမှသာလှမ်းအော်နေသည်။
ဟော့ဒ် မှာတော့ ကျန်းစစ်မင် အပေါ် ခါးသက်သက်ဖြစ်နေသော်လည်း မည်သို့မှကားဖြင့်တိုက်မရလည်းဖြစ်နေသည်။
ကျန်းစစ်မင် ၏အသင်းသားတို့မှာလည်း ရောက်လာတော့မည်ဖြစ်ရာ ကိစ္စအမြန်ရှင်းမလား သို့မဟုတ် လှည့်ပြေးရတော့မလားဟူ၍ နှစ်ခုရွေးချယ်ရပေတော့မည်။
ဟော့ဒ် လည်း ကားပေါ်မှဆင်းကာ ကျန်းစစ်မင် ကိုထိုးရန်ပြင်လိုက်တော့သည်။
သို့သော် ဇာတ်လမ်းမှာ မအေးအေးဝင်းစီစဉ်သည်မဟုတ်၍ ထင်ထားသလိုမဖြစ်ခဲ့ပေ။
သူကားပေါ်မှဆင်းလိုက်သည်နှင့် ကျန်းစစ်မင် မှာ ကားမောင်းသည့်နေရာ ပြောင်းလိုက်လေသည်။
ဟော့ဒ် လည်း လန့်သွားကာ ကျန်းစစ်မင် ကဲ့သို့ ကားပေါ်သို့တက်ရန်ပြင်လိုက်သည်။
သို့သော် ကျန်းစစ်မင် ၏ကားမောင်းစကေးမှာ အချဉ်မဟုတ်ပေ။
ကားလို့လှည့်ပတ်မောင်းလိုက်ရာ ဟော့ဒ် မှာကားပေါ်တက်မရဖြစ်နေလေသည်။
နောက်ဆုံးတွင် ကျန်းစစ်မင် လည်း သူ့အနားမှမောင်းထွက်ကာ သူ့ကိုလှည့်တိုက်ရန်ပြင်လိုက်သည်။
ဟော့ဒ် မှာ လမ်းမထက်ဝယ် ကားမတိုက်ခံရရန် အလိမ်အပတ်လမ်းကြောင်းများဖြင့် ပြေးပေတော့သည်။
သို့သော် ကျန်းစစ်မင် ၏ ကားမောင်းစကေးကိုမကျော်လွန်ခဲ့ပေ။
တည့်တိုက်ရာလွဲသွားချိန် ဘရိတ်အုပ်ကာ နောက်ပြန်ကားဖင်ဖြင့် တိုက်လိုက်လေသည်။
ဟော့ဒ် မှာ မြေပေါ်မှောက်ကျသွားလေတော့သည်။
အပိုင်းစတစ်ခုလည်းကျလာလေသည်။
"[ စက်ပစ္စည်းများရှာဖွေကျွမ်းကျင်မှု] အဖြူရောင်အပိုင်းစ *1 (1/1). အပိုင်းစများပြည့်ပြီဖြစ်၍ တိုက်ရိုက်အသုံးပြုနိုင်သည်။”
ကျန်းစစ်မင် ဝမ်းသာအားရ ကောက်လိုက်ကာ ထိုနေရာမှ ထွက်သွားလေတော့သည်။
ပွဲကြည့်မှတ်ချက်ပေးသူများမှာ ထိုဖြစ်ရပ်ကိုကြည့်ကာရယ်မောကြလေသည်။
"VSG အတွက် စိတ်မကောင်းပေမယ့် ငါ ကျန်းစစ်မင် ရဲ့ ကိုင်တွယ်ပုံတွေကိုတော့ ချီးကျူးရမယ်... လုံးဝကိုတည်တည်ငြိမ်ငြိမ်ပဲ"
"ဟုတ်တယ် ဟော့ဒ် ကတော့ အရမ်းကိုလောလွန်းတယ်။ သူတို့ကြည့်ရတာ မင် ကိုအရမ်း‌မုန်းနေပုံရတယ်"
တင်ဆက်သူအပါဝင် ပရိတ်သတ်များခွက်ထိုးခွက်လန်ရယ်ကြသည်။
ထို့နောက် တရုတ်ကြည့်ရှုသူများမှ ထိုအပိုင်းလေးကို ဟာသဇာတ်လမ်းအပိုင်းတိုလေးလုပ်ကြတော့သည်။
BGM တီးလုံးသံများထည့်ကာ လူပိန်းနှစ်ယောက်ကို မျောက်တစ်ကောင်က အရူးလုပ်သွားသည့်ဟန် တည်းဖြတ်လုပ်ကြလေတော့သည်။
"ဟားဟားဟား ရယ်ရတာ ဗိုက်တောင်နာနေပီ"
"IQ ‌ကတော့ အမြင့်စားပဲ"
"နောက်ဆုံးခေါင်းဆောင်နှစ်ယောက်သာ ကျန်တော့တဲ့ VSG ကစားနှစ်ယောက်ကတော့ အမုန်းတို့နဲ့ဆော့ပါတော့မယ်"
VSG ခေါင်းဆောင်: "သောက်ရမ်းကို ချီးပဲ.."
ဟော့ဒ်: "ငါ့ကို အပြစ်ပြောချင်‌နေတာလား"
...
နှစ်ယောက်သတ်ပြီးပြန်လာခဲ့သော ကျန်းစစ်မင် ကိုတော့ ဝေ့ရှန် နဲ့အခြားသူများက ကြိုဆိုကြလေသည်။
ကျန်းစစ်မင် အတွက် သွေးအားဖြည့် ဆေးပုလင်း၊ ဆေးအိတ် များနှင့် ရှာထားသော သေနတ်များပေးလိုက်ကြသည်။
ကျန်းစစ်မင် မှာ တကူးတကရှာစရာပင်မလိုပဲ 98k စနိုက်ပါ တစ်လက် နှင့် scar L ရိုင်ဖယ်တစ်လက်ကို အသင့်ရနေတော့သည်။
‌Safe zone မှာ စနေပြီဖြစ်ရာ သူတို့ရှိရာမှာတော့ ဇုံအတွင်းရှိနေတုန်းပင်ဖြစ်သည်။
လေးယောက်မှာ အရင်ပွဲတွင်လုပ်ခဲ့သော နည်းဗျူဟာပြန်သုံးကာ အစွန်းတဖက်စီတွင်နေရာယူထားလိုက်ကြသည်။
ယခုချိန်ထိ ရန်သူတစ်ယောက်မှတော့မတွေ့ရသေးချေ။
သို့သော် အခြားဖက်ဆီမှ kill ရသည့် ရလဒ်များကိုတွေ့နေရသည်။
မြောက်အမေရိက tycoons တို့မှာ headshot များရနေကြသည်။
"လာသွားကြရအောင်"
ဝေ့ရှန် ဦးဆောင်၍ ဇုံအသစ်သို့ပြောင်းရန်ပြင်လိုက်ကြသည်
တောင်ကြားသို့ မောင်းနှင်ကာ ကျန်းစစ်မင် မှာ တောင်ကြားအပေါ်က ရေအိမ်မှ အရိပ်တခုကို ဖြတ်ကနဲတွေ့လိုက်လေသည်။
သူရရှိခဲ့သော စကေးကြောင့် သိလိုက်ရခြင်းဖြစ်လေသည်။
တယောက်ယောက်က အဲ့ရေအိမ်ထဲမှာပုန်းနေတယ်။
ဘယ်နှယောက်လောက်ရှိမလဲ မသိပေမယ့် အဲ့မှာ လူရှိတာကတော့သေချာတယ်။
"ငါနဲ့လိုက်ခဲ့ တောင်ပေါ်က ရေအိမ်မှာ ရန်သူရှိတယ် ။ သူတို့ထွက်မလာရင် ငါတို့ထွက်လာအောင်လုပ်ပေးရတာပေါ့"
ကျန်းစစ်မင် မျက်စိမှိတ်ပြလိုက်သည်။
ဝေ့ရှန်း နှင့် ကျန်လူများမှာလည်း တောင်ပေါ်လိုက်ခဲ့ကြသည်
ကားလေးစီဖြင့် တောင်ကုန်းမှ ရေအိမ်လေးဆီသို့ရောက်လာသော် အထဲမှရန်သူမှာ လန့်နေပေသည်။
ထိုအချိန်တွင် ကျန်းစစ်မင် မှာ ရေအိမ်တံခါးကိုကားဖြင့် ပြေးတိုက်ကာ ကားပေါ်မှခုန်ဆင်းခဲ့သည်
ဝေ့ရှန် နဲ့ ကျန်သူများမှာလည်း သေနတ်တို့ဖြင့်ပစ်ကာ ကားကိုခွဲခဲ့သည်။
ရေအိမ်တံခါးပါ ပေါက်ကွဲမှုတွင်ပါသွားပြီး အထဲမှ‌နှစ်ယောက်ကိုတွေ့လိုက်ရသည်။
"ဟားဟားဟား မင်းတို့ဘယ်လိုတောင်ကံဆိုးရတာလဲ"
ဝေ့ရှန် မှာရယ်ခဲ့သည်။
ဤဗျူဟာမှာ ကျန်းစစ်မင် ၏ တိုက်ကွက်ဖြစ်ရာ ရယ်ရပေသည်။
"ဒီကိုကြည့်လိုက်စမ်း"
ကျန်းစစ်မင် မှာ ရေအိမ်မှ လူကိုပစ်လိုက်ရာ ချက်ချင်းလဲကျသွားတယ်
" ကစားသမား [4am_ming] scarl ရိုင်ဖယ် ကိုသုံးကာ ကစားသမား [VSG_Star] ကိုသတ်လိုက်သည်"
ထိုကစားသမား၏ ID ကိုမြင်သော် 4am အသင်းမှာ ပျော်သွားလေသည်။
သူတို့၏ရန်သူတော်အသင်းမှာ ပွဲစကတည်းမှ ကျဆုံးနေလေသည်။
"အိမ်သာထဲပြန်သွားလိုက်တော့ အိမ်သာနောက်ကမိုးချိန်းတော့မှာနော် ဟဲဟဲ"
ဝေ့ရှန် မှာ ပြုံးကာစလိုက်သည်။
လေးယောက်လုံးရေအိမ်နောက်သို့ လာခဲ့ကြသည်။
ရေအိမ်တံခါးမှာတော့ ကျန်းစစ်မင် ၏ကားပျက်ဖြင့် ပိတ်မိနေရာ ရန်သူများမှာထွက်မရပေ။
ကျန်းစစ်မင် လည်း မီးတောက်ပုလင်းကို ရေအိမ်အတွင်းလှမ်းပစ်ထည့်လိုက်သည်။
မကြာမှီ ရေအိမ်အတွင်း မီးများထလောင်တော့သည်။
VSG အသင်းမှာ ဇောဖြင့် မြင်မြင်ရာအကုန်ပစ်နေသော်လည်း 4am အသင်း၏အမွှေးတမျှင်ကိုပေမထိပေ။
နောက်ဆုံးတွင် နှစ်ယောက်သားမှာ ရေအိမ်ထဲမှ ဘာမှပြန်လုပ်မရပဲ အရှက်ကွဲဒဏ်ကိုခံစားနေရတော့သည်။
ရှောင်ကျစ်မု မှာ လူ့အသိစိတ်နဲနဲဝင်လာကာ
"ငါတို့ နဲနဲများလွန်သွားလား"
ကျန်းစစ်မင် မှာပြုံးကာ ပြောလိုက်သည်။
"ဒီကောင်တွေအရင်တုန်းက ငါတို့ရဲ့ ဟွာရှ team 17 ကို ခုလိုလုပ်ခဲ့တာပဲ။ အဲ့တုန်းကတော့ ဒီကောင်တွေ မင်းအခုလိုတွေးသလိုတွေးပါ့မလား"
"ဟုတ်တယ် ဘာမှ စိတ်မကောင်းဖြစ်ပေးစရာမလိုဘူးကွ။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ"
ဝေ့ရှန် မှာ သဘောတူလိုက်သည်။
ရေအိမ်ထဲမှ ရန်သူများမှာ အခြားနိုင်ငံမှအသင်းများဖြစ်ခဲ့လျှင် ဤကဲ့သို့ဆက်ဆံမည်မဟုတ်ပေ။
လေးစားမှုရှိရှိဖြင့် သေနတ်ဖြင့်သာ အမြန်သတ်လိုက်မည်ဖြစ်သည်။
သို့သော် ကိုရီးယားအသင်းဖြစ်နေ၍ ရန်ငြိုးဖြင့် ဤကဲ့သို့လုပ်ခြင်းဖြစ်သည်။
နှစ်ယောက်သားအရှက်ကွဲစွာဖြင့် ရေအိမ်ထဲတွင် အဆုံးသတ်သွားလေသည်။
ကိုရီးယားအသင်း သုံးသင်းစလုံးမှာ 4am အသင်း၏ ကြမ်းကြမ်းတမ်းတမ်း အဆုံး သတ်ခြင်းကိုခံခဲ့ကြရပေရာ VSG မှာ အဆိုးဆုံးဖြစ်လေသည်။
ထိုကိုရီးယားအသင်း အိမ်ပြန်ရောက်လျှင် ပရိသတ်များဆီမှ အပြစ်တင်ကဲ့ရဲ့မှုတို့ခံရပေလောက်မည်။
"ကြည့်ရတာတော့ 4am အသင်းက တောင်ကိုရီးယားအသင်းကို လက်စားချေဖို့ဆုံးဖြတ်ထားပုံရတယ်နော်"
တင်ဆက်သူတစ်ယောက် မှ မှတ်ချက်ပေးလိုက်သည်။
အခြားတင်ဆက်သူတစ်ယောက်ကတော့ 4am ဘက်ရပ်တည်ကာ
" ဒီဂိမ်းကတော့ ပြင်းထန်မှာပဲ။ အရင်တုန်းက ဒီကိုရီးယားအသင်းက တရုတ်အသင်း 17 Teamကို ဒယ်ပြားပဲ သုံးပြီး လေးစားမှုမရှိလုပ်ခဲ့ဖူးတယ်... အခုကတော့ ပြန်ကျေသွားပြီဆိုတဲ့သဘောပေါ့"
:::::::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now