Starting Date - 03/10/2023
Mood ဝင်နေတုန်းလေး Intro လေး လာဝင်ထားတာပါ...
ဒါလေးက DiDi ရေးဖြစ်ချင်နေတဲ့ ပုံစံလေးတွေထဲကနောက်တစ်ခုပေါ့... အမြဲတမ်း real life နဲ့ အနီးစပ်ဆုံးတွေပဲ ရေးခဲ့လို့ ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းလေးတစ်ခု ဖန်တီးကြည့်ပါမယ်... Love in Zircon တုန်းက DiDi နေချင်တဲ့မြို့လေး ဖန်တီးဖြစ်ခဲ့သလိုမျိုးပဲ ဒီတစ်ခါမှာလည်း DiDi အရမ်းစိတ်ဝင်စားပြီး ခဏခဏ စိတ်ကူးယဥ်ခဲ့ရဖူးတဲ့ Lost Country တစ်ခုကို Fiction ဆန်ဆန်လေး ဖန်တီးပါမယ်နော်...
နောက်ပြီး DiDi ငယ်ငယ်ကတည်းက အရမ်းစိတ်ဝင်စားခဲ့ရတဲ့ လေယာဉ်ကြီးတွေ သင်္ဘောကြီးတွေ ပျောက်ချင်းမလှ ပျောက်သွားတတ်တဲ့ ဘာမြူဒါတြိဂံအကြောင်းကို ပုံစံတူလေး ပုံဖော်ကြည့်ပါဦးမယ်...
ဒါဆိုရင် ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြမယ်...
ရန်ကုန်မြို့ပေါ်က သူဌေးသားလေး
"နေ့သော်က@Bo boy" က ဘိုးဘွားပိုင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေရှိတဲ့ တနင်္သာရီကမ်းရိုးတန်းဘက်ကို အလည်ခရီးထွက်ရင်းကနေ ပင်လယ်ထဲမှာ ထူးဆန်းစွာနဲ့ Bo boy တို့ သင်္ဘောကြီး ပျောက်ဆုံးသွားခဲ့ပါတယ်.... ဘိုးဘွားမိဘတွေက ငွေတွေပုံအောပြီး ပိုက်စိတ်တိုက်ရှာခဲ့ကြတယ်... သင်္ဘောပေါ် ပါသမျှလူအားလုံးလိုလို ကျွန်းအသီးသီးပေါ်မှာ တစ်နေရာစီကနေ ပြန်ရှာတွေ့ခဲ့ပေမယ့် သင်္ဘောနဲ့ Bo boy ကိုတော့ လုံးဝအစအနတောင် ပြန်မတွေ့ခဲ့ကြပါဘူး... ဒါဆိုရင် Bo boy က ဘယ်ကိုရောက်သွားခဲ့သလဲ...တစ်ချိန်ထဲမှာပဲ.... ဘယ်သူမှမသိကြ မမြင်ဖူးကြသလို... ဘယ်မြေပုံထဲမှာမှမပါဝင်ဘဲ ပင်လယ်ထဲမှာ သီးသန့်ဖြစ်တည်နေတဲ့ "Neverland" တစ်ခုရှိတယ်.... နာမည်က "အက်ဒယ်လင်း မြို့တော်" တဲ့... နူးညံ့သိမ်မွေ့ခြင်းလို့ အဓိပ္ပာယ်ရတဲ့ အက်ဒယ်လင်း မြို့တော်ကြီးက ဘယ် universe နဲ့မှ ဆက်နွယ်နေခြင်းမရှိဘဲ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ယဥ်ကျေးမှုတွေနဲ့ ဖြစ်တည်နေတဲ့ မော်ဒန် Kingdom တစ်ခုပါ...
အက်ဒယ်လင်းမြို့တော်ရဲ့ထူးခြားချက်တစ်ခုက တော်ဝင်မင်းသားလေးတွေ အိမ်ရှေ့စံရာထူးကို ဆက်ခံရမယ့်နေ့မှာ တိုင်းပြည်ရဲ့ ဓလေ့ထုံးစံအရ ပင်လယ်ထဲမှာ ထူးဆန်းစွာဖြစ်တည်နေတဲ့ ကနုကျောက်ဖျာကြီးထက်ကို သွားကြည့်ရပါတယ်... အဲ့ဒီနေ့ဟာ တစ်တိုင်းပြည်လုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာနေ့ပါ...
YOU ARE READING
Our Neverland
RomanceMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...