Ep 13 (U)

19.4K 1.9K 537
                                    

အောင်စံဖြိုး ဖတ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး စာကြည့်စားပွဲမှထလိုက်သည်။ ခေါင်းထဲ၌ အတွေးတို့ရှုပ်ထွေးနေ၏။

Portal များ၏ သဘော သဘာဝသည် ဖွင့်ချိန်ပိတ်ချိန် Time Zone ပေါ်မူတည်ပြီး တူညီတတ်သည်များရှိသလို ကွဲပြားသွားတတ်သည်လဲရှိသည်ဟု နိုင်ငံခြားဆောင်းပါးများတွင် ရေးသားထားသည်။ စာပေဝေဖန်ရေးသမားများက ဆောင်းပါးရှင်အား အခြေအမြစ်မရှိ စိတ်ကူးယဉ်သက်သက် ရေးထားခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုထားကြ၏။

အောင်စံဖြိုးကတော့ စိတ်ထဲမှာ တစ်ခုခုကို အသေအချာယုံကြည်နေသည်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော အတွေ့အကြုံအရ ပင်လယ်ထဲတွင် Black hole ကဲ့သို့သော Portal တစ်ခုခုရှိကိုရှိနေရမည်ဟု ခန့်မှန်းထားခဲ့သည်။ Bo boy သည်လည်း သေချာပေါက် ထိုတစ်ဖက်ခြမ်းတွင် ရှိနေလိမ့်မည်ဟု ခံစားမိနေရ၏။

စားပွဲပေါ်မှ မှတ်စုစာအုပ်ကို ဆွဲယူ၍ အရှေ့ပိုင်းမှစာမျက်နှာများကို လှန်ကြည့်လိုက်သည်။ January 19 ရက် နေ့စွဲဖြင့် ပင်လယ်ထဲ၌ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ရေးမှတ်ထား၏။ ထိုမှတ်စုများသည် တစ်ချိန်ချိန်တွင် Bo boy အားရှာဖွေရာ၌ တစ်ခုခုအထောက်အကူပြုနိုင်သည်ဟု ထင်မိ၍ရေးမှတ်ထားခြင်းဖြစ်သည်။ အကယ်၍ အောင်စံဖြိုးတို့ကဲ့သိုကြုံတွေ့ခဲ့ရဖူးသူ တစ်ဦးဦးရှိခဲ့ပါလျှင်။

"ဟုတ်သားပဲ"

အောင်စံဖြိုး အခုမှစဉ်းစားမိရသည်။ ဒီလောက် သန်းပေါင်းများစွာသောလူတွေကြားထဲမှာ အောင်စံဖြိုးတို့ကဲ့သို့ ကြုံတွေ့ခဲ့ဖူးသူ တစ်ယောက်ယောက် ရှိနေနိုင်သည်။ ထိုသို့ရှိခဲ့လျှင် ဆက်သွယ်နိုင်အောင် Social media ကို အသုံးချသင့်သည်မဟုတ်လား။ စာကြည့်စားပွဲတွင် ပြန်ဝင်ထိုင်လိုက်ပြီး Laptop ကိုဖွင့်ကာ Page တစ်ခုကောက်ဖွင့်လိုက်သည်။ Page Name အား "Finding Nemo" ဟုပေးလိုက်သည်။ ရွှေမိုးသည်းလေး သိပ်ကြိုက်သည့် ကားတွန်းကား၏နာမည်။ အောင်စံဖြိုးတို့ကတော့ ငါးကလေးနီမိုကိုရှာခြင်းမဟုတ်။

Page name ကို ထူးထူးဆန်းဆန်းတွေမလုပ်ရခြင်းက စည်းကမ်းမရှိ မဆင်မခြင်ရေးလေ့ရှိသော သတင်းမီဒီယာများကို ကြောက်သောကြောင့်ဖြစ်သည်။ မလိုအပ်ဘဲ ကျန်သည့်မိသားစုဝင်များကို အနှောက်အယှက်လည်းမဖြစ်စေချင်သလို Attention လည်းမလိုချင်သောကြောင့်ပင်။

Our Neverland Where stories live. Discover now