ဦးသစ်မင်းတို့ ရှာဖွေရေးအဖွဲ့များ ကုလားကျွန်းနှင့်အနီးတဝိုက်ရှိ ကျွန်းငယ်များပေါ်သို့ လူစုခွဲ၍ တက်ရောက်ရှာဖွေကြသည်။
ညဘက်အောက်လင်းဓာတ်မီးများနှင့် တောတိုးခဲ့ကြသော်လည်း မျက်စိလျှမ်းခဲ့သည်များ ရှိမည်စိုး၍ ရောင်နီလာချိန်လောက်တွင် ထပ်၍ရှာခိုင်းထားရသည်။ မနက်လင်းအားကြီးချိန်မှာတော့ ဦးသစ်မင်းကိုယ်တိုင်ရောက်လာပြီး ရှာဖွေရေးအဖွဲ့များနှင့် အခြေအနေကို တိုင်ဆွေးနွေးကြ၏။
"ဆရာ! ဆရာ! မြောက်ဘက်က ကျွန်းပေါ်ကနေ အချက်ပြ မီးခိုးတွေတွေ့တယ်"
ရှာဖွေရေးအဖွဲ့မှ ဝန်ထမ်းတစ်ယောက်၏ အသိပေးသံကြောင့် ဦးသစ်မင်းတို့လှုပ်လှုပ်ရှားရှားဖြစ်သွားကြရသည်။ အဝေးကြည့်မှန်ပြောင်းတစ်ခုအား ဆွဲယူ၍ မြောက်ဘက်သို့မျှော်ကြည့်တော့ အမှန်ပင် မီးခိုးတန်းတစ်ခုထိုးထွက်နေသည်အား တွေ့ရ၏။ တောမီးလောင်သကဲ့သို့ မီးခိုးများပြန့်နေခြင်းမဟုတ်ဘဲ အကူညီတောင်းခံရန် အချက်ပြသည့် မီးခိုးတန်းဖြစ်ကြောင်းသိရသည်။
"အဲ့ဒီကျွန်းကို လူတစ်ဝက်ခွဲပြီးသွားမယ်"
ဦးသစ်မင်းတို့စက်ကုန်ဖွင့်မောင်း၍ ထိုကျွန်းဆီသို့ ရောက်လာကြသည်။ မော်တော်ဘုတ်ကိုမြင်သည်နှင့် ကမ်းခြေမှ လူတစ်ယောက်က အဝတ်တစ်ထည်အား ဝေ့ရမ်း၍ အချက်ပြနေသည်။ မော်တော်ဘုတ်မှာ ကမ်းခြေဆီသို့ နီးကပ်လာသည်နှင့် ထိုသူ၏ပုံပန်းသဏ္ဍန်ကို ထင်ထင်ရှားရှားမြင်လာရ၏။
"ကိုကိုကြီး!"
ဦးသစ်မင်း မော်တော်ဘုတ်ပေါ်မှ အလောတကြီးပြေးဆင်းကာ ကိုကိုကြီးအနီးသို့ပြေးရသည်။
"မောင်သစ်"
"ကိုကိုကြီး ဘယ်လိုဖြစ်ရတာလဲ Bo boy ရော... ကျန်တဲ့လူတွေရော"
နောက်မှပါလာသည့် ကယ်ဆယ်ရေးဝန်ထမ်းတွေက ကိုကိုကြီးအား ရေအနည်းငယ်တိုက်၍ အရေးပေါ် ကျန်းမာရေးစစ်ဆေးချက်များ ချက်ချင်းပြုလုပ်နေကြသည်။ ကျန်ဝန်ထမ်းများက ကျွန်းပေါ်ဖြန့်ကျက်၍ရှာဖွေရေး လုပ်ငန်းများ စတင်ဆောင်ရွက်ကြသည်။ စစ်ဆေးခံနေရင်းနှင့်ကိုကိုကြီးက ဖြေ၏။
YOU ARE READING
Our Neverland
RomanceMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...