Ep 11 (U)

17.4K 1.9K 264
                                    

"မဖြစ်ပါဘူး မင်းသားလေး... ခုချက်ချင်း ကျွန်တော်တို့လာခေါ်ပါမယ်... ဂျုံခင်းတွေကိစ္စကို မြို့တော်ဝန်နဲ့ တာဝန်ရှိသူတွေက ဖြေရှင်းပါလိမ့်မယ်... ဒီလို လက်လွတ်စပယ် အပြင်မှာသွားလာနေလို့ မဖြစ်ပါဘူး"

ဖုန်းထဲမှ ဦးဒီပ၏ အသံက စိုးရိမ်သံပေါက်နေသည်။ ခေတ္တရာ ခေါင်းရမ်းလိုက်ပြီး...

"မြို့တော်ဝန်အဖွဲ့ထဲမှာ ဦးရီးတော်ရဲ့လူတွေရှိနေတယ်... အဲ့ဒါကြောင့် ဒီကိစ္စက နှစ်ပါတ်ကျော်လောက်ကြာနေတာတောင် နန်းတော်ကို သတင်းမရောက်တာ... စိတ်ပူစရာမရှိပါဘူး ဦးဒီပ... ဒီအချိန်ဟာ လူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးပဲ... ကျွန်တော်နဲ့ ကြင်ရာတော်က အတူတူဖြေရှင်းမှာမို့ အဲ့ဒီလိုပဲ သိထားပါ... နန်းတော်ထဲမှာသာ အခြေအနေကြည့်ထိန်းထားပြီး အားလုံးပြီးမှ ဆက်သွယ်လိုက်ပါမယ်... နန်းတော်ကလူတွေ လွှတ်လိုက်ဖို့လည်း မစဉ်းစားပါနဲ့"

ခေတ္တရာ ဖုန်းချလိုက်သည်။ ဂျုံခင်းပိုင်ရှင်များ အလုပ်သမားများနှင့် စကားပြောနေသော Bo boy အနားသို့သွားတော့ Bo boy က လှည့်ကြည့်လာပြီးမေးသည်။

"ခေတ်... အခြေအနေ"

ခေတ္တရာက ခေါင်းညိတ်ပြလိုက်ပြီး...

"ကောင်းတယ်"

"ဟုတ်ပြီ... ဒါဆို ဦးလေးတို့ အဒေါ်တို့ ကျွန်တော် အခုနကပြောသလိုပဲ ကျွန်တော်တို့က အားလုံးနဲ့အတူတူ စုံစမ်းစစ်ဆေးပေးမှာမို့ ဒီနေရာမှာ ကျွန်တော်တို့ တစ်ညလောက်တည်းခိုရမယ့်နေရာတစ်ခုခုများ ရနိုင်မလားဗျ"

ခေတ္တရာတို့အား ကားကြုံခေါ်လာပေးသော ဂျုံခင်းပိုင်ရှင်ဦးလေးကြီးက လက်ထောင်လိုက်သည်။

"ရတာပေါ့... ကျောင်းသားလေးတွေ ဦးလေးရဲ့ အိမ်မှာတည်းလို့ရပါတယ်"

"ကျေးဇူးပါပဲ ဦးလေး"

Bo boy က ဦးလေးကြီးအား ကျေးဇူးတင်စကားပြောပြီး ခေတ္တရာအား ဂျုံခင်းတွေထဲသို့ခေါ်သွားသည်။

"ခေတ် ဒီမှာလာကြည့်"

Bo boy က သူ့လက်ထဲရှိ ဂျုံနှံမှအရိုးတစ်ခုကို ချိုးပြသည်။ အရိုး၏အပြင်ဘက်တွင်မဲနေခြင်းမဟုတ်ဘဲ အတွင်းထဲမှ မဲနေခြင်းဖြစ်၏။ ထို့နောက် သူဆွဲနှုတ်ထားသောဂျုံပင်မှ အမြစ်တို့ကိုပြသည်။ အမြစ်များသည် မဲတူးနေ၏။ ခေတ္တရာ က ဂျုံခင်း၏အောက်ခြေမှ မြေကြီးကို လက်ဖြင့်စမ်းကြည့်လိုက်သည်။ မြေကြီးမှာ စိုထိုင်း၍နေ၏။ ခေတ္တရာ မျက်မှောင်ကျုံ့၍ စဥ်းစားလိုက်ပြီး...

Our Neverland Where stories live. Discover now