Ep 14 (U)

18.7K 1.8K 441
                                    

နန်းတော်ဂိတ်တံခါးဝမှစ၍ အက်ဒယ်လင်းမြို့ထဲသို့ ရောက်သည်အထိ ရောင်စုံမီးပုံးများ ချိတ်ဆွဲထားကြသည်မှာ နေရာလပ်ပင်မရှိ။ ဤမီးပုံးလေးများသည် ပြည်သူများမှ လာရောက်ချိတ်ဆွဲသွားကြခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကောင်းကင်ဘုံဆုတောင်းပွဲနေ့တွင် တော်ဝင်နန်းတော်နှင့် ပြည်သူများ တစ်သားတည်း ဆက်နွယ်နေကြသည်ဟု ဖော်ပြခြင်းလည်းမည်၏။

ဦးဒီပက နန်းတော်မှကားအား မြို့အဝင်ဝတွင်ရပ်ခိုင်းလိုက်သည်။

"ကိုယ်ရံတော်တွေ မလှမ်းမကမ်းမှာ ရှိနေပါမယ် မင်းသားလေးတို့"

"ပြည်သူတွေ မလွတ်မလပ်ဖြစ်မှာစိုးလို့ အများကြီး မလွှတ်ထားပါနဲ့ ဦးဒီပ"

"ဟုတ်ကဲ့ပါ မင်းသားလေး"

ခေတ္တရာနှင့် Bo boy တို့ ကုတ်အင်္ကျီနှင့် နက်ခ်တိုင်များကိုချွတ်ထားခဲ့ကြကာ ဦးဒီပပြင်ဆင်ပေးထားသော ရိုးရာချည်သားသင်တိုင်းကို ရှပ်အင်္ကျီပေါ်မှထပ်စွပ်လိုက်ကြ၏။ ထို့နောက် ကားပေါ်မှဆင်းကာ တစ်ယောက်လက်ကို တစ်ယောက်ဆွဲလျှက် မီးပုံးများချိတ်ဆွဲထားသော လမ်းလေးအတိုင်း အက်ဒယ်လင်းမြို့ထဲသို့ လမ်းလျှောက်၍ ဝင်ခဲ့ကြသည်။ သဒ္ဒါမင်းဉာဏ်ကတော့ ထုံးစံအတိုင်း မမဒေဝီနှင့်အတူ ရောက်နှင့်ပြီးလျှောက်လည်နေကြပြီဖြစ်သည်။

မြို့ထဲသို့ဝင်လိုက်သည်နှင့် လမ်းဘေးဝဲယာ၌ တီးမှုတ်ကခုန်နေကြလျှက် စည်ကားနေသော ပွဲစျေးတန်းလေးများကို လမ်းတိုင်းလိုလိုတွင် တွေ့ရသည်။ အဆင်အသွေးစုံလင်လှသော ရိုးရာဝတ်စုံကိုယ်စီနှင့် လူတိုင်းသည်လည်း လှပနေကြ၏။ Bo boy သည် မျက်လုံးများ လက်နေသည်အထိ သဘောအကျကြီးကျလို့နေ၏။

"ခေတ်... ဟိုမှာ"

Bo boy က ခေတ္တရာ၏လက်အားဆွဲကာ ရုပ်သေးရုပ်လေးများ ကပြနေသော လမ်းဘေးဖျော်ဖြေပွဲတစ်ခုဆီသို့ ပြေးသွားသည်။ ခေတ္တရာက အိတ်ကပ်ထဲမှအကြွေစေ့များကိုထုတ်ယူပြီး Bo boy ၏ လက်ထဲသို့ထည့်ပေးလိုက်သည်။ Bo boy က ရုပ်သေးကပြနေသော ဦးလေးကြီး၏ရှေ့တွင်ချထားသည့် အလှူခံခွက်ထဲသို့ထည့်ပေးလိုက်၏။

Our Neverland Where stories live. Discover now