Ep 22 (U)

16.3K 1.7K 216
                                    

"မယ်တော်ကြီး"

နန်းဆောင်ထဲတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည့် မယ်တော်ကြီးက သော်ကနှင့် ခေတ်အား မြင်သော် ရှေ့သို့အလျှင်စလိုလှမ်းလာ၍ သော်ကတို့လက်များအား ဆွဲကိုင်လာသည်။

"ခေတ်! Bo boy!"

ဘုရင်မင်းမြတ် မင်းသားလေး စသည်ဖြင့်သာ အမြဲခေါ်ဝေါ်သုံးနှုန်းတတ်သော မယ်တော်ကြီးထံမှ ခေတ်နှင့် Bo boy ဟု ခေါ်လိုက်သံကြောင့် သော်က ထူးဆန်းသွားရသည်။ မယ်မယ်ကလည်း ထိုင်နေရာမှထရပ်လိုက်သည်။

"ဘွားဘွား ကျွန်တော်တို့ကို ခေါ်တာဘာပြောစရာရှိလို့လဲ"

ခေတ်၏ အမေးကို မယ်တော်ကြီးက ခေါင်းညိတ်သည်။ ထို့နောက် စာကြည့်ဆောင်ထဲသို့ အားလုံးလိုက်ခဲ့ကြရန်ပြော၏။

"အားလုံး လာကြ... ဒီပ ... ဟို ဗီရိုထဲက မှတ်တမ်းတွေ ထုတ်ယူလာခဲ့ပါကွယ်"

"ဟုတ်ကဲ့ပါ မယ်တော်ကြီး"

ဦးဒီပက မယ်တော်ကြီး ညွန်ပြသောဗီရိုအားဖွင့်၍ အတွင်းမှ ပစ္စည်းတချို့ကိုထုတ်ယူလိုက်သည်။

"ဟုတ်ပြီ... ဒီစားပွဲပေါ်ကို ယူလာခဲ့ပါကွယ်"

"ဒါတွေက ဘာတွေများလဲ မယ်တော်ကြီး"

မယ်မယ်က စိတ်ဝင်တစားနှင့်မေးသည်။

"မယ်တော်ကြီးနဲ့ ဒီပ ကလွဲလို့... အခု ဒီအခန်းထဲမှာ ရှိနေကြတဲ့သူတွေအားလုံး... မင်းတို့ မယ်မယ်အပါအဝင်ပေါ့ ဒီပစ္စည်းတွေကို ဘယ်သူမှမမြင်ဖူးခဲ့ကြဘူး"

အခန်းထဲ၌ မယ်တော်ကြီး, မယ်မယ်နှင့် ဦးဒီပအပြင် သော်ကနှင့် ခေတ် တို့သာရှိနေကြသည်။ မယ်တော်ကြီးက ပစ္စည်းများကိုဖွင့်မပြခင် သော်က ၏ မျက်နှာအား လေးနက်စွာဖြင့်ကြည့်လာပြန်၏။

"နန်းတွင်းစည်းမျဥ်းထုံးစံတွေအရ နန်းကျဘုရင်ရဲ့ မှတ်တမ်းမှန်သမျှကို သိမ်းဆည်းလိုက်ကြပြီး ပြန်လည်ပြောပြခြင်းတွေလည်း မလုပ်ရဘူး... ဒီတစ်ကြိမ်တော့ ဘွားဘွားက တော်ဝင်နန်းတော်ရဲ့ မယ်တော်ကြီးအနေနဲ့မဟုတ်ဘဲ ခေတ်နဲ့ Bo boy ရဲ့ အဘွားတစ်ယောက်အနေနဲ့ ဒီအကြောင်းတွေကို ပြန်ပြောမယ်ကွယ်... မပြောလို့မရတဲ့ အခြေအနေကိုလည်း ရောက်လာခဲ့ပြီ မဟုတ်လား"

Our Neverland Where stories live. Discover now