Ep 2 (U)

22.2K 2K 184
                                    

"Bo boy"

"ဟာ... လေးလေးကြီး! ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးရောက်လာတာလဲ... လာလည်းမကြိုခိုင်းဘူး... မေမေရေ့... ဒီမှာ လေးလေးကြီး ရောက်လာတယ်"

သော်က အိမ်တွင်ရှိနေတုန်း တနင်္သာရီကမ်းရိုးတန်းဘက်တွင် နေထိုင်သော မေမေ့အစ်ကိုဖြစ်သူ လေးလေးကြီး ရောက်လာသည်။

"ဟယ် ကိုကိုကြီး မပြောမဆိုနဲ့... ဖုန်းလေးဘာလေး ကြိုဆက်တာမဟုတ်ဘူး"

"ကိုကိုကြီး တူနဲ့ တူမလေးကို အံ့သြသွားအောင်လုပ်တာဟေ့... တပည့်တစ်ယောက်ကိုလာကြိုခိုင်းတာ... ခြံတခါးလာဖွင့်တဲ့ မိုးအောင်ကို တိတ်တိတ်နေခိုင်းရသေးတယ်"

"အဟား လေးလေးကြီးကတော့ဗျာ"

"ရွှေမိုးသည်းလေးရော"

"မီးမီးက ကျောင်းသွားနေတယ် ကိုကိုကြီးရေ... ဒီမှာ ဘယ်နှစ်ရက်နေမှာလဲ... မမနဲ့တောင် မနေ့ကဖုန်းပြောနေတာကို မမက ဘာမှမပြောဘူး... လင်မယားနှစ်ယောက် ပေါင်းပြီး Surprise တိုက်တာပေါ့လေ"

"အဟားဟား... Bo boy ကို လာခေါ်တာဟေ့... နိုင်ငံခြားကျောင်းသွားမတက်ခင် Bo boy ကို အလွမ်းပြေ ကိုကိုကြီးတို့ဆီခေါ်ထားရဦးမယ်... ကြိုပြောနေရင် ညည်းတို့က အတွေးတွေလွန်ပြီး မလွှတ်ဘဲနေမှာစိုးလို့"

လေးလေးကြီးစကားကြောင့် သော်က ပျော်သွားရသည်။ ငယ်ငယ်ကတည်းက ဖေဖေနှင့် လေးလေးကြီးတို့အပိုင် ကမ်းရိုးတမ်းအပျော်စီး သင်္ဘောတွေ စီးချင်နေရသည့်ဆန္ဒရှိခဲ့သည်။ ပင်လယ်ကမ်းခြေတောင် စိတ်မချတတ်သည့် မေမေကတော့ ပင်လယ်ထဲ သင်္ဘောစီးဖို့ကို ဘယ်တုန်းကမှခွင့်မပြုခဲ့ဖူးပါ။

"Bo boy က သွားခါနီး ကြိုတင်ပြင်ဆင်စရာတွေရှိသေးတာကို ကိုကိုကြီးကလည်း"

"ပြင်ဆင်တာ ဘယ်လောက်ကြာမှာမို့လည်း... ဒီကောင် ငယ်ငယ်ကတည်းက လာလိုက်ရင် ၂ ရက် ၃ ရက်နဲ့ ပြန်ပြန်သွားရတာ... ကိုကိုကြီးတို့က အသက်ကြီးပြီ အရင်လိုလည်း ရန်ကုန်ခဏခဏ ဆင်းမလာနိုင်တော့ဘူး မေလွင်... ညည်းမမကလည်း Bo boy ကိုတွေ့ချင်နေတယ်"

"အင်းပါ... အခုက အရင်နားပါဦး... ကိုကိုကြီး ထမင်းအရင်စားရအောင်"

Our Neverland Where stories live. Discover now