Ep 19 (U)

17.5K 1.9K 508
                                    

"ခေတ်"

မောဟိုက်နာကျင်နေသည့်ကြားမှ သော်က အားယူပြီးခေါ်လိုက်သည်။ ဝေဝါးနေသေးသော အမြင်အာရုံကြားမှာ ခေတ်၏ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရ၏။

မှောင်မိုက်၍ အလင်းရောင်မတွေ့ရသော ခရီးကြမ်းကြီးထဲတွင် အသည်းခိုက်အောင်နာကျင်မှုတွေကြား ခေတ်၏ အသံနှင့် အထိအတွေ့နောက်ကိုလိုက်၍ သော်က အချိန်အကြာကြီး ပြေးလွှားနေခဲ့ရသည်။ မောပန်းမှု နာကျင်မှုတွေသည် ဖော်ပြစရာစကားလုံးပင်မရှိ။ အသွေးအသားဖြစ်တည်မှုတွေ မရှိချင်တော့လောက်အောင်နာသည်။ ဤသည်ကိုလည်း ဦးနှောက်က စက္ကန့်မလပ်သိနေရသည်မှာ ငရဲတမျှပင်။

အမှောင်ထဲတွင် လမ်းပျောက်နေချိန်၌ ခေတ်၏အသံကို ကြားခဲ့ရသည်။ ခေတ်က သော်ကအား အထိအတွေ့ခပ်နွေးနွေးဖြင့် လမ်းပြသည်။ ညှင်သာအေးချမ်းသော အသံဖြင့်ခေါ်ဆောင်သည်။ အလင်းရောင်ကို ရှာဖွေဖို့ ခေတ်၏အသံနောက်ကိုလိုက်ခဲ့ပြီး နာကျင်မှုတွေကို ဖြေဖျောက်ဖို့ ခေတ်၏ အထိအတွေ့ကိုခံယူခဲ့ရသည်။

ရုန်းကန်ကြိုးစားနေရင်းမှ အတားအဆီးတွေ အများကြီးလည်း ကြုံခဲ့ရသည်။ အချိန်အတော်ကြာ ပြေးလွှားနေပြီးသည့်နောက်တွင် သော်ကခြေကုန်လက်ပန်းကျလာခဲ့၏။ အမှောင်ထုက ပို၍နက်ရှိုင်းလာပြီး ခေတ်၏အသံနှင့် အထိတွေ့ကို မသိနိုင်မကြားနိုင်တော့ဘဲ နာကျင်မှုတွေကသာ ကြီးစိုးလာခဲ့သည်။

ခေတ်၏ အသံအစား အခြားအသံများက တိုးဝင်နှောက်ယှက်နေကြသည်။ နာကျင်မှုတွေဖြေဖျောက်ရန်အတွက် သော်ကအား ပြေးလွှားနေခြင်းမှ ရပ်တန့်ခိုင်းနေကြ၏။ သို့သော် သော်က မရပ်ခဲ့ပါ။ နာကျင်မှုကြောင့် ခြေထောက်များက ရပ်တည်ခြင်းငှါမစွမ်းသာတော့သဖြင့် သော်က ကြမ်းပေါ်၌တရွတ်ဆွဲပြီး ရှေ့ဆက်နေရသည်။ မောပန်းမှုကို အံတုရင်း သော်က ခေတ်ဆီသို့ ရောက်အောင်သွားရမည်ဟု အားတင်းသည်။

မမြင်ရသည့်အမှောင်ထုထဲမှာ ခေတ်ရှိနေမည်ထင်ရသည့် အရပ်သို့ ဆက်တိုက်မရပ်မနား ရှာဖွေသည်။ ဆူညံနေသည့် ခြောက်ခြားဖွယ်အသံများကြားမှာ ခေတ်၏အသံကို ကြိုးစား၍အာရုံစူးစိုက်သည်။

Our Neverland Where stories live. Discover now