Ep 23 (U)

15.9K 1.7K 374
                                    

တော်ဝင်နန်းတော်ထဲမှာ နိုင်ငံပိုင်မီဒီယာများ ခြေရှုပ်နေကြသလို အက်ဒယ်လင်းမြို့ထဲ၌လည်း သတင်းသမားများ အလုပ်ရှုပ်နေကြ၏။ လတ်တလော စီရင်ပြီးစီးသွားသည့် ပုန်ကန်မှုကြီးအကြောင်းနှင့် ကြင်ရာတော်မင်းသား အဆိပ်ခတ်လုပ်ကြံခံခဲ့ရသည့် သတင်းများသည် ရက်သတ္တပတ်ကြာမြင့်နေသည်အထိ မပြီးနိုင်ကြသေးပေ။

မီဒီယာလွတ်လပ်ခွင့်ရှိသည့် အက်ဒယ်လင်းတွင် ခေတ္တရာနှင့် Bo boy တို့သည်လည်း အင်တာဗျူးမျိုးစုံကို ပြောခွင့်ရှိသည့်ဘောင်အတွင်းမှနေ၍ မယုတ်မလွန် နည်းမျိုးစုံနှင့် ဖြေပေးနေကြရ၏။ ခေတ္တရာအား ဖိအားပေးသည့် မေးခွန်းများနှင့် ကြုံရလျှင် စိတ်ဆတ်သော Bo boy က အမြဲဒေါသထွက်နေရတတ်သည်။

"Bo boy ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး... ဒါပေမယ့် တချို့မီဒီယာတွေက အရမ်းလွန်လွန်းတယ် မဟုတ်ဘူးလား"

"သူတို့ အလုပ်က အဲ့ဒါပဲလေကွာ"

"အဲ့ဒါမျိုးတွေက ဘယ်နိုင်ငံဖြစ်ဖြစ် အတူတူပဲထင်တယ်... သတင်းလွတ်လပ်ခွင့် ဆိုတာနဲ့ Ethics ရှိခြင်းဆိုတာကို ခွဲမသိကြဘူး... သိပ်စိတ်ကုန်စရာကောင်းတာပဲ"

ခေတ္တရာ က ရှုးရှုးရှားရှားဖြစ်နေသော Bo boy အား အနီးသို့ ဆွဲခေါ်လိုက်ပြီး နားထင်နှစ်ဖက်ကို ခပ်ဖွဖွနှိပ်ပေးတော့ မျက်လုံးများမှိတ်ကာ အသက်ရှုသံကပုံမှန်ပြန်ဖြစ်သွား၏။ ထို့နောက် ခေတ္တရာ၏လက်အား ဆွဲယူ၍ လက်ဖဝါးတစ်ဖက်ကို ခပ်ဖွဖွနမ်းသည်။ ခေတ္တရာက Bo boy ၏ကျောမှတွန်းကာ ထိုင်ခုံတွင် ထိုင်စေလိုက်သည်။

"Bo boy ဆံပင်တွေရှည်လာပြန်ပြီ"

"ညှပ်ပေးဦး"

ဆံပင်သန်၍ အရှည်မြန်လွန်းသော Bo boy ကြောင့် ခေတ္တရာပင် ဆံပင်ညှပ် တော်တော်လေး ကျွမ်းကျင်နေရပြီ။ ကြင်ရာတော်မင်းသားက ဘုရင်မင်းမြတ်မှလွဲလျှင် ဘယ်သူမှသူ့ခေါင်းကို အကိုင်မခံသောကြောင့် ဘုရင်မင်းမြတ်ကိုယ်တိုင် ဆံပင်ညှပ်ပေးရသည့်အကြောင်းသည်လည်း အက်ဒယ်လင်း၏ ဆိုရှယ်မီဒီယာများတွင် ရေပန်းစားသော ခေါင်းစဉ်တစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်သည်။ အထူးသဖြင့် ဆယ်ကျော်သက်လူငယ်လေးများကြားတွင် ရင်ခုန်ကြည်နူးစရာ Topic တစ်ခုဖြစ်နေခဲ့ပြီး မိမိတို့၏သက်ဆိုင်သူများကို ကိုယ်တိုင်ဆံပင်ညှပ်ပေးကြသည့် ဗီဒီယိုဖိုင်များသည် Trending Top 1 ဖြစ်လို့နေ၏။

Our Neverland Where stories live. Discover now