Ep 1 (U)

35.9K 2.5K 473
                                    

ရန်ကုန်မြို့ (2020 ခုနှစ်)

သာယာသော တနင်္ဂနွေ နံနက်ခင်းတစ်ခုဟု ဆိုရမည်ထင်သည်။ ရန်ကုန်ဆောင်းက သိပ်မအေးလှသော်လည်း မြူတို့အနည်းငယ်ဆိုင်းနေကြ၏။ အိမ်ရှေ့ခြံစည်းရိုး တံတိုင်းတွင်ဝေဆာနေအောင်ပွင့်နေကြသော လိမ္မော်ရောင်သော်ကပန်းများအား ရပ်ကြည့်ပြီး သော်က ပြုံးလိုက်မိသည်။

သော်ကပန်းများဘယ်အချိန် ဘယ်ရာသီတွင်ပွင့်လေ့ရှိသလဲ မသိရတော့လောက်အောင်ပင် ထူးထူးဆန်းဆန်း ရန်ကုန်တွင် ၁၂ရာသီပတ်လုံး ဝေနေအောင်ပွင့်နေ၏။ အထူးသဖြင့် "နေ့သော်က" တို့အိမ်တွင် ပွင့်၏။

"သော်ကပင်တွေက သူ့ဟာသူအလေ့ကျပေါက်လာတာ အပွင့်လုံးဝမပွင့်ဘူး... Bo boy ကိုမွေးတဲ့နေ့မှ ထူးထူးဆန်းဆန်း ပွင့်လာကြတာ... သော်ကပန်းတွေပွင့်တဲ့နေ့မှာ မွေးလို့ "နေ့သော်က" လို့ နာမည်ပေးခဲ့တာ... အဲ့ဒီကတည်းကနေ အခုအချိန်ထိ မပွင့်တဲ့လရယ်လို့ကိုမရှိဘူး ၁၂ရာသီလုံးကိုပွင့်နေတော့တာပဲ"

သော်က မေမေ့ဆီက အမြဲကြားနေကျစကားဖြစ်သည်။ မေမေပြောသလိုပင် သော်ကတို့အိမ်မှ ပန်းများသည် မပွင့်သည့်နေ့ဟူ၍မရှိခဲ့ပါပေ။ ခြံကျယ်ပြီး အုတ်တံတိုင်းရှည်သဖြင့် အုတ်တံတိုင်းတစ်လျှောက်တွဲလောင်းကျနေသော သော်ကပန်းတံတိုင်းကြီးသည် ရပ်ဝေးမှလူများပင် တကူးတက ဓာတ်ပုံလာရိုက်ကြရသည်အထိ။

"ဝေါ...ဝေါ...ဝှီး...ဝီး..."

"ဟင်!"

ကြားရပြန်ပြီ။ သော်က ခြံစည်းရိုး အုတ်တံတိုင်းနားပြေးကပ်ကာ ဒူးထောက်ထိုင်ချလိုက်ပြီး အုတ်နံရံတွင် နားကိုကပ်ထား၍ မျက်လုံးများကိုမှိတ်ထားလိုက်သည်။ အမြင်အာရုံကွယ်ပျောက်သွားသည်နှင့် အကြားအာရုံကပို၍ အားကောင်းလာသည့် အလျှောက် အသံတို့ကိုပိုတိုး၍ ပီပီသသကြီးကြားနေရ၏။

လေတိုက်သံ။
ပင်လယ် လှိုင်းပုတ်သံ။

"Bo boy ရေ"

သော်က၏ နောက်ပါးဆီမှ ထွက်ပေါ်လာသော မေမေ့ခေါ်သံကြောင့် အုတ်နံရံတစ်ဖက်စီမှ ထင်းထင်ရှားရှား ကြားနေရသော အသံများ ရုတ်ချည်းပျောက်ကွယ်သွားကြတော့သည်။ ဒူးထောက်ထိုင်နေရာမှ သော်က မတ်တတ်ထရပ်လိုက်သည်။ မေမေက သော်ကကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး...

Our Neverland Where stories live. Discover now