Ep 20 (U)

17.7K 1.8K 338
                                    

သော်ကပန်းများဝေဆာနေသော အုတ်တံတိုင်းနှင့် ခြံကျယ်ကြီးတစ်ခုရှေ့တွင် အဖြူရောင်ကားတစ်စီးထိုးရပ်လာ၏။

"ဟော... ဧည့်သည်တွေရောက်ပြီ အန်တီမေ"

အောင်စံဖြိုးက အိမ်ရှေ့သို့ပြေးထွက်ခါ ခြံစောင့်ဦးလေးကြီးအား ခြံတံခါးဖွင့်ပေးခိုင်းလိုက်သည်။ ကားဖြူလေးက ခြံထဲသို့မောင်းဝင်လာ၏။ ကားပေါ်မှ ဦးသိင်္ဃမင်းဉာဏ်နှင့် ကိုဇော်လင်းတို့ ဆင်းလာကြသည်။

"လာကြပါ... ဦးလေးနဲ့ အစ်ကိုတို့"

"မင်္ဂလာပါ မောင်အောင်စံဖြိုး မတွေ့တာကြာပြီ"

"ဟုတ်ကဲ့ ဦးလေး... မင်္ဂလာပါ... အိမ်ထဲကိုကြွပါ"

အိမ်ရှေ့ ဧည့်ခန်းတံခါးဝတွင် ဦးသစ်မင်းနှင့် ဒေါ်မေလွင်တို့က မတ်တပ်ရပ်၍ ကြိုဆိုနေကြသည်။

"ကြွပါရှင်"

ဧည့်သည်များကို ဧည့်ခန်းတွင်နေရာချပေးပြီးတော့ Bo boy ၏ အဘိုးနှင့်အဘွားပါ အိမ်ပေါ်မှဆင်းလာကြသည်။ ဒေါ်လေးကတော့ ရွှေမိုးသည်းလေးအား ကျောင်းသွားကြိုနေသဖြင့် အိမ်မှာမရှိကြပေ။ အောင်စံဖြိုးကစ၍ လူကြီးများကို မိတ်ဆက်ပေးရ၏။

"ဦးလေး... အန်တီမေ... ဒါ ကျွန်တော်ပြောထားတဲ့ ဦးလေးပါ... ဦးသိင်္ဃမင်းဉာဏ်တဲ့ ဒီဘက်က ဦးလေးကို ကူညီပေးထားတဲ့ ကိုဇော်လင်း"

"ဟုတ်ကဲ့ခင်ဗျ... တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော်က ဦးသစ်မင်းပါ ပျောက်သွားတဲ့ ကလေးရဲ့ အဖေပါ... ဒါက ကျွန်တော့်အမျိုးသမီး ဒေါ်မေလွင်ပါ... ဒီဘက်က အဘိုးနဲ့အဘွားပါ"

"တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်တော့်အကြောင်းကို အရင်ပြန်ရှင်းပြပါရစေ... ဘယ်လိုစပြောရမလဲမသိဘူး... ကျွန်တော်က ဒီအိမ်က ကလေးလိုပဲ ပင်လယ်ထဲမှာ ပျောက်သွားပြီး ဒီဘက်ကိုရောက်လာတာပါ"

ဒေါ်မေလွင်က စိတ်လှုပ်ရှားစွာဖြင့် ဦးသစ်မင်း၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ဦးသစ်မင်းက ဒေါ်မေလွင်၏လက်ချောင်းများပေါ်သို့ ပြန်လည်အုပ်ကိုင်ထားပြီး နှစ်သိမ့်နေ၏။

"ကျွန်တော် စရောက်လာတာတော့ လွန်ခဲ့တဲ့ ၇ နှစ်ကပါ... မောင်အောင်စံဖြိုးပြောပြလို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီအိမ်ကကလေး ရေနစ်တာကိုကယ်ခဲ့ဖူးမှန်းသိရပါတယ်... အဲ့ဒီနေ့က ကျွန်တော်ဟိုဘက်မှာပျောက်သွားပြီး စရောက်လာတဲ့နေ့ပါပဲ... ပြီးတော့ ဒီအိမ်က ကလေးမပျောက်သွားခင် ကျွန်တော့်ကိုကော့သောင်းစျေးထဲမှာ တွေ့ခဲ့သေးတယ်လို့ မောင်အောင်စံဖြိုးက ပြောတယ်... ကျွန်တော်က အမှတ်တမဲ့မို့ ကလေးတွေကို သတိမထားမိလိုက်ဘူး"

Our Neverland Where stories live. Discover now