Ep 12 (U)

18.4K 2K 404
                                    

"မေမေ"

ရွှေမိုးသည်းလေးက အဘွားဖြစ်သူနှင့်အတူ ခြံထဲမှာထိုင်နေရာမှ ဒေါ်မေလွင်ထံသို့ပြေးလာသည်။ ဒေါ်မေလွင်က ဆီးကြိုပွေ့ဖက်ထားလိုက်ပြီး...

"မီးမီး... ဒီနေ့ ဘာထူးသေးလဲ"

"မီးမီး သေချာသတိထားပြီးကြည့်နေတာ သော်ကပန်းလေးတွေက ဒီရက်တွေထဲမှာ ပိုပြီးလန်းဆန်းနေကြတာပဲ... Bo boy မှာ ပျော်စရာကိစ္စလေးတွေ ရှိနေတယ်ထင်ပါရဲ့ မေမေရယ်"

ရွှေမိုးသည်း၏ အပြောကြောင့် ဝဲတက်လာသော မျက်ရည်များကို မျက်တောင်ခတ်၍ပုတ်ထုတ်လိုက်ပြီး ဒေါ်မေလွင်က ဟန်မပျက်ပြုံးလိုက်သည်။

"Bo boy က အခက်အခဲတွေရှိနေရင်တောင် အဆင်ပြေအောင် သူ့ဟာသူ ရှာကြံပြီးနေတတ်တဲ့သူမို့ အဆင်ပြေနေမှာပါ... မေမေတို့ဆီ တစ်နေ့ပြန်ရောက်လာမယ်ဆိုတာလည်း အသေအချာပဲ... လေးလေးကြီးတို့ကလည်း နေ့စဉ်မပျက်ရှာနေကြတုန်းပဲ"

အချိန်ကာလတစ်ခုလည်း ကြာမြင့်နေပြီမို့ ခင်ပွန်းဖြစ်သူနှင့် ဒေါ်မေလွင်တို့ အလုပ်တွေကြောင့် ရန်ကုန်သို့ပြန်လာခဲ့ကြရသည်။ ကိုကိုကြီးတို့မိသားစုကတော့ ကော့သောင်းတဝိုက်တွင် နေ့စဉ်မပျက်ရှာဖွေနေကြဆဲပင်။ Bo boy နှင့်ပတ်သက်သည့် တစ်စုံတရာမတွေ့မချင်း ဒေါ်မေလွင်တို့မိသားစုက ရှာဖွေမှုအား လက်လျှော့မည်မဟုတ်ပေ။

အပေါင်းအသင်း မိတ်ဆွေများ၏ အကြံပေးချက်တွေကြောင့် အယုံအကြည်မရှိသော်လည်း အဘွားဖြစ်သူက အောက်လမ်း အထက်လမ်း စုံလင်စွာလည်း မေးစမ်းပြီး ကြိုးစားခဲ့ပြီးပြီ။ စိတ်ကျေနပ်စရာ တစ်စုံတရာလေးမျှ မရရှိခဲ့။ အဘိုးလုပ်သူကတော့ နေ့စဉ်ရက်ဆက် ရွှေတိဂုံဘုရားသို့သွား၍ အဓိဌာန်ဝင်ကာ ဆုတောင်းနေ၏။

"မီးမီး"

"ဟော... ကိုကိုလာပြီ"

အောင်စံဖြိုးက စာအုပ်တွေကိုင်ပြီး အိမ်ထဲသို့ဝင်လာသည်။ Bo boy မရှိသော်လည်း အိမ်သို့အလာမပျက်ဘဲ ရွှေမိုးသည်းလေးအား Bo boy ကိုယ်စား စောင့်ရှောက်ပေးနေသဖြင့် တစ်မျိုးစိတ်ချမ်းသာရသေးသည်။

"သွား... ကိုကိုနဲ့ စာလုပ်နော် မီးမီး... အောင်စံ အိမ်မှာပဲ ညစာစားနော် သား... အန်တီမေ ခဏနေရင် ညစာပြင်ထားလိုက်မယ်"

Our Neverland Where stories live. Discover now