အက်ဒယ်လင်းပြည် နန်းတွင်းပုန်ကန်မှုကြီးအား သေဒဏ်စီရင်မည့်နေ့။
ထူးထူးခြားခြား တစ်ပြည်လုံးငြိမ်သက်နေကြသည်။ နန်းမြင့်မျှော်စင်ထက်က လှမ်းကြည့်လျှင်ပင် မြို့အားမီးရောင်ခပ်မှိန်မှိန်ဖြင့်သာတွေ့ရ၏။ လျှပ်စစ်ဗို့အားများကို လျှော့ချ၍ ပြည်သူများ၏စိတ်နှလုံးမသာယာမှုကို ဖော်ပြနေကြခြင်းဖြစ်သည်။ အပြစ်သားများ၏ မိသားစုဝင်များသည် ဝမ်းနည်းကြေကွဲခြင်းအနေဖြင့် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြရ၏။ ထို့အပြင် မိမိတို့အိမ်သားက ပုန်ကန်မှုကြီးတွင် ပါဝင်ပတ်သက်ခဲ့သဖြင့် နန်းတော်အားတောင်းပန်သည့်အနေဖြင့် နဖူးတွင်အဖြူရောင်ပိတ်စများကိုလည်း စည်းနှောင်ထားကြ၏။
သော်က ဝေလီဝေလင်းအချိန်မှာပင် စိတ်လှုပ်ရှားစွာဖြင့် နိုးထလာရသည်။ နံဘေးမှာ ခေတ်ကတော့ အသက်ရှုသံမှန်မှန်ကလေးနှင့် အိပ်မောကျနေဆဲပင်။ မနေ့ညနေကတည်းက အပြစ်သားများကိုသေဒဏ်စီရင် ကွက်မျက်မည့်အဆောင်သို့ ပြောင်းရွှေ့ထားပြီးပြီဟု သိရသည်။ ဦးဒီပ ကိုစံသာအပါအဝင် ဝန်ထမ်းအားလုံးသည် ပုံမှန်အတိုင်းသွားလာလှုပ်ရှား လုပ်ကိုင်နေကြပေမယ့် သူတို့၏မျက်နှာများသည် အရယ်အပြုံးနည်း၍ လေးနက်နေကြသည်။ ထုတ်၍မပြောကြရသော်လည်း နန်းတော်တစ်ခုလုံး အနည်းနှင့်အများတော့ခြောက်ခြားနေကြလိမ့်မည်ပင်။
သော်က ကတော့ စိတ်လှုပ်ရှားနေရသည်မှာ ဆိုဖွယ်ရာမရှိ။ သဒ္ဒါမင်းဉာဏ်ကလေးသည်ပင် ဟိုဟိုဒီဒီလျှောက်၍သွားလာနေခြင်းမပြုတော့ဘဲ မယ်မယ်၏အဆောင်တော်တွင် ငြိမ်၍နေသည်။ နန်းဆက် ၁၀၀ မှာ ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် သေဒဏ်စီရင်ခံရခြင်းဟု ကြားသိရသဖြင့် သော်က ကိုယ့်နားပင်ကိုယ်မယုံနိုင်ခဲ့။ ပထမအကြိမ်သည်လည်း ဘုရင်မင်းမြတ်၏ ကြင်ရာတော်အား လုပ်ကြံခဲ့ကြ၍ ဟုသိရသည်။ အဖြစ်အပျက်တွေက သော်ကအတွက်တော့ သိပ်ကိုအံ့ဩထူးဆန်းဖို့ကောင်းလွန်းသဖြင့် ကောင်းကောင်းပင် အိပ်မပျော်နိုင်ဖြစ်နေခဲ့ရသည်။
ဆက်အိပ်လို့မပျော်နိုင်တော့သဖြင့် အိပ်ရာမှအသာထ၍ အနောက်နန်းမြို့ရိုးအား လှမ်းမြင်နေရသည့် ပြတင်းပေါက်ကိုဖွင့်ကြည့်လိုက်သည်။ အချိန်အားဖြင့် မနက် ၃ နာရီကျော်ဝန်းကျင်ခန့်ရှိလိမ့်မည်ထင်သည်။ အလင်းရောင် ကောင်းကောင်းမရသေးသော်လည်း အရုဏ်တက်ခါနီးမို့ ပတ်ဝန်းကျင်ကို မှိန်ပြပြမြင်နေရ၏။ အနောက်ဘက် နန်းမြို့ရိုးတစ်ဝိုက်တွင် မြူတို့အနည်းဆိုင်းနေပြီး လေအေးသည်ပြတင်းပေါက်မှတိုးဝင်လာသဖြင့် တံခါးပြန်ပိတ်ရန်ပြင်လိုက်စဉ်...
YOU ARE READING
Our Neverland
عاطفيةMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...