"သား... အောင်စံ"
"အန်တီမေ!"
ဆေးရုံခုတင်ပေါ်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူနေရသော အောင်စံဖြိုးက ဒေါ်မေလွင်အားတွေ့တော့ ဖက်၍ငိုသည်။ ဒီမနက်ပဲ ကျွန်းများပေါ်မှရှာတွေ့ခဲ့သော လူများအားလုံးကို ကော့သောင်းမြို့ဆေးရုံကြီးသို့ ခေါ်ဆောင်လာခဲ့ပြီး လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးနေကြသည်။
အောင်စံဖြိုးနှင့် သင်္ဘောဝန်းထမ်းသုံးယောက်အား ကုလားကျွန်း၏ အရှေ့ဘက်ရှိကျွန်းစွယ်လေးတစ်ခုပေါ်တွင် ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားသားဧည့်သည်နှစ်ယောက်နှင့် ကိုကိုကြီး၏ အသိမိတ်ဆွေ မိသားစုအား တောင်ဘက်ရှိကျွန်းတစ်ခုပေါ်တွင် ရှာတွေ့ခဲ့ကြသည်။ သင်္ဘောပေါ် ပါသွားကြသူများအားလုံး အသက်ရှင်လျှက် အသီးသီးပြန်ရှာတွေ့ခဲ့ကြပြီး Bo boy တစ်ယောက်သာ ပျောက်နေသေး၏။ သင်္ဘောကိုလည်း အစအနပင်ရှာမတွေ့သေးပေ။ ဒေါ်မေလွင်မှာ အရူးမီးဝိုင်းဖြစ်နေသည့်ကြားမှာ သားအရင်းကဲ့သို့ ချစ်ခင်ရသော အောင်စံဖြိုးအား အသက်ရှင်လျှက်ပြန်ရှာတွေ့ခဲ့သဖြင့် အပူတစ်ခုငြိမ်းရသေးသည်။
"အန်တီမေ... ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ်... အဲဒီအချိန်တုန်းက ရုတ်တရက်ကြီးမှောင်မဲသွားပြီး Bo boy က သင်္ဘောဦးခန်းထဲမှာ... ရေတွေ... ရေတွေလည်းဝင်လာတယ်... နားတွေအရမ်းအူပြီး... ကျွန်တော် Bo boy ကိုရှာလို့မတွေ့ဘူး... အီး...ဟီး"
"သား! သား! အောင်စံ... စိတ်အေးအေးထားနော်... Bo boy ဘာမှမဖြစ်ဘူး... Bo boy က သားတို့လိုပဲ ကျွန်းတစ်ကျွန်းကျွန်းပေါ်မှာ ရှိနေမှာ... အန်တီမေတို့ တွေ့အောင်ရှာမယ်... သားက ကျန်းမာအောင်အရင်လုပ်ရမယ်နော်... သားမေမေတို့လည်း လိုက်လာနေပြီ"
အောင်စံဖြိုးအား ဖက်ထား၍ ဒေါ်မေလွင်မျက်ရည်ကျမိသည်။ ကိုယ်တိုင်ကြုံတွေ့လာခဲ့ရသည့်အပြင် Bo boy ကိုလည်း ညီအစ်ကိုအရင်းကဲ့သို့ ချစ်ခင်သော အောင်စံဖြိုးသည်လည်း ဒီအဖြစ်အပျက်ကြီးကို တုန်လှုပ်ရှာပေလိမ့်မည်။ ကြားရသူအပေါင်းရော အမှန်တကယ်ကြုံတွေ့လာရသူများရောပင် အဖြေရှာလို့မရနိုင်လောက်အောင် ထူးဆန်းလွန်းလှသည် မဟုတ်ပါလား။
YOU ARE READING
Our Neverland
RomanceMyanmar Boy Love Fiction ပင်လယ်ထဲမှာ ခရီးသွားရင်း မထင်မှတ်ဘဲ Black Hole ကြီးကနေလမ်းပျောက်ပြီး မြေပုံထဲမှာ ပျောက်နေတဲ့ Lost Country ထဲကိုရောက်သွားတဲ့ Boboy ဆိုတဲ့ကောင်လေးတစ်ယောက်... Lost Country က အိမ်ရှေ့စံ တော်ဝင်မင်းသားနဲ့ ရုတ်တရက် လက်ထပ်လိုက်ရသ...